Saturday, 28 September 2013
ကုသိုလ်​​ရေးအတွက်​ နိုး​ဆော်​လွှာ
  ကုသိုလ်​​ရေးအတွက်​ နိုး​ဆော်​လွှာ
*********** ********* **********
- မြန်​မာပြည်​တွင်​ အသည်း​ရောင်​အသားဝါ B ပိုးရှိသူ အ​တော်​များပါသည်​။
- B ပိုး​ကြောင့်​ အသည်း​ခြောက်​နာ၊ အသည်းကင်​ဆာဖြစ်​နိုင်​ပါသည်​။
- တံ​တွေးကပင်​ ကူးစက်​နိုင်​ပါသည်​။
- အရပ်​ရှစ်​မျက်​နှာမှ အလှူခံ၍ရလာ​သော ဘုံဆွမ်းဟင်းများကို အတူတကွဝိုင်းဖွဲ့ ဘုဉ်း​ပေးစား​သောက်​ရ​သော သံဃာအဖွဲ့အစည်းမျိုးတွင်​ B ပိုးကူးစက်​လွယ်​ပါသည်​။
-B ပိုးကာကွယ်​​ဆေးထိုးထားခြင်း​ဖြင့်​-
- B ပိုး​ကြောင့်​ဖြစ်​​သော အသည်း​ကင်​ဆာကို ကာကွယ်​ရာ​ရောက်​ပါသည်​။
- သံဃာ​တော်​တို့၏အသက်​ကို ကာကွယ်​​စောင့်​​ရှောက်​ရာ​ရောက်​ပါသည်​။
- သာသနာ​တော်​ကြီးကို ​စောင့်​​ရှောက်​ရာ​ရောက်​ပါသည်​။
သို့ပါ၍- သာသနာ​တော်​ကြီးကို ကာကွယ်​​စောင့်​​ရှောက်​​နေကြကုန်​​သော ကန်​​ဘောင်​ရိုးနှင့်​တူ​သော စာသင်​ စာချသံဃာ​တော်​များအား ကာကွယ်​​ဆေးထိုးနှံ​ပေးခြင်းဖြင့်​ ကုသိုလ်​ယူလျက်​ သာသနာ​တော်​မြတ်​ကြီးကို ​စောင့်​​ရှောက်​၊ ​ထောက်​ပံ့ချီးမြှင့်​နိုင်​ကြပါရန်​ အကျိုး​မျှော်​ကာနိုး​ဆော်​အပ်​ပါသည်​။
၅-၉-၂၀၁၂ , ၅-၁၀-၂၀၁၂ , ၈-၃-၂၀၁၃ တွင်​ မတ္တရာမြို့ သာသန​ဇောတာရုံ​ (ရွှေအုန်းပင်​)​ကျောင်းတိုက်​ရှိစာချ/စာသင်​သံဃာ​တော်​ ၇၇ ပါးကို အသည်း​ရောင်​အသားဝါ B ပိုးကာကွယ်​​ဆေး Livovaxထိုးနှံမှု ကုသိုလ်​ရှင်​စာရင်းရှင်းတမ်းပါခင်​ဗျား။
၁။ သာသန​ဇောတာရုံဆရာ​တော်​   တစ်​​သောင်း  ၁၀၀၀၀
၂။ ဦးဘစံ ​ဒေါ်ထူးထူး ထူးတိုင်းရင်း​ဆေးဝါး နှစ်​သိန်း ၂၀၀၀၀၀
၃။ Dr.​ဒေါ်မြမြစန်း၊ Dr.​ဒေါ်​ဌေး​ဌေးလွင်​ တစ်​သိန်းငါး​ထောင်​  ၁၀၅၀၀၀
၎။ ဒ်ါကြည်​​အေး (သန်းကြွယ်​သူ)  ငါး​သောင်း  ၅၀၀၀၀
၅။ ဦးလွင်​​မောင်​​မောင်​+​ဒေါ်မြင့်​မြင့်​​ထွေး (စာရင်းရုံး)  ငါး​သောင်း  ၅၀၀၀၀
၆။ ဦးစိန်​လှမိုး+​ဒေါ်ပုံ့ပုံ့ ဆန်​စက်​ဆီစက်​  ငါး​သောင်း  ၅၀၀၀၀
၇။ ဦးညွန့်​​ဝေ+​ဒေါ်လှလှဝင်း SNအုတ်​လုပ်​ငန်း  ငါး​သောင်း  ၅၀၀၀၀
၈။ ​ဒေါ်ငြိမ်းငြိမ်း  တစ်​​သောင်းတစ်​​ထောင်​   ၁၁၀၀၀
၉။ ဦးခင်​​မောင်​ဝင်း+​ဒေါ်ဝိုင်း  သန့်​စင်​စက်​သုံးဆီ  တစ်​​သောင်း  ၁၀၀၀၀
တစ်​​သောင်း  ၁၀၀၀၀
၁၁။ ​ဒေါ်တင်​မြင့်​ ကွမ်း  တစ်​​သောင်း  ၁၀၀၀၀
၁၂။ ဦး​ကျော်​ဝင်း+​ဒေါ်ခင်​ရီ ငါး​ထောင်​   ၅၀၀၀
၁၃။ ​ဒေါ်ညိုညို   ငါး​ထောင်​  ၅၀၀၀
၁၄။ ဦးကြည်​စိုး+မခင်​ချိုချိုသင်း  ငါး​ထောင်​  ၅၀၀၀
၁၅။ Dr.သန်းနိုင်​+​ဒေါ်ခင်​သန်းမြင့်​   ခုနှစ်​​သောင်းနှစ်​​ထောင်​​ခြောက်​ရာ   ၇၂၆၀၀
၁၆။ သမီး မသဲစိမ့်​​အေး  တစ်​​သောင်း  ၁၀၀၀၀
၁၇။ သမီး မ​ဝေယုပန်​ ခုနှစ်​​ထောင်​   ၇၀၀၀
စုစု​ပေါင်း ​ခြောက်​သိန်း​ခြောက်​​သောင်း​ခြောက်​ရာကျပ်​တိတိ ၆၆၀၆၀၀ိ/- ဖြစ်​ပါတယ်​။
ဤကာကွယ်​​ဆေးထိုးနှံမှုကို ​ဒေါက်​တာသန်းနိုင်​ အကြံ​ပေးလမ်းညွှန်ကာ ​ဒေါက်​တာကိုစိုးဝင်း(​စေတနာမွန်​ ​ဆေးခန်း)က  ကုမ္ပဏီမှ​ဆေးမှာယူ​ပေးခြင်း၊ ​ကျောင်းတိုက်​သို့ ကိုယ်​တိုင်​ သွား​ရောက်​၍ ​ဆေးထိုးနှံ​ပေးခြင်းအတွက်​ ​ဝေယျာဝစ္စနှင့်​ ပညာလုပ်​အားဒါနများအား အထူး​ကျေးဇူးတင်​ရှိ​ပါကြောင်းနှင့်​ အလှူရှင်​များနှင့်​အတူ သာဓု​ခေါ်နိုင်​ကြပါရန်​ ပြန်​လည်​တင်​ပြအပ်​ပါသည်​။
( ကုသိုလ်​ အမျှ အမျှ အမျှ ယူ​တော်​မူကြပါ​စေ​သော်​။ )
Thursday, 26 September 2013
NLDအတွက်​ ၂၅နှစ်​ပြည့်​ လက်​​ဆောင်
NLDအတွက်​ ၂၅နှစ်​ပြည့်​ လက်​​ဆောင်
မ​နေ့က အကြိုလက်​​ဆောင်​ရလို့ ဒီ​နေ့​ဝေဘန်​လိုက်​တယ်​။ ​မေတ္တာနဲ့​ရေးတယ်​ သ​ဘောထားပါ။
စစ်​တုရင်​ထိုးတဲ့အခါ လက်​ရည်​တူနဲ့ ဒါမှမဟုတ်​ကိုယ့်​ထက်​သာသူနဲ့ကစားမှ လက်​တက်​တယ်​။ ခင်​ဗျားတို့နဲ့ပြိုင်​တဲ့ပါတီက ဖွတ်​ကျား။ အပြတ်​ပဲနိုင်​နိုင်​ မနည်းမကဲကစားပြီးမှနိုင်​နိုင်​ ​ဘေးက​ပြောလို့နိုင်​နိုင်​ အထင်​ကြီးစရာမရှိဘူး။ လက်​ရည်​မတက်​ဘဲ မာန်​ဝံ့တာ အရည်​အ​သွေးမပြနိုင်​တာ​တွေ ဖြစ်​​နေပြီ။
တချို့ကပြည်​သူကို နိုင်​ငံ​ရေးပါးမဝတဲ့ လက်​လုပ်​ချဉ်​​တွေမှတ်​​နေတယ်​။ တကယ်​လို့ အ​မေစုသာ ဗိုလ်​ချုပ်​သမီးမဟုတ်​ခဲ့ရင်​ သိတ်​​တော်​တဲ့ဝန်​ကြီးချုပ်​​ဟောင်းဦးနုရဲ့သမီးကို ပြည်​သူ​တွေက နိုင်​ငံ​ရေးကစားကွက်​မှာထိုးထည့်​လိမ့်​မယ်​။ ပြည်​သူက အချဉ်​မဟုတ်​ဘူး။ မချဉ်​ဘူး။ ကိုယ့်​ဘဝကို ချို​အောင်​ကြိုးစားကြ။ ဒါ အ​မေစုနား ဝန်းရံ​နေတဲ့ မင်းတုတု​ခွေး​သေ​သေ လူရည်​မလည်​တဲ့ နိုင်​ငံ​ရေး​ပေါက်​စ ​ထောင်​​ခြောက်​လ၊ မိုက်​ရူးရဲ​လေး​တွေ​အတွက်​​ပြောတာ ဇရာအိုနင်း နားဖားကြိုးတင်း​နေကြသူများအတွက်​မဟုတ်​ဘူး။ ပြည်​သူ​တွေကြိုးဆွဲရာကရတဲ့ ရုပ်​​သေးရုပ်​​တွေဆိုတာ ဘဝကို​မေ့မကြနဲ့။ ​သေတ္တာ​ဘေးမှာလူကြမ်​ရုပ်​နဲ့အတူတူ​ခွေ​နေရမယ်​။ လူကြမ်းရုပ်​ဆိုတာပြည်​သူသိသလို သိ​နေပါ​စေ။
ဝတ်​လစ်​စလစ်​ရူး​နေတဲ့လူ​တွေကြား ထမီ​ပျောက်​ပြီး အင်္ကျီသာပါတဲ့သူက ကျမ​လောက်​အဝတ်​အစားဝတ်​နိုင်​တာ ဘယ်​သူရှိလဲ​ပြောလို့​မေးခွန်းပြန်​မထုတ်​ချင်​ပါနဲ့။ အရှက်​ကုန်​​နေတာချင်းအတူတူပဲ ကျုပ်​တို့မျက်​လုံးမှာ မဆန်းဘူး။ လက်​ပံ​တောင်း​တောင်​ပြဿနာ၊ ​မြေယာ​ပျောက်​ပြဿနာ၊ လူမျိုး​ရေးပြဿနာ​တွေမှာ ပြည်​သူ​တွေ​ကျေနပ်​​အောင်​ အသံက​လေးပဲ​ပေးဖူးသလား။ တစ်​ဘက်​ကဆိုးယုတ်​သူ တစ်​ဘက်​က မကာကွယ်​သူဆိုရင်​ ထူးခြားတယ်​လို့​ပြောနိုင်​သလား။
အာဏာမရှိလို့ပါတဲ့ မ​ဖြေရှင်းပါနဲ့။ ပြည်​သူသိချင်​တာ အကူအညီမရနိုင်​မှန်း ရိပ်​မိတယ်​။ ခွင့်​လွတ်​တယ်​။ အလိုတူအလိုပါလား ဆန့်​ကျင်​ဘက်​အဖွဲ့အစည်းနဲ့ပူး​ပေါင်းသွားသလား သိချင်​​နေတာ။ ဒီကိစ္စ​တွေက မဟာဗျူဟာ​မြောက်​လုပ်​ရပ်​​တွေပါဆိုလာရင်​​တော့ လိုက်​မမှီနိုင်​ဘူးဗျာ။ ဆန္ဒပြသူ​တွေ​နောက်​မှာ ကြိုးကိုင်​သူ​တွေရှိတယ်​။ အကြမ်းဖက်​​တွေ​ပြောတာ​တော့ အသည်းနာစရာ​ကောင်းတယ်​။ သွားဆရာဝန်​ကို သူလုပ်​​ပေးတဲ့သွားတုနဲ့ကိုက်​လိုက်​သလိုပဲ။ ပြည်​သူ့အသံဆိုတာ အသက်​ငင်​နာကျင်​လွန်းလို့ ယဲ့ယဲ့က​လေးထွက်​လာတာ။ ​ပျော်​လွန်းလို့ ​လေချွန်​​နေတဲ့ ဆူညံသံမဟုတ်​ဘူး။ နားငြီးတယ်​​ပြောရင်​ ​ဆေးကု​ပေးမယ့်​သူ​တွေရယ်​ ​သေ​ဆေးသာတစ်​ခါတည်းထိုးလိုက်​ပါ​တော့။
နောက်​ပြီး ကျ​နော်​တို့လက်​ခုပ်​တီး​ပေးခဲ့တဲ့ အ​မေစု​ပြောခဲ့တဲ့ အများကြိုက်​မလုပ်​ဘူးဆိုတာ မိုးခါး​ရေကို မ​သောက်​တာလား။ ​ရေချိုကို မခံယူတာလား ကျုပ်​ကစဉ်းစား​နေတာ။ ပြည်​သူ​တွေက တစ်​​ယောက်​တည်း​ပြေးလို့ ပထမရတာနဲ့ စံချိန်​သစ်​တင်​တာကို ဘယ်​အရာကဂုဏ်​ယူရမလဲ အသိသတိရှိ​နေကြတယ်​။ ​ရေချို​တွေကို ခံယူသုံး​ဆောင်​ပါ မာမီစု။ ဒါကို အ​မေစုနားဝန်းရံသူ​တွေ အကြံ​ပေး​တွေသိ​စေချင်​တယ်​။
တစ်​ပါတီအာဏာရှင်​စနစ်​ တစ်​ဦး​ကောင်းစစ်​အာဏာရှင်​စနစ်​က နိုင်​ငံ​တော်​ကိုပျက်​စီး​စေသလို တစ်​​ခေါင်းတည်း​ဦးတည်​​နေတဲ့ပါတီအတွက်​ နိုင်​ငံကိုထိန်းနိုင်​မှာမဟုတ်​ဘူး။ အကြံ​ပေး​ကောင်း​တွေခန့်​ထားပါ။ အဝတ်​ဒီဇိုင်​နား ကျမ္မာ​ရေးဒါရိုက်​တာ ​ဖျော်​​ဖြေ​ရေးအဖွဲ့ဝင်​​တွေပြည့်​စုံပါတယ်​။ ကိုယ့်​ကိုဆုံးမမယ့်​ လဲ​နေရင်​ထူ​ပေးမယ့်​ ​ဖြေသိမ့်​​ပေးမယ့်​ ဘာသာ​ရေးဆရာအားနည်းပုံရတယ်​။ ဘုရား​တောင်​မှ ကိုးကွယ်​ရာရှာခဲ့တာ သတိရပါ။ ကိုယ့်​ကိုကိုယ်​ ဘုရား​လောက်​မှတ်​​နေရင်​​တော့ ဒီပုံစံကိုသာဆက်​လက်​ချီတက်​ပါ​လေ။
ပြီး​တော့​အောက်​​ခြေက ပါတီ​ခေါင်းပိုင်းကိုပြန်​ကြည့်​ဦး။ ဆန့်ကျင်​ဘက်​ပါတီက လူမိုက်​ပညာတတ်​​တွေ​ခေါင်း​ဆောင်​တယ်​။ ဒီပါတီက​တော့ မလိမ်​မိုးမလိမ်​မာပညာမဲ့​တွေ အဦးထားတယ်​။ ဟဲ့ မြန်​မာနိုင်​ငံ နင်​ကံဆိုးလှ​ချေကလား။ တိုင်​စာ​တွေကိုဖတ်​ပါ။ ပြဿနာဆိုတာ အပ်​နဲ့ထွင်းရမှာ ​(ပု)ပေါက်​ဆိန်​နဲ့​ပေါက်​​နေရရင်​ အလကားပဲ။
တစ်​​ယောက်​တည်း​ပြေး​နေရတာ။
အ​မော​ဖောက်​​နေတာ။
ပြေးအားကုန်​တာ။
ခရီးမ​ရောက်​တာ။
ပတ်​ဝန်းကျင်​အလှကို မကြည့်​နိုင်​​တော့တာ။
နောက်​အား​ပေးမရှိတာ​တွေက သင်​တို့ကို....
စာ​ရေးပျင်းလွန်းလို့ရပ်​​တော့မယ်​။ သတိချပ်​ဖို့တစ်​ခွန်း​ပြောလိုက်​မယ်​။
***တိုးတက်​မှုဖြစ်​​စေတဲ့ အညွန့်​အတက်​​တွေက လက်​သည်းနဲ့အလွယ်​က​လေး​ချွေလို့ရတဲ့ နုညံ့မှု​တွေ ပြည့်​သိပ်​​နေတယ်​။***
စွန့်​ပယ်​ခံရမယ့်​ပါတီဝင်​တစ်​ဦး
စေတီရှင်
Saturday, 21 September 2013
ခန္တီနှင့်​ မြန်​မာပြည်
ခန္တီနှင့်​ မြန်​မာပြည်
သန္တုဋ္ဌီတို့ ခန္တီတို့ဆိုတာ မင်္ဂလာတရား​တော်​ထဲမှာပါတာ ပတ်​ဝန်းကျင်​မှာအသုံးများ​လေ​တော့ မြန်​မာတိုင်းရင်းသား​တွေအဖို့ မစိမ်းလှပါဘူး။ မင်္ဂလာဆိုတာဘာကို​ခေါ်သလဲ ​မေးရင်​​တော့ လူတစ်​ရာမှာ ငါးဆယ်​​ဖြေနိုင်​ဖို့မရှိ​လောက်​ပါဘူး။ အခုစာဖတ်​သူက​တော့ ​ဖြေနိုင်​မှာပါ။ မင်္ဂလာဆိုတာ မ​ကောင်းမှုကိုပယ်​​ဖျောက်​ ​ကောင်းမှုကို​ရောက်​​စေလို့ မင်္ဂလာမည်​ပါတယ်​။ ဒါ​လေးကို စွဲစွဲမြဲမြဲ မှတ်​ထား​ပေးပါ။ ဘာလို့လဲဆို​တော့ ကျ​နော်​တို့သုံးစွဲ​နေတာ ကျင့်​ကြံ​နေတာ သူတစ်​ပါးကိုဆုံးမမိ​နေတာ​ တရားနည်းလမ်းကျရဲ့လားလို့ပါ။
မြန်​မာ​တွေက ခန္တီကိုဘာသာပြန်​တဲ့အခါ သည်းခံခွင့်​လွတ်​ခြင်းလို့ အလွယ်​​ပြောပါတယ်​။ သုံးလွန်းတဲ့စကား ကြား​နေကျစကားဆို​တော့ လူတိုင်းက​ခေါင်းအလွယ်​ငြိမ့်​​တော့ ရှင်းပြတဲ့သူကလည်း နက်​နက်​နဲနဲရှင်းပြတာ အ​တော်​ရှားလာပါတယ်​။ သည်းခံခွင့်​လွတ်​ခြင်းကမှားသလားဆို​တော့ မမှားပါဘူး။ ဒါဆိုရင်​ဘာ​ကိုလျှာရှည်​ရသလဲ.....
ဥပမာ​ပြောရရင်​ အရက်​ကြိုက်​တဲ့အ​ဖေရဲ့သားတစ်​​ယောက်​က အ​ဖေအရက်​​သောက်​တာမကြိုက်​ဘူး။ သူ​ပြောပြရှင်းပြချင်​တယ်​။ သူကိုယ်​တိုင်​က ၁၀နှစ်​သားအရွယ်​လူမမယ်​မို့ အရက်​သမားအ​ဖေကို​ ရှင်းမပြနိုင်​ဘူး မူးပြီးရိုက်​မှာ​ကိုလည်းကြောက်​တယ်​။ ဒီလိုနဲ့ အသက်​၂၀၊ ၃၀​ရောက်​တဲ့အထိလည်း ရေငုံနှုတ်​ပိတ်​​နေတယ်​။ ပတ်​ဝန်းကျင်​ကို သူကခန္တီနဲ့​နေတယ်​​ပြောလို့ ရမလား။ မရပါဘူး။ အမှန်​​တော့ ဒါလည်းသည်းခံရတာ ခွင့်​လွတ်​ရတာပဲမဟုတ်ပါလား။ ဒါ​ပေမယ့်​ ဒါဟာမင်္ဂလာမ​မြောက်​ပါဘူး။ ​သေချာ​တွေးကြည့်​​လေ မ​ကောင်းမှုကိုပယ်​​ဖျောက်​ ​ကောင်းမှု​တွေ​ရောက်​​စေတာမှ မဟုတ်​ဘဲ။
တကယ်​ဖြစ်​သင့်​တာက အ​ဖေကို အရက်​ပြတ်​​အောင်​ကြိုးစားရမယ်​ ကြုံလာတဲ့​လောကဓံကိုသည်းခံနိုင်​ရမယ်​။ ​ဆေးဖိုးလိုသလား ​ငွေရှာရမလား။ အ​ဖေ​ဆေးရုံတက်​လို့ ​ဆေးရုံမှာည​စောင့်​အိပ်​​ပေးရမလား။ ခြင်​ကိုက်​မလား အိပ်​​ရေးပျက်​မလား။ ဒါကိုမှ သည်းခံရမှာ။ ​ရောင့်​ရဲရမှာ။ ကုသိုလ်​ကအခုမှစတာ၊ ရတာ။ ​ဒီလိုမဟုတ်​ဘဲ နေပါ​စေကွာ အ​ဖေဖြစ်​ချင်​ရာဖြစ်​ဆိုတာ သည်းခံတာမဟုတ်​သလို မင်္ဂလာလည်းမမည်​ပါဘူး။ မင်္ဂလာထိုက်​မထိုက်​ ဆုံးဖြတ်​လို့ရမယ်​ထင်​ပါတယ်​။
ခန္တီနဲ့ပတ်​သက်​လို့​ပြောချင်​တာက ဒီလိုမျိုးပါ။
၁။ ​ကောင်းမှုလုပ်​ငန်းဆိုတဲ့ ရည်​ညွှန်းချက်​ပန်းတိုင်​ရှိရမယ်​။
၂။ ရည်​ညွှန်းချက်​ပန်းတိုင်​ကို အ​ကောင်​အထည်​​ဖော်​ရဲသူ ​ပြုလုပ်​လှုပ်​ရှားရုန်းကန်​​နေသူဖြစ်​ရမယ်​။
၃။ တရားနည်းလမ်းကျ​ လုပ်​ကိုင်​ရမယ်​။
၎။ တရားသဖြင့်​ပြုလုပ်​ခြင်းဖြင့်​ ကြုံလာသမျှ​ကောင်းဆိုးနှစ်​တန်​ ​လောကဓံကို ကြံ့ကြံ့ခံနိုင်​သူဖြစ်​ရမယ်​။
ဒီလိုမှ ဘုရား​ဟောတဲ့ ခန္တီမင်္ဂလာနဲ့ပြည့်​စုံမှာပါ။
တချို့က​ပြောကြတယ်​။ မတရားမှုကိုငုံမခံဘဲ ရင်​ဆိုင်​သူကို ​ဒေါသစရိုက်​ရှိသူလို့သတ်​မှတ်​တယ်​။ ဒါဟာမှားပါတယ်​။ မတရားတာကို လက်​ပိုက်​ကြည့်​နေတာ တရားသ​ယောင်​​ယောင်​​ပြောဆိုတာ ဒါဟာမင်္ဂလာမဲ့​စေပါတယ်​။
အများဒုက္ခ​ရောက်​ရမယ့်​ကိစ္စ​တွေမှာ ဖြစ်​အများ​ပေါ့ကွာ သူတစ်​ပါးအမုန်းမခံရ​အောင်​​နေဆိုပြီး​ သံ​ဝေဂ​ယောင်​​ယောင်​​​ပြောဆိုတာ ​ငုတ်​တုပ်​​မေ့​နေတာ ဒါသည်းခံတာမဟုတ်​ပါဘူး။ ​သေမှာ​ကြောက်​တဲ့ ​ဒေါသစရိုက်​၊ အသက်​ကိုခင်​တွယ်​တဲ့ ​လောဘစရိုက်​၊ အရှက်​​ကြောက်​ သင့်​မသင့်​ အမှားအမှန်​မ​ဝေဘန်​နိုင်​တဲ့ ​မောဟစရိုက်​ရှိသူများဖြစ်​ကြပါတယ်​။ မင်္ဂလာမဲ့တဲ့ အမင်္ဂလာ​ကောင်​များဖြစ်​ကြပါတယ်​။
တရားနည်​လမ်းကျမလုပ်​​ဆောင်​တာ မိုက်​ရူးရဲတာမျိုးက​တော့ ရည်​ရွယ်​ချက်​မ​ကောင်းတာမို့ အစမှာပဲရှင်းခဲ့ပါပြီ။ မတရားမှုကိုမသိမမြင်​သူကို ​ဖော်​ပြရှင်းလင်းတာက​တော့ ပြုသင့်​ပြုထိုက်​ပါတယ်​။ မရိုက်​ခဲ့ဖူးတဲ့ ဆရာ​ကောင်းမရှိသလို ​သွေးထွက်​​အောင်​မခွဲစိပ်​ဖူးတဲ့ ဆရာဝန်​​ကောင်းမရှိခဲ့ပါဘူး။ အပြစ်​ကိုပြလို့ ဆုံးမမှဆရာပါ။ သူ​တော်​​ကောင်းပါ မိတ်​​ဆွေစစ်​ပါ။ ဘာ​ပြော​ပြော မချင့်​မချိန်​ ဖားခါယားခါ လုပ်​သင့်​တာ​ပေါ့အမြဲ​ပြောသူဟာ မိတ်​​ဆွေ​ကောင်းမဟုတ်​ပါ။ သူ​တော်​​ကောင်းမဟုတ်​ပါ။ လူညံ့ လူယုတ်​တို့ရဲ့လက္ခဏာအင်္ဂါပါ။
ကဲ ဒီ​လောက်​ဆို သ​ဘော​ပေါက်​​ကောင်းပါရဲ့။ ငါ သူတပါး ဘယ်​သူကလူမိုက်​ ဘယ်​သူကလူယုတ်​ ဘယ်​သူကပညာရှင်​ ဘယ်​သူကသူ​တော်​​ကောင်း ခွဲခြားနိုင်​​ကောင်းပါရဲ့။ ဘယ်​သူကမင်္ဂလာရှိသူ ဘယ်​သူက အမင်္ဂလာ​ကောင်​သိ​လောက်​ပါရဲ့။ သတ်​မှတ်​ခွဲခြားနိုင်​​လောက်​ပါရဲ့။
ခန္တီရဲ့သ​ဘောကိုသိလာရင်​ ​ကောင်းနိုးရာရာ​တွေကိုပြုလို့ ​လောကဓံနဲ့​တွေ့ရင်​မတုန်​မလှုပ်​ဘဲ မင်္ဂလာရှိသူများဖြစ်​ကြပါ​စေလို့ ဆု​တောင်း​ပေးပါရဲ့ဗျာ။
မ​ကောင်းမှုကိုပယ်​​ဖျောက်​လို့ ​ကောင်းမှု​တွေ​ရောက်​ပ​စေ။ ခင်​မင်​တဲ့......
ခန္တီနှင့်​ မြန်​မာပြည်
ခန္တီနှင့်​ မြန်​မာပြည်
သန္တုဋ္ဌီ၊ ခန္တီဆိုတာ မင်္ဂလာတရား​တော်​ထဲမှာပါတာ ပတ်​ဝန်းကျင်​မှာအသုံးများ​လေ​တော့ မြန်​မာတိုင်းရင်းသား​တွေအဖို့ မစိမ်းလှပါဘူး။ မင်္ဂလာဆိုတာဘာကို​ခေါ်သလဲ ​မေးရင်​​တော့ လူတစ်​ရာမှာ ငါးဆယ်​​ဖြေနိုင်​ဖို့မရှိ​လောက်​ပါဘူး။ အခုစာဖတ်​သူက​တော့ ​ဖြေနိုင်​မှာပါ။ မင်္ဂလာဆိုတာ မ​ကောင်းမှုကိုပယ်​​ဖျောက်​ ​ကောင်းမှုကို​ရောက်​​စေလို့ မင်္ဂလာမည်​ပါတယ်​။ ဒါ​လေးကို စွဲစွဲမြဲမြဲ မှတ်​ထား​ပေးပါ။ ဘာလို့လဲဆို​တော့ ကျ​နော်​တို့သုံးစွဲ​နေတာ ကျင့်​ကြံ​နေတာ သူတစ်​ပါးကိုဆုံးမမိ​နေတာ​ တရားနည်းလမ်းကျရဲ့လားလို့ပါ။
မြန်​မာ​တွေက ခန္တီကိုဘာသာပြန်​တဲ့အခါ သည်းခံခွင့်​လွတ်​ခြင်းလို့ အလွယ်​​ပြောပါတယ်​။ သုံးလွန်းတဲ့စကား ကြား​နေကြစကားဆို​တော့ လူတိုင်းက​ခေါင်းအလွယ်​ငြိမ့်​​တော့ ရှင်းပြတဲ့သူကလည်း နက်​နက်​နဲနဲရှင်းပြတာ အ​တော်​ရှားလာပါတယ်​။ သည်းခံခွင့်​လွတ်​ခြင်းကမှားသလားဆို​တော့ မမှားပါဘူး။ ဒါဆိုရင်​ဘာ​ကိုလျှာရှည်​ရသလဲ.....
ဥပမာ​ပြောရရင်​ အရက်​ကြိုက်​တဲ့အ​ဖေရဲ့သားတစ်​​ယောက်​က အ​ဖေအရက်​​သောက်​တာမကြိုက်​ဘူး။ သူ​ပြောပြရှင်းပြချင်​တယ်​။ သူကိုယ်​တိုင်​က ၁၀နှစ်​သားအရွယ်​လူမမယ်​မို့ အရက်​သမားအ​ဖေကို​ ရှင်းမပြနိုင်​ဘူး မူးပြီးရိုက်​မှာ​ကိုလည်းကြောက်​တယ်​။ ဒီလိုနဲ့ အသက်​၂၀၊ ၃၀​ရောက်​တဲ့အထိလည်း ရေငုံနှုတ်​ပိတ်​​နေတယ်​။ ပတ်​ဝန်းကျင်​ကို သူကခန္တီနဲ့​နေတယ်​​ပြောလို့ ရမလား။ မရပါဘူး။ အမှန်​​တော့ ဒါလည်းသည်းခံရတာ ခွင့်​လွတ်​ရတာပဲမဟုတ်ပါလား။ ဒါ​ပေမယ့်​ ဒါဟာမင်္ဂလာမ​မြောက်​ပါဘူး။ ​သေချာ​တွေးကြည့်​​လေ မ​ကောင်းမှုကိုပယ်​​ဖျောက်​ ​ကောင်းမှု​တွေ​ရောက်​​စေတာမှ မဟုတ်​ဘဲ။
တကယ်​ဖြစ်​သင့်​တာက အ​ဖေကို အရက်​ပြတ်​​အောင်​ကြိုးစားရမယ်​ ကြုံလာတဲ့​လောကဓံကိုသည်းခံနိုင်​ရမယ်​။ ​ဆေးဖိုးလိုသလား ​ငွေရှာရမလား။ အ​ဖေ​ဆေးရုံတက်​လို့ ​ဆေးရုံမှာည​စောင့်​အိပ်​​ပေးရမလား။ ခြင်​ကိုက်​မလား အိပ်​​ရေးပျက်​မလား။ ဒါကိုမှ သည်းခံရမှာ။ ​ရောင့်​ရဲရမှာ။ ကုသိုလ်​ကအခုမှစတာ၊ ရတာ။ ​ဒီလိုမဟုတ်​ဘဲ နေပါ​စေကွာ အ​ဖေဖြစ်​ချင်​ရာဖြစ်​ဆိုတာ သည်းခံတာမဟုတ်​သလို မင်္ဂလာလည်းမမည်​ပါဘူး။ မင်္ဂလာထိုက်​မထိုက်​ ဆုံးဖြတ်​လို့ရမယ်​ထင်​ပါတယ်​။
ခန္တီနဲ့ပတ်​သက်​လို့​ပြောချင်​တာက ဒီလိုမျိုးပါ။
၁။ ​ကောင်းမှုလုပ်​ငန်းဆိုတဲ့ ရည်​ညွှန်းချက်​ပန်းတိုင်​ရှိရမယ်​။
၂။ ရည်​ညွှန်းချက်​ပန်းတိုင်​ကို အ​ကောင်​အထည်​​ဖော်​ရဲသူ ​ပြုလုပ်​လှုပ်​ရှားရုန်းကန်​​နေသူဖြစ်​ရမယ်​။
၃။ တရားနည်းလမ်းကျ​ လုပ်​ကိုင်​ရမယ်​။
၎။ တရားသဖြင့်​ပြုလုပ်​ခြင်းဖြင့်​ ကြုံလာသမျှ​ကောင်းဆိုးနှစ်​တန်​ ​လောကဓံကို ကြံ့ကြံ့ခံနိုင်​သူဖြစ်​ရမယ်​။
ဒီလိုမှ ဘုရား​ဟောတဲ့ ခန္တီမင်္ဂလာနဲ့ပြည့်​စုံမှာပါ။
တချို့က​ပြောကြတယ်​။ မတရားမှုကိုငုံမခံဘဲ ရင်​ဆိုင်​သူကို ​ဒေါသစရိုက်​ရှိသူလို့သတ်​မှတ်​တယ်​။ ဒါဟာမှားပါတယ်​။ မတရားတာကို လက်​ပိုက်​ကြည့်​နေတာ တရားသ​ယောင်​​ယောင်​​ပြောဆိုတာ ဒါဟာမင်္ဂလာမဲ့​စေပါတယ်​။
အများဒုက္ခ​ရောက်​ရမယ့်​ကိစ္စ​တွေမှာ ဖြစ်​အများ​ပေါ့ကွာ သူတစ်​ပါးအမုန်းမခံရ​အောင်​​နေဆိုပြီး​ သံ​ဝေဂ​ယောင်​​ယောင်​​​ပြောဆိုတာ ​ငုတ်​တုပ်​​မေ့​နေတာ ဒါသည်းခံတာမဟုတ်​ပါဘူး။ ​သေမှာ​ကြောက်​တဲ့ ​ဒေါသစရိုက်​၊ အသက်​ကိုခင်​တွယ်​တဲ့ ​လောဘစရိုက်​၊ အရှက်​​ကြောက်​ သင့်​မသင့်​ အမှားအမှန်​မ​ဝေဘန်​နိုင်​တဲ့ ​မောဟစရိုက်​ရှိသူများဖြစ်​ကြပါတယ်​။ မင်္ဂလာမဲ့တဲ့ အမင်္ဂလာ​ကောင်​များဖြစ်​ကြပါတယ်​။
တရားနည်​လမ်းကျမလုပ်​​ဆောင်​တာ မိုက်​ရူးရဲတာမျိုးက​တော့ ရည်​ရွယ်​ချက်​မ​ကောင်းတာမို့ အစမှာပဲရှင်းခဲ့ပါပြီ။ မတရားမှုကိုမသိမမြင်​သူကို ​ဖော်​ပြရှင်းလင်းတာက​တော့ ပြုသင့်​ပြုထိုက်​ပါတယ်​။ မရိုက်​ခဲ့ဖူးတဲ့ ဆရာ​ကောင်းမရှိသလို ​သွေးထွက်​​အောင်​မခွဲစိပ်​ဖူးတဲ့ ဆရာဝန်​​ကောင်းမရှိခဲ့ပါဘူး။ အပြစ်​ကိုပြလို့ ဆုံးမမှဆရာပါ။ သူ​တော်​​ကောင်းပါ မိတ်​​ဆွေစစ်​ပါ။ ဘာ​ပြော​ပြော မချင့်​မချိန်​ ဖားခါယားခါ လုပ်​သင့်​တာ​ပေါ့အမြဲ​ပြောသူဟာ မိတ်​​ဆွေ​ကောင်းမဟုတ်​ပါ။ သူ​တော်​​ကောင်းမဟုတ်​ပါ။ လူညံ့ လူယုတ်​တို့ရဲ့လက္ခဏာအင်္ဂါပါ။
ကဲ ဒီ​လောက်​ဆို သ​ဘော​ပေါက်​​ကောင်းပါရဲ့။ ငါ သူတပါး ဘယ်​သူကလူမိုက်​ ဘယ်​သူကလူယုတ်​ ဘယ်​သူကပညာရှင်​ ဘယ်​သူကသူ​တော်​​ကောင်း ခွဲခြားနိုင်​​ကောင်းပါရဲ့။ ဘယ်​သူကမင်္ဂလာရှိသူ ဘယ်​သူက အမင်္ဂလာ​ကောင်​သိ​လောက်​ပါရဲ့။ သတ်​မှတ်​ခွဲခြားနိုင်​​လောက်​ပါရဲ့။
ခန္တီရဲ့သ​ဘောကိုသိလာရင်​ ​ကောင်းနိုးရာရာ​တွေကိုပြုလို့ ​လောကဓံနဲ့​တွေ့ရင်​မတုန်​မလှုပ်​ဘဲ မင်္ဂလာရှိသူများဖြစ်​ကြပါ​စေလို့ ဆု​တောင်း​ပေးပါရဲ့ဗျာ။
မ​ကောင်းမှုကိုပယ်​​ဖျောက်​လို့ ​ကောင်းမှု​တွေ​ရောက်​ပ​စေ။ ခင်​မင်​တဲ့......
Monday, 9 September 2013
ဖတ်​ဖူးသမျှ
သုတမရှိ သီလရှိက
သီလအတွက်​ နှစ်​သက်​ကုန်​ကြ
ချီးမွမ်းရ၏။
သီလမရှိ သုတရှိ​သော်
တတ်​သိချည်းနှီး ကျိုးမဲ့ကြီးဟု
မချီးမွမ်းကြ ကဲ့ရဲ့ရ၏။
သုတသီလ စွယ်​စုံလှမူ
ထိုသသူကို နတ်​လူ​ကောင်းချီး
ခေါ်မငြီးဘူး။
မငြီးရှု​မြော်​ ရှိပူ​ဇော်​၍
ကော်​​ရော်​ဦးခိုက် ချီးမွမ်းထိုက်​ရှင့်​။
(မာဃ​ဒေဝ လင်္ကာသစ်​)
Monday, 2 September 2013
လူမိုက်​ဆိုတာ
လူမိုက်​ဆိုတာ မ​တော်​တဆဖြစ်​ရတဲ့လူမိုက်​လည်းရှိတယ်​။ မဖြစ်​မ​နေဖြစ်​ရရှာတဲ့ လူမိုက်​လည်းရှိတယ်​ဗျ။ လူယုတ်​ဆိုတာက​တော့ ဗီဇကပါလာတဲ့လူယုတ်​ပဲရှိမယ်​ထင်​တယ်​ဗျာ။
ဥပမာဗျာ- တစ်​စုံတစ်​​ယောက်​ဟာ ကိုယ့်​ရဲ့မ​အေဖ​အေကို ​စော်​ကား​မော်​ကားလုပ်​တဲ့အခါ သားသမီးက ဒေါသအ​လျောက်​ ​စော်​ကားသူကို ​ရိုက်​​ကောင်းရိုက်​မိမယ်​။ ဒါဆို ​​​ထောင်​တန်းကျမယ်​ လူမိုက်​ဖြစ်​သွားတယ်​။ ဒါက မ​တော်​တဆဖြစ်​ရရှာတာ မဖြစ်​မ​နေ​ရှောင်​လွဲမရနိုင်​တဲ့ လူမိုက်​က​လေး​ပေါ့။ ဒီလိုမျိုးလူမိုက်​ဖြစ်​သွားရတဲ့သူဟာ လူမိုက်​လို့​ပြောရ​ပေမယ့်​ သုံးစားမရတဲ့ ​ပေါင်းသင်းလို့မရနိုင်​​တော့တဲ့ မ​ပေါင်းသင့်​တဲ့ လူသားတစ်​​ယောက်​က​တော့ မဟုတ်​ပါဘူး​နော။
လူတချို့က​တော့ မ​အေဖ​အေလို​မေတ္တာစိတ်​ထားပြီး ရပ်​ကျိုးရွာကျိုး​ဆောင်​ရွက်​သူများကို လူမိုက်​လို့သတ်​မှတ်​ချင်​တတ်​ကြတယ်​။ လက်​မှတ်​ထိုးမရနိုင်​တဲ့လူငယ်​​တွေကို နှိမ်​ခုဆက်​ဆံချင်​ပြီး ​ထောက်​ခံချက်​​ပေးနိုင်​တဲ့အာဏာရှိသူများကို​တော့ f​ပေးဆက်​ဆံချင်​တတ်​ကြတယ်​။ သူများပိုက်​ဆံနဲ့​ရေစက်​ခွက်​ကိုင်​ဖို့ မရှက်​မ​ကြောက်​တတ်​သူကို လူရာသွင်းတတ်​ချင်​ကြတယ်​။
လူယုတ်​ဆိုတာက​တော့ ဗီဇနဲ့သ​န္ဓေကကို ပါလာတာပါ။ ငယ်​စဉ်​ကတည်းက မမျှတတဲ့အတ္တကြီးတာ ထင်​ရှားပါတယ်​။ ပတ်​ဝန်းကျင်​မှာ အများအပြားရှိ​နေတာမို့ နမူနာပြစရာ မလို​လောက်​ပါဘူး​နော။
ဒီ​တော့လူမိုက်​ဆိုတာ ဘာမှသုံးစားလို့မရပါဘူး​တော့ မ​ပြော​စေချင်​ပါဘူးဗျာ။ တချို့လူမိုက်​ဆိုတာ​တွေက ပတ်​ဝန်းကျင်​က မမျှမတသတ်​မှတ်​ထားတာ​တွေပါ။ အများအတွက်​သုံးစားလို့မရတဲ့ လူယုတ်​​တွေကသာ တကယ်​မ​ပေါင်းသင့်​တဲ့သူ​တွေပါ။ ​အောက်​တန်းစားစိတ်​ဓာတ်​ကို ​ရှောင်​ကြရမှာ စတစ်​အင်္ကျီ​တွေ​ရွေးမ​ပေါင်းချင်​ပါနဲ့။ ​မော်​ဒယ်​မြင့်​ကား​တွေကို ​ရွေးမ​ပေါင်းချင်​ပါနဲ့။ ​အောက်​ကြယ်​သီးပြုတ်​​နေတဲ့ ဗိုက်​ပူကြီး​တွေကိုလည်း​ရွေးမ​ပေါင်းချင်​ပါနဲ့။ သူခိုးက လူလူဟစ်​​နေတဲ့သူ​တွေကိုလည်း ​ရွေးမ​ပေါင်းချင်​ပါနဲ့။
ကျ​နော်​ ဒီစာ​ရေးရတာက လူမိုက်​ လူယုတ်​ ခွဲခွဲခြားခြားနားမလည်​နိုင်​​သေးတဲ့ အကို​လေးတစ်​​ယောက်​အတွက်​ပါ။ ဘုရား​လောင်းသူ​တော်​​ကောင်းဆိုတာ ဓမ္မနဲ့အဓမ္မယှဉ်​လာခဲ့ရင်​ ကိုယ်​ကျိုးကို​သော်​လည်း​စွန့်​လွတ်​၍ ဓမ္မကိုမြတ်​မြတ်​နိုးနိုးတန်​ဖိုးထားပြီး ကာကွယ်​​စောင့်​​ရှောက်​ပါတယ်​တဲ့။ ငရဲပဲဖြစ်​ဖြစ်​ မင်းစိုးရာဇာပြစ်​ဒါဏ်​ကိုပဲဖြစ်​ဖြစ်​ မတုန်​မလှုပ်​ရင်​ဆိုင်​ လုပ်​ကိုင်​တတ်​ကြပါတယ်​။ လူသာမညတို့မြင်​နိုင်​စွမ်း​သော အရာဌာန​တွေမဟုတ်​လို့ လူယုတ်​နဲ့ လူမိုက်​ကွာခြားမှုအ​ကြောင်းကို အထိုက်​အ​လျောက်​ရှင်းပြလိုက်​ပါတယ်​။
ကျ​နော်​ လူမိုက်​အား​ပေးမဟုတ်​ပါဘူး လူမိုက်​အား​ပေးမလုပ်​ပါဘူး။ လူယုတ်​မဟုတ်​သူကိုသာ ​ရှောင်​ရှားနိုင်​​စေ​ကြောင်း သက်​ငယ်​စကားသက်​ကြီးကြား​စေဖို့ ​မေတ္တာဖြင့်​,,
(ဘုရားစ​သော သူ​တော်​​ကောင်းတို့ကဲ့ရဲ့မှုကို ​ကြောက်​ပါ။
လူယုတ်​တို့ရဲ့ကဲ့ရဲ့မှုကို မ​ကြောက်​ပါနဲ့။)