Thursday, 30 January 2014

ကူတွန်းခြင်း ၂

ကူတွန်းခြင်း ၂


ကူတွန်းတာ ကောင်းပါတယ်။ ကူ'ကလေးတစ်လုံးပါတာနဲ့ က်နော်တို့ အမြန်ဆုံးဖြတ်မိတာပါ။ အဆင်းဖြစ်နေရင်ကော ခင်ဗျားမှားပီလို့ တွေးမိပါလိမ့်မယ်။ အဆင်းဘီးတပ်တာ ကူတွန်းတာ အရှိန်မထိန်းနိုင်ဘဲ ခွေးကျကျသွားနိုင်ပါတယ်။ ဒါဟာ ပုထုဇဉ်တွေအတွက် အရှည်မကြည့်တတ်တဲ့ အမှားအယွင်းတွေ ချွတ်ချော်မှုတွေပါပဲ။


လောကမှာ အလွယ်ဆုံးက ဝေဖန်မှု တဲ့။ အထိုက်အလျောက် လက္ခံပါတယ်။ လူတိုင်း ဝေဖန်လွယ်ပါတယ်။ ဝေဖန်တတ်တယ် ဆိုတာကတော့ရှားပါတယ်။


ပြီးခဲ့သောရက်မ်ားက ရဟန်းတွေကို ဝေဖန်ဖို့သင့်မသင့် စာရေးထားတာကို အင်တာနက်မွာ အားရပါးရရှယ်နေကြတာတွေ့ရပါတယ်။ စာရေးသူက ဝေဖန်ထိုက်တယ် ဝေဖန်ပါလို့ တိုက်တွန်းနေတာပါ။ အခုလို ၉၆၉နဲ့ပတ်သက်ပြီး ရဟန်းတွေကို လူတွေက ကလိန်ခြုံတွေက မထိတ်သာမလန့်သာ ဝေဖန်နေတဲ့အချိန် အဆင်းကို ဘီးတပ်ပေးလိုက်တာပါ။ ဥပမာလေးတွေကလည်း ဝေဝေဆာဆာ။ ဘာတဲ့ ဝိသာခါကျောင်းအမ စိတ္တသူကြွယ် ဥပမာတွေနဲ့။ ေဩာ် ဆရာတော်ရယ် ဝိသာခါဆိုတာ ၇နှစ်အရွယ်က သောတာပန်ဖြစ်တာပါဆရာတော်။ စိတ္တသူကြွယ်ဆိုတာကလည်း အနာဂါမ်ဖြစ်လို့ သမာဓိတည် စိတ်အလွန်ကြည်နေတဲ့ ပုဂ္ဂိုလ်ပါလို့။ စာရေးသူရေးသားသော ရဟန်းသံဃာအား ဝေဖန်သင့်သည်ဆိုသည့်ဆောင်းပါးအား ရှယ်ကြသည့် စာရေးသူတိုက်တွန်းမှု့အားကိုယူနေသော မမြင်ဖူးသောလူတို့ရေးသားသော မကြားဝံ့မနာသာဝေဖန်စာမ်ားကို မြင်စေ့ချင်သည်။ ထိုထိုလူတို့၏ အဆင့်အတန်းကိုလည်း မြင်စေ့ချင်သည်။ ဝေဖန်သူတို့ ဘာအဆင့်ရှိလဲ ဘယ်လောက်တတ်လဲ မေးသင့်ကြောင်းတွေ့လာပါလိမ့်မည်။ စာရေးသူမိုးသုသည် ပညာတတ်ဖြစ်သော်လည်း မိမိနောက်လိုက်ကလေးသူငယ်တို့ကို ရင့်ကျက်တည်ငြိမ်သော ပညာတတ်မမှတ်ပါလေနဲ့။ ဆေးအတွက်လေးအောင် မြုပ်ကွက် ဖော့ကွက်များဖြင့်စာမရေးစေလို။ လေးနက်စြာသတိပေးရမည့်အချက်မ်ားကို စေတနာသတိတရား မချွတ်ချော် မပေါ့လျော့လိုက်ပါနဲ့ဘုရားလို့ လျောက်ထားလိုပါသည်။


အရှင်ဘုရားကို လျောက်ထားတဲ့ ဒါယိကာကြီး ဘယ်အဆင့် ဘာစာတတ်မသိပါဘူး။ ဤကိစ္စမျှလောက်ကို မေးလျောက်တယ်ဆိုသဖြင့် ဇဝေဇဝါအခြေအနေဟုသာ အကြမ်းမှတ်ယူနိုင်သည်။ ဤသို့သောပုဂ္ဂိုလ်မျိုးကို ရဟန်းသံဃာအား ဘယ်ပုံဘယ်နည်းဆက်ဆံ၍ ဘယ်ပုံဘယ်နည်းဝေဖန်မည်ကို အတော်စဉ်းစားထိန်းသိမ်းရပါမည်။ ထိုပုဂိ္ဂုလ်ဝေဖန်ချက်ကို တိုက်ရိုက်ဖြေရှင်းသင့်ပြီး နောက်ဝေဖန်စရာရှိလျှင် ငါ့ကိုလာတိုင်ပင်ပါ လျောက်ထားပါသာ ပြောသင့်ပါသည်။ ဝေဖန်ပါ ငရဲမကြီးပါဟု ဆရာလွတ်အဆင့်မျိုး တာဝန်ပေးတိုက်တွန်းမှုမလုပ်သင့်ပါ။ အခုတော့ ကူတွန်းလိုက်သည်။ စာနှင့်ပေနှင့် တစ်နိုင်ငံလုံးကို ပျံ့နှံ့စေလိုက်ပါသည်။ ခေတ်ကကြမ်းတမ်း နိုင်ငံရေးသမားတွေဟော့ရမ်းနေသောအချိန် အဆင်းကို ဘီးတပ်ပါပေါ့လားဟု တပည့်တော် ဟစ်လို့သာငိုချင်မိပါသည်ဟု လျောက်ထားလိုပါသည်။


အမှန်မွာ ဝေဖန်တာက ဝေဖန်ကောင်းပါတယ်။ ဒါပေမယ့် ရဟန်းဆိုတာ မီး၊မင်း၊မြွေကဲ့သို့ သေးသည်ဟူ၍ ပေါ့ပေါ့တန်တန်သဘောထား မလေးမစား ဂရုမပြုဘဲ မဆက်ဆံ မဝေဖန်လိုက်ပါနှင့်ဟု ကြပ်ကြပ်တည်းတည်း မှာကြားသင့် စေတနာထားသင့်ပါသည်။ ရဟန်းဆိုသည်မွာ ၂၂၇သွယ်သိက္ခာပုဒ် ကုဋေကိုးထောင်ကျော်သောသိက္ခာပုဒ်မ်ားကို ထိန်းသိမ်းထားပါသည်။ ပါရာဇိကမွတပါး ကျူးလွန်မိသောသိက္ခာပုဒ်များရှိသော်လည်း ရဟန်းဖြစ်နေခြင်းနှင့် လူထက်သာလွန်သောသိက္ခာပုဒ်ပေါင်း ကုဋေနှင့်ချီ၍သာလွန်မြင့်မြတ်စြာ စောင့်ထိန်းထားပါသေးသည်။ ဤကုဋေချီ၍များပြားစွာရှိသော သိက္ခာပုဒ်တို့ကို လူတို့အလေးဂရုမပြုသင့်ပြီလော။ လေးစားရမည် ဦးညွတ်ရမည်။ ရိုသေစွာရှိခိုးကြရမည်။ အဝေဖန်မရဲပါနှင့်။ ဝေဖန်တတ်ဖို့လိုသည်။ တတ်'ဆိုသောစကားကို သတိကြပ်ကြပ်ထားပါလေ။ ရဟန်းတော်များကိုလည်း ပြင်းထန်သောအာပတ် ပါရာဇိကဖြင့်မစွပ်စွဲထိုက်ပါပေ။ ရဟန်းဖြစ်စေ လူဖြစ်စေ များစွာအန္တရာယ်ကြီးလွန်းလှသည်။ နောက်တစ်ချက်ကား လူချွတ်ပါလားဟု အရိပ်နိမိတ်ပြတိုက်တွန်းခြင်းသည်လည်း မကောင်းပါ။ သင့်ရောက်ရမည့် ဝိနိပါတဘေးဘျမ်းတို့ကို ကြောက်ရွံပါလေ လူအပေါင်းတို့။


တချို့ကပြောပါသေးသည်။ သတ္တိရှိလျှင် လူထွက်လိုက်ပါတဲ့။ လူထွက်ခြင်းသည် သတ္တိရှိခြင်းလော သတ္တိပျက်ခြင်းလော။ အသေအချာတွေးဆ၍ မိ်န့်ကြားကြစေလိုပါသည် ရှင်လူအပေါင်းတို့။ သံဃာတော်မ်ားကို နိုင်ငံရေးမလုပ်ပါနှင့်ဟုတောင်းပန် လျောက်ထားစော်ကားနေသည်ကိုလျော့ကြပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓတရားတော်မွာ ကမ်ဘာ့ငြိမ်းချမ်းရေးတရား။ သံဃာတော်ဆိုသည်မွာ ငြိမ်းချမ်းရေးတရားကို စဉ်ဆက်သယ်ဆောင်လာသူ။ ဒါကြောင့် နိုင်ငံရေးတို့ရဲ့ဖခင်ကြီးဖြစ်ပါတယ်။ စကြာဝဠာကြီးကောင်းစားရေးကိုပင်ပြုလုပ်ထမ်းရွက်နေသူတို့ကို သေးသေးမွှားမွှားစော်ကားမော်ကား နှိမ့်ခ်မတောင်းဆိုပါနှင့်။ ရဟန်းသံဃာဆိုသည်မွာ အမျိုးဘာသာသာသနာကိုစောင့်ရှောက်ရင်း စည်းကမ်းဥပဒေတို့ကို သင်ကြားပြောဆိုသဖြင့် အမြင်သေးနှုပ်သူတို့က (အပေါစားနိုင်ငံရေး)နိုင်ငံရေးလုပ်သည်ဟု ပြောဆိုနေသော်လည်း ရဟန်းသံဃာတို့မှာ နိုင်ငံရေးသမားတို့မြတ်နိုးလှသော ဆယ်အိမ်ခေါင်းရထူးပင်ယူကြသော ရဟန်းများလည်းမဟုတ်ကြပါ။ ပါတီနိုင်ငံရေးမျိုးမဟုတ်ဘဲ ကောင်းကျိုးအတိပြီးသော အမျိုးသားနိုင်ငံရေးမျိုးကိုသာ ဆောင်ရွက်နေသဖြင့် အာဏာရူးနေကြသောနိုင်ငံရေးသမားများနှင့် သမတနေရာလိုချင်နေသော မောင်တို့မယ်တို့၏ ဘုံရန်သူများမဟုတ်ကြပါ။ သို့အတွက် နိင်ငံရေးသမားတို့သည် မိမိတို့၏ ရန်သူအစစ်ကိုသာ ပြည်သူ့ရန်သူအစစ်ကိုသာ တွေ့မြင်ဖယ်ရှားနိုင်ပါစေ။ နိုင်ငံရေးသမားများအနေဖြင့် အရိပ်ရန်သူထင်ပြီး စိတ်ပင်ပမ်းမနေကြပါနဲ့။ အာဏာကို မရစ်မမူးနေထိုင်ကြပြီး ပြည်သူမ်ားလိုလားတောင့်တနေသော ဧရာဝတီမြစ်ဆုံကို လက်ပံတောင်းတောင်ကို အကူအညီပေးကြပါ။ ရှောင်လြဲမနေကြပါနဲ့လို့ တဆက်တည်းပြောလိုက်ပါရစေ။


မစိုးရိမ်ဆရာတော်ဘုရားကြီး မိန့်ခဲ့သောစကားတစ်ခွန်းပြောပြလိုပါသေးသည်။ စစ်ပြဲမွာ စစ်ဗိုလ်တွေက အမိနိုင်ငံတော်အတွက် တက် ရှေ့တက် ဟစ်အော်အမိန့်ပေးကြသည်သာ။ တပ်သားများကလည်း တာဝန်ရှိသည်အလျောက် တိုက်တွန်းသည့်အလျောက် မဆင်မခြင်ရှေ့တိုးက ကျည်လမ်းသင့်က သေရသည်။ ထို့ကြောင့် မဆင်မခြင် မိုက်ရူးရဲမဆန်ပါနှင့်။.. တဲ့ဗ်ား။


စာရေးသူ မိုးသု(မန္တလေး)ကား စာတတ်ပေတတ်ရဟန်းဖြစ်သည့်အလျောက် (မိမိဘေးကိုမိမိကာကွယ်၍ ကာကွယ်နိုင်၍) ကျည်ကွယ်မွနေ၍ ရဟန်းသံဃာတို့ကို တက် ခ် ပစ် ဆိုသော်လည်း မြှောက်ပင့်ပေးသော်ငြားလည်း စာမတတ်ပေမတတ် ဘာသာရေးနားမလည်သော မိုက်ရူးရဲကလေးတွေ မဆင်မခြင်ရှေ့တက် မပစ်ကြပါနဲ့။ အပစ်မှားရင် စခန်းသိမ်းတိုက်ပွဲမဖြစ်ပါဘူး။ သံဃာစိမ်ရည်သင့်လျှင် ကျည်သင့် ဘေးသင့်လျှင် အသေဆိုး သံသရာဆိုးနဲ့ ကြုံတွေ့နေဦးမည့်အကြောင်း အဆိပ်သင့်စာပေမှ ကင်းလွတ်အောင် ဖြေဆေးတိုက်ကျွေးလိုက်ပါတယ်။


မိမိတို့ကိုမိမိ သေတာပန်အမကြီး အနာဂါမ်အကိုကြီးများထင်နေလျှင်ကား ရဲရဲတောက်ဝေဖန်နိုင်ပါသည်။


စေတီရှင်

၃၁၀၁၂၀၁၄

၀၁း၁၅


Monday, 27 January 2014

မမှည့်ခင်က ကြွေလေပြီ

မမှည့်ခင်က ကြွေလေပြီ


ခွေးတွေဟောင်တာ မဆန်းပေမယ့်

လူတွေအူပုံ ထူးလှချီ့။


မိုးကုတ်ဆရာတော်ပြောသလို

သေခါနီးက သေခါဝေးကို စိတ်ပူသတဲ့။


ဘာသာရေးသမားက အစွန်းရောက်တဲ့

ချွန်တွန်းလုပ်တဲ့နိုင်ငံရေးသမားတွေ ငေါက်ငန်းလိုက်ပုံများ။


ဖာသည်နိုင်ငံရေးလမ်းစဉ်က

အမျိုးစောင့်ရှောက်ရမွာကြောက်တာလား

အမျိုးကသိမှာ ကြောက်သလား ကိုယ်ချင်းစာပါတယ်လေ။


ကိုယ့်ထဘီကိုယ် လုံအောင်ဝတ်တတ်ရင်

ဘာဥပဒေမှ မလို။

သံဃာဖျက်လို့ ပျက်တဲ့ပြည်ရှိရင်

ပြောကြစမ်းပါ နွားအစုတ်အပြတ်ကလေးတွေရာ။


၂၇၀၁၂၀၁၄

၁၀း၁၆


Sunday, 26 January 2014

မောင်ကောင်းထိုက်မွ အတွေး

မောင်ကောင်းထိုက်မွ အတွေး


တခါသားဆီက လူတစ်ယောက် သဲကန္တာရမှာ လမ်းပျောက်နေသတဲ့။ ရေငတ်လိုက်တာ လှမ်းမျှော်ကြည့်တော့လည်း ဆိုင်က အရိပ်မျှမမြင်။ တွေ့မယ့်တွေ့တော့ ပဌမဆုံးတွေ့တာ ဘွတ်ဖိနပ်ဆိုင်။ လူကတွေ့ ရေကမရှိ။ နှစ်သက်ရာ ယူနိုင်သည်တဲ့ ရေးထားပါတယ်။ ရှိတာတောင် လွှင့်ပစ်ချင်သေးဆိုပြီး စီးထားတာပါ ချွတ်ပစ်လိုက်တယ်။ ဆက်သွားတယ် နက္ကတိုင်ဆိုင်တွေ့တယ်။ လူကမရှိ ရေကမရှိ။ နှစ်သက်ရာ အဆင်ဆန်းကလေးများကို ဆင်မြန်းနိုင်ပါသည် တဲ့။ စာဖတ်ရင်း စိတ်ဆိုးလာတယ်။ လည်ပင်းက နက္ကတိုင်ပါ ဆွဲချွတ်ပစ်လိုက်တယ်။ နောက် ဆက်သွားတယ်။ ကံကောင်းချင်တော့ ဟော....


ရေတွေ ဘီယာတွေ ဖျော်ရည်တွေအပြည့်နဲ့ ဆိုင်ကြီးတွေ့ပါတယ်။ ခက်တာက အပေါက်ဝမွာ စာတန်းတစ်ခု။ ' အဆင့်အတန်းမြင့်သော ဤဆိုင်အတွင်းသို့ ခြေတုံးလုံး နက္ကတိုင်မပါသူ မဝင်ရ''တဲ့။


ကဲ.. သီလဆိုတာ အဲလိုပဲ မောင်ရေ့။ ကိုယ်ကိုကိုယ် အနာဂတ်ရဲ့ ဘာကောင်မှန်းမသိ။ အနေအထိုင် အပြောအဆို မဆင်ခြင်တဲ့အခါ.. သမတဖြစ်ဖို့ အရည်အချင်းတွေ လိုလာတယ်။ ဘာသာရေးနဲ့ပြောရင် နိဗ္ဗာန်လမ်းကြောင်းကောက်သွားတယ်။


မိဘအမျိုးအနွယ်မွ မစောင့်ရှောက်နိုင်တာ နိုင်ငံတော်ကို ဘယ်လို စောင့်ရှောက်မလဲ။ အဲဒီထက်ဆိုးတာက ကိုယ်မိုက်လို့ မိုက်မှန်းမသိတာဘဲ။ မင်းတုန်မင်း မောင်လွှင်လို ငါးခြောက်ပြားတန်ဖိုးကြောင့်ရိုက်တယ်ထင်တာထက် ဆရာ့တန်ဖိုးကိုသိနားလည်ရင်တော့ ပဉ္စမသံဂါယနာတင် ဘဝရှင်မင်းတရားကြီးဖြစ်ပေလိမ့်မယ်။ နို့မဟုတ်ရင်တော့ အာခံတွင်းကိုလှံစူးလိမ့်မယ်။ သံဃာစိမ်ရည်သင့်လိမ့်မယ်။







Wednesday, 22 January 2014

သမ္မတ

ဟိုခေတ်ကခေတ်ထသေးတယ်။ က်နော် သုဘရာဇာဖြစ်ချင် ဆိုတဲ့ လူမှု့ကယ်တင်ရေးလုပ်ချင်ကြလွန်းလို့ စွန့်လွတ်အနစ်နာခံချင်ကြလွန်းလို့ ရေးလိုက်ကြတာ။ အခု က်နော် သမတကြီးဖြစ်ချင် ချည်းပဲ။ လွယ်လို့လား။ မြတ်လို့လား။ ချောင်လို့လားတော့မသိဘူး။ အော် လွယ်ဆိုတာ ကုသိုလ်ရလွယ်တာ၊ မြတ်ဆိုတာ မြင့်မြတ်တာ၊ ချောင်ဆိုတာ 'ရှင်ကြပ်၊ သေချောင်' ကိုပြောတာပါခင်ဗ်။ သမတကြီးဖြစ်ရင် သတ်စေ ဆိုတဲ့အမိန့်ပေးရဘူးဗျနော်။


အခုခေတ်များဖြင့် အနော် သမတကြီးဖြစ်ချင်။ ပရမ်းပတာကြီးဖြစ်ချင်။ အဝေဘန်မခံချင်သူကြီးဖြစ်ချင်။ အမျိုးမစောင့်သူကြီးဖြစ်ချင်။ ခွေလုံးလုံးကြီးဖြစ်ချင်။ ကတုံးကြီးလို့ပြောချင်..တွေချည်းမ်ားနေတာပဲ။ ဒီလိုတွေပြောလေ ဟို အစိမ်းသရဲတွေက စည်းကမ်းရှိသောဒီမိုကရေစီအကြောင်းပြောဖို့ ပါးစပ်ယား လက်ယားနေကြပြီ။ ပါးစပ်ယား လက်ယားရုံတင်မကဘူး။ ဘိနက်ကြား နတ်စကားထွက်။ ဘိနက်ပါး လက္ကားယက်ဖြစ်နေပြီ။ နိုင်ငံရေးလှည့်ကွက်ကို နားမလည်တဲ့ နိုင်ငံရေးသမားတွေပါလား။ ဒါကြောင့်မို့လည်း သန်းငါးဆယ်ကျော်က ကိုယ့်ကိုထောက်ခံနေပါလျက်နဲ့ အခုချိန်ထိ သမ္မတ မဖြစ်နိုင်။ ရှင်စောပုကို မမှီနိုင်။ ဓမ္မစေတီမင်းကို သူမတွေ့။ ဘုရားတရားသံဃာကို လူလုပ်ဥပဒေလောက်မွ သဘောမတွေ့လေတော့ အနှစ် ၂၀ ထောင်ထဲမွာနေရတာကို ဝဋ်ကြွေးလို့သဘောထားလိုက်တော့။ ပါရမီအဖြစ် ကုသိုလ်အဖြစ် သင်းကလေးနောက်ကမလိုက်တော့ဘူး။


အဲ မင်းတို့မြန်မာတွေ တဘောင်ယုံတတ်လို့ ပြောရဦးမယ်။ ပြည်တော်ပြန်မယ်ထွေး နန်းတင်မွအေး..တဲ့လား။ ငါတို့ကြားဖူးတာပြောဦးမယ်။ ဂူအောင်းတဲ့ခင်ကြီးပျိုရယ် သမီးတော်ကိုလွှတ်လိုက်ပါဦး..တဲ့။ အဆက်ကလေးရှိသေးတယ်။ ဘာသာရေးကို အထူးကိုင်းညွှတ်ရိုသေသူပဲ ထိုက်တန်ပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ဗျာဒိတ်ရထင်မနေပါနဲ့။ အတိတ်နိမိတ်ကောင်းဆိုတာ လူဆိုးသူခိုးအတွက်မဟုတ်ဘူး။ အဘလက်မောင်းသွေးဖောက်သောက်မယ့်သူလား။ ဓားလက်နက်တွေ ဝင်းပခဲ့သူလား။ အနာဂတ်တွေက သင့်ကိုကြည့်နေပါတယ်။

လွှတ်တော်မွာ အမျိုးစောင့်ဥပဒေကို ဘယ်သူတင်မလဲ။ အမျိုးသားခေါင်းဆောင်ဖြစ်ချင်သလား။ နိုင်ငံတော်ခေါင်းဆောင်ဖြစ်ချင်သလား။ ကျောက်ရုပ်တုကလေးထုရမလား။ သမိုင်းစာမျက်နှာမှာ မင်းစွန်းကလေးပဲပုံနှိပ်ဖော်ပြခံချင်သလား။ ဒါပဲစဉ်းစားတွေးတော လုပ်ကိုင်ပါလေ။


မြဲမြဲမှတ်ထားနောင်တရဖို့ရာက ငါ့နောက်မွာ လူသန်းငါးဆယ်ရှိခဲ့ပါလျက်နဲ့ ငါဘယ်လိုမ်ား ဖယ်ခွာပစ်ခဲ့သလဲလို့။ အချိန်မနှေင်းသေးပါဘူး။ နိုင်ငံရေးသမား ရေလိုက်လြဲသူမ်ားရေ။ တကယ်လို့များ ဒီအချိန်မွာ ခင်ဗျားဘာအဖြစ်ချင်ဆုံးလဲမေးရင် ဦးဝီရသူ ပဲဖြစ်ချင်ပါတယ်ဗ်ာ။ သမတကြီးတော့ မဖြစ်ချင်။


သမ္မတကြီးဖြစ်နိုင်ကြပါစေ။

ကရုဏာဖြင့်

စေတီရှင်

၂၀၀၁၂၀၁၄

၁၁း၃၀





Tuesday, 14 January 2014

အမေနေ့

အမေနေ့မှာ


အမေကိုတဝကြီးချစ်ပြလိုက်မယ်။ ငယ်ငယ်ကလို မုန့်ဘိုးတောင်းမယ်။ မရရင် တစ်နာရီကြာတိုင်းနှစ်ဆတိုးတောင်းမယ်။ ပေးတဲ့အချိန်အထိ ထမင်းမစားဘဲဆန္ဒပြမယ်။


မန်းမွာကျောင်းတက်တုန်းကလို တစ်လစာတောင်းပြီး အမေကိုလွမ်းလို့ပါဆိုပြီး အပတ်တိုင်းပြန်လာမယ်။ ကျောင်းပြန်တိုင်းတစ်လစာပေးပါဆိုပြီးပြန်တောင်းမယ်။


အမေက က်နော့်ရည်းစားကောင်မလေးကိုအချစ်သားဗ်။ က်နော်ကောင်မလေးအတွက်ပါ မုန့်ဘိုးထည့်ပေးတတ်တယ်။ အခုက်နော့်ချစ်ဇနီးလေးကို မေးကြည့်။ သူ့ဆီ ရောက်သလားလို့။ အဟိ။


အမေဆီတစ်ခါအလည်ရောက်တိုင်း မုန့်အစုံထည့်ထည့်ပေးတယ်။ ကန်တော့တာထက် သားရော ချွေးမရော မြေးတွေရော မုန့်ဘိုးတွေပြန်ပြန်ပေးတယ်။ က်နော်ကလည်း အမေစိတ်ဆင်းရဲမှာစိုးလို့ ရွှေပေးပေး ငွေပေးပေး အခုချိန်ထိယူတုန်း။ အဲလိုချစ်တာ။


တစ်ခါသားဆီက အမေက က်နော်အတွက်နဲ့တရားရုံးကိုရောက်တော့ ငါ့သားလိုသူတော်ကောင်းလူကောင်း မိဘကိုလုပ်ကျွေးတဲ့သား ဘုရားတရားမြဲတဲ့သိကြားမင်းလိုလူကို ဘာလို့ပြဿနာဖြစ်ရသလဲ..တဲ့။ တစ်ဘက္ကလူ စက်တိုင်တက်သင့်သတဲ့။ က်နော်မွာ ရှက်လွန်းလို့ တော်ပါတော့အမေရာလို့ ပိတ်ပင်ရဖူးတယ်။


အမေ့အိမ်နေတုန်းက ထင်းအချောင်းတစ်ထောင်လောက် မီးဖိုထဲ သွင်းဖူးတယ်။ ကိုယ့်ပုဆိုးကိုကိုယ် ၁၀လောက်တော့လျော်ဖူးတယ်။ ရွှေဇွန်းကိုက်မွေးတာမဟုတ်ပေမယ့် အမေ့တတ်နိုင်တဲ့ စတီးဇွန်းစစ်စစ်ကြီးကို ကိုက်မွေးခဲ့ရသူပါဗျာ။ ၁၀နှစ်သားထိ အမေ့ချိုချိုကိုစို့ရတုန်း။ စို့တုန်း။ ကဲ..ဒါဘယ်သူပြိုင်ရဲသလဲ။ ၁၀တန်းအထိ အမေကထမင်းခွံ့တုန်း။ မိန်းခလေးတွေထားတော့။ ယောက််ားကလေးထဲ ဘယ်သူပြိုင်ရဲလဲ။ အဖေကတောင် မနာလိုရတယ်။ နင့်သားကို တက္ကသိုလ်ထိလိုက်ကျွေး မိန်းမရတဲ့အထိ လိုက်ကျွေးတဲ့။ တက္ကသိုလ်ကပြန်လာရင်လည်းခွံ့တုန်း။ သူငယ်ချင်းတွေ အဲ ဂဲဖရန့်တွေပါလာရင်တော့ သူတို့နဲ့အတူတူလက်ဆုံစားတယ်။ အမေက ထမင်းခွံ့ရင် ငါးဆိုရင်ငါးအရိုးထွင်ပြီး လုံးခြေလိုက်သေးသဗျ။ သူ့သားပူတူး ငါးရိုးစူးမစိုးလို့ ခစ် ခစ်။ က်နော်ကလည်း အမေတော့ လွမ်းဗ်။ တက္ကသိုလ်တက်တော့ အိမ်လွမ်းနာကျပြီး စာသင်ခန်းအရင်မရောက်ဘဲ တက္ကသိုလ်ဆေးရုံအရင်ရောက်တဲ့လူသား။ အခုချိန်ထိလည်း တရားစခန်းဝင် ကိုရင် ဦးပဇင်းဝတ်ချိန်ကလွဲလို့ အမေနဲ့ ၂ပတ်ကြာ မခြဲဖူးဘူး။ ပိုက်ဆံပြတ်နေတတ်တာလည်း ဖြစ်ကောင်းဖြစ်မပေါ့လေ။


အမေကကျနော်ကို အသက်လေးဆယ်တိတိမွာ မွေးခဲ့တာ အဋ္ဌမမြောက်နောက်ဆုံးသားပါ။ ဣန္ဒိယမှာမွေးရင်တော့ ဘုရားပေးတဲ့သားဆိုပြီး အချောင်အထင်ကြီးကြဦးမယ်။ အဲဒီနိုင်ငံက အဋ္ဌမမြောက်မွာ သားမွေးရင် အမေရောသားရော ထူးခြားဆိုပဲ။ ဒီမွာတော့ လင်ဆိုးမယားတဖားဖား သားဆိုမအေ တပေပေဖြစ်နေသလားပဲ။ :-)


လူပျိုတုန်းက အမေနေ့မတိုင်ခင်ဆို ပန်းတိမ်လုပ်တယ်။ ရတဲ့လက္ခနဲ့ အမေ့ကိုကန်တော့တယ်။ က်နော်အလုပ်လုပ်တာ အမေနေ့မတိုင်ခင်လေး သင်္ကြန်မတိုင်ခင်လေး ဝါဆိုမတိုင်ခင်လေးပဲ။ ကျန်အချိန်တွေကတော့ အိပ်စား တီးဆိုင်သြား။ ဒီချစ်တဲ့ဇနီးလေးကို သြားညှော်တဲ့အလုပ်ပါပဲ။ ဘာပဲဖြစ်ဖြစ် နေ့ကြီးရက်ကြီးတွေသိတတ်တဲ့ က်နော်ကို အမေကချစ်တယ်။ အမေနေမကောင်းရင် က်နော်ထမင်းမစားချင်သလို က်နော်နေမကောင်းရင် သေစကားရှင်စကားပြောတဲ့ကျနော်ကို အမေက အစိုးရိမ်ပိုရပါတယ်။ အဲ အမေက တရားအားထုတ်တာ သိတ်မပြောပေမယ့် မတားပေမယ့် ရဟန်းဝတ်မွာတော့ အမြဲတားတယ်။ ခိခိ သူ့သားက တောပျော်ရဟန်းဖြစ်မယ်ထင်နေတာ။ အဖေကတော့ က်နော့်ကို လူအဖြစ်မမြင်ချင်ဘူး။ ရဟန်းဖြစ်စေချင်တာ။ အဖေကတွန်းတယ် အမေကဆွဲတယ်။


အမေက က်နော်နဲ့ခွဲတိုင်း ငိုတယ်။ ကိုရင်ဝတ်လည်းငိုတယ်။ မန်းမွာအဆောင်နေကျောင်းတက်တော့လည်း ငိုတယ်။ ရဟန်းဝတ်လည်းငိုတယ်။ မိန်းမရတော့လည်း ငိုမလို့ ဟန်ပြင်တယ်။ အမေငိုရင်တော့ မယူတော့ဘူးနော်လို့ ခြိမ်းခြောက်ထားလို့ မင်္ဂလာဆောင်မွာ အမေမငိုလိုက်ပါဘူး။ ဒါလည်း က်နော်မသိလိုက်တာလည်း ဖြစ်ချင်ဖြစ်မွာ။


အိမ်ထောင်ကျလို့ အမေဆီသွားရင် အတူနေတူမတွေက ပျော်တယ်။ ဘာလို့လည်းဆိုတော့ ရောပြီးတော့ အစားကောင်းစားရလို့။ အမေက ငါ့သားလေးကို မစားရဘူးလို့ ပြောရင် တူမတွေက အမေကြီးနော် အမေကြီး မျက်နှာကိုလိုက်တယ် ဦးလေးလာတာများ ဘုရင်လာတာက်နေတာပဲ လို့ ဝိုင်းအာကြတာပေါ့။ အမေက မခံပါဘူး။ ဟဲ့ သားပါဆိုမွ အသားစားရမွာပေါ့ ညည်းတို့မြေး(မြီး) မြည်းရုံပဲ မြည်း၊ အဝမစားနဲ့ တဲ့။ ဦးလေးကို ချစ်ကြောက်ရိုသေမို့သာ တူမတွေအတော် အူယားကြတယ်။


က်နော်က အမေ့ကို အားကြီးနှုတ်လွံမထိုးဖူးပါ။ စိတ်ကောက်ပြတာပဲရှိတာပါ။ ဒါကြောင့် တူတွေတူမတွေနဲ့အကိုအမတွေက အမေကိုချစ်တဲ့က်နော်ရှေ့မှာ ဆိုးဆိုးဝါးဝါးမပြုမူရဲကြပါဘူး။ မျှမျှတတနုနုညံ့ညံ့နေသလောက် မတရားဘူးထင်ရင် စိတ်ကြီးသောင်းကြမ်းတတ်တဲ့က်နော်ကို ကြီးငယ်မဟူတစ်မျိုးလုံးက လေးစားပါတယ်။ အမျိုးတွေမီးဖွါးတာက,အစ သေတဲ့အထိစီစဉ်ပေးတဲ့သူ ကူညီပေးတဲ့သူဆိုတော့ သူ့မျက်နာ ကိုယ့်မျက်နှာထောက်ထားတာပေါ့လေ။ အမေက ဒီလိုအများအကျိုးဆောင် လူရာဝင်တာကို အမြဲဂုဏ်ယူပါတယ်။


ဘာပဲပြောပြော အမေ့ကိုကျနော်မမွီပါဘူး။ တချို့ကိစ္စလေးတွေက ဖွင့်ဟပြောလို့မရနိုင်လို့ပါ။ အမေဖြေရှင်းလိုက်တဲ့ပြဿနာတစ်ချို့ အမေကာကွယ်လိုက်တဲ့အချက်တွေမှာ က်နော်အသိဉာဏ် က်နော်ဗဟုသုတ က်နော်ဥစ္စာဓနနဲ့လိုက်မမွီအောင် ကျင်လည်ပါတယ်။ ဒါပေမယ့် အမေကနံမည်ကောင်းတံဆိပ်ကပ်ပေးလိုက်တာ သူ့သားတွေပါပဲ။


အမေက က်နော်နဲ့ အတူအနေချင်ဆုံးဖြစ်ပေမယ့် အဖေခေါင်းခ်ရာမွာ သစ္စာရှိရှိနေထိုင်တုန်းပါ။ အမွေကိစ္စတွေကိုလည်း ပြတ်သားအောင် အတူနေသားအလတ်ကိုပေးကြောင်း သားသမီးအားလုံးလက်မှတ်ထိုးရပါတယ်။ ဘယ်သူကမွ မိခင်မုဆိုးမကြီးကို စောဒက မတက်ကြပါ။ ငယ်ငယ်ကအတူနေခဲ့ကြတဲ့အိမ်ကလေးကို ကိုယ်နဲ့မဆိုင်ပါဘူးလို့ လက်မှတ်ထိုးရတာကလည်း ပစ္စည်းကိုမမက်မောပေမယ့် အတိတ်ကအရိပ်ကလေးတွေတော့ လွှင့်သြားသလိုပဲ ခံစားရတာပေါ့။ အမြဲတမ်းငိုတတ်တဲ့အမေအစား လက်မှတ်ထိုးတော့ မငိုမိအောင်စိတ်ထိန်းရတယ်။ ဒါပေမယ့် အမေချစ်တဲ့မိသားစုက ပြုံးနေကြတာပါပဲ။ အမေ့အတွက် ထူးခြားတဲ့ဆုလာဘ်ကတော့ သားသမီးတိုင်းမှာညီမျှစွာချစ်ခင်ထိန်းသိမ်းတတ်တာမို့ ငယ်ငယ်တုန်းကဆူဆူညံညံရန်ဖြစ်နေတတ်တဲ့ ဒီညီအကိုမောင်နှတွေက သက်လတ်ပိုင်းအရွယ် လောဘတက်ချိန်မွာ စိတ်ဆိုးလို့မခေါ်ကြရတဲ့နေ့တွေ မရှိကြပါဘူး။


ဘာပဲပြောပြော အမေနေ့မှာ အမေ့ခါးကပိုက်ဆံ ဘယ်သူပိုဖြည်နိုင်မလဲ ကြိုးစားကြရဦးမယ်။ အမေလည်း ပြုံးပြုံးကြီးမျက်ခုံးလှုပ်နေရောပေါ့။ မြေးတွေကလည်း သားသမီးတွေမုန့်ဖိုးရသလောက် ဂဏန်းတွက်စက်နှိပ်ပြီး တောင်းကြပေလိမ့်ဦးမယ်။


စေတီရှင်

၁၅၀၁၂၀၁၄

၀၀း၂၉

Monday, 13 January 2014

အသုဘပို့အပြီး ဖီလင်

အသုဘပို့အပြီး ဖီလင်

**************

လူရာ ဝင်ရမှာကို

လူရာဝင်လောက်အောင်ကြောက်တယ်။

ကိုယ်လူရာဝင်တိုင်း

ဘေးလူကို အားနာနေမိတယ်။

ထမင်းစားပြီးပြီလားမေးခံရတိုင်း

ဘေးကလူ ဝမ်းဟာနေမှာစိုးတယ်။

ဘေးလူကို မကျွေးချင်ရင်

ကျနော့်ကို မမေးပါနဲ့။


တီကောင်တွေ မြေကြီးစားတော့

ကမ္ဘာမြေကြီး ဧရိယာကျသွားသလား။

တီကျစ်စာက မြေဆီဖြစ်ပါလျက်နဲ့

မြေဆီပက်ပြီး အသတ်ခံရသင့်သလား။

ငါးမျှားချိတ်မှာ တီကောင်တပ်ခံရရင်

ငါးတွေက တီကောင်ကိုအပြစ်တင်လို့တရားမလား။


ကြမ်းဆွေးတိုင်း

အသားမကောင်းတာ အပြစ်မတင်ပါနဲ့။

အရိပ်ထဲမှာ အင်သားလည်းကောင်းတယ်။

မိုးမလုံတိုင်း

နိုင်ငံခြားကလာတဲ့

သွပ်အမိုးပဲ အားမနာစတမ်း ပြင်ပေးပါ။


စေတီရှင်(မတ္တရာ)

12012014

20း00


Sunday, 12 January 2014

ညီလေးရေ

ညီလေးရေ


တီးဆိုင်မွာ နိုင်ငံရေးတွေပြောကြတော့ တစ်ယောက်တစ်ပေါက်နဲ့မို့ ကောင်းကောင်းမပြောလိုက်ရဘူး။ မင်းက လူအခွင့်ရေးစာတမ်းကို ဥပဒေလိုနှစ်သက်တဲ့အကြောင်းကလေးကိုပါ။


လောကမှာ ကြောက်စရာအကောင်းဆုံးဝါဒက

၁။ ငါတစ်ယောက်တည်း ပိုကောင်းစားရမယ်ဆိုတဲ့ မိမိကိုယ်ကို အခိုင်အမာအနှစ်အသားဖြစ်အောင် ဆောက်တည်တဲ့ဝါဒနဲ့

၂။ လူတိုင်း အခွင့်အရေးတူညီစွာ ရှိတယ်။ အကြောင်းအကျိုးမလို၊ အကြောင်းအကျိုးကို ပယ်တဲ့ဝါဒ ဆိုပြီးနှစ်မျိုးရှိတယ်။


ဗုဒ္ဓဝစရနဲ့ပြောရရင် သဿတဝါဒနဲ့ ဥစေၧဒဝါဒပါပဲ။ ခေတ်စကားနိုင်ငံရေးစကားဆိုရင်တော့...

၁။ အာဏာရှင်ဝါဒနဲ့

၂။ ကွန်မြူနစ်ဝါဒ ၊သို့၊ လူသားပဓာနဝါဒ(လူ့အခွင့်အရေးစာတမ်းဝါဒ)တို့ပါပဲ။


၁။ အာဏာရှင်ဝါဒဆိုတာ ဥပဒေအတည်တက် အတိအကျမရှိဘူး။ နှုတ်မိန့်သာရှိပြီး ကျောသားရင်သားခွဲခြားမှုရှိလို့ မကောင်းမှန်းထင်သာမြင်သာရှိလှတယ်။ ဒါကြောင့်အတ္တဝါဒ သဿတဝါဒ အာဏာရှင်ဝါဒကိုတော့ ထူးတွေဆန်းပြားစွာ ရှင်းမျပတော့ဘူးနော်။


၂။ ကွန်မြူနစ်ဝါဒ ၊သို့၊ လူသားပဓာနဝါဒ (လူ့အခွင့်အရေးစာတမ်းဝါဒ)ကတော့ ခိုင်မာလွန်းတဲ့ဥပဒေရှိပြီး လိုက်နာဖို့ခက်ခဲပြဿနာပေါင်းစုံစုဝေးနေတဲ့အပြင် ညှိနှိုင်းဖို့ရှေ့နောက်မညီညွတ်တဲ့ ဥပဒေတွေအများအပြားရှိနေပါတယ်။ ဥပမာပြရရင်...


ကွန်မြူနစ်ဝါဒမွာ လူသားတွေကို စက်ရုံထုတ်ကုန်လိုသဘောထားပြီး ပညာတတ်သူဖြစ်ပစေ ပညာမဲ့များတန်းတူပုခုံးထမ်းဝန်ရုန်းလို့ လူတိုင်းလူတိုင်းတူညီတဲ့သတ်မှတ်လစာကိုသာ ယူငင်သုံးစွဲပြီး စုပေါင်းညီညွတ်စြာနေစေလိုတာဖြစ်တယ်။ လူသားတွေရဲ့ စည်းစိမ်ခံစားချင်စိတ်လွန်ကဲတဲ့လောဘကိုတိုက်ဖျက်ပြီး ဒေါသကိုမွေးမြူတဲ့ဝါဒဖြစ်တယ်။ ဒါပေမယ့် ခေါင်းဆောင်တွေကြီးပွားတဲ့အရှင်သခင်တွေသာဖြစ်ကြပြီး ပြည်သူတွေကတော့ဆင်းရဲတဲ့အလုပ်သမားရဲဖော်တွေအဖြစ်နေကြရတယ်။ တကယ်သာ လူသားတိုင်း ခြိုးခြံချွေတာရမယ်ဆိုရင် ခေါင်းကြီးတွေလည်း အလုပ်သမားလယ်သမားတွေလို စက်ရုံအလုပ်ရုံ လယ်ကွင်းထဲမှာရှိနေပြီး ဇိမ်ခံကားပေါ်ကဆင်းသင့်တာပေါ့။


လူသားပဓာနဝါဒ ( လူ့အခွင့်အရေးစာတမ်းဝါဒ )ကတော့ လူသားမှန်သမွ်မိုးက်ရွှေကိုယ်တွေသာဖြစ်တယ်။ လူသားမှန်သမျှနိမ့်က်သူမ်ားကို ကရုဏာသက်လို့ ဥစ္စာရှင်မ်ားက မဖြစ်မနေစွန့်ကြဲစေပြီး လူတိုင်းလူတိုင်း အဆုံးစွန်ဆုံးသောစည်းစိမ်တွေကို တူညီစြာခံစားနေစေလိုတာဖြစ်တယ်။ လူသားတွေရဲ့နှိမ့်ချဖျက်ဆီးတတ်တဲ့ဒေါသကိုတိုက်ဖျက်လို့ လောဘကိုမွေးမြူတဲ့ဝါဒဖြစ်ပါတယ်။ ဒါပေမယ့် ဦးဆောင်သူစီနီယာတွေသာအလှူငွေတွေရဲ့ မြင့်မားတဲ့လစာအထောက်အပံ့တွေယူငင်သုံးစွဲကြရပြီး နောက်လိုက်ဂျူနီယာတွေကတော့ အနိမ့်စားလစာအထောက်အပံ့ကိုသာယူငင်သုံးစွဲကြရပါတယ်။ နိမ့်ကျတဲ့ပြည်သူကတော့ အာဏာရှင်နဲ့လူ့အခွင့်အရေး ကွန်မြူနစ်နဲ့လူ့အခွင့်အရေး သူတစ်ပြန်ကိုယ်တစ်ပြန်သတ်ပုတ်နေတာကိုကြည့်ရင်း မစားရဝခမန်းဖြစ်နေမျှော်ကြရပါတယ်။ တကယ်သာ လူသားတိုင်းတူညီသောလစာခံစားခွင့်ရှိမယ်ဆိုရင် စီနီယာနှင့်ဂျူနီယာလစာ ညီတူညီမွ်ခံစားစေရမှာပေါ့။


ဒါကြောင့်...

ကွန်မြူနစ်ဝါဒဆိုတာ ပညာတတ်ကိုနှိပ်ကွပ်တဲ့ဝါဒဖြစ်ပြီး၊

လူသားပဓာန(လူ့အခွင့်အရေးစာတမ်းဝါဒ)ကတော့ ဥစ္စာရှင်ကိုနှိပ်ကွပ်တဲ့ဝါဒဖြစ်တယ်။


ကွန်မြူနစ်ဝါဒဆိုတာ အညွန့်ကိုချိုးတဲ့ဝါဒဖြစ်ပြီး၊

လူသားပဓာနဝါဒ (လူ့အခွင့်အရေးစာတမ်းဝါဒ)ဟာ အကိုင်းကိုချိုင်တဲ့ဝါဒဖြစ်တယ်။


ကွန်မြူနစ်ဝါဒဆိုတာ ဘယ်သူဘယ်လောက်ပဲလုပ်လုပ် ဒါပဲရရမယ်ဆိုတဲ့လစာသတ်မှတ်ချက်ရှိတဲ့ ဝီရိယကိုသာခိုင်းစားပြီး (အကျိုးပယ်)ခံစားခွင့်ကိုပယ်ထားတဲ့ဝါဒဖြစ်ပါတယ်။


လူသားပဓာနဝါဒ (လူ့အခွင့်အရေးစာတမ်းဝါဒ)ကတော့ လူသားဖြစ်သဖြင့် ဘယ်သူတွေဘာတွေ မလုပ်လုပ်လုပ် ဒါကိုတော့ရကိုရရမယ်ဆိုတဲ့ မစားရဝခမန်း ဝီရိယကိုလျော့စေပြီး(အကြောင်းပယ်)အကျိုးခံစားခွင့်ကိုသာပြပြီးလိမ်လည်တဲ့ဝါဒသာဖြစ်တယ်။


အနှစ်ချုပ်ကြည့်လိုက်တော့ ကွန်မြူနစ်ဝါဒဟာ အကျိုးပယ်ဝါဒဖြစ်ပြီး လူသားပဓာနဝါ (လူ့အခွင့်အရေးစာတမ်းဝါဒ)ဟာ အကြောင်းပယ်ဝါဒဖြစ်တယ်။ တကယ်တော့ အကျိုးပယ်ခြင်းဟာ အကြောင်းကိုပယ်ပြီး ဖြစ်သလို အကြောင်းပယ်ခြင်းကလည်း အကျိုးကိုပယ်ပြီးဖြစ်ပါတယ်။ ဒါကြောင့်အကျိုးပယ်ဝါဒဖြစ်စေ အကြောင်းဖယ်ဝါဒဖြစ်စေ ကောင်းကျိုးပေးတဲ့ဝါဒမဟုတ်တဲ့အတွက် ကွန်မြူနစ်ဝါဒနဲ့ လူသားပဓာနဝါဒ(လူ့အခွင့်အရေးကြေငြာစာတမ်းဝါဒ)တို့ဟာ တစ်တန်းတစ်စားတည်း ညစ်ထေးတဲ့ဝါဒတွေသာဖြစ်တယ်။ လူသားဖြစ်တည်မှု,သတ္တလောကကို မတည်မငြိမ်ဖြစ်စေပါတယ်။ လူသားနေထိုင်ရာ,သြကာသလောကကို ဝေဝါးလမ်းလြဲစေပါတယ်။ ဘာသာရေးရှု့ထောင့်ကကြည့်ရင် လုံးဝ လုံးဝ သုံးစားလို့မရတဲ့ စနစ်ဆိုး စနစ်ယုတ်တွေသာဖြစ်ပါတယ်။ သူ့ထက်ဆိုးတဲ့ အာဏာရှင်လိုစနစ်ဆိုး ပဒေသရာဇ်လိုစနစ်ဆိုး အရင်းရှင်ဝါဒစနစ်ဆိုးကိုသာ ကွန်မြူနစ်ဝါဒ၊ လူသားပဓာနဝါဒ(လူ့အခွင့်ရေးစာတမ်းဝါဒ)တွေက ချေးတောထဲ လသာသလို အနိုင်ယူနိုင်ကောင်းယူနိုင်ပါလိမ့်မယ်။ ဗုဒ္ဓဝါဒနှင့်နှိုင်းယှဉ်လျှင် အဆင်မမီသောဝါဒဆိုးလက်သစ်တွေသာဖြစ်ပါတယ်။


ဒါမျိုးတွေ ခွဲခြမ်းစိပ်ဖြာကြည့်တဲ့အခါ အသုံးမကျအနှစ်မရှိတာတွေသာမြင်နေလို့ ညီလေးတို့လူ့အခွင့်အရေးစာတမ်းဝါဒအသစ်ကိုမကြိုက်ပါ။ ဗုဒ္ဓဝါဒနှင့်နှိုင်းယှဉ်လာလျှင် လူ့အခွင့်အရေးစာတမ်းဝါဒကျင့်သုံးလိုသူတို့ကို မြစ်ကိုအလျားလိုက်ကူးသူများလို့ လူညံ့လူနုံလူအလို့မြင်နေမိတယ်။ သံဃာတော်ကိုဝေဘန် ဝိနည်းကိုဖောက်ဖောက်ပြန်ပြန်ပြေနေတာကလည်း ခွေးလေးအရောဝင်လို့ ပါးလျက်နားလျက်လုပ်တယ်လို့ ထင်မြင်မိပါတယ်။ ဒီကွန်မြူနစ်ဝါဒသော်လည်းကောင်း လူသားပဓာနဝါဒ(လူ့အခွင့်အရေးစာတမ်းဝါဒ)သော်လည်းကောင်း ငါကတော့ မကြိုက်ဘူး လူလေးတို့။ ကမ်ဘာမြေပေါ်ကနေ အလျှင်အမြန်ကွယ်ပျောက်ပါစေလို့ ဆုတောင်းနေပါတယ်။


ကွန်မြူနစ်ဝါဒ ဖက်ဆစ်ဝါဒကတော့ ပြည်သူအမ်ား လူအမ်ားက အော့နှလုံးနာမျိုးတုန်းပျောက်ကွယ်သွားပြီမို့ အထူးတလည်မပြောလိုတော့ပါ။ အခုတလော ခေတ်ထနေတဲ့ ရွှေရည်စိမ် မင်းသားခေါင်းဆောင်းဘီလူးဝါဒဖြစ်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းဝါဒ(သို့) လူသားပဓာနဝါကို အတိအလင်းကန့်ကွက်ကြောင်းပြောလိုပါတယ်။ သူငယ်တန်းကျောင်းသားက တက္ကသိုလ်ဘွဲ့ရကို ယဉ်ဘောင်တန်းဖို့ အလွန့်အလွန်ကြိုးပမ်းရမယ့်အခြေအနေမျိုးလို လူအခွင့်အရေးစာတမ်းဝါဒကို ဘုရားသခင်လိုထင်နေတဲ့ လူလေးတို့လို နိုင်ငံရေးသမားပေါက်စနလေးတွေဟာ လူကောင်းတစ်ယောက်ဖြစ်ဖို့ ဗုဒ္ဓဝါဒကိုမြင်နိင်အောင်ပဲ အတော်ကြီး modified လုပ်၊ ကျင့်ကြံကြိုးစားအားထုတ်ရမယ့်အခြေအနေပါ ကလေးတို့။


ဦးလေးကြီး စေတီရှင်နှစ်သက်တဲ့ဝါဒကိုပြောပါဆိုရင် ဗုဒ္ဓဝါဒ လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကိုကြိုက်ပါတယ်။ ဒါနဲ့နိုင်ငံတော်ကို တည်ဆောက်နိုင်သလားလို့ ကလေးအတွေးနဲ့ မင်းမေးခဲ့ရင် နိုင်ငံတော်သာမက ကမ်ဘာကိုတောင် တည်ငြိမ်အေးချမ်းအောင် တည်ဆောက်နိုင်တဲ့အကြောင်းပြောလိုက်ချင်တယ် လူလေးတို့ရယ်။


ခင်မင်ခြင်း၊ သနားခြင်းကြီးစွာဖြင့်...

စေတီရှင်

၁၁၀၁၂၀၁၅

၂၂း၄၀

Saturday, 4 January 2014

အစိုးရ ကိုယ်စား

အစိုးရ ကိုယ်စား


က်နော်က ဥပဒေပြုအမတ်ကြီးပေါ့။ က်နော်အထက်မွာ ကောင်းကင်ပဲရှိတော့တယ်။ အဟီး။


အခု ပြည်သူတွေတောင်းဆိုတဲ့ ၅၉(ဃ) နဲ့ ၅၉(စ)ကို ပြင်ဆင်အစားထိုးပေးလိုက်တယ်။ အမိန့်တော်မှတ်မယ်။ နာခံစေဗျား...


၅၉(ဃ)။ သမတဖြစ်မည့်ပုဂ္ဂိုလ်သည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပြားရေး၊ စစ်ရေးစသည့်အမြင်များမရှိစေရ။ ခွက်စောင်းခုတ်နိုင်ငံရေးမျှလောက်ပင်မတတ်စေရ။ အုပ်ချုပ်ရေးမေ့လျော့သော အရက်သောက် ကြက်တိုက်နေရမည်။ စီးပြားရေးအမြင်အဖြစ် ဖဲရိုက်တတ်ရမည်။ စစ်ရေးအမြင်တွင်ကား စစ်တုရင်ထိုးခြင်း ကျားထိုးခြင်းပင်မတတ်စေရ။ ဖွတ်ကြား အရူး စောက်ပေါများဖြစ်လျင် အထူးဦးစားပေးရမည်။


၅၉(စ)။ မိမိ၊ မိမိအရင်းအခ်ာဆွေမျိုးတစ်ဦးဦးသည် အခြားနိုင်ငံ၏ သစ္စာတော်ခံ နိုင်ငံသားမဖြစ်စေရအစား သမတဖြစ်မည့်သူကိုယ်တိုင် နိုင်ငံသားမဖြစ်စေရ။ တရုတ် ကုလား ပုဏ္ဏား စူရတီ မည်သူပင်ဖြစ်ဖြစ် ကန့်ကွက်ခြင်းမရှိစေရ။ မြန်မာမှန်လျှင် ကျွန်ဖြစ်ရမည်။


အမိန့်တော်။ ငဒူ၊ ငဒူ၊ ငဒူ။

အဆားနူ ငအူတွေ ယူကြ မှတ်ကြလေ။

ဆန္ဒပြတာ ရပ်ကြလေတော့။


စိတ္တဇအထူးကု

စေတီရှင်

၀၅၀၁၂၀၁၄