ဝိရောဓိ ၂
ပေါ့ပေါ့နေ ပေါ့ပေါ့စားဖို့
ပေါ့ပေါ့ပါးပါးနေရတာမဟုတ်
အဆဲခံ အဆိုခံ
အငြူစူခံ အထိုးအကြိတ်ခံ
လောကဓံမှန်သမျှ
ကြံ့ကြံ့ခံလို့
သာမန်လူသား လက်မြှောက်သွားနိုင်တဲ့
မှန်မှန်ကန်ကန်
ကြော့ကြော့လေးနေပြနိုင်မွ
ပေါ့ပေါ့နေ ပေါ့ပေါ့စားဖြစ်တယ်။
စေတီရှင်
ဝိရောဓိ ၂
ပေါ့ပေါ့နေ ပေါ့ပေါ့စားဖို့
ပေါ့ပေါ့ပါးပါးနေရတာမဟုတ်
အဆဲခံ အဆိုခံ
အငြူစူခံ အထိုးအကြိတ်ခံ
လောကဓံမှန်သမျှ
ကြံ့ကြံ့ခံလို့
သာမန်လူသား လက်မြှောက်သွားနိုင်တဲ့
မှန်မှန်ကန်ကန်
ကြော့ကြော့လေးနေပြနိုင်မွ
ပေါ့ပေါ့နေ ပေါ့ပေါ့စားဖြစ်တယ်။
စေတီရှင်
မတ္တရာမြို့ဆိုတာ
ဗို့အားမြင့် 33000V 11000Vနှစ်ကြိုးဝန်းရံထားတဲ့
၄၈ပေအကွာအဝေးကြားက
လမ်းကျဉ်းလေးထဲ့ထားတဲ့မြို့
မီးလောင်လွယ်တဲ့ ဓာတ်ဆီဆိုင်နှစ်ဆိုင်ပေါ်နဲ့
ဖုန်းကြိုးတစ်လျောက်လုံးပေါ်ကို
33000Vတင်ထားတဲ့မြို့
စိမ်းလန်းတဲ့
နဝင်းကြေသစ်ပင် ၁၆၂ ပင်ကို
ကတုံးချိုင်လို့ ကျက်သရေယုတ်ချင်တဲ့မြို့
မြို့လယ်ခေါင်မွာ ဓာတ်ဆီဆိုင် ၂ဆိုင်
ကိုက်၁၀၀မကျော်အောင် ချထားပေးတဲ့
အုပ်ချုပ်သူ အန္တရာယ်ကောင်ရှိတဲ့မြို့
ခရီုနီအယုတ်ကောင်တွေ၊ မြို့မ,ဖခေါ်တွေ
အုပ်ချုပ်သူအကောင်နဲ့ပေါင်းလို့
ခေါင်းထောင်ထချင်တဲ့မြို့
မြို့ချစ်တဲ့လူငယ်တစ်စုကို
ကျန်စစ်သား ငါ့ကိုခိုးသလို
အခါဖျက် အပုတ်ချဖို့ ကြိုးစားနေတဲ့မြို့
ကိုယ့်ကိုမုန်းနေတဲ့လူတွေကို
အစဉ်သနားစောင့်ရှောက်လိုတဲ့
လူငယ်တွေ ဦးဆောင်မှု့ရှိတဲ့မြို့
လာမယ့်နှစ်သစ် ခေတ်သစ်မှာ
တောက်ပတဲ့လူငယ်တွေမွေးဖွားပေးမယ့်
နံ့သာထင်း*လူငယ်အများကြီးရှိတဲ့မြို့။
ကမ္ဘာနဲ့ မြန်မာအတွက်
သမိုင်းရင့်ရင့်လူသားတွေမရှိပေမယ့်
သမိုင်းနုနုလူသား မဖြစ်ခဲ့တဲ့မြို့
ဒီမြို့ဟာ
အစဉ်မြို့ဖြစ်တဲ့မြို့
တောမဟုတ်ခဲ့ဖူးတဲ့
မြို့ဆိုမှ တကယ့်မြို့စစ်စစ်ကြီးဖြစ်ခဲ့တဲ့မြို့။
###
နံ့သာထင်း= နံ့သာထင်းသည် မီးရှို့သူကိုသော်လည်း ပြာမကျမချင်း မွှေးရနံ့ပေး၏။