Friday, 10 May 2013

ငါနှင့်‌မတူ‌သော ငါ့ရန်‌သူများ

ငါနှင့်‌မတူ‌သော ငါ့ရန်‌သူများ

နိုင်‌ငံ‌ရေးဆိုတာ လူကြီးလူ‌ကောင်း‌တွေလုပ်‌ကြတာဆိုတာဟုတ်‌တယ်‌။ က‌လေးစိတ်‌‌တွေ က‌လေက‌ချေစိတ်‌‌တွေနဲ့က‌တော့ နိုင်‌ငံ‌ရေးသမားဖြစ်‌လာမှာ မဟုတ်‌ဘူး။ က‌လေးစိတ်‌သာသာဆိုရင်‌‌တော့ အိမ်‌မှာ‌နေ ‌ထွေပစ်‌တမ်း ဂျင်‌‌ပေါက်‌တမ်းသာ ကစား‌နေပါ။ နိုင်‌ငံ‌ရေးဆိုတာ စုံမ ဖွက်‌တမ်းကစားတာလို‌တော့ လွယ်‌မှာမဟုတ်‌ဘူး။ yes or no ကြားထဲက may be ‌တွေအများကြီးပဲ။ yes or no လိုချင်‌‌နေတာမျိုးက‌တော့ ငယ်‌ငယ်‌က တစ်‌ကျပ်‌ပြည့်‌ဖို့‌ဇောနဲ့ ဆယ်‌ပြား‌စေ့တစ်‌‌စေ့ကိုရဖို့ ဖက်‌လုံး‌နေသလိုမျိုး ကိုယ့်‌ကိုကိုယ်‌ သူငယ်‌နာမစင်‌တာကို ‌နောင်‌တရ‌နေလိုက်‌ပါ။

နိုင်‌ငံ‌ရေးဆိုတာ ကိုယ်‌‌ကောင်းတာများများ‌ပြောပြီး သူ‌မ‌ကောင်းတာများများ‌ပြောရတဲ့ စစ်‌အစိုးရပုံစံကို‌မေ့လိုက်‌ပါ။ နင်း‌ချေတက်‌ဖို့‌လှေကားဆံ‌တောင်‌မှ ကိုယ်‌မြင့်‌မြင့်‌ထားသ‌လောက်‌ ကိုယ်‌မြင့်‌မြင့်‌‌ရောက်‌တယ်‌။ ကိုယ့်‌ရဲ့အတိုက်‌အခံကို ‌ခွေး‌နေရာထားရင်‌ ကိုယ်‌ဟာကုန်းကိုက်‌တဲ့သူဖြစ်‌သွားတယ်‌။ ကိုယ့်‌စိတ်‌ထဲမှာရန်‌သူထင်‌ခဲ့ရင်‌‌တောင်‌မှ ‌ကေသရာဇာလို ဇာတ်‌သွင်း‌ပေးထား။ ကိုယ့်‌ဧဉ့်‌ခန်းမှာ ‌‌အောင်‌မြင်‌တဲ့သူရဲ‌ကောင်းအဖြစ်‌‌ဖေါ်ပြဖို့ ‌ခွေး‌ရေခွံ ဝက်‌‌ရေခွံ‌တွေက အလှဆင်‌လို့မရဘူး‌လေ။ ကိုယ့်‌ကိုကိုယ်‌ ‌လှေကားဆံ‌လေး‌တွေမြင့်‌မြင့်‌ထားဖို့ ‌ကေသရာဇာ‌တွေကိုသာ အမဲလိုက်‌ချင်‌တဲ့စိတ်‌ထားဖို့ ကိုယ့်‌စိတ်‌ကိုမြှင့်‌ထားပါ။ အိပ်‌‌ပျော်‌‌နေတဲ့အ‌ကောင်‌‌တွေပစ်‌ဖို့ ‌ခြေကျိုး‌နေတဲ့‌တောဝက်‌ကို ပစ်‌ဖို့ အ‌ချောင်‌မနှိုက်‌ချင်‌ပါနဲ့။ အဆိုးဆုံးက ကိုယ်‌နဲ့အတူ အမဲလိုက်‌‌နေတဲ့‌ခွေးကို ပြန်‌မပစ်‌သတ်‌မိဖို့ဘဲ။  သစ္စာမဲ့ရင်‌ မင်းလမ်း‌ပျောက်‌လိမ့်‌မယ်‌။ မုဆိုးတစ်‌‌ယောက်‌ ‌တောလည်‌ရင်း‌လမ်း‌ပျောက်‌အစာငတ်‌ ‌သေရင်‌‌တော့ သမိုင်းက မင်းကို ရယ်‌လာလိမ့်‌မယ်‌။

က‌လေးလိုမ‌နေပါနဲ့။ အ‌ဖြေ‌တွေအများကြီးရှိတယ်‌။ အဖွဲ့အစည်းဆိုတာ နာနာကာယ ဧကစိတ္တ´ဖြစ်‌‌အောင်‌‌နေရတယ်‌။ ခန္ဓာပြား( များ )‌ပေမယ့်‌ စိတ်‌တသားတည်း ဖြစ်‌‌နေရမယ်‌။ ပန်းတိုင်‌တူ‌နေသ၍ အ‌ရောက်‌လာနိုင်‌‌အောင်‌ ကူညီရမယ်‌။ သူသွားတဲ့လမ်း မိုး‌တွေရွာပါ‌စေ ဗွက်‌‌တွေထပါ‌စေ ဆု‌တောင်းမ‌နေသင့်‌ဘူး။ သူ့လမ်းမှာဗွက်‌ထ‌နေလို့ အ‌ပျော်‌‌ဇောနဲ့ ဟားတိုက်‌ရယ်‌မ‌နေသင့်‌ဘူး။ တစ်‌ရွာလုံးနဲ့တစ်‌‌ယောက်‌ကို တစ်‌ရွာလုံးက ဒီတစ်ေ‌ယာက်‌ကို တည့်‌‌အောင်‌မ‌ပေါင်းနိုင်‌‌ကောင်းလားဆိုပြီး က‌လေးအ‌တွေးနဲ့ က‌လေးလိုစိတ်‌‌ကောက်‌မ‌နေပါနဲ့။ ဒီမိုဆိုတာ အများဆန္ဒလိုက်‌‌လျောရတာပါ။ ဒါက အ‌ခြေခံကျင့်‌ဝတ်‌ပါ။ ငါနဲ့မတူ ငါ့ရန်‌သူ မလုပ်‌ပါနဲ့။  က‌လေး‌တွေမပါတဲ့‌နေရာမှာ လူကြီးလို လူကြီးဆန်‌ဆန်‌နိုင်‌ငံ‌ရေးလုပ်‌ကြပါ။

ကျ‌နော်‌က နိုင်‌ငံ‌ရေးပညာရှင်‌မဟုတ်‌လို့ ဒီထက်‌ထူး‌ထွေပြီးမ‌ပြောတတ်‌ပါဘူး။ သက်‌ဆိုင်‌တဲ့သူ‌တွေက‌တော့ ရိပ်‌မိနိုင်‌မယ်‌ထင်‌ပါတယ်‌။ ပြင်‌ဆင်‌နိုင်‌မယ်‌ ထင်‌ပါတယ်‌။