Monday, 29 July 2013

သေရမှာသိပါတယ်

သေရမှာ သိပါတယ်

အရင်​တုန်းက ထင်​ခဲ့တယ်
ကိုယ်​က အရင်​ပျက်​မယ်
ကမ္ဘာကြီးက ကိုယ့်​​နောက်​မှပျက်​မယ်​လို့
ခု​တော့ ကမ္ဘာကြီးက အရင်​ပျက်​ပြီ
ကိုယ်​ကလည်း မပျက်​တပျက်
သေရမှာ သိပါတယ်​။

မောင်​သီးသန့်​ ! (ကဗျာဆရာ) !

Friday, 26 July 2013

သေပီ ဆရာ

သေပီ ဆရာ

ဒုလူ။ ခင်‌ဗျား တုန်‌‌နေပါလား။ ဘာထိပ်‌လန့်‌စရာ‌တွေ့လာသလဲ။
ပလူ။ လမ်းမှာ ‌မြွေ‌တွေ့တာ တုတ်‌နဲ့ရိုက်‌မလို့ ‌ကောက်‌ပြီးမှ ‌မြွေမဟုတ်‌လို့ဗျို့။
ဒုလူ။ ဒါများ ဘာတုန်‌လှုပ်‌စရာရှိလဲ။
ပလူ။ ကျုပ်‌‌ကောက်‌ကိုင်‌လိုက်‌တာကမှ ‌မြွေအစစ်‌ဖြစ်‌‌နေတယ်‌‌လေဗျာ။

ဟာသစာအုပ်‌ထဲကဆို‌တော့ ရယ်‌စရာပဲ‌နော်‌။ ဒါ‌ပေမယ့်‌ ‌ပေါ့မတွက်‌နဲ့‌။ ကိုယ်‌လုံတယ်‌ထင်‌‌နေတဲ့ အကာအကွယ်‌ရမယ်‌ထင်‌‌နေတဲ့အရာ‌တွေက ကိုယ့်‌ကိုကြီးကြီးမားမားဒုက္ခ‌ပေးမယ့်‌ အနီးကပ်‌ရန်‌သူဖြစ်‌‌နေတတ်‌တယ်‌။

ဟိုအ‌ကောင်‌ကြီး‌ရေ ‌တောင်‌လုပ်‌‌မြောက်‌လုပ်‌ ‌ရှောက်‌မရှုပ်‌နဲ့‌နော်‌။ ကိုယ့်‌ကိုကိုယ်‌ အထင်‌ကြီးမ‌နေနဲ့။ အမဲလိုက်‌ချင်‌လို့ ‌တော‌ချောက်‌တာ အခွင့်‌အ‌ရေး‌ပေးတာ အချိန်‌‌ပေးတာ ‌ပြေးခွင့်‌သာတယ်‌ထင်‌မ‌နေနဲ့။ နင်‌ကိုင်‌ထားတာ ‌မြွေအစစ်‌ကြီးလို့ သတိ‌ပေးလိုက်‌ပါရဲ့။

မတ္တရာသား‌တွေက ငတုံးမဟုတ်‌ဘူး။ head to head ဆိုရင်‌ နင်‌နာတာ ကြာလှ‌ပေါ့။

Thursday, 25 July 2013

အနှစ်​ချုပ်

အနှစ်​ချုပ်

၁။ ဘာသာ၏ အနှစ်​ချုပ်​သည်​ ဘုရား တရား သံဃာ။
၂။ သာသနာ၏ အနှစ်​ချုပ်​သည်​ မဂ်​ ဖိုလ်​ နိဗ္ဗာန်​။
၃။ သံဃာ၏ အနှစ်​ချုပ်​သည်​ ပရိယတ်​ ပဋိပတ်​ ပဋိ​ဝေဓ။
၎။ သတ္တဝါတို့၏ အနှစ်​ချုပ်​သည်​ ဒါန သီလ ဘာဝနာ။
၅။ ကမ္ဘာ၏ အနှစ်​ချုပ်​သည်​ ကုသိုလ်​ ပညာ ဥစ္စာ။
၆။ သံသရာ၏ အနှစ်​ချုပ်​သည်​ အနိစ္စ ဒုက္ခ အနတ္တ။
၇။ သုတ္တန်​ပိဋကတ်​၏ အနှစ်​ချုပ်​သည်​ တူ​သောအကျိုး​ပေး။
၈။ ဝိနည်းပိဋကတ်​၏ အနှစ်​ချုပ်​သည်​ ကြည်​ညိုဖွယ်​​နေကြ။
၉။ အဘိဓမ္မာပိဋကတ်​၏ အနှစ်​ချုပ်​သည်​ သတ္တဇီဝမဟုတ်​​သောတရား။
၁၀။ ပိဋကတ်​သုံးပုံ၏ အနှစ်​ချုပ်​သည်​ သတိနှင့်​ပြည့်​စုံ​စေ။
၁၁။ နိဂုံးချုပ်​တရားသည်​ ဒုက္ခ နိ​ရောဓ ...( နိဗ္ဗာန်​ )။

နဝဓုတင်​င်္ဂါစာရဆရာ​တော်​ကြီး-ဟင်္သာတမြို့
၂၀၁၀ ခုနှစ်​ထုတ်​၊ နိဗ္ဗာန်​လမ်းညွှန်​ကျမ်း။
၂၀၀၉ ​မေ ၂၈ရက်​​နေ့ထုတ်​၊ ​ပေါ်ပြူလာနယူးစ်​ဂျာနယ်​။

Monday, 22 July 2013

စိတ်​လုံခြင်း​ရေချိန်

စိတ်​လုံခြင်း​ရေချိန်

ငါတို့သည်
ဝါးလုံး​ခေါင်းမှ မြင်​ရ​သော လတစ်​စင်းမဟုတ်။

ငါတို့သည်
ရေတွင်းထဲမှ ဖားတစ်​​ကောင်​မဟုတ်။

ငါတို့သည်
ထယ်​စာကြားမှ ငုံးတစ်​​ကောင်။

ငါတို့သည်
သိန်းစွန်​တကာတို့၏ ဗိုလ်​မင်းဖြစ်​သည်။

ငါတို့သည်
အမှန်​တရား ထယ်​စာကြားမှ တစ်​လက္မမျှ​ရွေ့မည်​မဟုတ်​။

ငါတို့သည်
စင်္ကြာဝဠာအနှံ့ ကျယ်​​လေသတည်း။
(​စေတီရှင်​)

Thursday, 11 July 2013

သံ​ဝေဂရဖွယ်​ ရယ်​ခြင်းသုံးပါး

ရယ်ခြင်း ၃-ပါး

၁ ။  မယား က  ရယ်ခြင်း

ချစ်လို့မညီး ။ ဇနီး အိမ်ရှင် ။ မိမိလင်သည် ။
ချစ်ခင်သော အား ။ သမီး သားကို ။ ပိုက်ဖျား
အားရမ်း ။ ချီ ရှုတ်နမ်းသော် ။ မယ့်ဝမ်းက မွေး ။ သူများ သွေးကို ။ အလေးတမြတ် ။ သူ့ သား
မှတ်၍ ။ လှည့်ပတ် ဖက်ချီ ။ နမ်းလေပြီ-ဟု ။ မထီ မလေး ။ အသွမ်း သွေး၍ ။ အဝေး မျက်
ကွယ် ။  မယား   ရယ်၏  ။

၂ ။ မြေယာက  ရယ်ခြင်း

ငါ့လယ် ငါ့ယာ ။ ငါ့မြေတာ-ဟု ။ ဥစ္စာ ခင်မင် ။
ပြန်ဆိုလျှင် လည်း ။ အရှင်မဲ့ပါ ။ ငါတို့မှာ မူ ။
ကမ္ဘာ မကျေ ။ မချင်း နေ၏ ။ မသွေ ယွင်းယို ။
သင်တို့ ကိုယ်မျှ ။ လိုမပိုင်ဘဲ ။ ဘွယ်သရဲဟု ။
ပြောင်ဖြဲသော နှယ် ။  မြေက ရယ်၏ ။

၃ ။ ရွှေငွေတို့က  ရယ်ခြင်း

ငါ့စိန် ငါ့ရွှေ ။ ငါ့ကြေးငွေဟု ။ စိတ်စေကြည်
သာ ။ ဆိုပြန်ပါလည်း ။ ကြမ္မာဆော်တိုက် ။
ကောင်းတော်ခိုက်မို့ ။ အိမ်ဆိုက်မျှသာ ။ တည်းခိုပါရှင့် ။ ငါးဖြာ ရန်သူ ။ ယူလည်း ဒို့ပါ ။
သေမင်း ခွါလည်း ။ သင့်ရာ အလျောက် ။
ငါတို့ ရောက်သည် ။ ဒို့ သခင်လျှင် ။ ဖြစ်ချင်လွန်းလှ ။ လွန်မင်းစွဟု ။ ဒေါသချီးရယ်။
ရွှေ ငွေ ရယ်သည် ။
သုံးသွယ် ရယ်ဆေး ။ ပြက်သွယ် သွေး  ။

(စိန္တကျော်သူ ဦးသြ၏ သြဝါဒထူးပျို့ စာပိုဒ်ရေ
၁၅ လာ  ရယ်ခြင်း သုံးပါးတည်း ။)

(စေတီရှင်အတွက် post ပါ )
(ရယ်ရွှင်ဖွယ် ငါးမျိုးကား  ရှာမတွေ့ပါ။)

စေတီရှင်ရေ
အဲဒါတွေက  " အရူးနဲ့တူသော သူများ " လို့
ဆိုရမယ့် သူများဖြစ်ပါတယ် ။

လောကနီတိ ပဏ္ဍိတ ကဏ္ဍမှာ အောက်ပါအတိုင်း
ဆိုထားပါတယ် ။

အဓနဿ  ရသံ   ခါဒါ ။
အဗလဿ ဟတာ  ရတာ ။
အပ္ပညဿ  ဝါကျကထာ ။
ဥမ္မတ္တကသမာ  ဣမေ ။  (၄င်းဝဂ် ။ ဂါထာ  ၂၈)

မြန်မာပြန်
၁ ။ ဥစ္စာမရှိဘဲ  အစားကြူးသောသူ ။
၂ ။ ခွန်အား မရှိဘဲ အသတ်အပုတ်ကြိုက်သောသူ ။
၃ ။ ပညာမတတ်ဘဲ သဘင်၌ စကားပြောလိုသူ ။
ဤ ( ၃)ယောက်တို့ကား အရူးနဲ့ တူကြကုန်၏ ။

ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)​က​လေးကို​တွေ့လို့


ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ဟေတု ပစ္စယ=The relation way of root.
၂။ အာရမ္မဏ ပစ္စယ=The relation of object.
၃။ အဓိပတိပစ္စယ=The relation of dominance.
၎။ အနန္တရ ပစ္စယ=The relation of contiguity.
၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.
၆။ သဟဇာတ ပစ္စယ=The relation of Co-existence.
၇။ အညမည ပစ္စယ=The relation of reciprocity.
၈။ နိဿယ ပစ္စယ=The relation of dependence.
၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.
၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.
၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.
၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.
၁၃။ ကမ္မ ပစ္စယ=The relation of Kamma.
၁၄။ ၀ိပါက ပစ္စယ=The relation of effect.
၁၅။ အာဟာရ ပစ္စယ=The relation of food.
၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.
၁၇။ ဈာန ပစ္စယ=The relation of jhana.
၁၈။ မဂ္ဂပစ္စယ=The relation of path.
၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.
၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.
၂၁။ အတ္ထိ ပစ္စယ=The relation of presence.
၂၂။ နတ္ထိ ပစ္စယ=The relation of absence.
၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.
၂၄။ အ၀ိဂတ ပစ္စယ=The relation of continuance

Wednesday, 10 July 2013

ရော်​ ခက်​ကပြီ

ရော်​ ခက်​ကပြီ

ကြောက်​သင့်​​ကြောက်​​ထိုက်​လို့ ​ကြောက်​နေတာကို အ​ကြောက်​တရားတို့စိုးမိုး၍ ကိုးကွယ်​​ ကာကွယ်​နေသလားတဲ့။ ဘုန်းကြီး​ကြောက်​တာမဟုတ်​ဘူး​ဟေ့ အကုသိုလ်​မို့ ​ကြောက်​တာ။ ဥပါသကာဆိုတာ ပုတီးကြီးနဲ့​လျောက်​သွားတိုင်း ​တော်​ရိ​လျော်​ရိလူ​တွေကို ​ပြောတာမဟုတ်​ဘူး။ ကုသိုလ်​ အကုသိုလ်​ကိုသိပြီး ဘုရား တရား သံဃာကို သက်​ဝင်​ယုံကြည်​ရတယ်​။ စိတ်​ထင်​တိုင်း ကိုယ့်​ကို ကိုယ်​ ဥပါသကာထင်​မ​နေကြနဲ့ဦး။

သံဃာ​တွေလက်​ဆင့်​ကမ်းသယ်​လာလို့ သိရတဲ့ဘုရားပါ။ သံဃာကို ​ကျေးဇူးမတင်​ရင်​ ဘယ်​သူ့ကို​ကျေးဇူးတင်​မလဲ။ ခင်​ဗျားစိတ်​ထဲမှာ အသိဆုံးဆိုတဲ့အရာတိုင်းမှန်​သမျှ သံဃာ​ကျေးဇူးမလွတ်​ဘူး။ ခင်​ဗျားက သဗ္ဗညုမှမဟုတ်​တာ။ သင်​မှတတ်​မှာ​ပေါ့။ ခင်​ဗျားသင်​ဖို့ လက်​ဆင့်​ကမ်းလာတာ သံဃာဗျ။ ​ကျေးဇူးရှင်​လက်​ကို ကိုက်​တတ်​တဲ့အကျင့်​ကိုပြင်​ပါ။ ​ကျေးဇူးရှင်​လက်​ကို ပြန်​ကိုက်​တာက ​ခွေးတိုင်းမကိုက်​ဘူး။ ​ခွေး​ထဲက ခွေးရှုးမှ ကိုက်​တာ။ ခင်​ဗျားရှုး​နေတာမှမဟုတ်​တာ။ ကျ​နော်​ယုံပါတယ်​။

သံဃာ​တော်​​တွေသာ လစ်​လျူရှု ဥ​ပေက္ခာပြုရင်​ ရိုင်းရိုင်း​ပြောလိုက်​မယ်​ ခင်​ဗျားတို့အ​မေဟာ အနည်းဆုံးလူနှစ်​ဦးနဲ့ဆက်​ဆံဖူးတဲ့ သစ္စာမဲ့သူဖြစ်​​နေ​လောက်​ပြီ။ ခင်​ဗျားအ​မေကို အရည်းကြီးလက်​ကလုခဲ့တာ အ​နော်​ရထာမဟုတ်​ဘူး။ အရှင်​အရဟံ။ အ​နော်​ရထာဆိုတာ သံဃာကသင်​​ပေးလို့ မျက်​​စေ့ပွင့်​ နားပွင့်​ရတာ။ ​ဘုရားကို​တွေ့ အမှန်​တရားကို​တွေ့ ကုသိုလ်​ကို​တွေ့ နည်းလမ်းကို​တွေ့တာပါ။ အရာရာမှာ သံဃာကသာ အခရာပါဗျာ။
သံဃာ​တော်​ရဲ့​ကျေးဇူး​ကြောင့်​ ခင်​များအ​မေဟာ မယာကြီး​သော်​လည်း​ကောင်း မယားငယ်​​သော်​လည်း​ကောင်းမဖြစ်​ခဲ့တာ။ အခြားဘာသာဆိုရင်​ မယားပြိုင်​တစ်​​ယောက်​​ယောက်​ရဲ့သားဖြစ်​​နေပြီ။ အ​မေစုံ အ​ဖေစုံမဟုတ်​တဲ့ ညီအကို​တွေနဲ့ မ​ထောက်​မညှာ အ​မွေလု​နေရ​လောက်​ပြီ။ ကဲ ကုသိုလ်​ အကုသိုလ်​မသိရဘူးပဲထား ဒါနဲ့ပဲ ဗုဒ္ဓဘာသာဖြစ်​​အောင်​ လက်​ဆင့်​ကမ်းလမ်းညွှန်​တဲ့ သံဃာကို ​ကျေးဇူးတင်​သင့်​ပြီ။

ဟော အခုလည်းကြည့်​။ ဥပါသကာ ဥပါသိကာ​တွေအ​ပေါ် လစ်​လျူမရှုနိုင်​ရှာဘူး။ မျိုး​စောင့်​ဥပ​ဒေကို သတိ​ပေးပါတယ်​။ ခင်​ဗျားတို့လူ​တွေက အသိဉာဏ်​ တစ်​ထွာတစ်​မိုက်​နဲ့မငြင်းပါနဲ့။ ဒီဥပ​ဒေမှာ အနိုင်​ကျင့်​တာတစ်​ခုမှမပါဘူး။ အချစ်​ကအ​ရေးကြီးတယ်​ထင်​တဲ့သူ တစ်​ဦးဦးက ဘာသာ​ပြောင်းလိုက်​။ ရှင်းက​ရော။ မိဘပြတ်​နိုင်​တယ်​ဆိုပြတ်​။ ရတယ်​။ ဗုဒ္ဓဘာသာအမျိုးသမီးက ဘာသာ​ပြောင်း​ပေးမယ်​ဆို ​ပြောင်းလို့ရတယ်​။ ​ပြောင်းတာနဲ့တပြိုင်​နက်​ အခြားဘာသာဝင်​ဥပ​ဒေအတိုင်းပဲ ရှင်းရမယ်​။ ဗုဒ္ဓဘာသာဥပ​ဒေထုံးတမ်း ဝတ္တရား​စောင့်​​ရှောက်​ဖို့ အပြန်​အလှန်​မလို​တော့ပြီ။ အရှည်​ကို​မျှော်​ကြည့်​လို့ အချစ်​က ဘာသာယုံကြည်​​မှုလောက်​အ​ရေးမပါရင်​ ဘာသာယုံကြည်​မှုကို​ရွေး။ ဒီ​နေရာမှာ အ​လျော့​ပေးနိုင်​သူက ​ပေးရမှပဲ။ ဘယ်​ဘာသာက​ပြောင်းရမယ်​ မဆိုလိုပါဘူး။ မယူခင်​ကညှိမရတဲ့ ယုံကြည်​မှု ဘယ်​လိုသာယာ​ချော​မွေ့တဲ့ အိမ်​​ထောင်​​ရေးရမလဲ။ ဒါကို တစ်​ချက်​က​လေးသတိရဖို့ လက်​ထပ်​မယ့်​ သတို့သမီး သတို့သား​သိ​စေရမယ့်​ဥပ​ဒေ​လေ။

ခင်​ဗျားတို့လူ​တွေ​သေချာမ​လေ့လာလို့ပါ။ ဘယ်​ဘာ​ရေးကများ အိမ်​​ထောင်​​ရေးကို ပစ္စလက္ခက်​ထိမ်းမြား​ပေးလို့လဲ။ ခင်​ဗျား ဘာသာသာ ပရမ်းပတာဖြစ်​​နေတာ။ ခင်​ဗျားကိုယ်​တိုင်​ ပရမ်းပတာဖြစ်​ချင်​ က​လေက​ချေလို​တွေ့ကရာ​ပေး​ကျွေးချင်​​နေတာလား ​မေးခံရမယ်​။ ခင်​ဗျားမိသားစု​တွေက က​လေက​ချေ အုတ်​ကြားမြက်​​ပေါက်​မဟုတ်​ဘူးဆိုတာ ကျ​နော်​ယုံတယ်​။ ဒါကို မသိတဲ့ နားမလည်​​သေးတဲ့ ငပိန်း​တွေကို လူနုံ​တွေကိုသာ တည့်​မတ်​ဖို့ သံဃာ​တော်​​တွေ အသိ​ပေးတာ ​ဆောင်​ရွတ်​​ပေးတာ ဘာမှားလဲ။ ဘယ်​အခွင့်​အ​ရေးထိခိုက်​လဲ။ မျက်​​စေ့လည်​တာ​ပျောက်​ပါ​စေလို့ ခင်​ဗျားတို့ ကျ​နော်​တို့ ဝိုင်းပြီးဆု​တောင်း​ပေရ​အောင်​လားဗျာ။

ခရီးသွားရင်​ လမ်း​ဘေးမှာ တာဝါတိုင်​ကြီး​တွေမြင်​လား။ အဲဒါလျှပ်​စစ်​အန္တရာယ်​ရှိမှန်း ခင်​ဗျား​ရော ကျ​နော်​​ရောသိတယ်​။ ဒါ​ပေမယ့်​ အဲဒီတာဝါမှာ ကပ်​ထားတဲ့ အရိုး​ခေါင်း​ခြောက်​ပုံနဲ့ အန္တရာယ်​ရှိသည်​။ ဆိုတဲ့သတိ​ပေးစာကို တက်​မဖြုတ်​လိုက်​ပါနဲ့။ ခင်​ဗျားလိုလူတိုင်းမသိဘူး။ စာဖတ်​တတ်​ရင်​ စာဖတ်​ပြီးသိမယ်​။ ​ရှောင်​မယ်​။ ဒါထက်​ စာမတတ်​သူက အရိုး​ခေါင်းပုံကြည့်​ပြီး​ရှောင်​မယ်​။ အန္တရာယ်​ကင်းမယ်​။ အဲဒီသတိ​ပေးချက်​က​လေးက အပြင်း​ပြေ လက်​ကမြင်းထားတာမဟုတ်​ပါဘူး။ ဒါ​လောက်​တော့ သိပါတယ်​​နော်​။ ဒီလိုပဲ မျိုး​စောင့်​ဥပ​ဒေဆိုတာ......

မေတ္တာအလုံးအရင်းနဲ့​ပေးချင်​တဲ့
(​စေတီရှင်​)    

Sunday, 7 July 2013

မုန်းမိတယ်

မုန်းမိယ်

အမျိုး​ရေးဝါဒမှာ ​ကြောက်​စိတ်​​တွေထည့့််​။
ဘာသာ​ရေးဆိုရင်​ ထာဝရအညံ့ခံ​။
မေတ္တာတရားဆိုတာ လူညံ့​တွေလိုဆုံးမခွင့်​မရှိ။
ထောင်​ဘူးဝကထွက်​လာမှ နိုင်​ငံ​ရေး​ခေါ်။
နိုင်​ငံ​ရေးသမားထက်​ အ​မျှော်​မြင်​​ကောင်းတာမရှိ​စေရ။
အကြမ်းဖက်​ကိုကာကွယ်​မှ သူ​တော်​​ကောင်း။
သူ​တော်​​ကောင်းခြင်း​ပေါင်း​နေရင်​ လူ့ဂွစာ။
အ​ဘ အမပါမှ ပွဲလယ်​တင့်​။
မချချင်​တဲ့သူကို ​ခေါင်းကိုနင်း။
ဗုံးကနဲ့​ပေါက်​တာ​တောင်​ ဗုဒ်​အဆိုး။
သောကဖြစ်​​နေရမယ့်​အစား​တော့ ကိုင်​သာ​ပေါက်​လိုက်​ချင်​​တော့တယ်​။


ညည်း အဓိက

ညည်း အဓိက

တစ်ခါက ဧဥ့်သည်ပါဝင်တဲ့ မိသားစုထမင်းစားပွဲမှာ သမီးဖြစ်သူက ဟောင်းလောင်းပေါ်နေပါသတဲ့။ ဒါကို ဧဥ့်သည်က တကြည့်ကြည့်နဲ့ ထမင်းစားရတာ မဖြောင့်ဘူးဖြစ်နေသတဲ့။ ထမင်းစားပျက်နေတာလည်းသိတယ် မကြည့်ဘဲလည်းမနေတဲ့ ဧဥ့်သည်ကို အိမ်ရှင်ဖခင်ကြီးက ဆဲလွတ်ရင်လည်းမဖြစ် သမီးကိုဖွင့်ပြောရင်လည်း မသင့်တော်ပြန်တာမို့ ဖခင်ကြီးက ထမင်းစားပွဲလေးက မငြိမ်ဘူးဟေ့။ နေရာရွှေ့ရအောင် အားလုံး ထ ထလို့ပြောသတဲ့။ ကိုယ် ဟောင်းလောင်းပေါ်တာမသိဘဲ ထမင်းစားဖို့သာမဲနေတဲ့သမီးက အဖေ သမီးနဲ့လွတ်လား သမီးရောထရမလားလို့မေး သတဲ့။ အဲဒီတော့ စိတ်တိုနေတဲ့ဖခင်က ညည်းအဓိကဟေ့ ညည်းအဓိကဟဲ့ ပြောသတဲ့။ :)

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ဘယ့်နဲ့ ဘယ်နဲ့ဗျာ။ ကျုပ်တို့မှာ အမှုမှန်ပေါ်ပေါက်ရေး ဟိုစစ်ဆေး ဒီစစ်ဆေးလုပ်နေလိုက်ရတာ ဒင်းကတော့ သူကလေးကတော့လွတ်တယ် မဟုတ်လား။ မထပါရစေနဲ့ လုပ်နေတာ။ အေး အေး ညည်းအဓိကဟေ့ ညည်းအဓိကလို့သာ ပြောလိုက်ချင်တော့တယ်။

ဖြစ်စဉ်ကို သေချာကြည့်ရင် ၃၃ပတ်ဝန်းကျင်ကသာ စိတ်ဆိုးတတ်ရင် စိတ်ဆိုးခဲ့သူဖြစ်ရင် နောက်ထပ်တစ်ခါ သတင်းဆိုးတစ်ပုဒ်တင်ပြီးပြီ။ အခုတော့ အေးဆေးတည်ငြိမ်လို့။ ဒီလောက်လုံးထွေးနေကြတဲ့သူတွေကို အမြင်ကပ်တာနဲ့ပဲ ကောတစ်ပုဒ်မကလောက်ဘူး။ ဒါဆိုဘာလို့မရေးလဲ။ စဉ်းစားစမ်း ဘာလို့လဲ။ သူ့အလိုပြည့်သွားလို့ပေါ့။ အဲဒီသူက ဘယ်သူလဲ။

သူ့အလိုက ဘာလဲ။ ၃၃တွေမြောင်းထဲရောက်သွားရင်တော်ပြီလေ။ အဲဒီသူက မြောင်းထဲကျစေချင်သူပေါ့။ မြောင်းထဲရောက်ပြီထင်လို့ ဆက်မရေးဘဲ ခပ်တည်တည်နဲ့ လာရောနေတာပေါ့။ သြော် ညည်းအဓိကဖြစ်နေပါရောလား။ ၃၃က ၃၃ကိုတော့ မမျိုပါဘူး။ ဒီကကောင်တွေက အချဉ်မဟုတ်ဘူး။ မြောင်းထဲဘယ်တော့မှ မရောက်ဘူး စိတ်သာချ။

ဟဲ့ အကောင်ကြီးရေ မတ္တရာမြို့သူ မြို့သားချင်းရန်တိုက်ပြီး အမြတ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဘာပဲပြောပြော မြို့ရဲ့ဂုဏ်သရေရှိလူကြီးတွေကိုတောင် လူယုတ်မာတွေဖြစ်အောင် အသုံးချတတ်တဲ့ကောင်ကို တို့တွေက ယုံစားလို့မရပါဘူး။ ပြီးတော့ အဲကောင်ရောက်လာမှ ဟိုအဖွဲ့ ဒီအကောင်အုပ်စုတွေခွဲ ဆဲလိုက်ကြ တွဲလိုက်ကြ ပေးစားကြ ခိုးဝှက်ကြ ဖေါ်ထုတ်ကြ ကော်တုတ်ကြနဲ့ အတော်ပွက်လောရိုက်နေတယ်။ အဲဒါ မင်းအဓိကကွ မင်းအဓိက။ ကန်ရေပြင်ဆိုတာ သဘာဝကငြိမ်နေတာပါ။ ငါးပွက်ရာ ငါးစာချတဲ့သူတွေ ငါးစာဟပ်တဲ့သူတွေ ပါးဟပ်ပြဲထွက်သွားသူတွေ အမျိုးမျိုးကြားနေရတယ်။ အဲဒါ မင်းအဓိကကွ မင်းအဓိက။

အဲ အဲ လာပြန်ပြီဗျ နောက်တမျိုး။ သတင်းဆိုးတွေ ထပ်ထပ်ကြားနေရပြန်တယ်။ ကဲ ကဲ ခုံကလေးတွေက မငြိမ်ဘူးဟေ့။ အားလုံးထကြရအောင်။ နေရာလေးတွေ ရွှေ့ကြရအောင်။ ဘယ်သူအဓိကလဲဆိုတာ ဆင်ဆင်ခြင်ခြင် နေကြရအောင်ကွယ်။ ဒီကမောင်လည်း ထင်းစည်းခုတ်တာတွေ့ရင် လက္မဝင်ဝင်လျှိုနေတာ လက္မနှစ်ချောင်းဆို ကျေနပ်ကြပါတော့နော်။ အားလပ်ချိန်လေးတွေယူလို့ သားတရားစီရင်ခန်းလေး ဖတ်ပါရစေဦးကွယ်။

-ခင်မင်မှုအလုံးအရင်းဖြင့်-

ငါအံ့သြတဲ့ ထို ၂ ချက်

ငါ အံ့သြတဲ့ ထို ၂ ချက်

နိုင်ငံရေးသမားမဟုတ်တဲ့ကောင်တွေက
မိန်းမတစ်ယောက်ကို အရှက်မရှိ ထိုင်ဆဲရဲတာ အံ့တယ်။

နိုင်ငံရေးသမားဟုတ်တဲ့ကောင်တွေက သံဃာတော်တွေကို လူ့အခွင့်အရေးချိုးဖောက်သူလို့ပြောရဲတာအံ့တယ်။

နိုင်ငံရေးသမားမဟုတ်တဲ့ကောင်တွေအဖို့ နိုင်ငံရေးမှာ လူယုတ်တွေဖြစ်ပြီး သိက္ခာကင်းမဲ့သွားတယ်။

နိုင်ငံရေးသမားဆိုတဲ့ကောင်တွေကတော့တွေကတော့ သံသရာရေးမှာ သြော် ရင်လေးစရာပါလားနော်။

မေးလိုက်ချင်တယ်။ မင်းတို့နှစ်ကောင်လုံး ဘာတွေစားပြီး ကြီးလာသလဲလို့။

ငါတို့ကတော့ သံဃာတော်တွေကို လူ့အခွင့်အရေးဆိုင်ရာမှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာမှာ မိမိတို့ထက် မိမိတို့ရဲ့မိဘတွေထက်ပိုပြီးစိတ်ချယုံကြည်ကိုးကွယ်ပါကြောင်း ရှင်းရှင်းပဲပြောလိုက်ချင်တယ်။ ဒီစကားကို မင်းလက်မခံရင်တော့ ဘုရား တရား သံဃာကို ပစ်ပယ်ပြီးဖြစ်လို့ ဗုဒ္ဓဘာသာဘဝက မင်းရွေ့လျောသွားပြီမှတ်လိုက်ပါတော့။

6/28/2013 မတ္တရာသားတစ်ယောက်ရေးတဲ့ သမိုင်းပုံရိပ်

မတ္တရာက ဟာသချွတ်တိုင်

Jun 28  

*ဖုန်းလောက စိန်ခေါ်သံ*

'7days ငမူး' သတင်းဌါနမှ ထုတ်ပြန်လိုက်သော သတင်းကြောင့် မတ္တရာမြို ့ ပေါ်ရှိ အလွှာပေါင်းစုံ ဂိုဏ်းပေါင်းစုံအသီးသီးရှိ ပုဂိ္ဂုလ်များ ကျီးလန့်စာစား ပ်ာယိပ်ာယာ ယောက်ယက်ခတ် ဆူညံ လှုပ်ရှားလျက်ရှိသည်။

ဟိုနေရာလည်း ဒီသတင်း သည်နေရာလည်း ဒီသတင်း ဘယ်သွားသွားဒီသတင်း။ထိုသတင်း၏စက်ကွင်းမှ မည်သို့မျှမလွတ်။မထိတ်သာ မလန့်သာရှိလွန်းပေစွ။ ထိုသတင်းသာအမှန် ဖြစ်ပါက မတ္တရာသိင်းလောက တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဗြောင်းဆန် သွားနိုင်သည်။

သတင်းကား အခြားမဟုတ်။ ဂျက်ကီချမ်း နှင့် ဂ်က္လီ ခေါင်းဆောင်သော ဂန္ဓာလရာဇ်တိုင်းသား သိုင်းသမားအပေါင်းတို့ မဟာရံတံတိုင်း ခွေးတိုးပေါက်မှတဆင့် မြန်မာ့နယ်စပ်ဂိတ် အသီးသီးကို ဖြတ်ကျော်ကာ မဟာမတ္တရာသို့ ချီတက်လာနေပြီ ဟူသော သတင်းကြီးပင်တည်း။

'ခ်-မလဲတမ်း'ဂျာနယ် ၏ သုံးသပ်ချက်အရ ချီတက်လာသော အကြောင်းအရင်းမှာ မတ္တရာမြို့နယ် မြေစာရင်းဂိုဏ်းချုပ်ကြီး ထံတွင်ရှိသော "လျှို ့ဝှက် လက်နက်ပုန်းသိုင်းကျမ်း"ကို အလိုရှိသောကြောင့် ဟု သိရသည်။ထို သိုင်းကျမ်း၌ ဂျက်ကီချမ်း နှင့်ဂျက်လီတို့ တရုတ်ပြည် တဝန်းရှိသိုင်းသမား အားလုံးအသုံးပြုနေသော အပ်,ပုတီးစေ့,အဆိပ်မှုန့်,ဓါးပ်ံ အစရှိသောလက်နက်ပုန်း ပစ်ခတ်နည်းများအပြင် ၄င်းတို့မမြင်ဖူး မကြားဖူး မသင်ယူဖူးသော "ဆိုင်ကယ်စီး ဦးထုပ်ဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်း" ဟူသော ထူးဆန်းသည့် တိုက်ကွက် ပါရှိသောကြောင့် ဖြစ်သည်။

ဤသို့သော ထူးဆန်းသည့် တိုက်ကွက်ဖြင့် ကပ္ပိခံလိုက်ရသော ဂိုဏ်းသားတစ်ဦး၏ ရင်ဖွင့်ချက်အရ- သိုင်းကွက်အသုံးပြုတဲ့ သူဟာ ပထမဦးဆုံး အသားအရောင်တွေ မည်းရာက နက်လာမယ်- ဒုတိယ မျက်ထောက့်တွေ နီမယ်-တတိယအဆင့် အနေနဲ့ !တိုင်ချင်ရာတိုင်ကွာ!ဟု ကီသွင်းမယ်-အဲဒါ နောက်ဆုံးအဆင့်ပဲ သူ့လက်ထဲက ဦးထုပ် ထွက်မလာခင် လွတ်အောင်သာပြေးပေ တော့ဟု ထုတ်ဖော်ဝန်ခံ သြားရွာ၏။

မြို ့/မြေဂိုဏ်းချုပ်နည်းတူ မတ္တရာ မဟာ အ.ထ.က ဂိုဏ်းချုပ်ထံတွင်လည်း "ဘုတ်အုပ်ဖြင့် ပစ်ပေါက် ဆော်ပလော်တီးခြင်း" ဟူသော လက်နက်ပုန်း ဆိုင်ရာ ရှေးသိုင်းကျမ်း တစ်စောင်ရှိသေးကြောင်း_ ထိုသိုင်းကွက်ဖြင့်တော့ ယခုအချိန်ထိ မည်သူမျှ တိုက်ခိုက်ခြင်းမခံရသေး ကြောင်း_တစ်နေ့က ပြဿနာရှာမိသော ဂိုဏ်းသူတစ်ဦးအား အ.ထ.က ဂိုဏ်းချုပ်ကြီးမှ ယင်းတိုက်ကွက်ဖြင့် ထုတ်ဖော်နှိပ်ကွပ်အံ့ ဆဲဆဲ ဘေးမှ လက်ထောက် ဂိုဏ်းဆရာများ၏ အချိန်မီ တားဆီး တောင်းပန်မှုကြောင့် တောက့်မည့်မီးခဲ တရှဲရှဲဖြင့် ငြိမ်းသွားရကြောင်း_ 'ဂေါ်နီတာ'ဂျာနယ်လစ် ထံမွ သိလိုက်ရပါသည်။

ဂျက်စုံတွဲမှာ အ.ထ.က သိုင်းကျမ်းကိုလည်း လက်လွှတ်မည့်ပုံ မမြင်။ ဤသို့ ထူးဆန်းအံ့ဖွယ် အတိပြီးသောသိုင်းကျမ်း နှစ်စောင်သာ ဇိန တို့ လက်ထဲ ပါသွားမည် ဆိုပါက သိုင်းလောကနောင်ရေး ရတက်အေးဖွယ် မရှိနိုင်။ "သေပြီဆရာ"ဟု တစ်နေ့ ၃ ကြိမ် အော်ရုံသာ ရှိတော့မည်။

ထို့ကြောင့် မတ္တရာ ဂိုဏ်းပေါင်းစုံ ဥသျှောင်,နှစ်တစ်ထောင် မျက်နှာပြောင်ဆေး ကို သောက်သုံးထားသူ.ဥပေဒ ဓါး-အမွန္တရား လွံ-သမာသမက် မြား အစရှိသော လက်နက်တို့ မထိုးဖောက်နိုင်သည့် (ကျောမ တွင် ကကြီး ခေခြး ပါရှိသည့်) ချပ်ဝတ် တန္ဆာ ခြုံလွှမ်းထားသူ. (ဖွတ်ဟု မပြောပါ။ ။ ဤကား စကားချပ်) "မိစ္စာဇီဝ အင့်ဆွေမြောင်"အမည်ရှိ အတွင်းလိပ်ခေါင်း...အဲ.. မှားလို့ အတွင်းအား ပညာရှင်ကြီးအား ခရိုနီဂိုဏ်းမှ နေ့စား တစ်ရက် ၂၀၀ နှုန်းပေးကာ အကူတောင်းခံထားလိုက်ပါသည်။

'Daily မသာ' သတင်းထောက်၏ ထုတ်ဖော်ချက်အရ- သိုင်းကျမ်းနှစ်စောင် စလုံး ဂျက်စုံတွဲတို့ လက်ထဲ ပါသွားမည်ကို စိုးရိမ်ရန် မလိုကြောင်း သိခဲ့ရ၏။ တိုင်းတပါးသို့ သိုင်းကျမ်းမပါရေးအတွက်

ပါကျဲ နိုင်

မီတာ တင်

ဂတုံးဂတိုက် နေ

ဖွဲကြမ်း ညီတို့ ပါဝင်သော 33KVAဂိုဏ်း မွ မြို ့အဝင် အထွက် ပေါက်များတွင် စောင့်ကြပ်ကာ"လေးနာရီ တစ်ဖြတ် လျှပ်စစ်သိုင်း"ဖြင့် ချုံခိုတိုက်ခိုက်၍ "မိစ္စာဇီဝ

အင့်ဆွေမြောင်"ကို စပွန်ဆာပေး ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သိရ၏။

ငါသိတယ် ငါတက်တယ် ငါ့လျှာမရှည်နဲ့ ငါဆရာကြီး ငါသာလျင် မောင်ကျွမ်းဟု ခံယူထားသော မြို့မိမြိူ့ဖ တချို့(တချို့ နော်..အကုန္မဟုတ္ဘူး)-တနည်းအားဖြင့် "မိစ္စာဇီဝ အင့်ဆွေမြောင်"၏ ဘောချေွးသုတ် တချို့ ထံမွ အကြံပေး သုံးသပ်ချက်အရ ....

တရုတ်-မတ္တရာ ချစ်ကြည်ရေးကို ပျက်ပြား စေနိုင်သော အထက်ပါ သိုင်းကျမ်း ပြဿနာ ၏ မူလ အဓိက တရားခံမွာ "၁၅၀၀ တန် ဖုန်းကဒ် မ်ားကို လုံလောက်စွာ ချထားပေးဝေမှုမရှိသော မြန်မာ့ ဆက်သွယ်ရေး သာလျှင် ဟု ် ငြီးတွားပြောဆို ပြစ်တင်ရင်း ဂျက်ကီနှင့် ဂ်က္လီကို မေတ္တာပို့ ရန် မြို့လူထုအား တိုက်တွန်းနေလေတော့သတည်း။

အပ်ဒဝပ်စနိုးတန်


ZayTi Shin and 8 others like this.

Saya Thet Gyi

ဒါ ဟာသချွတ်တိုင် အစစ်ပဲဗျ။

Jun 28

မုန္စလိန္ဒာ အိုင်

မတ္တရာ အပ်ဝပ်စနိူးတန် နေပြည်တော်မှာ ခိုလုံခွင့်ယူမှာလား

1 Jun 28

Su Su

goo

Jun 28

Cho Cho Aye

Good တယ် ဖက်လို့ကောင်း

Jun 28

ZayTi Shin

တကယ် တကယ်ချီးကျုးတယ်။

Jun 29

ZayTi Shin

၂၀၁၅က်မွ တွေ့ကြမယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်မှ ပွင့်လင်းမြင်သာစွာခင်ကြတာကေါ့။

Jun 29

Theintun Tuntun

အေရးအသား အေတြး အမြင် အားလုံးကောင်း ခုလိုပညာရွိ မတရာမှာရှိတာအများကြိုက်မှာပါ

Yesterday at 7:00am

English (US) Espaol Portugus (Brasil) More

Log in to Facebook Facebook 2013

သစ္စာ​ဖောက်​များကို သတိ​ပေးချက်

သစ္စာဖောက်များအား သတိပေးချက်

ဇာတ်ကားတစ်ကားထဲမှာ သစ္စာဖောက်တစ်ယောက်က နိုင်ငံကိုကျဆုံးအောင်လုပ်ပြီးတဲ့နောက်မှာ ဆန့်ကျင်ဘက်ဘုရင်ဆီက မိမိနိုင်ငံအပေါ်သစ္စာဖောက်ရတဲ့ သစ္စာဖောက်ခရချင်တယ်ပြောတော့ မိချောင်းကန်ထဲကိုကန်ချခံလိုက်ရတယ်။ ဟုတ်တယ်လေ မိခင်နိုင်ငံကိုသစ္စာဖောက်တဲ့ကောင်ကို ဘာကိုယုံစားရမလဲ ဘာအတွက်ချစ်ခင်ပေးကျွေးနေရမလဲ မြေလေးတာပေါ့။ ဘာရာထူးမျိုးကို ပေးလို့ရမလဲ သူနဲ့တန်တာ မိချောင်းကန်ပဲတဲ့ သစ္စာဖောက်ခိုင်းတဲ့တစ်ဘက်ဘုရင်က ပြောတဲ့စကားကလေးပါ။

တစ်ခါက ကျနော်ကိုကျေးဇူးရှင်မို့ချစ်ခင်လေးစားနေတဲ့ သူငယ်ချင်းတစ်ယောက်ခြံကို အလည်သွားတယ်။ ကျနော်ရဲ့ အသက်ကငယ်သေးတဲ့အချိန်ဆိုတော့ ထူးထူးဆန်းဆန်းလေးတွေစားချင်တာ စားတတ်တာသူကသိပါတယ်။ ရှာရှာကြံကြံထူးထူးဆန်းဆန်းဖြစ်အောင် သူကရှာဖွေဝယ်ခြမ်းပေးတတ်ပါတယ်။ တစ်ရက်မတော့ ဟောင်ကောင်သားစားမလားလို့မေးရင်း သူ့ခွေးကြီးကို ကိုင်ပေါက်မလို လုပ်နေတယ်။ ကျနော် ခပ်မြန်မြန်ငြင်းရတယ်။ ကျနော်သာ ခေါင်းဆက်လိုက်ရင် အဲဒီခွေးကတော့ သေပြီ။ ဒီအဖြစ်အပျက်နဲ့စက္ကန့်မခြားပါဘူး ကျနော်စိတ်က သူ့ကို ဆက်မပေါင်းဖို့ အချက်ပေးနေပါတယ်။ တကယ်တော့ အိမ်မွေးတိရစ္ဆာန်ထဲပါတဲ့ခွေးဆိုတာ မိမိသခင်ကို အလွန်ချစ်တဲ့ စောင့်ရှောက်တတ်တဲ့သတ္တဝါပါ။ ဒီလိုအကျိုးပြုတဲ့ အိမ်မွေးသတ္တဝါကို သတ်တဲ့သူဟာ မိမိကိုကျေးဇူးစောင့်သိဖို့မလွယ်ကူမှန်း သိသာပါတယ်။ မိမိအပေါ်သစ္စာခိုင်မြဲမယ့်သူမဟုတ်မှန်းသိလို့ ကျနော်လည်း သူနဲ့ဆက်ပြီးမပေါင်းသင်းတော့ပါဘူး။

လူတိုင်းရဲ့ခံစားချက်က သစ္စာမဲ့သူ သစ္စာဖောက်သူကို အလွန်ရွံမုန်းပါတယ်။ လူဆိုတာ မိတ်ဆွေရှိသလို ရန်သူလည်းရှိပါတယ်။ ရန်သူထဲမှာ မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူဟာကြောက်စရာအကောင်းဆုံးဆိုတာ အားလုံးသိကြမှာပါ။ တစ်နေ့မဟုတ်တစ်နေ့ သစ္စာဖောက်နိုင်တဲ့မိတ်ဆွေယောင်ဆောင်တတ်သူ ကျေးဇူးမဲ့တတ်သူကို ရှောင်ရှားသင့်ပါတယ်။ အပေါင်းအသင်းအဖြစ်က စွန့်ခွာသင့်တယ် မဟုတ်လားဗျာ။

ကျနော်တို့ဟာ ကိုယ်ယုံကြည်ရာ ဘာသာကိုလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်။ ဘာသာခြားများကိုလည်းနှစ်သက်သလို ကိုးကွယ်ခွင့်ပေးထားပါတယ်။ ဒါဟာ ဘယ်သူမှငြင်းပယ်လို့မရတဲ့အမှန်တရားပါ။ နှစ်သက်ရာကိုးကွယ်ခွင့်သာမရှိခဲ့ရင် ဘာသာခြားများရဲ့ ဘာသာဝင်ဦးရေ ဝတ်တက်ဆောင်တွေ ဒီလောက်များပြားမလာနိုင်တာ အားလုံးထင်သာမြင်သာတဲ့ အချက်တွေပါ။ ကမ္ဘာနဲ့အဝှမ်း ငြိမ်းချမ်းတဲ့ဘာသာတရားအဖြစ် နှိုင်းယှဉ်ပြီး သတ်မှတ်ခံရတဲ့ ဘာသာတရားပါ။ ဒီလောက်ယဉ်ကျေးသိမ်မွေ့တဲ့ ဘာသာတရားကို ဆန့်ကျင်ဘက်ဖြစ်တည်ချင်နေတဲ့ အခြားဘာသာဝင်များက ဖျက်ဆီးဝင်ရောက်စိုးမိုးဖို့ ကြိုးစားလာတာတွေတွေ့နေရပါတယ်။ ဒါကို အလိုတူအလိုပါ ကိုယ့်ဘာသာဝင်များက ဘာလို့ဖျက်ဆီးချင်နေရတာလဲ။ ဘယ်လိုတစ်စုံတစ်ရာအကျိုးကိုမျှော်ကိုးပြီး ကိုယ့်နိုင်ငံ ကိုယ့်ဘာသာကို ဖျက်ဆီးချင်နေကြတာလဲ။ အခြားဘာသာဆိုတာမျိုးဆိုတာထား သာသနာနယ်ချဲ့မရမှာစိုးပြီး ကန့်ကွက်တယ်ရှုံ့ချတယ်ဆိုတာ လက္ခံလို့ရတယ်။ သဗ္ဗညုမြတ်စွာဘုရားဟောထားတဲ့တရား ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကို ဘာအကြောင်းပြချက်နဲ့ ကန့်ကွက်ရှုံ့ချချင်နေသလဲ။ ဆရာတော်သံဃာတော်တွေဟာ ခင်ဗျားတို့လောက်မှ သီလ အကျင့်တရားမရှိဘူး။ ဘာသာရဲ့ဆိုဆုံးမမှုကို အကျအနမရရှိသူတွေ လက်မခံသူတွေလို့ သဘောထားနေသလား။

ထပ်မေးဦးမယ်။ ဆရာတော်သံဃာတော်တွေဟာ ခင်ဗျားတို့လောက်မှ သီလ အကျင့်တရားမရှိဘူး။ ဘာသာရဲ့ဆိုဆုံးမမှုကို အကျအနမရရှိသူတွေ လက်မခံသူတွေလို့ သဘောထားနေသလား။ ဖြေပါ။ ဒီအဖြေဟာ ခင်ဗျားရဲ့အနာဂါတ်ပါပဲ။ ခင်ဗျားရဲ့ဉာဏ်ရည်ပါပဲ။ မဲဆွယ်ပွဲလို့သဘောမထားပါနဲ့။ သံသရာအရှည်ကိုကြည့်ပါ။ ဆရာတော်သံဃာတော်တွေဟာ ကိုယ့်ထက် သာသနာဆိုင်ရာ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာမှာ အများကြီးသာလွန်ပါတယ်။ ဒါကိုလက္ခံရင် ခင်ဗျားတို့အတိုက်အခံလုပ်နေတာတွေ သာသနာသစ္စာဖောက်လုပ်နေတာတွေ ရပ်လိုက်ပါ။ အခြားတစ်ဖက်မှာလည်း ကိုယ့်ဘာသာ ကိုယ့်သာသနာကို သစ္စာဖောက်ရဲတယ်ဆိုသူများအတွက် ဘာသာခြားကလည်း မိချောင်းကြီးကြီးဆောက်ထားပါလိမ့်မယ်။

မိရိုးဖလာအားဖြင့်ယုံကြည်ကိုးကွယ်သူပင်ဖြစ်စေ သံဃာတော်ကိုတော့ လေးစားကြည်ညိုကြမယ်ထင်ပါတယ်။ ဆိုဆုံးမခက်သူ ဒုဗ္ဗဇ္ဇအဖြစ်သတ်မှတ်ပြီး ဆရာတော်သံဃာတော်များရဲ့ ဥပေက္ခာပြုခြင်းခံရမှာတော့ စိုးရွံ့ကြမယ်ထင်ပါတယ်။ ကိုယ်လုပ်တဲ့အပြုအမူဟာ ကိုယ့်မိသားစုသေ(ခါနီး)လို့မှ အသေဖြောင့်အောင် ဘဝကူးကောင်းအောင် သရဏဂုံတင်ဖို့ အခက်အခဲဖြစ်စေတာမျိုးဖြစ်အောင် မလုပ်ဆောင်သင့်ပါဘူး။

ဟော အခုတစ်ခါ ဘာသာခြားတွေက တိုက်ကွက်တစ်မျိုးဆင်ကြပြန်တယ်။ ဘုန်ကြီးတွေကို ကတုံးတွေလို့ ရင့်ရင့်သီးသီးနဲ့ရှေ့ဆောင်လမ်းပြပြောဆိုလာကြတယ်။ နောက် မသင့်တော်တဲ့စကားတွေနဲ့ မလျော်ကန်တဲ့အာပတ်တွေနဲ့ထိုးနှက်ပြီး သူကပဲ သာသနာကို ကြည်ညိုသယောင် စောင့်ရှောက်နေသယောင် ရောင်တော်လွတ်ပြနေပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတလော ဆရာတော်သံဃာတော်တွေကို ဝိနည်းနဲ့စွပ်စွဲနေသူများဟာလည်း ဗုဒ္ဓဘာသာဝင်မဟုတ်နိုင်ဘူးဆိုတာ ကျနော်လို ဗုဒ္ဓဘာသာကိုအခြေခံအဆင့်နားလည်တဲ့သူတောင် သိသာထင်ရှားနေပါတယ်။ ဒါကို အာဏာပိန်းပိတ် ခွေးဖြစ်ချင်စိတ်ပိန်းပိတ်လို့ ဘာသာခြားတွေနဲ့ယိမ်းယောင်ပြီး စော်ကားဖို့တော့ စိတ်ကူးထဲ မထည့်လေပါနဲ့။ ကံ ကံ၏အကျိုးတုန့်ပြန်မှုက ထင်ရှားမြန်ဆန်နေပါလိမ့်မယ်။ မဟာဖေ့ဘွတ်သူရဲကောင်းများရဲ့ပြောဆိုချက်များနဲ့ ပြင်ပသိရှိသူများမှ အကြည်ညိုမဲ့မှုများ ချက်ချင်းခံစားသွားရနိုင်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာဆရာတော်သံဃာတော်များရဲ့တိမ်းရှောင်ကြဉ်ခြင်း ရှောင်ဖယ်ခြင်းခံရပါလိမ့်မယ်။ ဒါကို ဗုဒ္ဓဘာသာဝင်မိသားစုများ သတိထားစေချင်ပါတယ်။ ကိုယ့်ကိုကိုယ် ငါဘယ်လိုအပြုအမူကို ပြုလုပ်မိနေသလဲ ဆင်ခြင်စဉ်းစားပါလေ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါလျက် ဗုဒ္ဓဘာသာရဲ့ဆိုဆုံးမမှု အသီးအပွင့်ကိုခံစားစံစားနေရပါလျက်နဲ့ ဗုဒ္ဓဘာသာကိုဖျက်ဆီးဖို့ကြိုးစားသူများရန်က မကာကွယ်ဘဲ ဘာသာခြားရဲ့အမဲရိုးကိုမျှော်ကိုးပြီး ဆရာတော်သံဃာတော်များကို ဇွတ်တိုးဟောင်နေတာကတော့ အတော်ကလေးရင်နာစရာကောင်းပါတယ်။ ဦးဏှောက်မဲ့ အရှက်မဲ့တာလည်း အံ့ချီးမကုန်နိုင်ဖွယ်ပါဘဲ။ ကိုယ့်ဘာသာ သာသနာကိုဖျက်ဆီးလိုလို့လုပ်ရအောင် ကိုယ်ဟာဘာသာခြားမဟုတ်ဘူး။ ဘာသာ သာသနာအပြင် ငါဟာဘာကိုမှ ပိုလွန်မက်မောစရာမလိုဘူးလို့ စိတ်မှာ ဒုံးဒုံးချဆုံးဖြတ်ထားပါ။

မိမိသီတင်းသုံးဖော်တို့၏ ချစ်မြတ်နိုးမှုကို ရယူလိုလျှင် သီလကိုသာ ကောင်းစွာစောင့်ရှောက်အပ်၏။ ( ဝိသုဒ္ဓိမဂ် ) တွင်ပြဆိုသည့်အတိုင်း အလိုရှိအပ် တောင်းတအပ်သောအရာမှန်သမျှသည် သီလကို ကောင်းစွာဆောက်တည်က ရနိုင်သည်သာ။ သီလဖြင့်ပြည့်စုံကြောင်းတရားဓမ္မတို့ကား ဗုဒ္ဓဘာသာမှတပါး အခြားမရနိုင်ပါလေ။ ဒါကြောင့် ဗုဒ္ဓဘာသာမှပြဆိုသော သင်ကြားပေးသော သီလဝိနည်းစည်းကမ်းတို့သည် ကောင်းမွန်သည်ချည်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုကောင်းစွာလေ့လာသင်ကြားပြသသော အလိမ္မာစကား ကိုယ့်ကျင့်တရားတို့ကို လိုက်နာကျင့်သုံးလျှင် သင်တို့အလိုရှိသော အာဏာလုပ်ပိုင်ခွင့်တို့မှာ ရှောင်လွဲမရနိုင်လောက်အောင် ရရှိနိုင်မှာပါ။ ဒါကို မသိနားမလည်ဘဲ ဗုဒ္ဓဘာသာနှင့် လူ့အခွင့်အရေးနှိုင်းယှဉ်ရာ ဗုဒ္ဓဘာသာကပင်နိမ့်ပါးသယောင် မကိုက်ညီသယောင် ရေးသားပြောဆိုလှုပ်ရှားမှုမျိုးကို ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် မပြုလုပ်သင့်ပါ။ ဤအချက်ကို သစ္စာဖောက်ရန်ကြံနေသူများ သစ္စာဖောက်နေသူများကို သတိပေးလိုပါတယ်။

ပတ္တမြားမှန်ရင် နွံနစ်၍မညစ်ပါ။ ပတ္တမြားကို ကိုယ်အသုံးမချတတ်ရင် သူတစ်ပါးအသုံးချသွားပါလိမ့်မည်။ နိုင်ငံရေးဆောင်ရွက်နေသော ပုဂ္ဂိုလ်များသတိချပ်ပါလေ။ ၉၆၉ ကိုဖြစ်ဖြစ် မျိုးစောင့်ဥပဒေကိုဖြစ်ဖြစ် မထိခိုက်ပါလေနဲ့။ အားမာန်အပြည့်ချီတက်နေသည်။ မရှောင်ရှားသူများ ယိုင်ဆင်းပြိုလဲသွားနိုင်ပါသည်။ ၉၆၉နှင့် အမျိုးသားရေးစိတ်ဓာတ်သည် အာဏာရှင်မဟုတ်။ အမှန်တရားဖြစ်သည်။ သစ္စာဖြစ်သည်။ တွန်းဖြိုသူသာလျှင် ကျရှုံးပါလိမ့်မည်။ မျက်စေ့မမှောက်ပါနှင့်။ ကောင်းစွာ ချည်းကပ်ပါလေ။ သစ္စာဖောက်များကား ဝေးစွာရှဲလော့။

သစ္စာဖောက်များ ဝေးစွာရှဲလော့။  ။