ကွမ်းရဲ့အလှတရား [ ကွမ်းနိုင်ငံရေး ]
မတ္တရာသားများ ကွမ်းစားတာအထူးအဆန်း မဟုတ်ပါ။ ဒါကြောင့်အျခားသူတွေမေးကြည့်ချင်တယ်။ ကွမ်းစားဖူးသလား။ အနည်းဆုံးတော့ ကွမ်းစားတာမြင်ဖူးသလားလို့ မေးချင်တယ်။ ကွမ်းမစားဖူးရင်ရတယ် ကွမ်းစားတာမှမမြင်ဖူးရင် ခက်ကပြီ။ နည်းနည်းရှင်းပြမယ်နော်။
က်နော်တို့က ကွမ်းသမား။ ကွမ်းစားတယ်။ ကွမ်းက အညှီအနှောက် အညှီအဟောက်ပြေတယ်။ ထမင်းစားပြီးတိုင်း အာလုပ်ကျင်းတဲ့အလေ့အကျင့်ရှိတယ်ဆိုရင်တောင်မွ စားပြီးတိုင်း သွားတိုက်တယ်ဆိုတာ မြန်မာပြည်မှာရှားတယ်။ ဒါကြောင့်ညှီညှီဟောက်ဟောက်စားရင် အာလုပ်ကျင်းရုံနဲ့ ဟင်းအနံ့မပျောက်ဘူး။ ဂျူ့သောက်ရင် အနံ့ဆိုးပျောက်ပေမယ့် ကွမ်းစားတာလောက်ဈေးသက်သာတာ ရလွယ်တာတော့မဟုတ်ပါဘူး။ ဒါကြောင့် ယောက််ားလေးတွေတော်တော်များများစားတယ်။ အခြားရည်ရွယ်ချက်တွေလည်းရှိပေမပေါ့။
ကွမ်းကလည်း စားတာကြာလာရင်စွဲတယ်။ ထမင်းစားပြီးမဟုတ်လည်းစြဲတော့စားတယ်။ ကွမ်းစားတဲ့သူမ်ားက ကွမ်းတံတွေးထွေးတာ အစတော့ စည်းကမ်းရှိကြတယ်။ နောက်တော့ အဆင်ပြေသလိုပါပဲ။ ဒါပေမယ့် က်နော်ကတော့ စည်းတစ်ခုထားတယ်။ စာသင်ကျောင်း ဘုန်းကြီးကျောင်းမွာ တတ်နိုင်သလောက်မစားဘူး၊ မထွေးဘူး။ စားမိလို့ထွေးရင် အမှိုက်ရှိတဲ့နေရာ အမှိုက်ပုံမှာ ထိုင်ပြီးထွေးတယ်။ ဘုရားခန်းမှာဆိုရင်တော့ ကွမ်းထွေးခံရှိစေဦးတော့ ဘုရားကိုရိုသေသမှုပြုလို့ ဘယ်တော့မှမထွေးပါ။ တစ်နေရာရာကို ထပြီးထွေးပါတယ်။ က်နော်အနေနဲ့ကတော့ စည်းကမ်းမရှိဘူးဆိုရင်တောင် စည်းကမ်းအမဲ့ချည်းတော့မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
ကွမ်းသမားတွေဆိုရင် ပိန်တာများတယ်။ ဘာလို့လဲဆိုတော့ သူတို့မြတ်နိုးတဲ့ကွမ်းကိုထွေးပြီး တော်တော်တန်တန်အစားအစာကို မစားပါဘူး။ ဧဉ့်ဝတ်ပြုလည်း ငြင်းတတ်ကြပါတယ်။ တွေ့ကရာရေအိုး တွေ့ကရာရေဗူးကို အများနဲ့ရောနှောမသောက်ကြပါဘူး။ ကွမ်းတံတွေးပေကျန်ခဲ့မွာ သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ။ ကွမ်းမစားတဲ့သူတွေကတော့ တံတွေးကျန်ခဲ့မွာ မပူတတ်ကြပါဘူး။ အမှန်ကတော့ ကွမ်းတံတွေးမပေတော့ ရောဂါပိုးကူနိုင်တာမသိဘဲ သောက်မိတာပေါ့။ :-) ကွမ်းစားတဲ့သူသောက်ရင် ကျမ္မာရေးအရ စုပေါင်းစားသောက်ခြင်း ပုံစံပြောင်းပြီး အနည်းနည်းအကျိုးရှိတဲ့ပုံပဲ။
ကွမ်းစားတာက အစားလွန်ရင် ကင်ဆာဖြစ်ပါတယ်။ ဒါကတော့ တန်ဆေးလွန်ဘေးပေါဗျာ။ ကောင်းပေ့ဆိုတဲ့ ဆေးဖြစ်ဖြစ် အစားအစာဖြစ်ဖြစ် တစ်ထိုင်တည်းအများကြီးစားရင် ဥပါဒ်ပေးတာပါပဲ။ ဟုတ်တယ်မလား။ ကွမ်းစားတာ ပြဿနာကြီးမဟုတ်ပါ။ ဘာသာရေးရှု့ထောင့်ကဆိုရင်တော့ ပြဿနာရှိပါတယ်။ ဆေးထည့်စားရင် မကောင်း။ ညနေပိုင်းစားရင် မမှန်။ မနက်ပိုင်းစားရင်တောင်မွ နှုတ်ခမ်းဆိုးဆေးသဖွယ်ဖြစ်လို့ သံဃာတော်များမစားသင့်ပါဘူးလို့ ဆရာတော်ကြီးတစ်ပါးမိန့်ဖူးပါတယ်။ [ဘွဲ့အမည်သိပါတယ်။ ရေးမထည့်တော့ဘူးနော်။] ကဲပါ လူတွေအကြောင်းပြောရအောင်...။
ကွမ်းသမားတွေက ကွမ်းကိုဘယ်လောက်ကြိုက်ကြိုက် ကွမ်းနဲ့ထမင်းကို ရောမစားကြပါဘူး။ ကွမ်းယာကလေးကိုဝါးလိုက် ထမင်းစားလိုက်မလုပ်ကြပါဘူး။ ကဲ ကွမ်းနိုင်ငံရေးလေး စလိုက်ကြရအောင်။
နိုင်ငံရေးမှာ ဝေဖန်ရေးဆိုတာရှိတယ်။ ဝေဖန်ရေးက အသိအမြင်ကိုကြွယ်ဝစေပါတယ်။ အပြောင်းအလဲကို ဖြစ်စေပါတယ်။ နိုင်ငံရေးမှာ ဝေဖန်ရေးလိုကိုလိုပါတယ်။ ဒေါ်စုလား။ ဝေဖန်ရမွာပါပဲ။ အဝေဖန်လွတ်ရအောင် သူမဟာဘုရားလည်းမဟုတ်။ သူကိုယ်တိုင်ကလည်း မွားတာကို မှန်သယောင်ယောင် မှန်တာကိုမွားသယောင်ယောင် မလုပ်ပါနဲ့။ မိန်းမတန်မဲ့ ယောက််ားစကားပြောပါတယ်။ ဘေးကနေပြီး ယောက်ျားတန်မဲ့ [ယောက်ျားလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ကောင်တွေ] အဝေဖန်မခံနိုင်ဘဲ အသဲနုနေရင် ညနေခင်းလေးတွေမှာ မန္တလေးကျုံးထောင့်နားသြား ဂွင်ရှာလိုက်ပါ။ ယောက်ျားစစ်စစ်တွေ မြတ်နိုးတတ်အောင်လို့။
ကွမ်းစားတာလိုပဲ ချီးမွမ်းတာတွေနေ့စဉ်ကြားနေရတော့ ဝေဖန်သံက အအီအနှောက်ပြေတာပေါ့။ အလုံးစုံမမှန်နိုင်တဲ့သူ အဝေဖန်ခံရမွာပဲ။ မှားရင်ပြင်ရမွာပေါ့။ မင်းဘာကောင်လဲ ငါဘာကောင်လဲ ရန်မရှာပါနဲ့။ မာမီစုကိုဝေဖန်ဖို့ဆိုတာ မိုက်ရူးရဲဆန်တယ်ပြောပြော သတ္တိမရှိဘဲ ဖြန်ထွက်မတွေးတတ်ဘဲ ဘယ်သူမွမဝေဖန်ဘူး။ ဝေဖန်တာကို ဖြေရှင်းတာဟာလူပီသတယ်။ မဖြေရှင်းနိုင်လို့ အမှားကိုဝန်မခံရဲလို့ ယောင်ဝါးဝါးလုပ်တာကတော့ မကောင်းဘူး။ ကွမ်းလေးနည်းနည်းစားပေးဦး ပါးစပ်တွေက အနံ့ထွက်လာတတ်တယ်။
ဦးဝီရသူကိုလည်း သံဃာတော်ဆိုတာရော သိကြရဲ့လား။ သံဃာမဟုတ်ဘဲနဲ့ မစိုးရိမ်လိုကျောင်းမွာ နေလို့ရမလား။ လက်နက်အပြည့်စစ်အစိုးရကိုတောင်မမှုတဲ့ကျောင်း။ အယူအဆမှားလို့ကတော့ ဂဲဒေါက် ပါဘဲ။ ပုဂ္ဂိုလ်ရေးအပုတ်ခ်တာတွေမပြောကြပါနဲ့။ မစိုးရိမ်ကျောင်းတိုက်မွာ သီတင်းသုံးတယ်။ ကျောင်းမွာပဲ အခြေချဆောင်ရွက်တယ်ဆိုကတည်းက ဦးဝီရသူဂုဏ်အရေအသွေးကို မှန်းဆနိုင်ပါတယ်။ ဒေါ်စုကိုဝေဖန်တာ ကောင်းစေချင်လို့ပါ။ က်နော်ကတော့ ဦးဝီရသူဘက်က ပါပဲ။
အာဏာရှင်ခေတ်ကနဲ့ ဒေါ်စုဘေးကကောင်တွေ[ ဒေါ်စုဘေးကကောင်ထက် ဒေါ်စုကို ဘေးတီးပေးသူဆို ပိုမှန်မယ်။ ဒေါ်စုနောက်လည်းမလိုက်ဘဲ ဒေါ်စုအာဘော်မမိတဲ့ကောင်တွေ] သိတ်တူတာပဲ။ စစ်အစိုးရက ပြဿနာဖြစ်လိုက်ရင် နယ်ချဲ့ကီုလိုနီက အစချီရှင်းတာပဲ ဒေါ်စုဘေးတိုက်ကောင်တွေကလည်း white cardပြဿနာပြောတာဘဲ။ ခြသေ့ၤတွေလုပ်တာဟုတ်ပါတယ် သိပါတယ်။ နောက်ဆက်တွဲပြဿနာကို ဘယ်လိုရှင်မလဲ ပြောပါ။ ဒေါ်စုကကော ဝှိုက်ကတ်နောက်ဘာပေးမလဲ။ ဘယ်လိုတားမြစ်မလဲ။ အနာဂတ်ကို ဘယ်လိုဆောင်ရွက်ပြင်ဆင်သလဲ။ ဒီလိုဖြေရှင်းစမ်းပါ။ ပြောရေးဆိုခွင့်ရှိတယ် နိုင်ငံရေးပညာတတ်တယ်ဆို ရှင်းပါ။ ဘာမှလည်း မတတ်မသိဘဲနဲ့ ဝင်ဝင်ရှုတ်နေတယ်။ စိန်ကောင်းကျောက်ကောင်းရောင်းနေတာ ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ဝင်ဆဲနေတယ်။ ပေါချာချာနိုင်ငံရေးသမားတွေ။
ဟိုပါတီက ဘုန်းကြီးတွေကိုသတ်တဲ့ပါတီ။
ဒီပါတီက ဘုန်းကြီးတွေကိုဆဲတဲ့ပါတီ။ သူလည်း အောက်တန်းစားပါတီလို့ သတ်မှတ်ခံချင်ပြီနဲ့တူတယ်။
ကွမ်းစားတဲ့ဝေဖန်ရေးသမားတွေက မဝေဖန်ရမယ့်နေရာ ထွေးမထုတ်ရမယ့်နေရာသိတယ်။ သံဃာတော်ကို ဘုရားသားတော်ကို လူလိုမပြောဘဲ အောက်တန်းစားဝေဖန်မှု့အောက်တန်းစားဆဲဆိုမှုလုပ်တာ ကိုယ့်အဆင့်ဘာလဲဆိုတာ ပြကြတာပါပဲ။ လော်ဘီတွေက lndထဲဝင်နေပြီထင်တယ်။ lndစစ်စစ်တွေက သူ့အမှားနဲ့သူ ရေငုံနှုတ်ပိတ်နေလောက်ပါတယ်။ လော်ဘီတွေနဲ့ အျခား??သူတွေ ပွဲလန့်တုန်းဖျာခင်းတယ်ထင်ပ။
ကွမ်းသမားက ရောရောနှောနှောမစားတတ်မသောက်တတ်သလို လူတိုင်းကိုတော့ တည့်အောင်ပေါင်းနေမှာမဟုတ်ပါဘူး။ ကိုယ့်အသိတရားနဲ့ကိုယ် နေနေကြပါတယ်။ ရောဂါရတာ ခင်ဗျားတို့အကြောင်းနဲ့ ခင်ဗျားတို့ပါ။ နိုင်ငံခေါင်းဆောင်သမတအထိ တက်မကြည့်ပါဘူး။ ကိုယ့်မြို့ထဲက ဘယ်ပါတီခေါင်းဆောင်ကောင်းသလဲကြည့်မွာရွေးမှာ။ ကိုယ့်မြို့က အမတ်ကောင်းဖို့ပဲရွေးမယ်။ လူကောင်းရင် မူကောင်းပါတယ်။ သမတ ဘယ်သူဖြစ်မွ မဟုတ်ပါဘူး။ လမ်းလျောက်တုန်းက လမ်းပေါ်ကဆူး ဘေးဖယ်တဲ့သူကမွ ပလ္လင်ပေါ်ရောက် ပလ္လင်နဲ့တန်တဲ့ဆူးကို ဖယ်မွာပါ။ လမ်းလျောက်တုန်းက ဆူးဖယ်မပစ်ဘဲ တာဝန်မဲ့ခဲ့ဖူးရင် ပလ္လင်ပေါ်ရောက်ရင်လည်း မှတ်တမ်းတင် စီစစ်ဆောင်ရွက် အစီအစဉ်မရှိသေးပါဘူးပဲ ပြောမှာပါ။ ဒေါ်စုကို အဲလိုမြင်ပါတယ်။ ဒေါ်စုက အမြင်မ်ားတာပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အမြင်မကျယ်ပါဘူး။ ခလုပ်ခဏခဏတိုက်တယ်။ လဲရင်ပြန်ထ မထတော့မသိဘူး။ ခြေမကွဲကြီးနဲ့ ဆက်သြားနေတယ်။ သွေးထွက်လွန်မှာစိုးလို့ ပြောတော့ ဘေးကကောင်တွေက အကျဉ်းစခန်းကမေတ္တာတွေ ကရုဏာတွေကိုမေ့ပြီး အာဏာရှင်စကားတွေပြန်ပြန်ပြောတယ်။ ဒေါ်စုအပြင် lndပါတီမွာ လောက်လောက်လားလားပြောတဲ့သူ တစ်ကောင်တစ်မြီးမှ မတွေ့ပါဘူး။
ကျမ္မာရေးအရ ည၁၂း၀၀ ထိုးပြီမို့ ရပ်ပြီ။ ဆက်ရေးဦးမယ်ဆိုလည်း ရေးချင်မှရေးဖြစ်တတ်တာမို့ နောက်နေ့ စိတ်ထလာရင်ရေးဦးမယ်။ စိတ်မထရင်လည်း မရေးတော့ဘူး။ နိုင်ငံရေး ဘာသာရေးနဲ့ပတ်သက်လာရင် ဆဲမှာလည်းမကြောက်ဘူး အမှားအတွက်ဝန်ခံရမှာလည်းမကြောက်ဘူး။ သမိုင်းကြွေး သံသရာကြွေးတော့ကြောက်တယ်။ ဒေါ်စုကို လေးစားမြတ်နိုးစွာနဲ့ ဝေဖန်ရေးတွေ အလျင်းသင့်ရင် ရေးဦးမှာပါ။ မရေးဖြစ်လာရင် ဆဲမွာကြောက်လို့ မဟုတ်ဘူးဆိုတာ သိထားလိုက်ပါ။
ခင်မင်တဲ့
စေတီရှင်