Friday, 8 February 2013

နိုင်ငံရေး သာတာဂီရိနတ်ကြီး


ဒီနတ်ကြီးနဲ့ မိတ်ဆက်ပေးမယ်။ ကျနော် ဘာသာရေးစာပေတွေ မဖတ်တာကြာတဲ့အတွက် နတ်ကြီးရဲ့နံမည်ကအစမှားယွင်းနိုင်ပါတယ်။ ဟာကွာ လို့စိတ်အပျက်မစောလိုက်ပါနဲ့။ နောက်ဆုံးသမိုင်းဆုံမှတ်မလွဲစေတဲ့ ကောက်ချက်ကိုတော့ မပျောက်ပျက်စေဘဲ မလွဲချော်စေဘဲ ဖတ်ရှုသူ တစုံတရာအကျိုးရှိစေမယ်လို့ ကျနော်အာမခံပါတယ်။

သာတာဂီရိနတ်ကြီးက အထက်တန်းစားနတ်ကြီးမဟုတ်ပါဘူး။  အတိတ်ဘဝက ကုသိုလ်ကောင်းမှုကြီးကျယ်ခဲ့ပေမယ့် အမှားသေးတယ်ထင်ရတဲ့ အမှားကြီးတစ်ခုတည်းကို ပြုလုပ်ခဲ့ရုံနဲ့ နတ်ဖြစ်ရှုံးရတဲ့ ရဟန်းကောင်းကြီးတွေပါ။ သူနဲ့အဖြစ်တူ ဘဝတူတဲ့သူငယ်ချင်းရဟန်းလည်း ယခုဘဝမှာ နတ်သူငယ်ချင်း နတ်မိတ်ဆွေကြီးဖြစ်နေပါပြီ။

အတိတ်ကာလက သူတို့ဟာ ရဟန်းဘဝမှစလို့ မထေရ်ဖြစ်တဲ့အထိ အမှားလုံးဝမကျူးလွန်ခဲ့ဖူးတဲ့ သူတပါးအမှားကိုပြုပြင်တည့်မတ်ပေးတဲ့ ဝိနည်းဓိုရ်မထေရ်များဖြစ်ခဲ့ပါတယ်။ ဝိပါက်ကြမ္မာမလွဲသာဆိုသလို သေခါနီးလာအသက်အရွယ်ကြီးမှပဲ ရည်ရွယ်ချက်ရှိရှိတပည့်ခံ ဝင်ရောက်လာတဲ့ရဟန်းငယ်တစ်ပါးက မထေရ်ကြီးများအမှားကိုဆုံးဖြတ်ပေးဖို့ သားငယ်ကခေါင်းခွေ့ပူဆာသလို တောင်းဆိုလာပါတယ်။ တပည့်ဝတ်ကြေတဲ့ရဟန်းကိုချစ်ပေမယ့် မုသာနဲ့ဘုရားကို မပစ်ပယ်နိုင်လို့ နှုတ်မှမမိန့်ဆိုနိုင်ဘူးလို့ တုန့်ပြန်ပါသေးတယ်။ ဒါပေမယ့် ယုတ်မာရာမှာ အတတ်ဆန်းလွန်းတဲ့တပည့်က မထေရ်ကြီးများဒီလိုတုန်ပြန်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ရေကူးညှာတင်လျောက်ထားပြီးနောက်မှာ အရှင်ဘုရား အမှုကိုမစစ်ရုံရှောင်ပေးပါ။ တပည့်တော်အမှားကိုသိပါပြီ။ ဒီအမှားကို သံသရာမှာရှင်းပါရစေ။ ယခုဘဝမှာ တပည့်တော်ရန်သူ(သူတော်ကောင်းရဟန်း)အောက်မှာ အရှက်တကွဲမဖြစ်အောင်လောက်တော့ ဆောင်ရွက်ကယ်မပါ။ နောင်တကလည်း ရပါပြီ။ သံသရာတစ်ရှက် အခုတစ်ရှက်တော့မဖြစ်ပါရစေနဲ့ လို့ ငိုငိုရယ်ရယ်နဲ့ သူတော်ကောင်းတွေရဲ့ နုနယ်တဲ့နှလုံးသားကို တုန်လှုပ်အောင်ပြောပါတယ်။ ကြီးမှတော်ရတဲ့တပည့်ပင်ဖြစ်သော်ငြားလည်း သိတတ်တဲ့ဆရာ့မေတ္တာဝင်နေတဲ့ မထေရ်များဟာ ရှုံးနေသူကိုဆက်ပြီးရက်စက်နိုင်စွမ်းမရှိတော့ပါဘူး။ အမှားကို သံသရာမှာရှင်းပေတော့ မင့်ကိုထောက်ထားတဲ့အနေနဲ့  အမှန်ကတနေ့ပေါ်မှာပဲ။ ယခုကိစ္စကိုဖြင့် ခေတ္တဆိုင်းငံ့ရှောင်ထားပြီးနေမယ်လို့ ကတိဝန်ခံပေးလိုက်ပါတယ်။

ဒီအထိဖတ်မိတော့ ကျနော်က မထေရ်ကြီးတွေလုပ်ရပ်ကို နှစ်သက်မိတယ်။ သြော်လူမိုက်ကြီးပြောတာလည်းအချိုးကျပါတယ်။သူလည်းတကယ်နော်တရရှာကိုးပေါ့။ မိတ်ဆွေလည်း ဒီလိုမထင်မိဘူးလား။ မထေရ်ကြီးတွေးသလို ရေနစ်သူဝါးကူမထိုးရက်ခဲ့ပါဘူး။ သံသရာမှာရှင်းကြပေဦးလို့ အမှားကိုနှုတ်ကမမိန့်ဆိုရတာပဲ ကံကောင်းတယ် သိတတ်တဲ့တပည့်ရယ်လို့ ဇာတ်လမ်းမဆုံးသေးတော့ တွေးထင်မိတာပေါ့။ဒါပေမယ့်ဗျာ အမှားကိုမပြောရုံမျှဖြင့် သံသရာတရားစီရင်မှုက မလှပလာပါဘူး။

သူတော်ကောင်းရဟန်းလာတော့ ကောင်းမွန်စွာဆက်ဆံပါတယ်။ တရားစီရင်ပါ ဆုံးဖြတ်ပါဆိုရင်တော့ သံသရာမှာသိကြရမှာပဲလို့ပြောဆိုရင်း အမှုကိုတော့ မဆုံးဖြတ်ပေးဘဲ ရှောင်နေကြပါတယ်။ အမှန်တရားကိုမြတ်နိုးသလောက်ရဲရင့်လွန်းတဲ့ သူတော်ကောင်းရဟန်းဟာ ခေါင်းလောင်းကိုထိုးပြီး သာသနာကွယ်ပလေပြီ။ ဝိနည်းဆောင်မထေရ်ရဟန်းတို့ရဲ့ ဆုံးဖြတ်မှုများကင်းမဲ့လေပြီ လို့အော်ဟစ်ရွတ်ဆိုရင်း မထေရ်နှစ်ပါးဆီက ထွက်ခွါခဲ့ပါတယ်။ ရဟန်းညစ်ကလည်း သူအကြံအောင်ပြီမို့ ပျော်ရွှင်စွာ ထွက်ခွါသွားခဲ့ပါပြီ။

ဝိနည်းဟာ သာသနာအသက်မို့ ဝိနည်းမဆုံးဖြတ်သူကို သာသနာကွယ်အောင်လုပ်သူဆိုတာလည်း အမှန်ပါပဲ။ ဒီတော့မှ မထေရ်များ သံဝေဂရလေပြီ။ အမှားမှာနှုတ်ထွက်မရှိခဲ့သော်လည်း အမှန်နှုတ်ထွက်မရဲခဲ့သူတွေမို့ ချောင်ပိတ်မိချေပြီ။ တရားကိုအသိလင်ပြီမို့ အမှားကိုပြင်လိုသော်လည်း ကတိပေးပြီးမို့ ကတိနှုတ်ရန် သူယုတ်ရဟန်းကရှောင် တောင်းပန်ရန်အတွက်လည်း သူတော်ကောင်းရဟန်းက ရှာဖွေဖို့မလွယ်။ အမှန်တရားကို နှုတ်ဖွင့်ချိန်မရသဖြင့် ရင်တွင်းမှာဗလောင်ဆူလို့ ဘုရားအကြိမ်ကြိမ်ရှိခိုးသော်လည်း သံသယဖြစ်ဖွယ် မိမိအပြစ်ဆိုးတစ်ခုငယ်အတွက် နိဗ္ဗာန်ကလည်းမနီးတော့ သောကတွေ အကြီးအကျယ်ဖိဆီးတာမို့ အမြတ်ကြီးမှအရှုံးကြီး ရှုံးကာ နတ်အသေးအမွား သူငယ်ချင်းနှစ်ယောက်ဖြစ်ကြရရှာပါတယ်။

တကယ်တော့ အမှန်တရားကို နှုတ်မရဲလိုက်တဲ့ အမှားသေးသေးကလေးပါ။ ရဟန်းလေးပါးသာ ကောင်းကောင်းသိလိုက်တဲ့ အတွင်းရေးမျှသာပါ။ အမှန်တရားလေးကလည်း သေးသေးလေးပါ။ ဒါပေမယ့် ဇာတ်လမ်းသိမ်းတော့ သူယုတ်အတွက် ထူးခြားကောင်းမသွားခဲ့ပါ။ သူတော်ကောင်းက အမှန်တရားရဲ့ အဖြေကို ဂုဏ်အပြည့်နဲ့နားမထောင်ရရှာပဲ သိမ်ငယ်ခဲ့ရပါတယ်။ မထေရ်ကြီးများလည်း အမြတ်နိဗ္ဗာန်ရှုံးလို့ သံသရာရှည်ခဲ့ရပါတယ်။ သာသနာကြီးလည်း တကယ်ကွယ်ခဲ့ပါတယ်။

ကဲ ဒီလောက်ဆို ဘာကိုဆိုလိုတယ်ဆိုတာ သိလောက်ပါရဲ့ဗျာ။ အမှားဟူသမျှ သေးငယ်သည်ဟုမထင်မှတ်ပါနှင့်။ သံသရာမှောင်သည်အထိ ကြီးကျယ်ပါသည်။ အမှန်ကို နှုတ်ထွက်မနှေးပါစေနှင့် သေးငယ်သောအရာမဟုတ်ပါ။  သာသနာကို ကွယ်စေသည်အထိကြီးကျယ်ပါသည်။

ကျနော်ကတော့ နိုင်ငံရေးလုပ်သော လူငယ်လူကြီးများကို လောဘမိုး ဒေါသခိုးမှောင်နေတဲ့ အချိန်သေးသေးလေးတစ်ခုမှာ ဘုရားဟောဇာတ်တော်တစ်ခုကို ပြောပြရင်း လျှပ်တစ်ချက်လင်းပေးလိုက်ပါတယ်။  အမှန်လမ်းကို မရှာဖွေဘဲ ထီးတည်းကြီးရပ်နေခဲ့ပါလျှင် -----

သံသရာမှာရှင်းကြရမှာ သေချာသော်လည်း နိုင်ငံပျက်မည့်အရေး သူတော်ကောင်းများမျက်နှာငယ်စေမည့်အရေးများကို တွေးဆကာ  ------

နိုင်ငံရေးသာတာဂီရိနတ်ကြီးမဖြစ်စေလိုသူ (ဝါ) မဖြစ်လိုသူ

အမှိုက်တောင်းမရှိသ၍ကတော့ သမတခေါင်းပေါ် အမှိုက်ပစ်လည်း ခွင့်လွတ်သင့်တယ် ။

တစ်ခါလာလည်းပြည်သူအသုံးမကျဘူး အသုံးမကျဘူးနဲ့ ခဏ ခဏ မပြောနဲ့။ မကြားချင်ဘူးဗျာ။

ဆရာတော်တပါးကပြောဖူးတယ် ငါ့ကိုရင်တွေ ဘောလုံးကန်တာက သာသနာပိုင်ဆိုသူတွေ ဘုရားတည်တာလောက် မပြစ်မကြီးဘူး ဆိုပဲ။ ကျနော်လည်းပြောမယ်ဗျာ  တို့ပြည်သူတွေစည်းကမ်းမဲ့တာ နင့်အဘတွေ လမ်းဖေါက်တံတားဆောက်တာလောက်ကို မဆိုးဝါးသေးဘူးကွ။

ငါတို့ကွမ်းစားလို့လမ်းမှာထွေးတာ စင်ကပူမှာ ကြိမ်ဒဏ်ငါးချက်တဲ့။ ခံလိုက်မယ် လာရိုက်လှဲ့ကွာ။ ပြီးရင်  တရုတ်ပြည်မှာ လာဘ်စားရင် သေဒဏ်ဆိုတာ နင့်အဘတွေကို လွတ်တော်မှာ အသံတိုးတိုးလေး ပြောပေးရင် ရပြီ။ ပြည်သူတရပ်လုံး ကွမ်းထွေးလို့ ပျက်တဲ့လမ်းရှိရင်ပြော ငါပြင်ပေးမယ် နင့်အဘဆောက်လုပ်ရေးမပြင်လို့ ကောင်းတာရောင်းစားပြီး အရည်အသွေးမမှီတာထဲ့လို့ လမ်းပျက်နေတာ။ ဏေပလီဋော်ပြင်ပ တစ်မိုင်တိတိ မပျက်တဲ့လမ်းရှိရင် ပြောပြ ပြည်သူတွေ ၁၀ ဘဝတိတိ လမ်းကြေးပေး ကျွန်ခံပေးဦးမယ်။

ပြည်သူစည်းကမ်းမရှိတာ ကမ္ဘာမှတ်တမ်း ဘယ်လောက်ရှိလဲ ဘယ်လောက်သတ်တမ်းကြာခဲ့ပြီလဲ။ နင့်အဘတွေနဲ့ ဝန်ထမ်းတွေ ချစားတာ ကမ္ဘာနံပါတ်ဘယ်လောက်ဝင်သလဲ ။ဘယ်လောက်ကြာပလဲကွ ဟင်။

ပြည်သူတွေက မသိမသာလို နေနေတာကို သိသိကြီးနဲ့သာနေတဲ့ နင့်အဘတွေတော့ အပြစ်မပြောဘဲ ပြည်သူတွေကိုပဲ ခဏခဏလာခိုက်နေတယ်။ ကွမ်းတံတွေးထွေးရအောင် အမှိုက်ပုံးတွေ မှိုလိုပေါက်ထားတာမြင်ဖူးလို့ အပြစ်ပြောနေတာလား။ အမှိုက်ပုံးမရှိသ၍ကတော့ နင့်အဘသမတကြီး ခေါင်းပေါ်ပစ်လည်း အပြစ်မတင်ချင်နဲ့။

အိမ်ထောင်ဦးစီးဆိုတာ အိမ်မီးလင်းရေး သာယာသန့်ရှင်းရေး ဘေးရန်ကာကွယ်ရေး မိမိပတ်ဝန်းကျင်မှာမျက်နှာပန်းပွင့်ဂုဏ်တင့်တယ်စွာ ချမ်းသာစွာနေနိုင်ရေး တန်းတူရည်တူဆက်ဆံနိုင်ရေးတွေ လိုပ်နိုင်တဲ့ အရည်အသွေးတွေလိုတာ။ အိမ်ထောင်ရေးနဲ့ နိုင်ငံရေးတူတူပဲ။ မီးပျက်တာနဲ့ ဖယောင်းတိုင်ဖိုးကို ကလေးတွေကရှာနေရမလား။ အမှိုက်ပစ်စရာ ပုံးမရှိလို့ အပြင်မှာပစ်တာ ကလေးအဆိုးလား လူကြီးအဆိုးလား။ ဘေးအိမ်က အရက်မူးရမ်းပြီး ခြံစည်းရိုးဖျက်တာ ချဲ့တာ မုဒိန်းကျင့်ဖို့ကြံတာကို ကလေးတွေရိုက်ရင်ဖြစ်ဖြစ် သံဃာတော်တွေက မမြင်ရက်လို့ ဝင်ပြောတာဖြစ်ဖြစ် မီးနဲ့ခံရှို့ရင် အိမ်ထောင်ဦးစီးပီသ သလား။ အိမ်ဦးခန်းမှာ မပူဇော်သင့်တဲ့ အပူဇော်ခံ စကားမပီသူက ပစ္စည်းကဲ့နေတာ ကြောက်ရပါတယ်ပြောပြီး အိမ်သူအိမ်သားချင်း တံမျက်စည်းရိုးနဲ့ရိုက် ပန်းကန်ပြားပျံတွေနဲ့ ကြဲချဖျက်ဆီးတာ အိမ်ထောင်ဦးစီးစရိုက်လားကွ ဟေ။ အိမ်မှာတောင် မရှိသင့်ဘူး။ အိမ်ကကျောင်းသားအရွယ်မိသားစုဝင်တွေကို အိမ်မှာနေရင် ဖွတ်ကြား သူများဆီနေတော့ အလုပ်သမား။ ဖာဖြစ်တာ ဝမ်းသာတဲ့မိဘမျိုးကို တွေ့ဖူးကြလို့လား။

နင့်အဘနိုင်ငံခေါင်းဆောင်တွေက ဖယောင်းတိုင်ဝယ်ခိုင်းလိုက် ဖားလတက်နဲ့ကန်စွန်းရွက်စားခိုင်းလိုက်ကျတော့ ထိထိမိမိမရှယ်မရေးမပြောဘူး။ ကြောက်နေကြတာ။ တကယ်က ပျားရည်စက်ဆိုတဲ့ ထိုင်ခုံတစ်လုံးကြောင့် ပြည်ပျက်တာ။ ဘယ်ပြည်သူရဲ့ ကျတဲ့ကွမ်းသွေးပျားရည်ကြောင့် မဟုတ်ဘူး။ 

လူတိုင်းသိတယ်။ ဒီမိုကရေစီမရတာ နင့်အဘပျားရည်စက်ကြောင့်ဖြစ်တာ။ ပြည်သူချင်းကို သွေးခွဲတာလိုလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးကလိုလို နိုင်ငံရေးအကဲခပ်ပညာရှင်လိုလို လုပ်မနေနဲ့။ စစ်ဖြစ်တာ လက်နက်ရူးတွေကြောင့်ဖြစ်တာ။ အဲဒါ ပျားရည်ပါတယ်။ အမှိုက်မပါဘူး။

အိမ်ထဲမှာ အမှိုက်ပစ်တာရှုပ်နေတာ အမှိုက်ပုံးလေးတောင် မဝယ်နိုင်တဲ့အိမ်ထောင်ဦးစီးကြောင့်။ ကာရာအိုကေနဲ့ စည်းစိမ်ရစ်နေလို့။ အဲဒါ ပျားရည်ပါတယ်။

အိမ်မှာမီးမလင်းတာ သားသမီးပညာရေးစီးပွားရေးနဲ့ မတန်ဘူးထင်လို့ မသုံးတာ။ဘေးအိမ်ကသူ့ပထွေးရဲ့ မီးစက်နဲ့ဆီနဲ့ဝယ်ထွန်းရမှ တန်တယ်ထင်နေတာ။ အဲဒီမှာပျားရည်ပါတယ်။ အဲဒါကြောင့် ဒီမိုကရေစီမရတာ ငတုံးရဲ့။ နိုင်ငံခြားမှာ အမှိုက်မပါတဲ့ ပျားရည်သောက်ပြီး ဇွတ်အော်မနေနဲ့။

ဒါလေးဇိမ်ခံစားနိုင်တာ စားကြစမ်းကွာ။ ဗမာ့ရိုးရာ မြန်မာ့ရိုးရာကွမ်းစားကြပါ။ ဘယ်လောက်ထွေးထွေး မျက်နှာကျက်ပေါ်တော့ မရောက်ဘူး ကိုယ့်လူတို့။ ဒါပေမယ့် နိုင်ငံခြားဖြစ် တရုတ်ဖြစ် ပီကေတို့ ဟင်းချိုမှုန့်တို့ တရုတ်ဆီတို့ မဝါးလေနဲ့။ လမ်းပျက်မယ်။ နိုင်ငံပျက်မယ်။ မြေကြီးအောက်ရောက်မယ်။ အဘတွေလို ပျားရည်ဇွတ်မငတ်နဲ့။ အဲဒါဆို ဒီမိုနဲ့ဝေးမယ်။

ကွမ်းလည်းစား အမှိုက်လည်းပစ်ကြကွာ။ ဆုတောင်းစား ကျက်သရေရှိရင် ပိုက်ဆံတောင်းမရဘူးတဲ့။ နိုင်ငံကြီးရှုပ်ပွနေမှ လာဘ်စားပြီးအိပ်နေတဲ့ဝန်ထမ်းတွေ အလုပ်မလုပ်တဲ့ ခေါင်းဆောင်တွေ ပျားရည်ငတ်တဲ့ ငဘတွေနဲ့ လိုက်ဖက်တော့မပေါ့။

ကွမ်းသွေးအမှိုက်နိုင်ငံကို လာကြည့်တဲ့ နိုင်ငံခြားခရီးသွားတွေ အများအပြားလာကောင်းလာလိမ့်မယ် ပျားရည်လုတဲ့ မီးမရှိတဲ့ စုတ်ချာတဲ့ကော်နက်ရှင် ဈေးကြီးတဲ့ဖုန်းရှိနေလို့ ပျားရည်ဇွတ်လုလျက်တဲ့ဒီနိုင်ငံကို ဘယ်သူမှ လာချင်နေချင်မှာ မဟုတ်ဘူး ဆိုတာ ပြည်ပအထင်ကြီး ပြည်တွင်းအခြေအနေမသိတဲ့ အပြစ်တင်ငတုံးတွေကို ပြည်သူနဲ့ဒီမိုကရေစီ တန်နေပြီဖြစ်တဲ့အကြောင်း ဒီကနေပြောလိုက်ချင်ရဲ့    ။   ။

ငယ်ဖော်လိခ် ၆

ဆင်ဖြူတော်မှီပြီး ကြံစုပ်တဲ့အခါ သွားချေးတွေ ပါသွားစေချင်တယ်။ ဒါတောင် ဝမ်းထဲမှာ စုမထားနဲ့။ ပါချလိုက်  ပါချလိုက်။ ပါချလိုက်ပါတော့ ။

အမေစုကပြောတယ်။ ပြည်သူတွေက နိုင်ငံတော်အစိုးရကိုစောင့်ကြည့်နေသလို ကျမတို့ပါတီဝင်တွေကိုလည်း စောင့်ကြည့်ပေးကြပါ တဲ့။ အမေစုရဲ့ ခွင့်ပြုချက်နဲ့ ဘိုးဝဇီရာရဲ့ ရတနာပုံသတင်းစာလို ဝေဖန်စရာဖြစ်လာရင် အကုန်ဝေဖန်ရပေတော့မပေါ့။

ကိုယ်ဝတ်မယ့်အင်္ကျီ ကိုယ်လျော်ကြရတာ ဒါဓမ္မတာပါ။ သူတပါးအင်္ကျီ ကတော့ ကိုယ်လျော်လို့ ဘယ်ဖြစ်မလဲ။ သူတို့ဟာတော့  သူတို့ပါတီဝင်တွေပဲလျော်ရမှာပေါ့။ ကဲ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမယ်ဗျာ။ ပါတီဝတ်စုံတွေ သန်ရှင်းမယ်ဗျာ။ ကျနော်ရေချိုးပြီးတာနဲ့ ဝတ်ဖို့ စလျော်ဖွတ်ပါပြီ။

အမေစုပြောတဲ့ လူငယ်အင်အားစု အသစ်ရှာတာ အသက် ၇၅နှစ်ကျော် ၈၀ တွေက လူငယ်တွေလားဗျ။

နိုင်ငံရေးနဲ့ထောင်ကျဖူးရမယ်ဆိုတဲ့ အရည်အချင်းက မဖြစ်မနေပါရမယ့် အချက်လား။

စည်းရုံးရေးလုပ်ပါ ခရီးထွက်ပါ ဆိုတော့ အသက်ကြီးပါပြီ ပြောပြီး လူငယ်တွေလုပ်ခိုင်း လူငယ်တွေက ကိုယ်ထူကိုယ်ထနဲ့အောင်မြင်အောင်လုပ်ဆောင်ပြီးလို့ နေရာရွေးကြပြီဆိုမှ ထိုထိုလူကြီးတွေက အလျိုလျိုခေါင်းပြူထွက်ကာ အိုနာကျိုးကန်းနေရာက ထွက်လာပြီး အတွေ့အကြုံများတဲ့ ငါ့ကို ဘယ်ချန်ထားလို့ ဖြစ်မလဲတဲ့။ ဒီအထိက ပြေချင်ရင် ပြောပါဦး။ အခုဟာက သွက်လက်ထက်မြက်တဲ့ လူငယ်ကိုယှဉ်မလုပ်နိုင်လို့ ဘေးရောက်နေတဲ့ လေးတန်းမှမအောင် တံမျက်စည်းလှဲတဲ့အဆင့်လောက်ကောင်မျိုးကြီးတွေ ကောင်မျိုးလေးတွေကို စည်းရုံးဝန်းရံပြီး ဘွဲ့ရပညာတတ် သွက်လက်ထက်မြက်တဲ့ နိုင်ငံရေးအမြင်ရှိတဲ့လူငယ်တွေကို ဖယ်ရှားပစ်တာ အာဏာကို ဖြတ်လမ်းက အဖျက်လမ်းက လိုချင်တဲ့လူယုတ်မျိုးကို နိုင်ငံရေးပရိယယ်ကြွယ်ဝသူမျိုး အတွေ့အကြုံရှိသူမျိုးလို့ ဆိုပေးရမလား။
ဝေးသေးတယ်ဗျာ။ ပါတီမှာ ဝင်အရွေးမခံပေမယ့် ပါတီကိုစောင့်ရှောက်မယ့်စိတ်တော့ထားတယ်ခဗျ။ ခများတို့ထက်NLDကို ပိုချစ်သေးတယ်။ တကယ်က ခများတို့ဟာ ဂဠုန်စောဆိုင်ရာနိုင်ငံရေးသုခမိန်ဘွဲ့  ရနေကြတာ သိလား။

ခင်ဗျားတို့က -င်ခေါင်းကျယ်ပြီး ပြောသေးတယ်။ အာဏာမမက်ဘူး ထိုင်ခုံမမက်ဘူးနဲ့။ ဟူး ဟူး ရယ်ရသေးသဗျာ တကယ်က အာဏာမမက်ဘူး ဟုတ်တယ် နံမယ်ကောင်းမက်ပြီး လူတွင်ကျယ်လုပ်ချင်ကြတာ။ ထိုင်ခုံမမက်ဘူး ဒါလည်းဟုတ်တယ် အရိပ်တွေကို မက်နေကြတာ။ အမေစုအရိပ်ကိုခိုပြီး အလုပ်မလုပ်ပဲ အလုပ်လက်မဲ့နဲ့ နံမယ်လိုချင်နေကြတာ။ ရှင်းပလား။ ကိုယ့်ဘဝနဲ့ကိုယ့်အဆင့်ကို သိကြပလား။

နောက်တစ်ခုသေချာတာပြောလိုက်မယ်။ ထိုင်ခုံရမှ ရိုးသားဖို့ထက် ရိုးသားစွာ ထိုင်ခုံရှာတာကိုပိုကြိုက်ပါတယ်။ ကိုယ်အရိပ်ခိုဖို့ သူတပါးကို တွန်းထုတ်တာ သူတို့လုပ်ထားတဲ့အိမ်ယာတွေ ဖြိုဖျက်တာတော့ ကန့်ကွက်ပါကြောင်း အသိပေးလိုက်ပါရဲ့။

အရပ်မှာတာ့ ငါ့အမျိုးက ငါ့ကိုထောက်ခံစေမယ်။ မြို့နယ်နဲ့ တိုင်းမှာတော့ဒေါ်စုအရိပ်ကို သုံးမယ်ဆိုတဲ့သူများတော့ မနှစ်မြို့ပါ။ ရွံပါတယ်။ ရွံလွန်းမကကို ရွံပါတယ်။  အဝေါ့ ။

( အမေစုရဲ့ NLD ကို ချစ်ခင်မှုအပြည့်နဲ့ အစဉ်စောင့်ကြည့် ရေးနေဦးမှာပါ။ မရှက်တတ်ရင်တော့ အနားမယူကြပါသေးနဲ့ဦးဗျာ။ )

အခုတော့ သိသွားပြီ ခဲမှ ခဲပါ

ညီလေးရေ


မင်းလက်ထဲမှာ ပဲစေ့ကလေးတွေဆုပ်ထားတယ်ဆိုလည်း

ခွင့်လွတ်ပါ။

ခဲ အကြိမ်ကြိမ်မှန်ဖူးတဲ့စာတစ်ကောင်မို့ပါ။

ငါ အရာရာကို လန့်နေပါပြီ ညီ။


ကိုရီးယားဇာတ်ကားကြည့်ဖူးတယ်ဆိုရင်ပဲ

အထပ်ထပ်လိမ်တာတွေ လျော့လိုက်ပါ

သူတို့လောက်မင်းက မချောသလို

ပရိတ်သက်မရှိခဲ့ဖူးတာလည်း ထည့်တွက်ပါဦး။

လိမ္မာကို မြန်မာကမကြိုက်ဘူးနော်။


ညီရေ မင်းအမြင်မှန်ရရင်တော့ အမြန်ဆုံးဖြေရှင်းလိုက်ပါ။ မင်းကိုယ်ကျိုးမပါတာမို့ ခွင့်လွတ်မှာပါ။ လူငယ်တစ်ယောက်အတွက် မမှားနိုင်တာမရှိသလို မှားတာကိုလည်း ခွင့်မလွတ်နိုင်တဲ့သူတော်ကောင်းတွေမရှိပါဘူး။ ဝန်ခံအမှန်ပြင်လိုက်ပါ။ ခွင့်မလွတ်ခဲ့ရင် ခွင့်မလွတ်သူက သူယုတ်မာပဲ။ ကိုယ် မင်းဖက်ကရှိမယ်။ အမှန်ဖက်ကနေပါ။ အမှန်ဖက်ကိုကူးပြောင်းပါ။ အမှန်ကို ကူညီပါ။ သမိုင်းအမည်းစက်ဆိုတာ မောဟာမှားထက် လောဘမှား ဒေါသမှားကို ပိုပြီးအမည်တပ်ကြတာပါ။


ညီ မင်းအားနာတတ်တာကို အခွင့်ကောင်းယူအမဲဖျက်နေတဲ့ အသိုင်းအဝိုင်းကို စွန့်ခွါပါ။ မကြာခင်မှာ မင်းကိုထိုးကျွေးလိမ့်မယ်။ ငါ မင်းနဲ့အတူ ခရီးသွားကတည်းက မင်းရဲ့ရိုးသားမှုကိုသိတယ်။ လက္ခံတယ်။ အရာရာ အဆင်ပြေသွားမှာပါ။ ကိုယ်က မင်းနဲ့ရဲဖော်ရဲဖက်ပါ။


ကိုယ် မင်းရဲ့အကူအညီလိုပါတယ်။ သေချာတာတစ်ခုက မင်းကို ငါ ခင်မင်မှုနဲ့လိုချင်တာ တောင်းခံတာပါ။ မရခဲ့လည်း ဝမ်းနည်းစွာနဲ့ မင်းကို စွန့်ခွါပါ့မယ်။ ဒါပေမယ့် သူတို့တွေ မင်းကို ထိုးကျွေးချင်တဲ့အခါမှတော့ မင်းရဲ့ခံစားချက်ကို ဖော်ပြခွင့်မရတော့ဘူးနော်။ ဒါ ကိုယ့်ရဲ့နောက်ဆုံးသံယောဇဉ်နဲ့တောင်းခံခြင်းပါ။ ညီ မင်းလက်ထဲမှာ ပဲစေ့ကလေးတွေလို့ ငါထင်ပါတယ်။ခဲလုံးလေးတော့ ဟုတ်ဟန်မတူပါဘူး။


ညီ မင်းလက်ထဲက ပဲစေ့ကလေးတွေကို

ငြိမ်းချမ်းရေးချိုးဖြူကလေးတွေ ဖီးနစ်ငှက်ကလေးတွေကို ပစ်ပေါက်ကျွေးလိုက်ပါ။ ခွတ်ဒေါင်းပျိုရဲ့ အသံချိုချိုတွေကို မင်းနဲ့အတူကျူးရင့်ချင်ပါတယ်။ သြော် နွေဦးတောင်ရောက်မှကိုး ။ ။

(ကိုကြီးမိုး)

ရေသားတို့နှင့် ယှဉ်ပြိုင်ခြင်း


ရေသားဆိုတာပျော့ပျောင်းလွန်းလို့ ကျနော်ဖြင့် မကြိုက်ပါဘူးဗျာ။ ရေသားက အရာရာ အလျော့ပေးလွန်းပါတယ်။ ပုံသဏ္ဍာန် အတိအကျလည်းမရှိဘူး။ ရောက်တက်ရာရာပုံပါပဲ။ အရောင်ဆိုလည်း ရောနှောရောရာအတိုင်းပါပဲ။ တည်ငြိမ်တဲ့ ဘဝကိုလည်းမရနိုင်ရှာဘူး။ အနံ့ဆိုတာလည်း ဘာမှမရှိဘူး။ ထူးခြားမှု ပေါ်လွင်မှုကတော့ နတ္ထိပဲပေါ့။

အထင်သေး အမြင်သေးနဲ့ ရေသားကိုအပြစ်ဆိုဖို့ လက်ညိုးထိုးနှိမ်နင်းလိုက်တယ်။ ရေသားကတော့ ဘာမှငြင်းဆန်ခြင်းမရှိဘူး။ ရေသားထဲမှာနစ်ဝင်သွားတဲ့ ကျနော်လက်ညိုးကိုလည်း နာကျင်မှုမဖြစ်စေနိုင်စွမ်းပါဘူး။ အချိန်ကြာကြာရေထဲမှာထား အေးစက်လာတဲ့ ကျနော့်လက်ညိုးကို ဆွဲထုတ်လိုက်တော့ ရေသားမျက်နှာပြင်ကတော့ ပြည့်ဖြိုးမြဲ ပြည့်ဖြိုးမြဲ ။ ဒါပေမယ့်  ရေသားတွေကတော့ ကျနော်လက်ညိုးမှာ ဝန်းရံတွယ်ငြိအေးမြနေပါတယ်။ ရေသားနယ်ချဲ့တာခံရပြီလို့ ကျနော်တွေးမိတော့ အပြင်းအထန်ခါထုတ်ကြည့်ပါတယ်။ ရေသားကတော့ အနည်းအကျဉ်း တင်ကျန်နေရစ်ခဲ့ပါတယ်။ ဒီတော့မှ ရေသားရဲ့စွမ်းရည်ကို သဘောပေါက်လာမိခဲ့တယ်။ ရေသားက ကျနော်ကို လွှမ်းမိုးသလိုပဲ သူဟာအရာရာကို လွှမ်းမိုးအနိုင်ယူသွားမှာကတော့ အသေအချာပါပဲ။ 

တကယ်တော့ ရေသားမှာစွမ်းရည်တွေရှိပါတယ်။ ပျော့ပျောင်းတဲ့ရေသားဟာ ကျောက်စောင်းထက်ရေစောင်းကထက်ဆိုပြီး အမြင့်ဆုံးမာကျောလွန်းတယ်လို့ထင်နေတဲ့ သံစောင်းထက်ကျောက်စောင်းထက်ဆိုပြီး မေ့မေ့လျော့လျော့ မာနကြီးနေတဲ့ ကျောက်တောင်တွေကို တတိတိကိုက်ဝါးသွားနိုင်ပါတယ်။

ပုံသဏ္ဍာန်အတိအကျမရှိဘူးထင်ရတဲ့ ရေသားဟာ ဖန်ခွက်ထဲမှာ အေးဆေးတည်ငြိမ်စွာနေပေမယ့် သိမ်းပိုက်မှုလောဘကြီးလွန်းလာတဲ့ ရေကာတာတွေကို ပုံသဏ္ဍာန်ပျက်ယွင်းသွားအောင် တွန်းဖြိုဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ 

အနံ့ဆိုး အနံ့ကောင်းမရှိတဲ့ ရေသားဟာ ပြင်းထန်လှတဲ့ရနံ့ဆိုးပဲဖြစ်ဖြစ် ရနံ့ကောင်းပဲဖြစ်ဖြစ် လျော်ဖွပ်ဆေးကြောနိုင်ပါတယ်။ ညစ်ထေးတွေဝေမိန်းမောသွားစေတဲ့ အရာမှန်သမျှ ရေသားက ကြည်လင်ဝင်းပ ရွှင်လန်းစေပါတယ်။ အစွန်းထင်းကင်းပြီး အရာရာသန့်ရှင်းတဲ့အရာတွေကို ရေသားက သဘာဝအတိုင်း လက်ဆောင်ပြန်ပေးပါလိမ့်မယ်။

ထူးထွေဆန်းပြားမှုမရှိတဲ့ ရေသားက အလျှံငြီးငြီးပူပြင်းတောက်လောင်နေတဲ့ မီးတောက်မီးလျှံတွေလည်း  အနိုင်ယူအေးမြသွားစေပါတယ်။ ရေသားကိုအနိုင်ယူလိုစိတ်နဲ့များ ဝိတ်ကောင်းကောင်းနဲ့ ဖိသတ်မယ်များ မကြံလိုက်ပါနဲ့  ရေသားရဲ့ အောက်ခြေမှာပဲ တရှိန်ထိုး ထိုးဆင်းကျသွားလိမ့်မယ်။ ပြီးတော့ ရေသားကပဲ အဲဒီ ဝိတ်ကောင်းကောင်းကြီးကို ပြန်လည်ဖိပြီးသားဖြစ်နေလိမ့်မယ်။

ဒီတော့ ပျော့ပျောင်းတဲ့ရေသားကို အထင်သေးဆက်ဆံတာထက် ဆားလို သကြားလို အရောင်အဆင်းတွေလို ရေသားကိုရောနှောဖို့ စဉ်းစားပါ။ နို့မဟုတ်ရင်တော့ ရေသားက တုန့်ပြန်သူရဲ့ဆန့်ကျင်မှုကို တိုက်ရိုက်အချိုးကျ အကျိုးသက်ရောက်သွားစေတတ်ပါတယ်။

မှတ်ထားပါဗျာ ပျော့ပျောင်းတယ်ထင်တဲ့အရာမှန်သမျှက  ကျနော်တို့ထင်ထားတာထက် ပိုမိုအစွမ်းထက်နေတတ်ပါတယ်။ ဒီတော့ ရေသားရဲ့နေရာမှာ အခြားနုညံ့တယ်ထင်တဲ့အရာတွေကို အစားထိုးပြီး စဉ်းစားခန်းဖွင့်ကြည့်ဖို့ လိုအပ်ပါတယ်ဆိုတဲ့ အကြောင်း သတိပေးချင်ပါသေးတယ်။ (စေတီရှင်)

လွမ်းဆွတ်ခြင်း

မိမိကိုယ်ကို ကောင်းအောင်ကျိုးစားမယ်
မိမိအတန်းကို ကောင်းအောင်ကျိုးစားမယ်
မိမိကျောင်းကို ကောင်းအောင်ကျိုးစားမယ်  တဲ့
လွမ်းလိုက်တာသူငယ်ချင်းရယ်။ လက်ပိုက်ပြီး မတ်တပ်ရပ်ဆိုခဲ့တာက ငါတို့ဟာ အခိုင်းခံခဲ့ရတယ်လို့ မထင်ပါဘူး။ ကဗျာကို အလေးအမြတ်ပြုခဲ့တာပါ။ ထိုင်ခုံကြီးနဲ့ထိုင်လိုက်ရမှ အခိုင်းခံလိုက်ရတဲ့ မင်းကို သနားလိုက်ပါဘိတော့တယ်။

မင်း လူရာဝင်ရဲ့လား။ မင်းပြုံးပြတဲ့သူများ ရွှင်ရွှင်လန်းလန်းရှိကြပါရဲ့လား။ မင်းသေရင် လိုက်ပို့မယ့်သူ ဘယ်နှယောက်စုပြီးပြီလဲ။ မင်းကလေးတွေကို ဘယ်လိုနှစ်သိမ့်ပေးကြရမလဲ။

မင်းက ဗီလိန်ဖြစ်သွားပြီ။ မင်းကိုယ်တိုင်ဆဲခဲ့သူကို မင်းကပြန်ကြည်ညိုနေတာ။ မင်းငတ်နေသလား။ မောနေသလား။ ပြေးနေရသလား။ ပုန်းနေရသလား။ ဖုံးနေရလား။ မင်းဘဝပျက်သွားပြီလား။ ဖွတ်မွေးလိုက်ပြီလား။ ခွေးစိတ်ဝင်သွားပြီလား။မူကြိုရောက်သွားတာလား။ တစ်ယောက်တည်းသွားလို့ မရဲရင့်ချင်တော့ဘူးလား။

ပြောရင်းနဲ့ အသည်းနာလာတယ်။ မင်းက နွားမှ တကယ့်နွား။ လင်းချိန်ရောက်မှ မှောင်စေချင်သူ။ အနန္တသူရိယအမတ်ကို ပျက်ရယ်ပြုသူ။  မင်္ဂလာမဲ့သူ။ အောက်တန်းကျသူ။ တံတွေးထွေးဖို့ကို မတန်တဲ့သူ။ သူငယ်ချင်းတွေရဲ့စိတ်ကို ရိုက်ချိုးသူ။ ရွံရှာဖွယ်ကောင်းသူ။  တော်ကွာ မင်း အလကားဆိုမှ အလကားကောင်းးးးး

ကဲ ဒါမင်းမသေခင် အပြောခံရတဲ့စကား။ သေပြီးရင် မင်းဘယ်အထိနာရမလဲ။ မင်း ဘယ်လိုပြန်ရှင်းမလဲ။ လူတိုင်း ခံစားချက်နဲ့ စာတတ်သူချည်း။ သူလျှို  သတောင်းစားမလုပ်ချင်နဲ့။

မင်းသိအောင်ပြောမယ်။ မင့်အဖေ မင့်အဘ မင့်ပထွေးကို ဘယ်တော့မှမကြောက်ဘူး ဘယ်တော့မှ လက်မမြှောက်ဘူး။

ဒါကို မင်းမနာလည်းဘာမှ မဖြစ်ဘူး။ မင်းအရှက်မဲ့ကြောင်း အကုန်သိနေပြီ။ ပတ်ဝန်းကျင်အသစ်မှာ အထိအခိုက်မရှိ အမျိုခံရပါစေလို့ သပိတ်သွတ်ပြီးကြပြီ။  ဒါ ငါရဲ့နောက်ဆုံး ကျေးဇူးဆပ် ဂါထာပဲ။ ထိပ်တိုက်တော့ မတွေ့ပါရစေနဲ့ ဆုတောင်းထားပါတယ်။(feedbacks)

သမတကြီးနှင့် လူမလေးခွေးမလေးကိစ္စများ


ပြည်သူတွေကခွေးမြီးကောက်ကျည်တောက်စွပ် မဖြစ်တန်ကောင်းရဲ့ဆိုပြီး အားပေးသူမရှိရင်နောက်ပြန်ယိုင် လူမိုက်တွေနဲ့ ပြန်ပေါင်းမှာစိုးလို့ သမတကြီးကို အားပေးကြပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သမတကြီးကလည်း ခွပ်ဒေါင်းမဟုတ်တဲ့ကျီးမျိုးမို့  လူမလေးခြင်း ခံနေရပါတယ်။ လက်ပတောင်းတောင်ဆိုရင် မျက်နှာပျက်စရာ အသုံးမကျတာပေါ်လွင်သွားတယ်။ ဆယ်အိမ်ခေါင်း ဦးဏှောက်လောက်တောင် ဉာဏ်မရှိရှာဘူး။

ခွေးမလေးလိုက်ပုံများကတော့ ငြိမ်းချမ်းပါစေ ပြောခါရှိသေး ဒက် ဒက် ဒက် ဝုန်းဒိုင်းရွှီ ဆိုတဲ့ အသံကြားရတော့တာပဲ။ သမတကြီးကတော့ ခွင့်လွတ်တာပဲ။

တယ်လီဖုန်းတွေ အလကားပေးချင်တယ် သမတကြီးပြောတော့ သချာင်္မတတ်တဲ့ကောင်က အင်တာနက်ကို ဒေတာနဲ့ကောက်မတဲ့ ။ ခွေးမလေးပုံများပြောပါတယ်။

တီဗွီကနေ မိဘပြည်သူများခင်ဗျားလို့ မိန့်ခွန်းမှမဆုံးသေး ဘာကောင်မှန်းမသိတဲ့ကောင်က  သမတကြီးသဘောထားနဲ့ မြစ်ဆုံစီမံကိန်း ပိတ်မရဘူးဆိုပဲ။ မိဘပြည်သူတွေက ရူးနေဆိုပဲ။ အံ့ပါရဲ့ ကျနော်တော့ သမတကြီးရဲ့မိဘတွေက ရူးမယ်မထင်ပါဘူးဗျာ။ သမတကြီးကတော့ ခွင့်လွတ်လျက်ပါပဲ။

မိန်းမတစ်ယောက်က အသုံးချခံပါမယ် ပြောနေတဲ့အချိန် တာဝန်အရလာတောင်းပန်တဲ့ ငတုံးတွေကရှိနေသေးတာ။ ဒါလည်းသမတကြီးက မဆုံးမနိုင်ဘူး။ အထက်အမိန့်အရဆိုပြီး ကိုယ့်နာမည်ယူသုံး မလေးမစားလုပ်ခံရရှာတယ်။ အဲလိုပြောတော့ သမတကြီးလုပ်တာပါဗျာလို့ အဓိပ္ပါယ်မထွက်ဘူးလား။ သူ့လူဗုဒ္ဓဘာသာဝင်လူကောင်းလေးတွေ မသိအောင် အမေရိကန်ရောက်မှ  ကိုကျော်သူဆီ ၁၀သိန်းလှူ ရတဲ့ သမတကလေး  လူမလေးခွေးမလေးဖြစ်တာ အဆန်းတော့မဟုတ်ပေဘူး။  သြော် သမတကြီးရယ် ခွင့်လွတ်လက်စနဲ့ ခွင့်လွတ်လိုက်ပါတော့လေ။