ဟိုလေ ဗျာ
ကျနော် နိုင်ငံရေးသင်တန်းလေးတက်ချင်လိုက်တာ။ ဒီလိုသင်တန်းကို စိတ်ဝင်စားတယ်ဆိုမှတော့ ကျနော်လည်း ခေသူဟုတ်ဘူးနော။ အမျိုးသားရေးစိတ်ဓာတ် နဲ့ ဝံသာနုရက္ခိတစိတ်ဓာတ် မတူဘူးဆိုတာလောက်တော့ သိတယ်ဗျ။
အမျိုးသားရေးစိတ်ဓာတ်ဆိုတာ အမျိုးသမီးရေးစိတ်ဓာတ်မပါတော့ ဒါလူ့အခွင့်အရေးနဲ့မညီဘူး။ ဒါမတရားတာဘဲ။ ကန့်ကွက်ရမယ်။ နိုင်ငံရေးသမားမှန်ရင် အမျိုးသားရေးစိတ်ဓာတ်ကိုမမွေးမြူရဘူး။ လူ့အခွင့်အရေးနဲ့အညီ အမျိုးသမီးရေးစိတ်ဓာတ်ပါထားနိုင်ရမယ်။ ဟုတ်တယ် မဟုတ်လားရှင့် အဲ ခင်ဗျ။
ဝံသာနုရက္ခိတစိတ်ဓာတ်ဆိုတာလည်း ကျနော်က ခေသူမှမဟုတ်တာ သိတာပေါ့။ ဟို ဖျင်းကြမ်းဝတ်တဲ့ဝါဒ မဟုတ်လား။ မဝတ်နိုင်ပေါင်ဗျာ။ ဒါလူ့အခွင့်အရေးနဲ့မညီဘူး။ နွေရာသီမှာ မိုးကာဝတ်ခွင့်ရှိရမယ်။ ဆောင်းရာသီမွာ ဘီကနီဝတ်ချင်ရင် ဝတ်ခွင့်ရှိရမယ်။ ဘယ့်နဲ့ မတော်တရော်ဗျာ။ ဝံသာနု ရက္ခိတသာလုပ်နေ ကျောပွန်းတယ်ဗျာ။ နောက်နေ့ကနေစပြီး ဝံသာနုဖြစ်တဲ့ ခင်ဗျားတို့ကို ဆန့်ကျင်မယ် ကန့်ကွက်မယ်။ နွေခေါင်ခေါင် အပူဆုံးအချိန်မွာ မိုးကာအင်္ကီျဝတ်မယ်။ သရေဘောင်းဘီ ဝတ်မယ်။ မျိုးကန်းသွားရင်သွားပစေ။ ဒါလူ့အခွင့်အရေးကွ။ ဆောင်းရာသီကျလည်း စောင့့်ကြည့်ကြ။ ရေစိုပုဆိုး ရေစိုအင်္ကျီနဲ့ကို နေမယ်။ လူ့အခွင့်အရေးကို ကျူးလွန်လို့ကတော့ ဘယ်ခွေးမဆို လူထင်တယ်ကြာ။ ပြောလို့ရရင်ရ မရရင် TIMEသတင်းစာက ဖထွေးနဲ့ကို တိုင်ပြောမယ်။
ဝံသာနု ရက္ခိတဆိုတာ ဘာလဲသိလား။ မျိုးနွယ် ဆွေတူ စောင့်ရှောက်မှုတဲ့။ ဘာလို့ဇွတ် စောင့်ရှောက်ခိုင်းတာလဲ။ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာ။ ခင်ဗျားနှမ လင်ငယ်နေလို့ပြောရင် ခင်ဗျားအဆိုး။ သူစိတ်နဲ့သူ နေချင်သလို နေခွင့်ရှိရမယ်။ ခင်ဗျားအမေက နောက်မီးလင်းရင် ခင်ဗျားစိတ်မဆိုးသင့်ဘူး။ သူ့မှာ အမျိုးသမီးရေးစိတ်ဓာတ်ပြည့်စုံလို့ ဒီလိုနေတာ။ မဝေဖန်သင့်ဘူး မရှုံ့ချသင့်ဘူး။ မပိတ်ပင်သင့်ဘူး။ နောဗျာ ဟုတ်ဘူးလားရှင် အဲ နောရှင် ဟုတ်ဘူးလားဗျာ။ ဟာ ရှုပ်ကုန်ပြီ။ ကဲ ဒီလောက်ရှိလှ အမျိုးသားရေးဝါဒရော ဝံသာနုရက္ခိတရော လက်လွတ်လိုက်မယ်ဗျာ။
ကျနော်အထင် မလွဲဘူးဆိုရင် နိုင်ငံရေးဆိုတာ ဖာသည်လို့ကျင့်ရမယ်ဗျ။ ဘာနဲ့ဖြစ်ဖြစ် ပေါင်းနိုင်ရမယ်။ ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် အဖေခေါ်နိုင်အောင်ကြိုးစားရမယ်ဗ်။ အဖေခေါ်ဖို့ထိ သတ္တိမရှိရင် ဖထွေးလောက်တော့ခေါ်နိုင်ရမယ်။ နို့မို့ နိုင်ငံရေးလာမလုပ်နဲ့ ညဲ ညဲ။ ဒီကနေ တစ်ဆင့်တက်လို့ ဖာခေါင်းအဆင့်ထိ ရှယ်ယာလုပ် ဆိုရှယ်ကျနိုင်ရမယ်။
ကဲ နိုင်ငံရေးသင်တန်းတက်ချင်တယ်ဗျာ။ နိုင်ငံရေးအစ လူ့အခွင့်အရေးက ဆိုတဲ့သင်တန်းမျိုးပေါ့။ အဲ လူ့အခွင့်အရေးအရ ကျနော်တောင်းဆိုချင်ပါသေးတယ်။ သင်တန်းဆရာဟာ အမေ နှမစုံလင်သူ ဖြစ်ရပါမယ်။ နောက်ပြီး အပြောမဟုတ်ဘဲ လက်တွေ့ကျင့်သုံးနိုင်သူ ဖြစ်ရပါမယ်။ အင်္ဂါစုံရင်တော့ လှမ်းခေါ်လိုက်ပါဆရာရယ် နော်။ ဟို ဟိုလေ ဗျာ ကျနော်က သင်တန်းပဲစိတ်ဝင်တစား သင်ယူတတ်တဲ့ ခပ်ညံ့ညံ့သင်တန်းသားလေးပါဗျ။ :-P