Thursday, 28 March 2013

လှလိုက်ထှာ

လှလိုက်ထှာ

လှလိုက်ထှာ
ငါ မျက်လုံးမပွင့်ခင်‌အထိ
မျက်လုံးတစ်လုံးတည်းထိ လှတုန်း
ငါကို ငါမြင်‌တဲ့မျက်လုံးက စလို့
ဆုံမှတ်ပြတ်တဲ့ မျက်ဝန်းလေးဆုံးတဲ့အခါ
ကျောခိုင်းလိုက်‌ရတဲ့အခါ
မြက်ခင်းပေါ်က မင်းအထက်မှာ
လိပ်ပြာလေးတွေ
ဝဲ လို့  ဝဲ လို့ ကောင်းတုန်း။

Monday, 18 March 2013

အမည်များ

အမည်များ

ကျနော်က ကိုမင်းကိုနိုင်အမည်ကို သဘောကျလို့ မင်းထက်မိုး(မတ္တရာ) ဆိုပြီး ကလောင်ယူစာရေးခဲ့ဖူးပါတယ်။ ၉၄ ၉၅ လောက်ကထင်ပါတယ်။ လူငယ်နှင့် ဝိပဿနာအကြောင်း ဘာသာရေးစာပေပါ။ အယ်ဒီတာ အပြောင်းအလဲက တစ်ကြောင်း မိမိကိုယ်ကို စာပေဝမ်းစာမပြည့်ဘူးထင်လို့ ကတစ်ကြောင်း ကြာကြာမရေးဖြစ်ခဲ့ပါဘူး။

နောက်ကျတော့ မသိတဲ့သူထက်စာရင် နည်းနည်းပဲပိုသိသိ သိတဲ့သူက တတ်နိုင်သလောက်ရေးပြ ပြောပြပြီး အင်တာနက်မှာ လွဲနေတဲ့ဘာသာမဲ့လူငယ်လေးတွေနဲ့ ပြောဆိုဆွေးနွေးဖို့ အမည်ရွေးကြည့်ပါတယ်။ မင်းထက်မိုးကို ဘာသာရေးမရေးဘဲ နိုင်ငံရေးအတွက်ထားပြီး စေတီရှင် ကိုဘာသာရေးအတွက် သန္ဓေတည်လိုက်ပါတယ်။ ဒါပေမယ့် ရေးရင်းလက်လွန်လွန်လာတယ်။ လောကဓံကို မလွန်ဆန်နိုင်သေးတဲ့အတွက် ဘာသာရေးကတော်တော် ဒေါသကထာက များနေတဲ့အတွက် စေတီရှင်သုံးရမှာ ကျနော် အားနာလာပါတယ်။ ရှက်လာပါတယ်။ ဒါကြောင့် ကျနော်အမည်လေးကို ခေတ္တပြောင်းသုံးချင်ပါသေးတယ်။ မိမွေးတိုင်း ဖမွေးတိုင်းပေါ့။ အမေအဖေပေးတဲ့ အမည်ကိုပဲ ပြန်သုံးပြီး လူမှုရေးနဲ့ပတ်သက်တာတွေ ရှင်းချင်ပါတယ်။

အကိုတို့အနေနဲ့ ခပ်ကြမ်းကြမ်းပြောသင့်ရင်လည်းပြောရတာ လွတ်လွတ်လပ်လပ်ပေါ့ဗျာ။ ကျနော်လည်း ဒီကရှေ့ ပွင့်ပွင့်လင်းလင်း ပြောရတာပေါ့ ဟုတ်ဘူးလားဗျာ။
ခင်မင်ခြင်းများစွာနဲ့
S.H Moe










Friday, 15 March 2013

ချစ်တတ်ခဲ့ရင်

ချစ်တတ်ခဲ့ရင်

တောင်ကြီးကိုသာတကယ်ချစ်ရင်
နိုင်ငံကိုချစ်ရမှာပေါ့။

နိုင်ငံကိုသာ တကယ်ချစ်ရင်
အမေကိုချစ်တတ်ရမှာပေါ့။

အမေကိုသာ တကယ်ချစ်ရင်
လျှာတစ်ချောင်းကို စည်းကမ်းတကျထိမ်းပေးသင့်တာပေါ့။


ဒါနရဲ့ စွမ်းရည်

ဒါနရဲ့  စွမ်းရည်

ဒါနံ သဗ္ဗတ္ထ သာဓကံ။
ဒါနဟာ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုး ခပ်သိမ်းသောအကျိုးကို ပြီးစေနိုင်တယ်။

ဒါနံ သဂ္ဂဿ သောပါဏံ။
အလှူဒါနဟာ နတ်ပြည်တက်ဖို့ရာ စောင်းတန်းလှေကားနဲ့တူတယ်။

ဒါနံ ပါထေယျ မုတ္တမံ။
ဒါနဟာ သံသရာလမ်းခရီးမှာ စားသုံးနိုင်တဲ့ ရိက္ခာထုပ်နဲ့တူတယ်။

ဒါနံ ဥဇုဂတံ မဂ္ဂံ။
ဒါနဟာ နိဗ္ဗာန်သို့ဖြောင့်ဖြောင့်သွားတဲ့ လမ်းမှန်ဖြစ်တယ်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
အလှူအပေါင်းမှာ တရားအလှူဟာ အမြတ်ဆုံးဖြစ်တယ်။





Tuesday, 12 March 2013

ကျနော်၏ personal များ

ကျနော်၏ personal များ

ကျနော်သာ ဟစ်တလာ့သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်နေခဲ့ရင် သူ့နောက်ကျောက ဓါးနဲ့ထိုးခဲ့ပါလို့ ခင်ဗျား အော်လိမ့်မယ်။

ခင်ဗျားဟာ အနာဂါတ်ကိုမသိသူတစ်ယောက် ဒါမှမဟုတ် အမှန်တရားကို မမြတ်နိုးတတ်ရင်တော့ တနေ့မှာ ကျောသားရင်သားခွဲခြားမှုမှာ စတေးခံရသူဖြစ်လာလိမ့်မယ်။

ငါ မင်းနဲ့ရင်းနှီးပါတယ်။ မင်းနဲ့ငါ ကွဲလဲချက်တော်တော်များများမှာ  အကြိမ်ကြိမ်အော်ခဲ့ဖူးတယ် စော်ကားဖူးတယ်။ ဒါပေမယ့် ငါ့ကို သီးသန့်ပြောတာမို့ ငါ fb မှာမတက်ခဲ့ဘူး။ မင်းရော ငါပါ အားနည်းချက် ကိုယ်စီနဲ့ပါ။ ဒါပေမယ့် မင်းရော ငါပါ မြို့ကို မျက်နှာမပြရဲတဲ့ အမှားမျိုးမရှိဘူး။

နဖါးကြိုးကိစ္စမှာ ကာကွယ်ချင်သူ မြို့မှာဘယ်နှယောက်ရှိလဲ။ လက်ချိုးရေလို့ရတယ်။ ငါက စိတ်ကိုချစ်တာ လူကိုချစ်တာမဟုတ်လို့ ငါ့ကိုမင်းလိမ်လို့မရပါ ဘူး။

တကယ်တမ်းကျတော့ ငါက ငါ့လက်ညိုးနဲ့ လက္မကို ခုတ်ဖြတ်ပစ်ခဲ့ရတာ။ ငါ အတော်နာကျင်ပါတယ်။ ငါ အိပ်မပျော်ရတဲ့ရက်တွေများနေပါပြီ။ ငါအခုလည်းမျက်ရည်ကျရပါတယ်။ နောင်လည်းကျရဦးမှာ။ ဒီအဖြစ်မျိုးကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နေခဲ့မယ်လို့ မင်းတို့ကထင်နေသလား။ ဆရာဝန်တွေ ကိုယ့်ဆွေမျိုးကို ဆေးကုခွင့်မပေးတာ သိတ်မှန်တယ်။ သူ့သားသားသမီးကို သေကောင်းသေသွားနိုင်တဲ့ ဓါးနဲ့ခွဲရက်မလား။ အရာရာသနားတတ် အားနာတတ်တဲ့ငါက လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကြား ဘယ်လောက်များ သောကရောက်နေမလဲ ခံစားတတ်ရင် ခံစားပေးလိုက်ပါ။

မြို့ကို မီးလောင်တိုက်မသွင်းစေရဘူး။ ဒါ ငါ့အဓိဋ္ဌာန်။ ပရ နဲ့ အတ္တ ကို ကွဲနေအောင်ကျင့်သုံးရမယ်။ ပြီးတော့ ငါက မြို့ရဲ့သားသမီးကောင်းပဲ ဖြစ်ချင်တယ်။ ငါ မှားတယ်ဆို မြို့ကိုဟစ်လိုက်ပါ။ personal မဖြေရှင်းဘူး။ မီဒီယာရှေ့မှာဖြစ်ပါစေ ငါဝန်ခံပါ့မယ်။ ဘယ်သူကိုမဆို သတ္တိမွေးပေးလိုက်ပါ။ ကျောသား ရင်သား ခွဲခြားစိတ်ကို အနှစ်၁၀၀လောက် ဆိုင်းငံ့ထားစေချင်တယ်။

မြေးသန့် (Ko Sai)ကပြောတယ်။ လေးလေးနက်နက် စဉ်းစားပေးပါ။

သစ်ရွက်လှုပ်တိုင်း လေတိုက်နေတယ် မထင်ပါနဲ့။ တဲ့။

ငါ့ သစ်ရွက်တွေက -----

Saturday, 9 March 2013

အသိမဲ့ခြင်း-၂-


အလှူခံအစည်းအဝေးတဲ့။ အစည်းအဝေးက ရက်စွဲမပါ။ သင်  သင်နဲ့မိုက်ရိုင်းစွာ ရေးထားတဲ့ဖိတ်စာ။ အလှူခံတာလား မိုက်ကြေးခွဲတာလား။ ဝေခွဲမရ ဖြစ်မိတယ်ကွယ်။ အဲဒီပွဲကို နင် သွားသလား ခ လေး လေး ရယ်။

ကျနော်တို့မြို့မိမြို့ဖ မဟုတ်ပေမယ့် သိက္ခာတော့ရှိပါတယ်။ ဓါးပြတွေ ဖာခေါင်းတွေ တရားခံတွေ မဟုတ်ပါဘူး။ ဘာလို့ သင် သင်နဲ့ သုံးသလဲ။

ကျနော်တို့ရဲ့သဒ္ဓါတရား ကောင်းတယ်ဆိုကတည်းက လူအသိတရားရှိပါတယ်။ ခွေးတိရစ္ဆာန်တွေလည်းမဟုတ်ကြပါဘူး။ ဘာလို့ သင် သင်နဲ့ သုံးသလဲ။

ကျနော်တို့ မြတ်ဗုဒ္ဓရဲ့သွန်သင်ညွှန်ကြားမှုအောက်မှာ နေ နေကြပါတယ်။ ကုသိုလ်ရှိမူ ရှင်သောသူ။ ကုသိုလ်ကင်းမူ သေသောသူ။ လို့ ပညာရှိသူတော်ကောင်းများ သက်မှတ်ကြပါတယ်။ ကျနော်တို့ မီးသတ်ကားဝယ်မယ့် ကုသိုလ်ရှင်တွေပါ။ လူသေတွေ မဟုတ်ပါဘူး။ မကျွတ်မလွတ်နဲ့ ပြန်တမ်းထုတ်ရမယ့် လူသေတွေလို ဘာလို့ သင် သင်နဲ့ သုံးသလဲ။

အမိယုတ်နှုတ်ကြမ်း။ အဖယုတ် စရိုက်ကြမ်း တဲ့။ မြို့မိမြို့ဖများ ကျနော်တို့ကို သွန်သင်ပေးပါဦး။ကျနော်တို့ လူယဉ်ကျေးလေးတွေ ဖြစ်ချင်ပါတယ်။ ကျနော်တို့ သင် တွေ  နင် တွေ မသုံးချင်ဘူး။

ကျနော်တို့ ဘုန်းကြီးကျောင်းကို  ၄ တန်းရောက်တော့ ယဉ်ကျေးလိမ္မာ သင်တန်းတက်ဖူးတယ်။ ကြီးလာတော့ မြို့မိမြို့ဖဖြစ်လာရင် နာယကဂုဏ် ခြောက်ပါးနဲ့ ညီအောင်နေရအောင် တဲ့ သားအဖေကပြောဖူးတယ်။ အဖေပြောချင်တာက မြို့မိမြို့ဖတွေ မူလတန်းအောက်က အခြေခံယဉ်ကျေးလိမ္မာ သင်တန်းလောက်တော့တက်ဖူးရမယ် ဆိုလိုတာလား အဖေ။

Wednesday, 6 March 2013

ဘာသာမဲ့ဆိုတာ လောကမှာမရှိဘူး။


ဘာသာမဲ့ဆိုတာ လောကမှာမရှိဘူး။ နှစ်သက်ခြင်းရှိသူတိုင်း စွဲလမ်းမှုရှိသူတိုင်း ကြော်ရကွံ့မှုရှိသူတိုင်း ကိုးကွယ်မှုဆိုတာရှိတယ်။

ကိုယ်ပိုင်ဥာဏ်နဲ့မမှီမကမ်းတိုင်းတာမိပြီး ဥာဏ်မမှီတဲ့ကိစ္စတွေပေါ်လာရင် ခေတ်မမှီဘူးလို့ လွယ်လွယ်ေမပြာပါနဲ့။ ရှက်စရာကော င်းပါတယ်။ ရှေးက လူနဲ့ သတ္တဝါတွေ စကားပြောတာ မယုံဘူး။ ဒါကြောင့် အဲဒီဘာသာကို မယုံဘူး။ ရှင်းပြနိုရင်င် မင်းယုံမလား? မင်းခွေးတစ်ကောင်မွေးဖူးလား? လိမ္မာလွန်းလို့ လူစကားနားလည်တဲ့ အေကာင်လေးတွေ အများကြီးပါ။ စားရေအာဆငို လာတယ်။ မစားနဲ့ဆိုရင် ငုတ်တုတ်ထိုခင်ျနေတယ်။ အေး..နှီးနွယ်ပတ်သက်မှုတွေများလာရင် တစ်ယောက်စကားတစ်ယောက်နားလည်လာတာ ဓမ္မတာပဲ။ စကားမေပြာတတ်ေပစဦး အမူအယာဖြင့်စကားပြောခြင်း (body-language) ဆိုတာရှိတယ်လေကွာ။ စာရေးသားတဲ့အခါ ခွေးကေလးရဲ့ အမြီးလှုပ်တာကိုကြည့်ပြီး သေဘာတူလက္ခံ ကြောင်းသိရပါသည် ” မေရးဘဲ ခွေးကဟုတ်ကဲ့ လို့ပြောသည်..ရေးမယ်။ ဘာအေရးကြီးလို့ တို့ကငြင်းပယ်နေမလဲ။ အကာအရံတွေလောက်တောင် ဥာဏ်မမှီနိုဘင်ဲနဲ့ ဘာလို့ သူများဘာသာစော်ကားချင်၊ လက်မခံချင် ဖြစ်နေရတာလဲ။ အသိဥာ်ရဏင့်ကျက်လာတာနဲ့အမျှလည်း ဘာသာစကား နားလည်တာလည်း ရှိတယ်။ စကားမေပြာတဲ့ ကေလးငယ်ငို တာကိုကြည့်ပြီး မိဘေတွရဲ့ နားလည်မှု ဆရာဝန်တစ်ယော်ရကဲ့နား လည်မှုက မင်းတို့ ငါတို့ထက် ပိုတယ်မောင်။ မင်းတို့ ငါတို့ နားမလည်တာနဲ့ဘဲ ကေလးနဲ့ လူကြီးစကား စကားမေပြာခဲ့ဘူးလို့ မေပြာနဲ့။ အဲဒါ ကေလးရဲ့ body-langauge ပဲ။ တို့တွေရဲ့ ကြောကေလးသပ်ပြီး အို..အို..အို လုပ်နေတာလည်း body-langa uge ဘဲ။ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်လို့ရတယ်။ ကွန်ပြူတာအကြောင်းထိတော့ ဘယ်ပြောလို့ ရမလဲ။ မင်းနဲ့ငါတောင် အသိဥာဏ်ချင်းတူလား။ အကုန်ပြောလို့ရလား?

ဒါလေးတစ်ခုနဲ့မင်းဘာသာမဲ့နေရင် သနားတယ်။ ငါတို့ဘာသာဝဖငို့ မတိုက်တွန်းပါဘူး။ မင်းကို သနားတာ သက်သက်နဲ့ ငါ ဆက်ပြောဦး မယ်။ သေဘာထားကြီးတဲ့သူတိုင်းက လွတ်လပ်စွာကိုးကွယ်ခွ င့်ကိုပေးတယ်။ ယူတယ်။ ဒါပေမယ့် လွတ်လပ်စွာ စော်ကားခွင့်ဆိုတာ မရှိဘူး။ ဒီအေဖြေတွပေးနေတာ မင်းမေးခဲ့လို့ပါ။ စော်ကားသလိုဖြစ်နေရင် ခွင့်လွတ်ပါ။ ဘာသာရှိသူတိုင်း ငတုံးငအဆိုတဲ့ စွတ်စွဲမူမျိုး မလုပ်ပါနဲ့။

ဆရာဆိုတာနေရာတိုင်းလိုတယ်။ မင်းတို့ဆရာရှိလား။ ဝါဒဘယ်လောက်လောက် သထင်ား တတ်ထားသလဲ။ လိုအပ်လို့ မေးတာပါ။ စော်ကားချင်လို့မေးတာ မဟုတ်ဘူး။ ရှေးက ပုဂ္ဂိုလ်တွေဆို အမိဘက်က ဝါဒတစ်ထောင်၊ အဖဘက်က ဝါဒတစ်ထောင်၊ ကိုယ်ပိုင် အယူဝါဒ တစ်ထောနင်ဲ့ စသဖြင့် ပြောသံကြားဖူးလို့ပါ။ သူတို့ရဲ့ဝါဒတလငိုက်ရင် လက်ကတီးကြားက ချွေးတီးတီးကျဆိုပဲ။ အဲလောက် ခိုမင်ာတယ်။ တော်ကြတယ်။ ကျမ်းစာတွေ အေမြာက်အများရှိထားလည်း အာစရိယဝါဒ မရှိရင် အူလည်လည်ဖ်ြရစတယ်။ လူတိုင်းအာစရိယဝါဒရှိသင့်တယ်။ သီဟိုဠ်ဝတ္ထု တစ်ပုဒ်ပါ …ရဟန္တာဖြစ်သွားတဲ့ ရဟန်းတပါးက ဘုရားဟောတွေ ဆင်ခြလငို က်တဲ့အခါ ပိဋကသုံပုံအစုံ အာဂုံဆောင်မိပါသတဲ့။ စာသဖငို့ေ ပြာတဲ့အခါတိုင်း မလိုအပ်ဘူးလို့ အကြိမ်တိုင်းငြင်းပယ်တယ်။ ဒါကိုသိလို့ မေထရ်တပါးကြွလာဆုံးမပါတယ်။ စာတစ်လုံးပေးပြီး အနက်ပေးခိုင်းပါတယ်။ ရဟန္တာလည်းဖြစ်ပြန် ပိဋကသုံးပုံဆောလင်ည်း ဖြစ်တော့ အမြန်ဖြေပြတာပေါ့။ မေထရ်ကြီးက ချောင်းဟန့်သတဲ့။ ရဟန္တာကြီး နောက်တမျိုးပြောင်းဖြေတာပေါ့။ ဒါလည်းချောင်းဟန့်တာပဲ။ မတိကျ၍ မေထရ်ကြီးက နှစ်သက်ခြင်း မရှိသေးဆိုပြီး ရဟန္တာကြီးက နောက်တမျိုးပြောင်း ဖြေပါတယ်။ မေထရ်ကြီးကချေင်းဟန့်ပြန်တယ်။ ပြောင်းဖြေတယ်။ ကြာလာတော့ ရဟန္တာကြီးကမေးတယ် ။ တပည့်တော် ဘာမှားလို့လဲဘုရား..ဆိုတော့ မေထရ်ကြီးကဖြေတယ် “သည်းခံပါ ငါ့ရှင် ..မှားယွင်းမှု တစ်စုံတ်ရစာမရှိပါ .. ငါ့ရှကင်သာ အာစရိယဝါဒ လက်ဆုပ်လက် ကိုပငိုင်ပိုင် မရှိသဖြင့် အကြိမ်ကြိမ်ဖြေဆို ပပင်န်းရေပပြီ” လို့ပြောကြားရာ ရဟန္တာကြီး သေဘာပေါက်သွားတယ်။ စာစဉ်အတိုင်းရရှိမှုထက် “ဒါက .. ဒါကြောင့် ဆိုတာမျိုး ” ပိုပငိုင်နိုင်နိုင်သိဖို့ အာစရိယဝါဒရှိဖို့ လိုအပ်ကြောင်း တိပိဋကရဟန္တာကြီးတောင် လိုအ်ရပင် တို့တွေအတွက် ဘယ်လောက်လိုအပ်သလဲ စဉ်းစားပါ။ မင်းမှာ ကိုယ်ပိုင်ဝါဒ ဘယ်လောက်ထိရှိနေလို့ မာနတံခွန်ထူပြီး အခြားဘာသာဝင်တွေကို တိုက်ခိုက်နေရတာလဲ။ မင်းက ဘယ်လောက်သိရမှ ကျေနပ်နိုင်မလဲ။ ငါကေရာ ဘယ်လောက်များပြောနိုင်မှာလဲ။


နှောင်ကြိုးမဲ့ အေဖြတစ်ခ


အစာတွေ့တိုင်းစားပါရေစ ရေတွ့တိုင်း သောက်ပါရေစ လေတွ့တိုင်း နမ်းရှိုက်ပါရေစ မဖျားနာချင်သေးဘူး အဆိပ်ကောင်းကောင်းသင့်ဖူးတဲ့ ငါ့ခန္ဓာကိုယ်မို့ပါ

စစ်ပွဲဆိုတိုင်း လူသတ်မှုကလ်ွရတမှာလား မေသဖို့သတ်ကြေးဆိုရင် ကမ္ဘာကြီးက နှုတ်ခမ်းတစ်ဘက်မဲ့ ရယ်နေဦးမယ်

ကျမ္မာရေးဆိုတိုင်း အဲဒီသတ္တဝါတွေ သေပးရမှာလား အစာအိမ်ကြောင့်သာ ကြက်သားမချိုရင် အစာအိမ်ကို ဘယ်သူဖေါက်ထုတ်ပေးမှာလဲ

လမ်းပျက်ခဲ့ရင် ဖိနက်အသစ်တွေသာ မီးရှို့လိုက်ပါ ခြေဖဝါးသက်သက်နဲ့ လမ်းမပျက်တတ်ပါဘူး မောင်

ကိုယ်မျှော်လင့်တဲ့ သေတဲ့အထိမျှော်လင့်မယ့် နိုငင်ံတကာ ဘာသာစကားဆိုတာ ချိုင်းနီ့လည်း မဟုတ် အင်္ဂလိရှ်လည်း မဟုတ် အက်စပါရန်တိုလည်း မဟုတ် မာဂဓလည်း မဟုတ် အေသအချာကိုက မေတ္တာတရားက မေတ္တာစကားပါကွယ်..

လူငယ်နှင့် လူကြီး


လူငယ်ဆိုသည်မှာ လွတ်လပ်ခြင်း အေးချမ်းခြင်းကို အထူးနှစ်သက်ခုံမင်ကြပါသည်။ တက်ကြွသောဗဟုသုတ အသိဉာဏ်တို့ဖြင့် အဆင်ေပြေပါ့ပါးသော ဘဝလူနေမှုကို လိုလားကြေပသည်။ ပညတ်နှင့် ကြမ်းတမ်းသောအစွဲဥပါဒါန်တို့မှလည်း လွတ်မြောက် လိုပြီး သူတပါးကိုလည်း လွတ်မြောက်စေလိုသော စေတနာရှိကြ သူများဖြစ်ကြသည်မှာ ယုံမှားဖွယ်မရှိချေ။

အသက်အရွယ်ကြီးရင့်သူတို့က ..အေတွ့အကြုံဟောင်းများစွာဖြင့် လောကေကာင်းကျိုးကို တည်ဆောက် ပြီးစီးနိုသင်ည်..ဟု ယူဆကာ လူငယ်တို့က.. ခေတ်မှီသောအမြင်ဖြင့်သာ လောကေကာင်းကျိုးကို ပြုပြင်ပြောင်းလဲနိုင်သည်..ဟု အမြကင်ွဲလဲခ်ျရကှိကြောင်း အေနာက်တိုင်းတွေးခေါ်ပညာရှတင်ဦးက ပြောဆိုခဲ့ဖူးသည်။ ဤကွဲလဲချက်သည် သေးမွားသည်တော့မဟုတ်။ တခါတရံ မိဘနှင့် သားသမီး၊ လူကြီးနှင့်လူငယ်၊ ဆရာနှင့်တပည့် ကြီးကျယ်သော ကွာပြဲမှု ဖြစ်နေတတ်ပါသည်။

..ချည်သေး၍ချားမလည်၊ ငယ်သေး၍နားမလည်..ဟု လူကြီးများက ချိုသာစွာနှိမ်ခုပြောဆိုလျှင် ..ယောင်ကြီးတော့ငိုက် လူကြီးတော့ မိုက်..ဟု လူငယ်များကအတွန့်တက်ကြပါသည်။ ..နွားပျိုသန်လှ နွားအိုပေါကင်ျိုးသေလာက်..ဟု လူကြီးတို့မာန်သစ်ချိန်တွင် ..ကောင်းမွန်သောအနာဂတ်သည် လူငယ်များ၏လက်ဝယ်တွင် ရှိသည်..ဟူသော ဆောပင်ုဒ်တို့ဖြင့် ဝံ့ကြွားနေတတ်ပါသည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့၏ နိုငင်ံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် ချည်သေး၍အလုပ်မဖြစ်တော့ပြီလော? ယောင်ကြီးလျှင် အမှန်တကယ်မိုက်ကြသေလာ? ပေါကင်ျိုး ၍သန်ေသလာ? အနာဂတ်မှန်သမျှ ပိုသေင်လာ? စသဖြင့် အပြန်အလှန် သုံးသပ်ဆွေးနွေး အေဖြရှာဖို့ သင့်ပါသည်။ ချည်သေးလျှခင်ျားမလည် သကဲ့သို့ ပေါကင်ျိုးလျှလင်ည်း ခါးမသန်နို င်တော့ပါ။ ယောင်ကြီး၍ အမှန်တကယ်မိုက်ပါက နောလင်ူငယ် လက်တွလင်ည်း အနာဂတ်ကောင်းဆိုတာ မရနိုပင်ါ။

လူကြီးတို့၏ကရုဏာဒေါသောများသည်လည်း မေတ္တာကိုဉာ ဏ်ဖြင့်ပေါင်းပါမှ လူငယ်တို့ဘဝ လှပမည်ဖြစ်ပြီး၊ လူမိုက်များကဲ့သို့ ကြိမ်နှင့်လက်အားကိုချည်း အစဉ်တစိုက်သုံးနေပါက ကျောကော့၍ နွားငယ်များမှ နွားကြီးများသာ အစဉ်အဆက် ပေါ်ပေါက်လာ ပေလိမ့်မည်။ တက်ကြွသောလူငယ်တို့၏ အသိဉာဏ်သည်လည်း လေးနက်သောဗဟုသုတများ အေတွ့အကြုံဟောင်းများနှင့်ပေါင်းပါမှ အနာဂတ်သည် ချောမွေ့မည်ဖြစ်ပြီး အေတွ့အကြုံကို အေခြမခံ ယခုလက်တွေ့သာအမှန်ဟု အဓိကအားပြုနေလျှင် တစ်ထောင့်တ စ်ကြိမ်မြောက် စမ်းသပ်ချက်ဖြစ်မလာဘဲ ခုတစ်ကြိမ် ခုတစ်ကြိမ်..သာ အစဉ်သဖြင့် အသစ် အသစ်ဖြစ်ကာ အောင်မြင်သောလက်တွေ့ဘ ဝသည် ရလာမည် မဟုတ်တော့ပေ။

လူငယ်များအနေဖြင့် တစ်ထောင်ကြိမ်မြောက်စမ်းသပ်ပေးခဲ့သော ရှေးရှေး လူကြီးများ၏အေတွ့အကြုံကို မပစ်ပယ်သင့်ကြေချ။ တက်ကြွသော ဝီရိယရှိသောအသိဉာဏ်တို့သည်လည်း ရှေးကိုမမှီငြမ်း အေတွ့အကြုံမယူပါက မိုက်မဲသူသာဖြစ်၍ မာနေခါခငိုက်သော စိတ်ဆိုးစိတ်ညစ်များသာဖြစ်ပါလိမ့်မည်။

စာရေးသူသည် လူငယ်သာသာ လူကြီးမေရာက်ေတရာက်ဖြ စ်နေသဖြင့် ဇွတ်အတင်း ပညာဖြန့်ဝေလိုသောလူကြီးဘဝကိုစာနာပြီး လူငယ်တို့ဖြတ်သန်းရသည့် ခရီးခဲကြီးကို သနားကာ လူကြီးလူငယ်နှစ်ဦးသားတို့ကို ညီညွတ်စေလိုသော စေတနာအားကဲပါသည်။ ထိုကြောင့် မိမိရေးသားတိုင်းသောစာတို့သည် လူကြီးလူငယ် မျှခြေတွင်ရေးသားသင့်မြတ်စေလိုပြီး လောကီလောကုတ် နှစ်ထွေသောအကျိုးကို ပြီးမြောက်စေလိုပါသည်။ သို့သော် စေတနာအံချော်၍ လူငယ်များကမတည့် လူကြီးများက အမြမင်ကြည်သည်များခံခဲ့ရပါသည်။

မည်သို့ပင်ရှိစေကာမူ လူကြီးများ၏ဗဟုသုတအေတွ့အကြုံများကိုယူငသင်ုံးစွဲ၍ လူငယ်များအား မေတ္တာအထူးပေးမည်ဖြစ်ပါသဖြင့် လူငယ်များဘက်ကသာ အဆသင်င့်ရှိနေပြီး ဝိုင်းဝန်းညီညာစွာ အများအကျိုးဆောရင်ွက်လိုပါသည်။ လူကြီးများအေနဖြင့်လည်း ငါတို့၏ ဗဟုသုတ အေတွ့အကြုံများကိုမှီငြမ်းပြဆင်င်၍ ငါတို့ကိုယ်စားပြုလုပ်၍ သင့်တင့်သောအကျိုးရှိပါပေသည်ဟု ငဲ့ညှာသောစိတ်ထားတို့ဖြင့် အနစ်နာခံကာ ပီတိကိုစား အားရှိကြပါကုန်။

Friday, 1 March 2013

စိတ်အေးအေးနေချင်ပြီ

ပျော်စရာကောင်းတာလည်းမဟုတ်ပဲနဲ့များ ဘယ်သူက ရန်ဖြစ်ချင်နေမှာလဲ။

ကိုယ့်ထမင်းကိုယ်စား သူများအကျိုးလုပ်တယ် ဆိုပြီး အထင်သေးတဲ့မျက်လုံးနဲ့ ငတုံးငအလို မကြည့်နဲ့။ ကိုယ့်ထမင်းကိုယ်စားလို့ သူများအကျိုးလုပ်နိုင်တာပေါ့။ ကိုယ့်ထမင်းကိုယ်မစားဘဲ သူများထမင်းခွက်နှိုက်စားတဲ့ကောင် ဘယ်လုပ်နိုင်မလဲ။ အူတူတူကောင်တွေ ဘဖေကို ဖထွေးလို့ အပြေးအလွားခေါ်ရင်း ခြေမယက်စုပ်နေတဲ့ မောင်သာဖြိုးကောင်ဆို ဘယ်လုပ်နိုင်မလဲ။ ထိုပုဂ္ဂိုလ်ဘယ်သူလည်းဆိုတာ ဒီလောက်ဆို သိလောက်ပါရဲ့နော်။

၁။ ငါတို့မွေးဖွားခဲ့တဲ့ ငါ့တို့ဇာတိကို မထိနဲ့။
၂။ ငါတို့မွေးဖွားခဲ့တဲ့ ငါ့တို့ဇာတိကို မထိနဲ့။
၃။ ငါတို့မွေးဖွားခဲ့တဲ့ ငါ့တို့ဇာတိကို မထိနဲ့။
လူငယ်ဆိုတာဒီလိုဖြစ်နေရမယ်။ အခုတော့ အသားထဲကလောက်ထွက်နေတာ တွေ့နေရပါတယ်။ ထိုပုဂ္ဂိုလ်လေးကို နာမည် နေရပ် အလုပ်အကိုင်နှင့်တကွ ရှင်းလင်းဖေါ်ပြဖို့ အချိန်ကျလို့နေပါပြီ။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုတ်ရအောင် ငခုံးမလေးကို ဆားသိပ်ရမည်ပေါ့ဗျာ။ ငခုံးမလေး၏ ဒေတာများ လိုက်လံကောက်ခံနေပါပြီ။ အနီး အဝေးမှ သူတော်ကောင်းများရဲ့သတင်းစကားများကို နားစွင့်နေပါတယ်။

မီးလောင်ပြီးနောက်


မတ္တရာမြို့သူမြို့သားများရဲ့ ဆန္ဒအသီးအပွင့်အဖြစ်  အစိုးရမှ မတ္တရာမြို့အတွက် သိန်း ၃၅၀ တန်မီးသတ်ကားကြီးပေးအပ်လှူဒါန်းတော့မှာဖြစ်တဲ့အကြောင်း သတင်းရရှိပါတယ်။ မြို့မိမြို့ဖတွေ ဒီသတင်းကို ကြားပြီးပလားတော့မသိပါဘူး။ မနက်ဖန် 2-03-2013 မှာမီးသတ်ကားဝယ်ကြဖို့ စည်းဝေးတိုင်ပင်ကြမယ်ဆိုတဲ့ သတင်းလည်းကြားပါတယ်။ ကဲ ဝယ်တာလည်းဝယ်ကြတာပေါ့။ ကျနော်တို့ ကြိုဝယ်လိုက်ရင် ပြည့်စုံပြီးဖြစ်လို့ ချမပေးတော့ဘူးဆိုရင် ကျနော်တို့ မီးသတ်ကား ၂စီးရမယ့်အနေအထားကနေ အစီအမံမတတ်လို့ မြို့ နစ်နာပါလိမ့်မယ်။ ဒါကိုလည်း မမေ့မလျော့ပဲ ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။

ပြီးခဲ့တဲ့ မီးသတ်ကားဝယ်စဉ်က ဆန်စက်တစ်စက်လျှင် ၅သောင်းအနည်းဆုံးထားထည့်သွင်းရပြီး အခြားလုပ်ငန်းရှင်များလည်း ဒီထက်မနည်းဘဲ ထည့်ဝင်လှူကြရပါတယ်။ အမှတ် ၂ ရပ်ကွက်ထဲမှာလည်း တအိမ် ၁၀၀၀ နှုံးနဲ့ကောက်ခံခဲ့ပါတယ်။ အမှတ် ၂ အရပ်သားမဟုတ်သော ဈေးသူဈေးသား များလည်း ထည့်ဝင်လှူဒါန်းကြပါတယ်။ ဈေးမီးလောင်ခဲ့ရင် မြို့ချမ်းသာကြွယ်ဝမှုရဲ့ ၃ပုံ ၁ပုံကုန်ဆုံးသွားနိုင်တဲ့အတွက် ၁၀၀၀ မကထည့်ဝင်သူတွေများပါတယ်။ စုစုပေါင်းခန့်မှန်းကြည့်မယ်ဆိုရင် သိန်း ၂၀၀ ကနေ သိန်း၃၀၀ လောက်ရနိုင်ပါတယ်။ ဒါပေမယ့်ဖြစ်တည်လာတဲ့ကားကိုကြည့်ပါ။ မီးလောင်တော့သုံးစားမရပါဘူး။ ငွေကြေးမလောက်ငတာ မဟုတ်ခဲ့ပါဘူး။ သိန်း၂၀၀တန်လောက်ကားကို မဝယ်ခဲ့လို့ပါ။ရှင်းပါတယ်နော်။

ကဲ ဒီနေ့ဝယ်မယ် ဆိုတဲ့မီးသတ်ကားကိုလည်း အကောင်းဆုံးဝယ်ယူနိုင်အောင် ငွေကြေးလွဲချော်မှု မဖြစ်အောင် ဘယ်သူဦးဆောင်မလဲ။ လုပ်စားတတ်တဲ့ ခရီုနီတွေကိုင်မလား ရိုးသားတဲ့မြို့မိမြို့ဖတွေကိုင်တွယ်မလား ထည့်သွင်းစဉ်းစားကြရအောင်ပါ။

အနှစ်ချုပ်လိုက်ရင်
၁။ မီးသတ်ကား ၂စီးရအောင် သိတ်အလျင်မလိုကြပါနဲ့။ ယခင်ကလို အစိုးရမျိုးမဟုတ်ဘဲ သန့်ရှင်းသောအစိုးရမို့ ပြောပြီးရင် အတိအကျဆောင်ရွက်နေပါပြီ။ အစိုးရကိုလက်ညိုးထိုး အကြောင်းပြပြီး ဝယ်တာနဲ့အလှူခံရတာ လည်းမကွဲမပြားမဖြစ်ပါစေနဲ့။ အရင်ကခေတ် မဟုတ်တော့ပါဘူး။ အစိုးရကတော့ သန့်ရှင်းတယ်လို့ ယုံကြည်ပါတယ်။ အောက်ခြေကလည်း သန့်ရှင်းချင်မယ်ထင်ပါတယ်။

၂။ အသိတရားနဲ့ပြည့်စုံသူကို ဦးဆောင်ခိုင်းပါ။ ခရီုနီတွေနဲ့ပေါင်းပြီး မကောင်းတဲ့ပစ္စည်းနဲ့ အလိမ်အညာ မခံရပါစေနဲ့။

၃။ ကိုယ်ထူကိုယ်ထကို စေတနာအရ ကြိုးစားလုပ်ကိုင်ခဲ့ရပြီးမှ အလိမ်အညာမခံရအောင်နေကြပါ လို့ သတိပေးပြောချင်ပါတယ်။

မြို့အတွက်မို့ အလှူငွေ ထည့်ဝင်ဖို့ကတော့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။