Monday, 30 December 2013

တန်ဖိုး နှင့် အသုံးဝင်မှု

တန်ဖိုး နှင့် အသုံးဝင်မှု


ကျနော် ခရီးဝေးသွားရင် လက်ဝှေ့ပွဲမှာအထိုးခံရသလိုမျိုး ထောင့်ပျောက်ပျောက်သွားတတ်တယ်။ ဘုရားတစ်ဆူရောက်တိုင်း ဂြိုလ်ပြေနာမ်ပြေဘုရားကိုသွားရတယ်။ ဒါမွ အရပ်မျက်နှာတွေပြေလည်တယ်။ ဆင်ဖြူရုပ်ကတောင်အရပ် ပူးရုပ်ကမြောက်အရပ် အဲသလိုမှတ်သားထားရတယ်။ ဘုရားရောက်ရင်တော့ မေးစရာမလိုဘူး။ ပြေလည်သွားပါတယ်။ ဒီလိုမျက်စေ့လည် လမ်းပျောက်တတ်လွန်းတဲ့ကျနော်ဟာ အတွေးတစ်စ ဝင်လာခဲ့ပါတယ်ဗျာ။


အခြားမြို့ရွာမှာ မျက်စေ့လည် လမ်းမသိတော့ဘူးဆိုရင် ကျနော်တို့ခင်ဗျားတို့ဘယ်သူ့ကို မေးရမလဲ။ လွယ်လွယ်တွေ့တဲ့ဆိုက်ကားသမား မြင်းလှည်းသမား ဒါမှမဟုတ် ကွမ်းယာသည်ကို မေးရမှာပေါ့နော။ ခင်ဗျားက ဆရာကြီးတစ်ယောက်ဆိုပါတော့ ဒီအချိန်မွာ ငါကဆရာတစ်ဆူပဲ သာမန်လူတွေနဲ့စကားမပြောချင်ဘူး။ မေးရမှာ အောက်တန်းကျတယ်လို့များ တွေးမိသလားဗျာ။ ငါဟာပညာရှင်ဖြစ်တယ် ဒါကြောင့် ပညာရှင်ဖြစ်တဲ့ ဆော့ခရိတ္တ အိုင်းစတိုင်းတို့မှပဲ လမ်းပျောက်တာကိုမေးတော့မယ်လို့ တွေးမိသလားဗျာ။ ဆော့ခရိတ္တ အိုင်းစတိုင်းတို့ အတွေးအခေါ်က တော်လည်းတော် ကောင်းလည်းကောင်းမွာပါ။ ဒါပေမယ့် ကိုယ်မရောက်ဖူးတဲ့အရပ်ဒေသမှာ လက်ရှိနေထိုင်တဲ့ ဆိုက္ကားဆရာ မြင်းလှည်းဆရာ ကွမ်းယာသည်လိုတော့ လမ်းကျွမ်းမွာ မဟုတ်ပါဘူး။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ပြည်သူထဲကပြည်သူမို့ အစိုးရကိုအကူအညီတောင်းခွင့်ရှိတယ်ဆိုပြီး သမတကြီးဆီကိုဖုန်းဆက်မေးဖို့များ စိတ်ကူးရသလားဗ်ာ။ ဒီလိုသေးနှုပ်တဲ့အလုပ်မျိုးကို ရင်ဝယ်သားလိုပြည်သူကိုချစ်ရှာတဲ့သမတကလည်း အလုပ်တွေများနေလို့ ဖြေရှင်းပေးလိုမှာ မဟုတ်ပါဘူး။


တွေးကြည့်ပါဗျာ။ ဆော့ခရိတ္တ အိုင်းစတိုင်းတန်ဖိုးရှိပါတယ်။ ကျေးဇူးများပါတယ်။ သမတကြီးလည်း တန်ဖိုးကြီးပါတယ်။ ကျေးဇူးများပါတယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ အသုံးဝင်ဆံ့တာပါ။ လတ်တလော လမ်းပျောက်နေတဲ့အခါ လမ်းဘေးကဆိုက္ကားသမားကသာ လမ်းညွှန်ပေးနိုင်တာ။ ဒါကြောင့်မို့ တန်ဘိုးဘယ်လောက်ကြီးတယ်ဆိုတာထက် ဘယ်လောက်အသုံးဝင်တယ်ဆိုတာကို ကာလ ဒေသ ပယောဂအလိုက် ချင့်ချိန်သုံးသပ်ရပါမယ်။ သွားနေတဲ့လမ်း ရောက်သင့်တဲ့အချိန်ရောက်ဖို့ ဘယ်သူကူညီနိုင်တယ်ဆိုတာ ဉာဏ်နဲ့ဆင်ခြင်ပြီး မိမိတို့ရဲ့ပညာတတ်ယောင်ယောင်ဖြစ်နေတဲ့ မာနကလေးများလျော့ချလို့ ၂၀၁၄မှသည် ၂၀၁၅ဆီသို့ အောင်မြင်မှုများစွာနဲ့ အရောက်လှမ်းနိုင်ကြပါစေဗျာ။


ခရစ်နှစ်သစ်အတွက်အကြို




Sunday, 29 December 2013

ဝေဖန်ရေး

ဝေဖန်ရေး


ခွေးချီး

*****

သူဆင်းရဲသားအမိတို့ ဆန်ကွဲထမင်း ပုန်းရည်ဟင်းချက်စားနေတာကို မလိုတမာစိတ်အမြဲမွေးတဲ့သူဌေးက.. နင်တို့ထမင်းဟင်းကလည်း ခွေးချေးလောက်တောင် ကောင်းမှာမဟုတ်လို့ ဝေဖန်သတဲ့။ အဲဒီအခါ စကားတတ်တဲ့သူဆင်းရဲမက.. ဒါကတော့ သူဌေးအကြိုက်သူဌေးပြောတာကိုး ဆန်ကွဲထမင်းပုန်းရည်ဟင်းက အသက်မသေဘူးတော့..တဲ့။


ဝေဖန်တယ်ဆိုတာလည်း လွယ်လှတာမဟုတ်ဘူး။ ကိုယ့်အကြိုက်ချည်း သွားပြောမိနေဦးမယ်။ ဒါကြောင့် ဝေဖန်မယ်ဆိုရင် သူအကြိုက်ထက်သာလွန်တဲ့အကြံပေးချက်ရှိမှ ဝေဖန်ပါ။ အမှန်ဆိုရင် နတ်သုဒ္ဓါလောက်ပြောနိုင်မှပေါ့ဗျာ။ နတ်သုဒ္ဓါစားဖို့ နတ်သုဒ္ဓါစားရန်နည်းလမ်းကလေးများပေးရင်တော့ သူဆင်းရဲမလည်းယူမှာ က်နော်တို့လည်းယူမှာပါ။


ဒါပေမယ့် ဝေဖန်သူတိုင်းဟာ သူ့ရဲ့ထောင်နိုင်တဲ့နားကလေးကိုလည်း ချင့်ချိန်ရပြန်သေးတယ်။ ဆုတောင်းစားကလေးငယ်က အိုးပုတ်နဲ့လာတောင်းတာ မေတ္တာနဲ့ ဆင်ဖြူတော်အကောင်လိုက်ကြီးဇွတ်ထည့်မပေးမိစေနဲ့။ အိုးကွဲလို့အော်ငိုရင် ကလေးသူငယ်အခွင့်အရေး လူ့အခွင့်အရေးနဲ့ငြိနေလို့ ကားစင်တက်နေရဦးမယ်။ အဟက် ဟက် ဟက်။


၁၆ကြိမ်မြောက် အာစရိယပူဇော်ပြဲ။ ၂၀၁၃။

၂၀၁၃ခု ၁၆ကြိမ်မြောက် အာစရိယပူဇော်ပြဲ အမှတ်တရ


အသက်၇၀ကျော် စာရေးဆရာကြီးဦးရန်အောင်ကို သူ့အမေက စိတ်မချစွာမှာကြားနေတာက လမ်းဖြတ်ကူးရင် သေချာကြည့်ကူးနော် တဲ့။ မိဘဆိုတာ သားသမီးရဲ့အသက်ကိုမကြည့်ဘူး မသိဘူး။ ထာဝရ ပီဘိကလေးလေးပဲ မှတ်ယူနေကြရှာတယ် တဲ့။ အာစရိယပူဇော်ပွဲကိုရောက်တိုင်း တပည့်တွေဖြစ်တဲ့က်နော်တို့ဟာ ပီဘိကလေးလေးတွေပါပဲ။ ဘယ်တော့မှ အသက်ကြီးမလာဘူး။ ကျနော်တို့က ဆရာတွေကို ငယ်ငယ်တုန်းကလို ချစ်ကြောက်ရိုသေနေကြတုန်း။ ကြောက်ခဲ့ဖူးတဲ့ လေးစားခဲ့ရတဲ့ဆရာတွေဆို တုန်ချိနဲ့တုန်ခါနေပြီဖြစ်တဲ့ဆရာကိုဖေးကူဖို့ လက်မောင်းကလေးကို ဆုပ်ကိုင်ဖေးမဖို့ကို ကြောက်တယ်။ ကျနော်တို့ထက် ထာဝရကြီးကျယ်မြင့်မြတ်တဲ့ဆရာတစ်ယောက်ကို စူပါမန်းတစ်ယောက်လိုသန်စွမ်းမယ်ထင်နေတုန်း။ အလောင်းစည်သူမင်းကြီးလို ငါမအိုသေးဆိုပြီး ဆုပ်ကိုင်လိုက်တဲ့ကျနော်တို့လက်ကို တွန်းဖယ်လိုက်မှာကို စိုးထင့်တုန်း။ ဒီလိုဇဝေဇဝါစိတ်တွေနဲ့ ဆရာ့ကို မရဲတရဲလေးဖေးကူဆုတ်ကိုင်လိုက်တဲ့အခါ ဆရာက ကျနော်တို့မျက်နှာကို စေ့စေ့ကြည့်တယ်။ လူဆိုးကလေးတွေပါလား..တဲ့။ ငယ်ငယ်ကရိုက်ခဲ့လို့ ငါ့ကို မတွဲဘဲ ပစ်ထားမှာ စိုးရိမ်လိုက်ရတာကွာ..တဲ့။ ဒီလိုအပြော ဒီအသံလေးကြားရတော့မှ ဆရာကို အသားချင်းမထိရဲလောက်အောင် လေးစားကြောက်ရွံ့တဲ့စိတ်က ပြေပျောက်လာတာပေါ့။ ဆရာကသာ လူဆိုးတွေ ငါ့အနားမကပ်နဲ့ ပြောမှာပဲ စိုးရိမ်တာပါ လို့တိုးတိုးလျှိုးလျှိုးပြောမိကြတယ်။ ဒီလိုမေတ္တာစကားတွေနဲ့စလို့ ဆရာကပြုံးပြုံး တပည့်တွေတရုန်းရုန်းနဲ့ နှစ်စဉ်နှစ်တိုင်း ကြည်နှုးနေကြရတဲ့ နှစ်တစ်ခုလုံးရဲ့ နောက်ဆုံးလ နောက်ဆုံးပတ်ရဲ့ နေ့သစ်ကလေးတနင်္ဂနွေနေ့တိုင်းလေ....


ဆရာများ၏ မေတ္တာအားဖြင့်

စေတီရှင်

၂၉၁၂၂၀၁၃

Tuesday, 17 December 2013

ဦးခေါင်း ပြတ်ကျခြင်း

ဦးခေါင်းဆိုတာ မသိမွတော့ ဦးခေါင်းပြတ်ကျခြင်းကို ဘယ်လိုသိနိုင်မလဲ။ ..တဲ့။ ကျိန်စာတိုက်ခံရတဲ့ ပုဏ္ဏားကို ဘုရားရှင်ကမေးခွန်းနဲ့အားပေးလိုက်တာပါ။ တချို့မေးခွန်းတွေမှာ အဖြေတွေက ရာနှုန်းပြည့်ပါနေတတ်တယ်။ ဒီလိုပါပဲ တစ်ချို့အဖြေတွေမှာ မေးခွန်းပေါင်း အသိန်းအသောင်းမက နက်နဲနေတတ်ပါတယ်။ သေချာကြည့်ပါ။ သေချာဖတ်ပါ။ ကိုယ့်ခွန်အားရှိသလောက် ထမ်းပိုးသယ်ဆောင်ခွင့့်ပြုပါတယ်။


ခြငေ်္သ့ကိုရင်ဆိုင်စိန်ခေါ်မိတဲ့ ဝက်တစ်ကောင်က မစင်တွင်းမှာဆင်းစိမ်မွ လွတ်မြောက်လမ်းရခဲ့တာ။ ခြငေ်္သ့က မစင်ကိုရွံတတ်တာလား ဝက်ကိုကြောက်တတ်တာလား သိတတ်ပါစေ။


ကိုယ့်မျက်လုံးအစုံ တင်းတင်းပိတ်နေရုံနဲ့ နေမင်းရဲ့အလင်းရောင်က ပျောက်ပြယ်သွားမှာမဟုတ်ပါဘူး။


ဦးခေါင်းဆိုတာသိမွ ဦးခေါင်းပြတ်ကျခြင်းကို သိနိုင်ပါလိမ့်မယ်။ ကျိန်ဆိုခြင်းဆိုတာ ဧဉ့်ခံပွဲတစ်ခုပါ။ ဧဉ့်သည်မစားရင် အိမ်မှာကျန်ခဲ့ပါသတဲ့။

ဉာဏ်တိမ်လို့ကတော့ နွားခြေရာခွက်ထဲမွာ သမုဒ္ဒရာကြီးလိုနစ်တော့တာပဲ။

ဉာဏ်တိမ်လို့ကတော့ နွားခြေရာခွက်ထဲမွာ သမုဒ္ဒရာကြီးလိုနစ်တော့တာပဲ။


?????????????????????

ဉာဏ်တိမ်လို့ကတော့ နွားခြေရာခွက်ထဲမွာ သမုဒ္ဒရာကြီးလိုနစ်တော့တာပဲ။

ဉာဏ်တိမ်လို့ကတော့ နွားခြေရာခွက်ထဲမှာ သမုဒ္ဒရာကြီးလိုနစ်တော့တာပဲ။


?????????????????????

Thursday, 5 December 2013

အထီးကျန်ခြင်း

အထီးကျန်ခြင်း


[အမတွေမရှိလို့ အထီးကျန်တာလားလို့ ဆရာတော်တစ်ပါးငယ်ငယ်ကတွေးဖူးတယ်ဆိုပဲ။] အထီးကျန်တဲ့ဘဝကိုတော့ က်နော်ငယ်ငယ်ကတည်းက ခံစားခဲ့ရတာ။ က်နော်က လူဝင်စားလေ။ မိုးကလေးများ ညို့လာရင် လက်ရှိမိသားစုအမေအဖေစုံစုံလင်ရှိလည်း အထီးကျန်တဲ့စိတ်ဖြစ်တယ်။ တကယ်ချိန်စက်ကြည့်တော့ ဘဝဟောင်းကနှစ်ပေါင်းမ်ားစြာနေခဲ့ရတာ အခုဘဝသစ်က ၆နှစ် ၇နှစ်ဆိုတော့လည်း အဲဒီအချိန်က ဘဝဟောင်းကိုပဲလွမ်းတယ်။ က်နော်တို့ခေတ်က tv game လည်းမရှိ computer လည်းမရှိတော့ ဘဝချင်းတူရင် ဘဝဟောင်းကိုပဲလွမ်းတယ်။


အခုချိန်သာဆို တမ်းမက်စရာတွေများနေတော့ ရောက်ရာအရပ် လက်ရှိဘဝကိုပဲတွယ်တာမိမွာပါ။ ကြီးလာတော့ အတိတ်ဘဝမပြောနဲ့ လက်ရှိဘဝတောင် ဘယ်အချိန် ဘယ်နေရာရောက်နေတယ် မတွေးမိဘူး။ သတိတရားထား ဆင်ခြင်မွပဲ ငါ ဆိုတာကိုပြန်သတိရတယ်။ ကာမဂုဏ်တရားတွေက စိတ်ကိုနောက်ကျိမေ့လျော့စေပါတယ်ဗ်ာ။


ခင်ဗျားတို့က လူအဖြစ်နီးနီးစပ်စပ်မဝင်စားခဲ့တော့ သေခြင်းတရားရဲ့ဒါဏ်ချက်တွေ မိသားစုနဲ့ခွဲခွာရတဲ့ဒါဏ်ရာဒါဏ်ချက်တွေ စောစောစီးစီးမသိရဘူးပေါ့။ ကံဆိုးသလား ကံကောင်းသလား တစ်ခါတစ်ခါတွေးကြည့်တော့ နှစ်ခုစလုံးရောထွေးနေပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကံကောင်းတယ်လို့ က်နော်တော့ယူဆပါတယ်။ ဘာလို့လဲဆိုတော့..


ငယ်ငယ်ကတည်းက မရဏာနုဿတိကို အမှန်အကန်မဟုတ်တောင် သံဝေဂလောက်တော့ တွေးဆနေလို့ပါပဲ။ ကြာလာလေလေ ဘဝဆက်ကြီးကိုကြောက်ရွံ့လာလေဖြစ်နေမိတယ်။ ဘာဝနာဉာဏ်မဟုတ်လို့ အသုံးမဝင်လွပေမယ့် ဘဝ,နာဉာဏ်ဆိုတော့ သူတစ်ပါးပြောတဲ့ သံသရာမရှိဘူး သေရင်ပြတ်ဆိုတဲ့ဝါဒကတော့ က်နော့်မှာတစ်ခါမှမဖြစ်ဘူး။ အဲလိုဝါဒမျိုးလာပြောရင်လည်း ဒီကောင်အရင်ဘဝကလူမဖြစ်ခဲ့ဘူး။ သံသရာအဆက်ဆက်ကိုမသိဘူးဆိုပြီး သနားလည်းသနားတယ် ရယ်လည်းရယ်ချင်တယ်။[ရယ်=သရော်]


ငယ်ငယ်ကတည်းက သံသရာအကြောင်းကိုသိရတာ ကံမကောင်းဘူးလား။ ဒီကမှတဆင့် ကံအကြောင်းကို ချင့်ချိန်သိလာ ဒီကံကိုဉာဏ်နဲ့ဖြတ်ရင် ပြတ်တယ်ဆိုတာသိလာရတာ သိတ်ကောင်းတဲ့ လူဝင်စားဘဝပါပဲ။


အရင်တုန်းက အထီးကျန်တယ်ဆိုတာ ချစ်တဲ့သူတွေနဲ့ခွဲခွာရလို့ ထင်မိတာ၊ ကြီးလာတော့ အသိဉာဏ်ခြင်းမတူတဲ့အခါ အထီးကျန်တတ်တယ်ဆိုတာ သိလာရတယ်။ ကြာလေလေ စကားပြောဖော်မရှိလေလေပဲ။ ကြာလေလေ စကားပြောချင်စိတ်မရှိလေလေပဲ။ လူကြီးတွေအထီးကျန်တယ်ဆိုတာလည်း လက်ရှိလူငယ်တွေနဲ့ အသိဉာဏ်ဗဟိုပြုမှုမတူတဲ့အခါ ဖြစ်တတ်တာပါပဲ။ လူငယ်လည်း အထီးကျန်တတ်ပါတယ်။ ဒီလိုအထီးကျန်မှုကို ဒါဏ်မခံနိုင်တဲ့သူ စိတ်ဓာတ်မရင့်ကျက်သူဟာ အသက်ဆုံးရံှုးတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထီးကျန်ဆန်ပြီး စိတ်ကျလာရင် အတွေးအခေါ်တူသူခြင်း အသက်အရွယ်တူသူခြင်းရွေးပေါင်းသင့်ပါတယ်၊ ရှာပေါင်းသင့်ပါတယ်၊ လူတောတိုးနေသင့်ပါတယ်။ နောက်တစ်နည်းကတော့[အကောင်းဆုံးနည်း] သံဝေဂယူပြီး တရားဘာဝနာအားထုတ်သင့်ပါတယ်။


ဓမ္မနဲ့ကြည့်ရင်တော့ အဖွဲ့အစည်း ဂုဏ်ရည်တူ အတွေးအခေါ်တူသူတွေနဲ့နေပေမယ့် ရောဂါဖြစ်ရင်[အို နာ သေ ဖြစ်ရင်] ကူဖော်ကူဖက်မရှိ တကိုယ်တည်းအထီးကျန်စြာခံစားရတာပါပဲ။ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးုကြတဲ့မိသားစုအဆောက်အဦကြီးကြီး စကြာဝတေးမင်းပဲဖြစ်ဖြစ် သွားကိုက်လာရင်ကိုပဲ တစ်ယောက်တည်းခံရပါတယ်။ အို နာ သေဆိုတဲ့ဒုက္ခမျိုးကတော့ သွားကိုက်တာလိုမဟုတ်တော့ ဝေမျှယူလို့ရလည်း ဘယ်သူမွဝေမျှမယူချင် ကိုယ်တစ်ယောက်တည်း လူပုံအလည်းမှာအထီးကျန်ဆန်ဆန်ခံရမွာပါ။ ဒါကြောင့်ဘယ်သူ့ကိုမှ အရမ်းအားကိုးချင်တဲ့စိတ်မျိုးမမွေးဘဲ မအိုခင် မနာခင် မသေခင်မွာ စိတ်ဖြောင့်ဖြောင့်စိတ်ချမ်းချမ်းသာသာနေနိုင်အောင် စိတ်ကိုအလေ့အကျင့်လုပ်ပေးထားသင့်ပါတယ်။ ဒီအကျင့်ကတော့ ဗုဒ္ဓဘာသာမှာပဲ ရှာဖွေရင်အလွယ်ကလေးနဲ့ရနိုင်တဲ့တရားဖြစ်ပါတယ်။ အျခားဘာသာကတော့ ရှင်တုန်းမွာမသိခဲ့တော့ သေခါနီးမှာ ဆင်ခြင်နိုင်ဖို့မလွယ်ပါဘူး။ သံသရာဆိုတာကလည်း ရှိနေလေတော့ စိတ်မဖြောင့်ဘဲသြားရတဲ့ခရီးက အလွန်ပဲလွမ်းမောဖွယ်ကောင်းပါတယ်။ ဒါကလူဖြစ်ခဲ့ရင်ပါ။ လူမဖြစ်လို့ကတော့ ဒုဂ္ဂတိဘုံရောက်လို့ကတော့လားဗျာ လွမ်းဖို့အချိန်ရမယ် မဟုတ်ပါဘူး။ လည်လွီးခံရတဲ့ ဘဝထဲပါသွားနိုင်ပါတယ်။ တရားသံဝေရကြပါစေဗျာ။


အနှစ်ချုပ်ပြောရရင်တော့ဗျာ လူတိုင်း လူတိုင်းအထီးကျန်ဆန်ကြရမှာပါ။ တရားသတိနဲ့သာနေနေကြပါ။ အခု က်နော်ကျမ္မာရေးမကောင်းတော့ အထီးကျန်ဆန်ဆန်တစ်ယောက်တည်းခံနေရတယ်။ အထီးကျန်ဆန်တယ်ဆိုတာ ဘယ်သူမွဝေမျှမယူနိုင်ဘူးပြောတာပါ။ က်နော်တော့ သေရမှာ သိတ်မကြောက်ပါဘူး။ ဘယ်လိုသေသွားသလဲ ဘယ်လိုအသက်ဆက်သြားသလဲ ရုပ်နာမ်တွေဘယ်လိုကူးသလဲ သိတ်သိချင်တယ်။ နောက်ဘဝဆိုတာကြီးကို ဒီတစ်ခါတော့ သတိထားပြီးစောင့်ကြည့်သွားမယ်။ ဒါပါပဲ ခင်ဗ်။


ခင်မင်ရတဲ့ဟေ့လူတွေ ဆူးလှည်းတစ်ကောင်သေတော့မယ်ထင်ပြီး ဝမ်းသာမနေကြနဲ့ဦး။ ဒီလူက အလတ်ကြီးရှိသေးတယ်။ ဒီစာက ပုရွက်ဆိတ်ကိုက်တာကို သေလူလိုသဘောထားပြီး စိတ်ကူးယဉ်ရေးကြည့်တာ လူမမာလည်းလာမေးဖို့မလိုဘူး။ ဒီမောင်က အသက်တစ်ရာ့နှစ်ဆယ်ရှည်မယ့်သူပါ။ :-P


ခင်မင်တဲ့

စေတီရှင်

၆ရောင်ခြယ်သောက

၆ရောင်ခြယ်သောက


အခု မနာပါဘူး

တနေ့နေ့ နာမှာပေါ့


မေတ္တာနဲ့ရင်းတဲ့မျက်ရည်

ညောင်မြစ်တွေ သီးထပ်စိုက်ပျိုးထားခဲ့တယ်။


စေတီရှင်

၀၅၁၂၂၀၁၃




Monday, 2 December 2013

ကွမ်းရဲ့အလှတရား [ ကွမ်းနိုင်ငံရေး ]

ကွမ်းရဲ့အလှတရား [ ကွမ်းနိုင်ငံရေး ]


မတ္တရာသားများ ကွမ်းစားတာအထူးအဆန်း မဟုတ်ပါ။ ဒါကြောင့်အျခားသူတွေမေးကြည့်ချင်တယ်။ ကွမ်းစားဖူးသလား။ အနည်းဆုံးတော့ ကွမ်းစားတာမြင်ဖူးသလားလို့ မေးချင်တယ်။ ကွမ်းမစားဖူးရင်ရတယ် ကွမ်းစားတာမှမမြင်ဖူးရင် ခက်ကပြီ။ နည်းနည်းရှင်းပြမယ်နော်။


က်နော်တို့က ကွမ်းသမား။ ကွမ်းစားတယ်။ ကွမ်းက အညှီအနှောက် အညှီအဟောက်ပြေတယ်။ ထမင်းစားပြီးတိုင်း အာလုပ်ကျင်းတဲ့အလေ့အကျင့်ရှိတယ်ဆိုရင်တောင်မွ စားပြီးတိုင်း သွားတိုက်တယ်ဆိုတာ မြန်မာပြည်မှာရှားတယ်။ ဒါကြောင့်ညှီညှီဟောက်ဟောက်စားရင် အာလုပ်ကျင်းရုံနဲ့ ဟင်းအနံ့မပျောက်ဘူး။ ဂျူ့သောက်ရင် အနံ့ဆိုးပျောက်ပေမယ့် ကွမ်းစားတာလောက်ဈေးသက်သာတာ ရလွယ်တာတော့မဟုတ်ပါဘူး။ ဒါကြောင့် ယောက််ားလေးတွေတော်တော်များများစားတယ်။ အခြားရည်ရွယ်ချက်တွေလည်းရှိပေမပေါ့။


ကွမ်းကလည်း စားတာကြာလာရင်စွဲတယ်။ ထမင်းစားပြီးမဟုတ်လည်းစြဲတော့စားတယ်။ ကွမ်းစားတဲ့သူမ်ားက ကွမ်းတံတွေးထွေးတာ အစတော့ စည်းကမ်းရှိကြတယ်။ နောက်တော့ အဆင်ပြေသလိုပါပဲ။ ဒါပေမယ့် က်နော်ကတော့ စည်းတစ်ခုထားတယ်။ စာသင်ကျောင်း ဘုန်းကြီးကျောင်းမွာ တတ်နိုင်သလောက်မစားဘူး၊ မထွေးဘူး။ စားမိလို့ထွေးရင် အမှိုက်ရှိတဲ့နေရာ အမှိုက်ပုံမှာ ထိုင်ပြီးထွေးတယ်။ ဘုရားခန်းမှာဆိုရင်တော့ ကွမ်းထွေးခံရှိစေဦးတော့ ဘုရားကိုရိုသေသမှုပြုလို့ ဘယ်တော့မှမထွေးပါ။ တစ်နေရာရာကို ထပြီးထွေးပါတယ်။ က်နော်အနေနဲ့ကတော့ စည်းကမ်းမရှိဘူးဆိုရင်တောင် စည်းကမ်းအမဲ့ချည်းတော့မဟုတ်ဘူးလို့ ပြောချင်ပါတယ်။


ကွမ်းသမားတွေဆိုရင် ပိန်တာများတယ်။ ဘာလို့လဲဆိုတော့ သူတို့မြတ်နိုးတဲ့ကွမ်းကိုထွေးပြီး တော်တော်တန်တန်အစားအစာကို မစားပါဘူး။ ဧဉ့်ဝတ်ပြုလည်း ငြင်းတတ်ကြပါတယ်။ တွေ့ကရာရေအိုး တွေ့ကရာရေဗူးကို အများနဲ့ရောနှောမသောက်ကြပါဘူး။ ကွမ်းတံတွေးပေကျန်ခဲ့မွာ သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ။ ကွမ်းမစားတဲ့သူတွေကတော့ တံတွေးကျန်ခဲ့မွာ မပူတတ်ကြပါဘူး။ အမှန်ကတော့ ကွမ်းတံတွေးမပေတော့ ရောဂါပိုးကူနိုင်တာမသိဘဲ သောက်မိတာပေါ့။ :-) ကွမ်းစားတဲ့သူသောက်ရင် ကျမ္မာရေးအရ စုပေါင်းစားသောက်ခြင်း ပုံစံပြောင်းပြီး အနည်းနည်းအကျိုးရှိတဲ့ပုံပဲ။


ကွမ်းစားတာက အစားလွန်ရင် ကင်ဆာဖြစ်ပါတယ်။ ဒါကတော့ တန်ဆေးလွန်ဘေးပေါဗျာ။ ကောင်းပေ့ဆိုတဲ့ ဆေးဖြစ်ဖြစ် အစားအစာဖြစ်ဖြစ် တစ်ထိုင်တည်းအများကြီးစားရင် ဥပါဒ်ပေးတာပါပဲ။ ဟုတ်တယ်မလား။ ကွမ်းစားတာ ပြဿနာကြီးမဟုတ်ပါ။ ဘာသာရေးရှု့ထောင့်ကဆိုရင်တော့ ပြဿနာရှိပါတယ်။ ဆေးထည့်စားရင် မကောင်း။ ညနေပိုင်းစားရင် မမှန်။ မနက်ပိုင်းစားရင်တောင်မွ နှုတ်ခမ်းဆိုးဆေးသဖွယ်ဖြစ်လို့ သံဃာတော်များမစားသင့်ပါဘူးလို့ ဆရာတော်ကြီးတစ်ပါးမိန့်ဖူးပါတယ်။ [ဘွဲ့အမည်သိပါတယ်။ ရေးမထည့်တော့ဘူးနော်။] ကဲပါ လူတွေအကြောင်းပြောရအောင်...။


ကွမ်းသမားတွေက ကွမ်းကိုဘယ်လောက်ကြိုက်ကြိုက် ကွမ်းနဲ့ထမင်းကို ရောမစားကြပါဘူး။ ကွမ်းယာကလေးကိုဝါးလိုက် ထမင်းစားလိုက်မလုပ်ကြပါဘူး။ ကဲ ကွမ်းနိုင်ငံရေးလေး စလိုက်ကြရအောင်။


နိုင်ငံရေးမှာ ဝေဖန်ရေးဆိုတာရှိတယ်။ ဝေဖန်ရေးက အသိအမြင်ကိုကြွယ်ဝစေပါတယ်။ အပြောင်းအလဲကို ဖြစ်စေပါတယ်။ နိုင်ငံရေးမှာ ဝေဖန်ရေးလိုကိုလိုပါတယ်။ ဒေါ်စုလား။ ဝေဖန်ရမွာပါပဲ။ အဝေဖန်လွတ်ရအောင် သူမဟာဘုရားလည်းမဟုတ်။ သူကိုယ်တိုင်ကလည်း မွားတာကို မှန်သယောင်ယောင် မှန်တာကိုမွားသယောင်ယောင် မလုပ်ပါနဲ့။ မိန်းမတန်မဲ့ ယောက််ားစကားပြောပါတယ်။ ဘေးကနေပြီး ယောက်ျားတန်မဲ့ [ယောက်ျားလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ကောင်တွေ] အဝေဖန်မခံနိုင်ဘဲ အသဲနုနေရင် ညနေခင်းလေးတွေမှာ မန္တလေးကျုံးထောင့်နားသြား ဂွင်ရှာလိုက်ပါ။ ယောက်ျားစစ်စစ်တွေ မြတ်နိုးတတ်အောင်လို့။


ကွမ်းစားတာလိုပဲ ချီးမွမ်းတာတွေနေ့စဉ်ကြားနေရတော့ ဝေဖန်သံက အအီအနှောက်ပြေတာပေါ့။ အလုံးစုံမမှန်နိုင်တဲ့သူ အဝေဖန်ခံရမွာပဲ။ မှားရင်ပြင်ရမွာပေါ့။ မင်းဘာကောင်လဲ ငါဘာကောင်လဲ ရန်မရှာပါနဲ့။ မာမီစုကိုဝေဖန်ဖို့ဆိုတာ မိုက်ရူးရဲဆန်တယ်ပြောပြော သတ္တိမရှိဘဲ ဖြန်ထွက်မတွေးတတ်ဘဲ ဘယ်သူမွမဝေဖန်ဘူး။ ဝေဖန်တာကို ဖြေရှင်းတာဟာလူပီသတယ်။ မဖြေရှင်းနိုင်လို့ အမှားကိုဝန်မခံရဲလို့ ယောင်ဝါးဝါးလုပ်တာကတော့ မကောင်းဘူး။ ကွမ်းလေးနည်းနည်းစားပေးဦး ပါးစပ်တွေက အနံ့ထွက်လာတတ်တယ်။


ဦးဝီရသူကိုလည်း သံဃာတော်ဆိုတာရော သိကြရဲ့လား။ သံဃာမဟုတ်ဘဲနဲ့ မစိုးရိမ်လိုကျောင်းမွာ နေလို့ရမလား။ လက်နက်အပြည့်စစ်အစိုးရကိုတောင်မမှုတဲ့ကျောင်း။ အယူအဆမှားလို့ကတော့ ဂဲဒေါက် ပါဘဲ။ ပုဂ္ဂိုလ်ရေးအပုတ်ခ်တာတွေမပြောကြပါနဲ့။ မစိုးရိမ်ကျောင်းတိုက်မွာ သီတင်းသုံးတယ်။ ကျောင်းမွာပဲ အခြေချဆောင်ရွက်တယ်ဆိုကတည်းက ဦးဝီရသူဂုဏ်အရေအသွေးကို မှန်းဆနိုင်ပါတယ်။ ဒေါ်စုကိုဝေဖန်တာ ကောင်းစေချင်လို့ပါ။ က်နော်ကတော့ ဦးဝီရသူဘက်က ပါပဲ။


အာဏာရှင်ခေတ်ကနဲ့ ဒေါ်စုဘေးကကောင်တွေ[ ဒေါ်စုဘေးကကောင်ထက် ဒေါ်စုကို ဘေးတီးပေးသူဆို ပိုမှန်မယ်။ ဒေါ်စုနောက်လည်းမလိုက်ဘဲ ဒေါ်စုအာဘော်မမိတဲ့ကောင်တွေ] သိတ်တူတာပဲ။ စစ်အစိုးရက ပြဿနာဖြစ်လိုက်ရင် နယ်ချဲ့ကီုလိုနီက အစချီရှင်းတာပဲ ဒေါ်စုဘေးတိုက်ကောင်တွေကလည်း white cardပြဿနာပြောတာဘဲ။ ခြသေ့ၤတွေလုပ်တာဟုတ်ပါတယ် သိပါတယ်။ နောက်ဆက်တွဲပြဿနာကို ဘယ်လိုရှင်မလဲ ပြောပါ။ ဒေါ်စုကကော ဝှိုက်ကတ်နောက်ဘာပေးမလဲ။ ဘယ်လိုတားမြစ်မလဲ။ အနာဂတ်ကို ဘယ်လိုဆောင်ရွက်ပြင်ဆင်သလဲ။ ဒီလိုဖြေရှင်းစမ်းပါ။ ပြောရေးဆိုခွင့်ရှိတယ် နိုင်ငံရေးပညာတတ်တယ်ဆို ရှင်းပါ။ ဘာမှလည်း မတတ်မသိဘဲနဲ့ ဝင်ဝင်ရှုတ်နေတယ်။ စိန်ကောင်းကျောက်ကောင်းရောင်းနေတာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ဝင်ဆဲနေတယ်။ ပေါချာချာနိုင်ငံရေးသမားတွေ။


ဟိုပါတီက ဘုန်းကြီးတွေကိုသတ်တဲ့ပါတီ။

ဒီပါတီက ဘုန်းကြီးတွေကိုဆဲတဲ့ပါတီ။ သူလည်း အောက်တန်းစားပါတီလို့ သတ်မှတ်ခံချင်ပြီနဲ့တူတယ်။


ကွမ်းစားတဲ့ဝေဖန်ရေးသမားတွေက မဝေဖန်ရမယ့်နေရာ ထွေးမထုတ်ရမယ့်နေရာသိတယ်။ သံဃာတော်ကို ဘုရားသားတော်ကို လူလိုမပြောဘဲ အောက်တန်းစားဝေဖန်မှု့အောက်တန်းစားဆဲဆိုမှုလုပ်တာ ကိုယ့်အဆင့်ဘာလဲဆိုတာ ပြကြတာပါပဲ။ လော်ဘီတွေက lndထဲဝင်နေပြီထင်တယ်။ lndစစ်စစ်တွေက သူ့အမှားနဲ့သူ ရေငုံနှုတ်ပိတ်နေလောက်ပါတယ်။ လော်ဘီတွေနဲ့ အျခား??သူတွေ ပွဲလန့်တုန်းဖျာခင်းတယ်ထင်ပ။


ကွမ်းသမားက ရောရောနှောနှောမစားတတ်မသောက်တတ်သလို လူတိုင်းကိုတော့ တည့်အောင်ပေါင်းနေမှာမဟုတ်ပါဘူး။ ကိုယ့်အသိတရားနဲ့ကိုယ် နေနေကြပါတယ်။ ရောဂါရတာ ခင်ဗျားတို့အကြောင်းနဲ့ ခင်ဗျားတို့ပါ။ နိုင်ငံခေါင်းဆောင်သမတအထိ တက်မကြည့်ပါဘူး။ ကိုယ့်မြို့ထဲက ဘယ်ပါတီခေါင်းဆောင်ကောင်းသလဲကြည့်မွာရွေးမှာ။ ကိုယ့်မြို့က အမတ်ကောင်းဖို့ပဲရွေးမယ်။ လူကောင်းရင် မူကောင်းပါတယ်။ သမတ ဘယ်သူဖြစ်မွ မဟုတ်ပါဘူး။ လမ်းလျောက်တုန်းက လမ်းပေါ်ကဆူး ဘေးဖယ်တဲ့သူကမွ ပလ္လင်ပေါ်ရောက် ပလ္လင်နဲ့တန်တဲ့ဆူးကို ဖယ်မွာပါ။ လမ်းလျောက်တုန်းက ဆူးဖယ်မပစ်ဘဲ တာဝန်မဲ့ခဲ့ဖူးရင် ပလ္လင်ပေါ်ရောက်ရင်လည်း မှတ်တမ်းတင် စီစစ်ဆောင်ရွက် အစီအစဉ်မရှိသေးပါဘူးပဲ ပြောမှာပါ။ ဒေါ်စုကို အဲလိုမြင်ပါတယ်။ ဒေါ်စုက အမြင်မ်ားတာပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အမြင်မကျယ်ပါဘူး။ ခလုပ်ခဏခဏတိုက်တယ်။ လဲရင်ပြန်ထ မထတော့မသိဘူး။ ခြေမကွဲကြီးနဲ့ ဆက်သြားနေတယ်။ သွေးထွက်လွန်မှာစိုးလို့ ပြောတော့ ဘေးကကောင်တွေက အကျဉ်းစခန်းကမေတ္တာတွေ ကရုဏာတွေကိုမေ့ပြီး အာဏာရှင်စကားတွေပြန်ပြန်ပြောတယ်။ ဒေါ်စုအပြင် lndပါတီမွာ လောက်လောက်လားလားပြောတဲ့သူ တစ်ကောင်တစ်မြီးမှ မတွေ့ပါဘူး။


ကျမ္မာရေးအရ ည၁၂း၀၀ ထိုးပြီမို့ ရပ်ပြီ။ ဆက်ရေးဦးမယ်ဆိုလည်း ရေးချင်မှရေးဖြစ်တတ်တာမို့ နောက်နေ့ စိတ်ထလာရင်ရေးဦးမယ်။ စိတ်မထရင်လည်း မရေးတော့ဘူး။ နိုင်ငံရေး ဘာသာရေးနဲ့ပတ်သက်လာရင် ဆဲမှာလည်းမကြောက်ဘူး အမှားအတွက်ဝန်ခံရမှာလည်းမကြောက်ဘူး။ သမိုင်းကြွေး သံသရာကြွေးတော့ကြောက်တယ်။ ဒေါ်စုကို လေးစားမြတ်နိုးစွာနဲ့ ဝေဖန်ရေးတွေ အလျင်းသင့်ရင် ရေးဦးမှာပါ။ မရေးဖြစ်လာရင် ဆဲမွာကြောက်လို့ မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ။


ခင်မင်တဲ့

စေတီရှင်