Wednesday, 26 February 2014

၁၀၀ မီရာ

၁၀၀ မီရာ


သေဆုံးရမယ့်သူချင်းအတူတူ

ထမင်းကျွေးခြင်းကို မရပ်ပါနဲ့။

တစ်ညတာ ဝမ်းဝဖို့

ဒီအဆိပ်တွေ ငါမျိုချခဲ့မယ်။


ငါ့ ဖိနပ်ကြီး သေးသွားပြီ။

ဒီခြေထောက်တွေ

ခြေဖြားထောက်နေတဲ့ ဒီဖနောင့်တွေ

လှီးထုတ်ပစ်

တိုက်စားပစ်

ဖနောင့်က သန်းခြောက်ဆယ်

ဖိနပ်က တစ်ရံတည်း။


ငို.. သေလောက်အောင် ငို

သည်တောင်တွေက မရွေ့ဘူး

မျို.. သေလောက်အောင် မျို

သည်မြေတွေက ငနီတွေအတွက်မဟုတ်ဘူး

ခွေးတွေ ငါတို့ဟာခွေးတွေ

သမိုင်းမတွင်တဲ့ ဟင်္သာအယောင်ဆောင် ခွေးတွေ

ငနီတွေက

အဝင်အတွက် ၄

အထွက်အတွက် ၄

သမိုင်းပေးတာဝန်က ၈ ဂဏန်းတစ်ခုသာ။

အမိုးအတွက် ဖာ

လှေဝမ်းကွဲအတွက် ဖာ

မသိတဲ့ မသာတွေအတွက်

မသိမသာက ပေါ်လွင်လာခဲ့တယ်။


ဂျိုးဖြူပေါ်ပေါက်တဲ့ဆူးတွေ စူးသတဲ့လား

ခလုတ် ခဏခဏတိုက်တယ်

ဟော ကျပြန်ပြီတစ်ယောက်

ဟော ကျပြန်ပြီ နောက်တစ်ယောက်

ဟော ဟော တားမရတော့

ဒီုမီနီုအဖက်တွေ

စားမြုံ့ပြန်တတ်တာ ငါမသိခဲ့ဘူး။


ငို.. သေလောက်အောင် ငိုစမ်း

သည်တောင်တွေကို

သည်ဖိနပ်တွေနဲ့ မကျော်ဖြတ်နိုင်ဘူး။

စား.. ကုန်အောင်သာ စား

ဒါ သထုံကရက်တဲ့ သစ်နက်ရေတွေ

ဒါ ပုဂံကပို့တဲ့ သစ်နက်ရေတွေ

ဒါ မန်းရွှေမြို့တော်က သစ်နက်ရေတွေ

ဒါ ကမ္ဘာအေးအောင်ခြုံတဲ့ သစ်နက်ရေတွေ

ကုန်ပြီလား ကုန်ကြပလား


ကုန်ပြီလား

ကုန်ကြပလား

ငို.. သေအောင်သာ ငိုစမ်း

ယူကလစ်တွေရေတွက်ထားတာက

၁၂သန်း၉သောင်း အပေါင်းတစ်။


တောက်ပ

၅း၅၅

၂၆၀၂၂၀၁၄

Thursday, 20 February 2014

ငြင်း

ငြင်း


က်နော်နဲ့ငြင်းသူတွေ များပါတယ်။ မွ်တအောင်

သူဘက်ကိုက်နော်ကစပြီးခံစားပေးပါတယ်။

ပြောတိုင်းကြားတိုင်း လေးလေးစားစား အင်းလိုက်ပေးပါတယ်။ တကယ်တော့ သူပြောသမျှတွေက က်နော်သိဖူးသမွ်တွေပါ။

ပြီးတော့ က်နော်ပြောအလှည့်ပေါ့။ က်နော်ပြောတဲ့အရာ

တော်တော်မ်ားမ်ားက သူအတွက်အသစ်အဆန်းတွေဖြစ်နေတယ်။ ကောက်ချက်တွေက အသစ်ဖြစ်နေတယ်။

ကြာလာတော့ သူဇဝေဇဝါဖြစ်သွားတယ်။


တကယ်တော့ ငြင်းနေတဲ့ပြဿနာအချို့ဟာ ဗဟုသုတချင်း

မညီမွ်တာက စတာပါပဲ။ အင်တာနက်ခေတ်မွာ တစ်ယောက်ဆို တစ်ယောက်ပဲပေါင်းပြီးတော့ ကျန်တဲ့အခြားတဖက်ကို တစွန်းတစမွ်ကို ဗဟုသုတဖြစ်မကြည့်လို့ပါဘဲ။ က်နော်နဲ့ငြင်းသူတွေတော့မသိဘူး က်နော်မှာလူစုံရှုထောင့်စုံလူတွေရှိတယ်။

အမြင်မတူသူတွေရဲ့အပြုအမူများ

လက်တွေ့အမြင်မတူအောင်လုပ်သူမ်ား

အမြင်တူသူတွေရဲ့ဆောင်ရွက်ချက်မ်ား

အမြင်တူသူတွေရဲ့ဦးဆောင်ဆောင်ရွက်နေသော မဟာဗျူဟာများကို

ထင်ထင်ရှားရှားလေ့လာခွင့်ရတယ်။


ဒါကြောင့်မို့ ကိုယ်ကိုယ်တိုင်က

မြင်ကွင်းအပြည့်အစုံရှိလို့ငြင်းသလား

ထင်တာကိုဇွတ်ပေငြင်းသလား

အချက်တစ်ခု/အခြေအနေတစ်ခုမွာ အကောင်းအဆိုး၂ခုလုံးစဉ်းစားပြီးမှ ငြင်းကြပါလို့ အကြံပေးချင်ပါတယ်။

ဗဟုသုတမပြည့်သူများနဲ့ ငြင်းရတာ စိတ်ကုန်လာလို့ပါ။


ဒီမိုဆိုပြီး မိမိကိုယ်ကို ခံယူသူများအတွက်


၁။ ၉၆၉ဆိုတာ

၂။ မဘသ ဆိုတာ

၃။ ဦးဝီရသူဆိုတာ

၄။ ဗုဒ္ဓဘာသာဆိုတာ

၅။ ပကတိစိတ်အခြေအနေဆိုတာ

၆။ ဘာသာခြားအပေါ် ယခင်ကအယူအဆတွေက

၇။ ဘာသာခြားအပေါ် ယခုအယူအဆတွေက

၈။ ဒေါ်စုဆိုတာ

၉။ CEOတွေဆိုတာ

၁၀။ ပကတိစိတ်အခြေအနေများ

၁၁။ ၉၆၉အပေါ်အမြင်

၁၂။ မဘသအပေါ်အမြင်

၁၃။ ဦးဝီရသူပေါ်အမြင်

၁၄။ ဗုဒ္ဓဘာသာပြည်သူတွေပေါ်အမြင်

.....

အပြန်အလှန်

အကောင်း အဆိုး

ရှု့ထောင့်နှစ်ခုကနေပြီး သေသေချာချာစဉ်းစားပြီး

ညီညွတ်ခြင်း ငြိမ်းချမ်းခြင်းလမ်းစဉ်ကို ရွေးချယ်ပါဦးစို့။

မိလိန္ဒဘုရင် ငိုလေပြီ o_O

အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း - Monday, February 17, 2014 အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာမွာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ အာဖဂန်နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္ဓဘာသာသည် ထိုစဉ်ကများစွာ စည်ပင်၀ပြောခ့ဲသည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခ့ဲကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။ သမိုင်းဆိုင်ရာ သက်သေအထောက်အထားများအ ရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရဏ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု)ကပင် ဗုဒ္ဓဘာသာ အခြေတည်ခ့ဲကြောင်း သုတေသီတို့က သုံးသပ်ကြသည်။ ထိုသို့ စောစီးစွာ အခြေတည်ခ့ဲသော ဗုဒ္ဓသာသနာမှာ အေဒီ ၇ ရာစုတွင် စတင်မှေးမှိန်လာခ့ဲပြီး၊ အေဒီ ၁၁ ရာစုတွင် လုံး၀ ကွယ်ပျောက်ချုပ်ငြိမ်း သွားခ့ဲလေသည်။ ဤေဒသမွာ တရုတ်တို့၏ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပိုးလမ်းမကြီးပေါ်တွင်ရှိ၍ လူသိမ်ား ကျော်ကြားလှပါသည်။ ဂရေဘိုဘတ်တားရီးယန်း မင်းဆက်မှ ဘုရင်တစ်ပါးဖြစ်သော မိန္ဒာဘုရင်ကြီး လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် အာဖဂန်နစ္စတန်တွင် ထွန်းကားခ့ဲပါသည်။ မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခ့ဲပါသည်။ ဗုဒ္ဓသာသနိက အဆောက်အအုံများကိုလည်း အာဖဂန်ရှေးဟောင်းဌာနက တစ်ခုပြီးတစ်ခု ရှာဖွေတွေ့ရှိခ့ဲပါသည်။ လော်ဂျာပြည်နယ်၌ ရှာဖွေတွေ့ရှိခ့ဲသမျှ ပစ္စည်းများထဲတွင် ရှေးဟောင်းစေတီတော် နှစ်ဆူ၊ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ နံရံပန်းချီများ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ရှေးဟောင်းပုတီးများ ပါ၀င်ပါသည်။ ဘက်တားရီးယန်း စာပေပညာရှင်နှင့် စစ်သည်တော် (မိလိဒန္ဒပဉ္စာ ကျမ်းအရ မိလိန္ဒမင်းကြီး) တစ်ဦးသည် အိနိ္ဒယမှ ရောက်လာသော နာဂေသနဟု အမည်ရသော မထေရ်တစ်ပါးနှင့် တွေ့ပြီး ဗုဒ္ဓဘာသာ၀င်အဖြစ် ကူးပြောင်းရောက်ရှိခ့ဲကြောင်း သိရပါသည်။ မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည်ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခ့ဲရာ အာဖဂန်နစ္စတန်တွင် ပထမဆုံးတည်ထား ကိုးကွယ်သော စေတီတော်ကြီး သမိုင်းပါ ဇာတ်ကောင်များနှင့် နာမည်ဆင်တူနေသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ (ဘာသာပြန်သူ၏ စကားချပ်) ဘာမီယန်တောင်တန်းသည် လိုဏ်ဂူများပေါများလှသော တောင်စဉ်တောင်တန်းကြီးတစ်ခုဖြစ်ပြီး ၎င်းတောင်များအတွင်းရှိ လိုဏ်ဂူများတွင် သီတင်းသုံးကြသော ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ဗုဒ္ဓနိပါတ်တော်များကို ကျောက်ဂူနံရံများတွင် နံရံပန်းချီများအဖြစ် ရေးချယ်ခ့ဲကြပါသည်။ ဘာမီယန်တောင်ကြားဒေသရှိ ကျောက်ဂူနံရံများတွင် ထွင်းထုထားသော ဗုဒ္ဒရုပ်ပွားတော်မာျးဟု ခေါ်ေဝါ်ကြပြီး သမိုင်းကြောင်းအရ တန်ဖိုးဖြတ်၍ မရအောင် အလွန်ရှားပါး အဖိုးတန်လှပေသည်။ ထို ဗုဒ္ဓရုပ်ပွားတော်များထဲမှ ကြည်ညိုဖွယ်အကောင်းဆုံးနှင့် အရွယ်အစားအကြီးဆုံးမှာ ဉာဏ်တော် ပေ ၄၂၀ ရှိသော ရပ်တော်မူ ကိုယ်တော်ကြီးဖြစ်သည်။ ထိုရုပ်ပွားတော်မြတ်ကြီးကို လွန်ခ့ဲသော ၁၁ နှစ် (၂၀၀၁ ခုနှစ်)က တာလီဘန် သူပုန္မ်ားက ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခ့ဲသည်။ မူဆလင်များသည် ရုပ်တုကိုးကွယ်မှု မပြုရဟု အယူရှိသောကြောင့် တာလီဘန်တို့သည် ဗုဒ္ဓရုပ်ပွားတော်မြတ်များ တည်ရှိနေခြင်းကို သည်းမခံနိုင်ဘဲ ဖြစ်ခ့ဲပုံရသည်။ ထိုလုပ်ရပ်ကို တားဆီးရန် ထိုစဉ်က ပါကစ္စတန်နိုင်ငံတွင် ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန္က တာလီဘန်တို့သည် ကိုယ့်ကိုသာမက အစ္စလာမ်ဝါဒအတွက်ပါ အကျိုးမ့ဲစေသော လုပ်ရပ်ကို လုပ်ခ့ဲလေပြီဟု ပြောကြားခ့ဲပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး တားဆီးနေသည့်ကြားမှ ၂၀၀၁ ခု မတ် ၁၁ ရက်၊ တနင်္ဂနွေနေ့တွင် ရုပ်ပွားတော်ကြီးနှစ်ဆူကို နှစ်ရက်ဆက်၍ ရှေ့ဆင့်နောက်ဆင့် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးခ့ဲသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ်အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခ့ဲသော်လည်း မအောင်မြင်ခ့ဲပေ။ ဒါတွေဟာ အစ္စလာမ်တရားတော်နဲ့ မညီလို့ ဖယ်ရှားရတာပါဟု တာလီဘန်တို့က အကြောင်းပြခ့ဲသည်။ UN အတွင်းရေးမှူး ကိုဖီအာနန္ကမူ "အစ္စလာမ်နာမည်ကို ခုတုန်းလုပ်ပြီး ဘယ်သူ့ကိုမှ အကျိုးမရှိ ပျက်စီးစေမ့ဲ အလုပ္ကို သူတို့ လုပ်နေကြတယ်။ ဒီလုပ်ရပ်ကို ကမ္ဘာပေါ်မှာ ဘယ္သူကမွ ထောက်ခံမှာ မဟုတ္ဘူးဆိုတာ ကျုပ်ပြောရဲတယ်"ဟု ပြောခ့ဲသည်။ အဖိုးအနဂ္ဂထိုက်တန်သော ကမ္ဘာ့အမွေအနှစ်များ အာဖဂန်သမိုင်းတွင် ပြန်အဖတ်ဆယ်၍ မရအောင် ပျောက်ဆုံးသွားရခြင်းအတွက် နောင်အခါတွင် သူတို့ နှမျောကောင်း နှမျောတသ နေပါလိမ့်မည်။ ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံများသည် ကုလသမဂ္ဂ၊ ယူနက်စကိုတို့နှင့် ပူးပေါင်း၍ ထိုစဉ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခ့ဲပါမူ ထိုအဖြစ်ဆိုးမှ ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်ပါလိမ့်မည်။ တာလီဘန်တို့သည် အဖျက်စွမ်းအားကြီးမားသော အမြှောက်လက်နက်ကြီးများကို သုံး၍ ၂၀၀၁ ခုနှစ်၊ မတ်လတွင် ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခ့ဲပါသည်။ ထိုဖ်က္ဆီးခံရေသာ ဘာမီးယန်း ဗုဒ္ဓရုပ်ပွားတော်နှင့် တစ်ပုံစံထဲတူသော (ဉာဏ်တော်ပို၍မြင့်သော) ပုံစံတူ သြကာနရုပ်ပွားတော်မြတ်ကြီးကို သီရိလင်္ကာတွင် တည်ထားကိုးကွယ်ခ့ဲကြပါသည်။ ရှေးအခါကလည်း အာဖဂန်နစ္စတန်တွင် မတူညီသော ဘာသာများရှိခ့ဲကြ ကိုးကွယ်ခ့ဲကြဖူးပါသည်။ သို့သော် ဘာသာတစ္ခုက အျခားဘာသာမ်ားကို လေးစားခ့ဲကြသည်။ ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံတွင် စတင်ခ့ဲသော ဘုရားသခင်ဘက်တော်သားများသည် မိစာၦဝါဒီများကို အဆက်မြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။ နောင်သောအခါ ဤဝါဒမှာ အီရန်သို့ ရောက်ရှိပျံ့ပွားသွားပြီး မကောင်းသူပါယ် ကောင်းသူကယ်ဝါဒ Zoroastrianism ဟု ထင်ရှားခ့ဲသည်။ ဂရှေ့(စ်)ကို ဘက်ထရီယန်လက်ထက်တွင် ဗုဒ္ဓဘာသာနှင့် ဇောရိုးဝါဒမှာ ငြိမ်းချမ်းစွာ အတူတကြ တူရှိခ့ဲကြသည်။ တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ (အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီးယားဒေသကို ဆက်လက်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ (Balka)သို့ပါ ရောက်ရှိလာခ့ဲသည်။ ၎င်းတို့ အုပ်စိုးပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ၀င်များကို လူခွန် စတင်ကောက်ခံခ့ဲသည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်ဖူးမျှော် ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခြန္မ်ား ကောက်ခံခ့ဲသည်။ ကဘူးရှိ ဘုန်းတော်ကြီးကျောင်းများကို ၀င်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှ လုံး၀ပျောက်ကွယ်သွားရတော့သည်။ အေဒီ ၇ ရာစုတွင် အာဖဂန်သို့ မူဆလင်များ စတင်ရောက်ရှိလာပြီး ၁၀ ရာစုသို့ ရောက်သောအခါ တစ်နိုင်ငံလုံးနီးပါး အစ္စလာမ်ဘာသာသို့ ရောက်ရှိခ့ဲသည်။ ၁၁ ရာစုတွင်ကား ဗုဒ္ဓဘာသာ အာဖဂန်နစ္စတန်မှ လုံး၀ချုပ်ငြိမ်း ထွက်ခွာခ့ဲရသည်။ (မှတ်ချက် မြန်မာနိုင်ငံ ပုဂံသို့ ဗုဒ္ဓဘာသာ ရောက်လာချိန်မှာ အာဖဂန်တွင် ဗုဒ္ဓဘာသာ ချုပ်ငြိမ်းချိန် ဖြစ်နေပေသည်။ စကားချပ်) အာရပ်တို့ အာဖဂန္ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်၀င်ရောက်လာသောအခါ အာဖဂန်ဒေသခံ တောင်ပေါ်သားတို့သည် ၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခ့ဲကြပေသည်။ ထိုအချိန်က အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဇောရိုးဝါဒ၊ ဂျူးဘာသာများကို မိမိယုံကြည်ရာ ကိုးကွယ်ခ့ဲကြပေသည်။ အာရပ်များသည် ဒေသခံများကို အစ္စလာမ်ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ၏ အဆက်မပြတ် အပြင်းအထန် ခုခံတော်လှန်မှုကြောင့် မအောင်မြင်ခ့ဲပေ။ အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာတော်တော်များများကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခ့ဲပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခ့ဲသည်။ အတင်းအကျပ် ဘာသာပြောင်းခံရသူများသည် အခွင့်သာသည်နှင့် သူပုန်ထကြွပြီး သူတို့၏ မူလဘာသာကို ပြန်လည်ဆည်းကပ်ကြသည်လည်း ရှိခ့ဲသည်။ အေဒီ ၈ ရာစုနှင့် ၉ ရာစုကြား ကာလများတွင် ယနေ့ခေတ် အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိနိ္ဒယနိုင်ငံ မြောက်ပိုင်းဒေသများမှ ဒေသခံများမှာ ဆွန်နီအစ္စလာမ်ဘာသာသို့ သွတ်သွင်းခြင်း ခံကြရသည်။ အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခ့ဲသော တူရကီမင်း ဆက်ဟူလတန် မိုဟာမက်သည် အိနိ္ဒယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခ့ဲပြီး အိနိ္ဒယနှင့် အာဖဂန်နစ္စတန်တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲ၀င်ရောက်စေခ့ဲသည်။ တောင်ကုန်း တောင်တန်းများပေါ်တွင် နေထိုင်ကြသော ဒေသခံအာဖဂန်များကတော့ အစ္စလာမ်ဘာသာသို့ မ၀င်ဘဲ နေခ့ဲကြသည်။ ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင် ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခ့ဲကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခ့ဲသည်။ လုပ်သက် ၃၄ နှစ် ရှိပြီဖြစ်သော အာဖဂန်ပြတိုက်မှူးဖြစ်သူ အိုမာခန် မက္ဆိုဒီက အာဖဂန်၏ ခေတ်အဆက်ဆက်မှာ အလွန်လက်ရာမြောက်သော ဗုဒ္ဓရုပ်တုများကို သူတို့ လျှို့၀ှက် စုဆောင်းနိုင်ခ့ဲသောကြောင့် အလွန်ဂုဏ်ယူကြောင်း၊ သူတို့သည် ဗုဒ္ဓရုပ်ပွားတော် အဆူ ၃၀၀ ခန့်ကို ပြတိုက်အနီး မြေအောက်ခန်းထဲတွင် လျှို့၀ှက်သိမ်းဆည်းထားပြီး ပြတိုက်၀န်ထမ်းများက ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောကြားခ့ဲသည်။ ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီး ဖျက်ဆီးခံရမှုကို သူတို့ အလွန်စိတ်မကောင်းဖြစ်မိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဤရုပ်ပွားတော်ကြီးမှာ အာဖဂန်နစ္စတန်၏ သမိုင်းကြောင်းဖြစ်နေသောကြောင့် ဖြစ်သည်ဟုလည်း ပြောကြားခ့ဲပါသည်။ ဂန်ဒါရာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စတင်မတည်ထားခင်ကအထိ ဗုဒ္ဓဘာသာ ပေါ်ထွန်းစကာလများတွင် မည်သူမျှ ဗုဒ္ဓရုပ်တု၊ ရုပ်ပွားလုပ်၍ မကိုးကွယ်ခ့ဲကြပါ။ ကနဦးတွင် လူ့ပုံသဏ္႑ာန်ကို ရှောင်ရှားပြီး အခြားသငေ်္ကတများကိုသုံး၍ ကိုးကွယ်ပူဇော်ခ့့ဲကြသည်။ လူတို့သည် ရှေးဦးစွာ ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ (စက်တော်ရာ)ကို ပုံတူပြု၍ ကိုးကွယ်ခ့ဲကြပါသည်။ ခြေတော်ရာပုံထဲတွင် မဟာယာန ဗုဒ္ဓဘာသာမှ အန္တရာယ်ကင်း အင်းကွက်များနှင့် ဆင်တူသော အင်းများကို ထည့်သွင်းရေးဆွဲခ့ဲကြသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာတွင် သငေ်္ကတများ ထည့်သွင်းရေးဆွဲကြသည်မှန်သော်လည်း အာဖဂန်နစ္စတန်မှ ဗုဒ္ဓရုပ်ပွားတော်များ၏ ခြေတော်ရာသငေ်္ကတများကိုကား ယခုထက္ထိ သုတေသီတို့ အဓိပ္ပါယ်မဖော်နိုင်သေးပါဟု ခြေတော်ရာသမိုင်းကို ၂၅ နှစ်ကြာ သုတေသနလုပ်ခ့ဲသည့် ဒေါက်တာ ၀ဲဓမ္မဆေလာက ပြောပါသည်။ ဗုဒ္ဓဘာသာ ရဟန်းတောင်တစ်ပါးရေးခ့ဲသော၌လည်း ဗုဒ္ဓဘုရားရှင်သည သူ၏လက်၀ဲဘက်ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူသည်ဟု အထူးအေလးထား ဖော်ပြထားပါသည်။ ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခုကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာ၀င်တို့ အလေးအမြတ်ထားကြသော အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကို တစ်ချိန်က ချထားခ့ဲသည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခ့ဲပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခ့ဲပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခ့ဲသည်ဟု ဆို၏။ ကာလကြာသောအခါ ထိုနေရာကို အကြိမ်ကြိမ်ပြုပြင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခ့ဲကြသည်။ ထိုနေရာကို မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ပြီး မွတ်ဆလင်များက ၀တ်ပြု ပူဇော်ရန် ၀င်ခွင့်ပြုသည်။ ဗုဒ္ဓဘာသာ၀င်များကတော့ ထိုနေရာသို့ မြတ်စွာဘုရားခြေတော်ရာ ဖူးမြော်ရန် ဘယ်တုန်းကမှ မသွားခ့ဲကြပါ။ သို့သော် ရာစုနှစ်ပေါင်းများစွာ ကြာလွန်သည်အထိ ဂေါသကျမ်းမှာ အသုံးပြု ကိုးကားနေကြဆဲဖြစ်သည်။ ဤဒဏ္႑ာရီဆန်လှသော ကျမ်းစာပါ အကြောင်းများကိုတော့ မည်သူမှ မှားသည်၊မှန်သည် မဆန်းစစ်နိုင်ခ့ဲပါ။ သင်္ဂါယနာတင်ရာတွင် ထည့်သွင်းမဖော်ပြခ့ဲသော်လည်း မဟာဝံသကျမ်းမာျးအလိုအရာ ဗုဒ္ဓဘုရားသခင်သည သီရိလင်္ကာ (သီဟိုဠ်ကျွန်း)သို့ သုံးကြိမ်ခန့် ကြွရောက်ခ့ဲသည်ဟု မှတ်တမ်းတင်ထားပါသည်။ ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။ အာဖဂန်နစ္စတန်က့ဲသို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိနိ္ဒယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့် ထေရဝါဒရဟန်းတော်များ သီတင်းသုံးခ့ဲသည့် ဘုန်းတော်ကြီးကျောင်းပေါင်း မ်ားစြာကို တွေ့ခ့ဲရသည်ဟု ပြောပါသည်။ ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိနိ္ဒယမှာရော၊ သီရိလင်္ကာမှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။ ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခ့ဲသော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။ ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီးဖြစ်သော သီရိဓမ္မာသောကမင်းကြီး၏ စကားကို ယူ၍သုံးရလျှင် "အကြင်သူသည် မိမိကိုးကွယ်ရာ ဘာသာကိုသာ ချီးမြှင့်မြှောက်စားလျက် အျခားဘာသာမ်ားကို က့ဲရဲ့မရှုတ်ချထိုက်၊ အျခားဘာသာ အယူဝါဒများကိုလည်း သူတို့ကိုးကွယ်ယုံကြည်မှုနှင့်အညီ လေးစားအသိအမှတ်ပြုရမည်။ ဤသို့ ပြုခြင်းဖြင့် ဘာသာအယူဝါဒများ အပြန်အလှန် ကူးလူးဆက်ဆံနိုင်ရမည်။ မိမိအယူဝါဒနှင့် မတူသူမ်ားကို ပြစ်တင်ရှုတ်ချခြင်း မလုပ်ရာ၊ မိမိဘာသာအယူဝါဒကိုသာ ချီးမြှင့်လျက် အခြားတစ်ပါးသော ဘာသာအယူဝါဒကို ပိတ်ပင်နှိပ်စက်ခြင်းကား အကျိုးမရှိယုံမျှမက ကိုယ့်အယူဝါဒကိုပင် နိမ့်ကျပျက်စီးစေ၍ ရှောင်ကြဉ်ရပေမည်။ သရ၀ဏ်(ပြည်) တဆင့်ကူးယူသည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)



Tuesday, 18 February 2014

ပတ်ဝန်းကျင်သစ်


မှန်ကန်တဲ့အတွေးအခေါ်ဖြစ်စေဖို့ သင့်တင့်လျောက်ပတ်တဲ့ပတ်ဝန်းကျင်လိုတယ်။

တောင်တိုင်း တောင်တိုင်းမွာ ပတ္တမြားမရှိ။

ပတ္တမြားရှိသောတောင်တန်းမွာကိုပဲ ပတ္တမြားကနည်းနည်း လမ်းခင်းကျောက်သားကပိုများလှပါတယ်။

ဘာပဲဖြစ်ဖြစ် ကျောက်သားတွေကြားကို မဖြစ်မနေရှာရမယ်။ ပတ္တမြားဆိုတာ လေထဲမှာလွင့်မြောနေတဲ့အရာမဟုတ်။ စီးနေတဲ့ရေထဲမှာလည်း သနေ္ဓတည်တဲ့အရာမဟုတ်။ တည်တည်ငြိမ်ငြိမ် ခံ့ခံ့ညားညား ကျောက်ဆိုင်ကျောက်သားတွေကြားမှာ တိုးတိတ်ပျော်ဝင်လျက်။

ပတ်ဝန်းကျင်ကိုရွေးပါ။
ထပ်မံစစ်ထုတ်ပါ။
အားစိုက်ပါ။
လက်တစ်ကမ်းထက် ပိုနီးလာမယ်။

Wednesday, 12 February 2014

ရုပ်နာမ် ဖြစ်ပျက် ဖြစ်ပွားခြင်းရှိမရှိ ခေါ်မခေါ်

ရုပ်နာမ် ဖြစ်ပျက် ဖြစ်ပွားခြင်းရှိမရှိ


ရုပ်နာမ် ဖြစ်ပျက်ကိစ္စမှာ ဖြစ်ပျက်လို့ပဲမြင်ပါတယ်။ တချို့နေရာမှာ မဖြစ်တဖြစ် မပျက်တပျက်၊ မဖြစ်လုံးလုံး မပျက်လုံးလုံး၊ အဖြစ်လုံးလုံး အပျက်လုံးလုံးကိစ္စများကို မယုံကြည်ပါ။ ဝေါဟာရရှင်းတမ်းမ်ားကို လိုက်မမွီပါ။ သို့သော် သိကြားမင်းကဘုရားယောင်ဆောင်လာရှင်းတောင်မွ ရုပ်နာမ် ဖြစ်ပျက်ကိုသာလက္ခံသည်။ အရှုခံတရား အရှုဉာဏ်တရားငြင်းနေသောဌာနမဟုတ်လို့ ဖြေရှင်းဖွယ်မရှိပါ။ အခြေခံကျသော ရုပ်နာမ်ရှိလျက် ဖြစ်ပျက်မရှိဟူသောအယူအဆသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မိစၧာဒိဋ္ဌိဖြစ်ပါသည်။ ပညတ်(ပရမတ်အသိမပါသော)အမြင်ဖြင့် သမာဓိအားကောင်းလာသော်လည်း ဖြစ်ပျက်ဟုမူရင်းအစကလက်ခံထားခြင်းမရှိလျှင် အဘိညာဉ်ပေါက်သော်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ်မပေါက် နိဗ္ဗာန်မရောက်နိုင်ပါ။


ဤနေရာရှိ လူကြီးမင်းတို့ဟာ ဘာသာရေးစာပေအဆင့်ရှိသူများ၊ သို့မဟုတ် စာဖတ်ရင့်သူများဖြစ်သည်အလျောက် ဖွေးဥသော အဝတ်အထည်သဖွယ်လည်းရှိနိုင်ပါတယ်။ ဆီသည်မလက်နှီးစုတ်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်အချို့ကိစ္စများကို ဗဟုသုတအလို့ငှါသာ လေ့လာနိုင်ပါတယ်။ ဘုရားရှင်လာရောက်ရှင်းလျှင်ပင် ပဋိသနေ္ဓပင်ကိုယ်ဉာဏ်အရသာဆုံးဖြတ်ကြတာမို့ အတော်အတန်ပြောဆိုတာကလွဲလို့ ထူးခြားတိုးတက်ဖို့ မစွမ်းသာပါ။


ဆရာတော်ကြီးတစ်ပါးပြောသလို သွားတိုက်တံရောင်းသူဟာ မိမိသြားကို အရင်ဆေးကြောပွတ်တိုက်ရသလို မိမိ၏အယူအဆကို မကြာခဏစစ်ဆေးကြည့်ပါရန်နှင့် ခိုင်ကြဉ်နေသောယူဆချက်များလည်း သမာသမတ်က်သော မူလအခြေခံ သမ္မာဒိဋ္ဌိဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလျက် ဆုပေးဆုယူ ဆင်ခြင်လျက်ရှိပါကြောင်း..


အစဉ်ခင်မင်လျက်..


Tuesday, 11 February 2014

အင်တာနက်ပေါ်

အင်တာနက်ပေါ်


အင်တာနက်ပေါ်ဘာလို့အမြဲရှိနေကြသလဲ။ အားအားယားယားအချိန်တွေပိုနေလို့ပေါ့။ မမိုက်နဲ့စိတ်လျော့..

......

......

......

လောဘကြီးရင် အလိမ်ခံရတတ်တယ်။

အလကားရတာ လေပဲရှိတယ်။

ဒါတောင်အကန့်သတ်နဲ့။

မသေခင်ကလေးအထိ။

ဂရုစိုက်ပါ။

တရားဘာဝနာရှုပွားပါ။

Saturday, 8 February 2014

နားမလည်သော


နိုင်ငံရေးကတော့ ကြောက်စရာကောင်းတယ်နော်။ ဦးရွှေမန်း ဦးသိန်းစိန် ဒေါ်စုတို့ပဲ သမတရွှေးချယ်ခွင့်ရှိပုံရတယ်။ ကျန်တဲ့သူဆို ပက်ပက်စက်စက် အမဲဖျက်ကြတယ်။ အဲဒီတော့ မြန်မာကွလို့ တစ်ခွန်းအော်မယ်။

ဒီသုံးယောက်ကလွဲရင် သမတစာရင်းကို မတင်သွင်းရတော့ဘူးဗျ။ မုန့်ဆီေကြာ် ဘယ်နေမှန်းမသိဘူး။ ပြည်သူတွေကို နှုတ်ခမ်းနာအတွက်ပူပြီး ကိုက်ကြခဲကြ။ အဲဒီတော့ မြန်မာကွလို့ တစ်ခွန်းအော်မယ်။

ဒီသုံးယောက်မွာ ဦးရွှေမန်းနဲ့ဒေါ်စုက အတွဲဆုံး။ အဲဒီတော့ ဦးသိန်းစိန်ကို အမဲဖျက်ကြစို့။ ဒေါ်စုက ဦးရွှေမန်းကိုပေါင်းတော့ အပြစ်မရှိဘူး။ စဉ်းစားကြည့်တော့ ဦးရွှေမန်းက လူကောင်းကြီးလား။ အဲဒီတော့ မြန်မာကွလို့ တစ်ခွန်းအော်မယ်။

လူတွေက ဝှက်ဖဲကိုယ်စီနဲ့။ ဦးရွှေမန်းက ဒေါ်စုတစ်ယောက်ကို ပါတနာဖွဲ့ထားပြီး ဦးသိန်းစိန်က ရွေးကောက်ပွဲမဝင်ဘူးလို့ပြောရင်း တစ်ဘက်ကိုချောက်တွန်း ဒေါ်စုကို ၅၉(စ)နဲ့ချည်ပြီး တစ်ဘက်ကိုကြိုးတုပ်ထားတယ်။ ဦးသိန်းစိန်က ဧရာဝတီကို ဇိကစ်ထားတယ်။ ဘာကြိုက်လဲ တဲ့။ ဒီအချိန်မွာ တရုတ်ရဲ့ပါဝါကိုကြောက်တဲ့ဒေါ်စုက ဝေ့လည်လည်လုပ်ပြီးနေတာ ဖော်ကောင်လုပ်တဲ့ တစ်ပူး eleven media ကိုချောက်တွန်းတယ်။ ဒါပေမယ့် ချောက်ထဲက်နေတဲ့ပြည်သူကတော့ မိုးခေါင်ရေရှားဖြစ်လာမယ့်အရေးတွေးကြောက်နေရတော့ ဧရာဝတီကာကွယ်ရေးမှာ မိုက်မိုက်ကန်းကန်းပြောတဲ့သမတကြီးကို ကြည်ညိုသွားအောင်တွန်းပို့သလိုပဲ။ ဒေါ်စုက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနဲ့မြူဆွယ်တယ်။ ဒါကတော့ဖြစ်နိုင်ခြေအများကြီးရှိပြီး ပြည်သူတိုင်းမျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံသားတွေကလည်း အားနာခြင်းမရှိ ဆန်ပေးရင်ဆေးရမှ ကြိုက်တဲ့လူသားတွေဆိုတာ လူတိုင်းသိနေတယ်။ အနောက်တိုင်းသားတွေက သူတစ်ပါးကိုတော့ လူ့အခွင့်အရေးနဲ့ချောက်တွန်းဖိအားပေးတတ်ပြီး ယာလည်းညက်ကြက်လည်းပမ်း အစိုးရကိုရော၊ အတိုက်အခံကိုရော စာချုပ်ကောင်းတွေချုပ်နိုင်တာကို နိုင်ငံရေးပါးဝတဲ့သူတွေကသိကြပါတယ် ချင့်ချိန်နေကြတယ်။ ပြောချင်တာက တရုတ်ရဲ့မဟာပါဝါနဲ့ အနောက်တိုင်းရဲ့ဩဇာကို ဒေါ်စုကောင်းကောင်းထိန်းချုပ်နိုင်ပါ့မလား သံသယဖြစ်စရာပါ။ ဟိုနှစ်ယောက်က အတွင်းလှိုက်စားပြီး ဒီတစ်ယောက်က အပြင်ကယဉ်ကျေးမှုတွေကို ထိုးဖောက်ဝင်ရောက်ခံမယ့်သေဘာပါ။ သုံးယောက်စလုံးက ပြည်သူတွေရဲ့ခေါင်းပေါ်ကကြိုးတန်းမွာ လမ်းလျောက်နေကြတာပါ။ ခြေချော်ပြီးအောက်ကျရင် ပြည်သူတွေနာမှာပါ။ ဟိုနှစ်ယောက်ကတော့ မြေယာအရှုပ်တော်ပုံ ကျူးကျော်အရှုပ်တော်ပုံ ပါးရိုက်၊ဖယောင်တိုင်ထွန်း၊တစ်နပ်စားပြီး ကြိုးတန်းလျောက်ရင်း သေးပန်းချသွားလို့ အယုံအကြည်မရှိတာကလည်း အသေအချာပါ။ ဒေါ်စုကတော့ ကြိုးတန်းလျောက်ပေမယ့် သေးပေါက်မခ်ပေမယ့် လက်ပံတောင်းတောင်၊ ဧရာဝတီရေလေးဖွေးဖွေးမြင်တော့ လုံချည်လေးတမမနဲ့ အလိုတူအလိုပါယောင်ယောင်ဖြစ်နေပြီး၊ ၉၆၉မွာဦးရွှေမန်းနဲ့ဦးသိန်းစိန်တို့က နိုင်ငံရေးကျောနပ် နောကြေလို့ဘေးကရပ်ကြည့်ချိန်မွာ NLD ရဲ့CEOတွေက သောက်သောက်လဲစကားမှားကြလေတော့ သူပတ်ဝန်းကျင်က ထိန်းကျောင်းပေးမယ့်သူ ဘယ်သူတွေနောက်ထပ်ရှိသေးသလဲ ကြည့်ရမွာပါ။ မျိးဆက်သစ်ဝန်းရံသူရှိမနေရင် အတွေးအခေါ်နုံနဲ့သူတွေပဲရှိနေရင် တစ်ခေါင်းထဲပဲ ဦးဆောင်နေရင် ၂၀၂၀ဆိုတာကြောက်မက်ဖွယ်ပါ။ ဒါကို ပြည်သူနဲ့သံဃာတွေက ချင့်ချိန်နေပါတယ်။ ဒါကတော့ ပြည်သူတွေရဲ့ဇဝေဇဝါဖြစ်စေတဲ့ သမတလောင်းသုံးယောက်ရဲ့ကယောင်ကယင်ကျမှုတွေပါ။ တစ်ဘက်ကိုဝေဘန်ရင် တစ်ဘက်ကဆဲသမို့ .. အဲဒီတော့ မြန်မာကွလို့ တစ်ခွန်းအော်မယ်။

၁။ နှစ်ယောက်စလုံးကိုချည်တုပ်ပြီး တစ်ယောက်တည်းပြေးနေတယ်။
၂။ ဧရာဝတီထဲကတရုတ်ကိုရော မြေယာသိမ်းခံရတဲ့ပြည်သူကိုရော ဇိကစ်ထားပါတယ်။
၃။ တံခါးပေါက်ဖွင့်ရင် အလင်းရောင်နဲ့အတူ ဖုန်တွေသဲတွေပါ ဝင်လာမယ်။ တရုတ်နဲ့တွေ့လည်း ဟုတ်ကဲ့ရှင်။ အနောက်တိုင်းနဲ့တွေ့လည်း ဟုတ်ကဲ့ရှင်၊ ပြည်သူနဲ့တွေ့မှပဲ ပြည်သူတွေကြိုက်တိုင်းမလုပ်နိုင်ဘူးလို့ ပေါ်တင်ပြောသလို၊ (ဘာမှရည်ညွှန်းချက်မရှိသလိုမျိုး၊ အားကိုးမရသလိုမျိုးလျှို့ဝှက်မှုများစွာနဲ့) ရွေးကောက်ပြဲမွာ ကတိပေးပြီးမဲမဆွယ်ဘူးလို့ ပြောထားပါတယ်။ ကတိပေးပြီးမလုပ်တဲ့အစိုးရနဲ့ ဆိုခဲစေမြဲစေ ကတိမပေးလို့မလုပ်တဲ့အစိုးရတွေအားလုံးဟာ ပြည်သူတွေအတွက်ကတော့ နစ်နာဖို့ရာချည်းပါပဲ။ အဲဒီတော့ မြန်မာကွလို့ တစ်ခွန်းအော်မယ်။

ေဩာ် နိုင်ငံရေးကတော့ က်နော်တို့ လိုက်မမှီနိုင်ပါဘူးဗ်ာ။ အခုဆွေးနွေးနေကြတာက ဟားဗက်တက္ကသိုလ်ဆင်း၊ အောက်စဖို့တက္ကသိုလ်ဆင်းတွေမဟုတ်ဘဲ တီးဆိုင်သေးသေးလေးက ဘေးထိုင်ဘုပြော ဆိုက္ကားသမားနဲ့ဈေးသည်စကားတွေမို့ ပြည်သူစစ်တာကလွဲရင် ကျန်တာက အလွဲကြီးလွဲနိုင်ပါတယ်။ အဲဒီတော့ စာဖတ်သူအနေနဲ့ မြန်မာကွလို့ တစ်ခွန်းအော်နိုင်ပါတယ်။

အနှစ်ချုပ်ပြောရရင် နိုင်ငံရေးသမားဆိုတာ အနာဂတ်မှာဘာဖြစ်မယ်ဆိုတာ ကြိုတင်မှန်းကြပြီး၊ အနာဂတ်မွာ ဘာမှမဖြစ်ခဲ့ရင် ဆန့်ကျင်ဘက်အဖွဲ့အစည်းကို အပုပ်ချဖို့ ကျွမ်းကျင်ကြပါတယ်။ သတိထားနေကြပါ။ ကြားမညှပ်စေပါနဲ့။ နိုင်ငံရေးသမားတိုင်းတတ်ပါတယ်။ သဘောပေါက်နော်။ ခင်ဗ်ားလေးစားနေတဲ့ နိုင်ငံရေးသမားလည်း ကောက်ကောက်ကျစ်ကျစ်ပါပဲ။ ကြားဖူးတယ်မလား 'ကောက်ကျစ်တဲ့မြေခွေးကိုဖမ်းချင်ရင် မြေခွေးထက်ပိုပြီးကောက်ကျစ်ရတယ်ဆိုတာ။' တစ်ကောင်ကခိုးစားတယ်၊ ဖမ်းသူက ထောင်ချောက်ဆင်တယ်လေ။

လက်သီးထဲမှာဆုပ်ထားတဲ့ ငှက်ကလေးက အသေလားအရှင်လားမေးသလိုပဲ။ အသေလို့ဖြေမယ်ဆိုရင် ငှက်ကို ဒီတိုင်းလွှတ်လိုက်မယ်။ အရှင်လို့ဖြေလိုက်မယ်ဆိုရင် ငှက်ကလေးသေအောင် လက်သီးကို ပိုဖျစ်ညှစ်လိုက်မယ်။ နိုင်ငံရေးဆိုတာ ဒီလိုပါပဲ။ ညစ်နည်း အစုံအစုံနဲ့။ သေချာတာက ပြည်သူဆိုတာ မေးခွန်းထုတ်ရတဲ့သူမဟုတ်ဘဲ ဧကန်ဧက လက်သီးဆုပ်ထဲက ငှက်ကလေးတစ်ကောင်ပါ။ ဒါကြောင့် နိုင်ငံရေးကို အထင်မကြီးဘူးဆိုတော့ မြန်မာတွေက မြန်မာကွလို့ တစ်ခွန်းအော်နေကြဦးမယ်။ :-)

ခင်မင်ခြင်းနဲ့
စေတီရှင်
၀၉၀၂၂၀၁၄
၁၀း၁၆

သစ်ပင်

သစ်ပင်ဆိုသည်မွာ ကျေးငှက်တို့၏ ပျော်စံရာ စားဖိုဆောင်ဖြစ်သည်။


သစ်ပင်ဆိုသည် လူအမ်ားနားခိုရာ ဇရပ်တည်းခိုခန်းနှင့်တူသော အေးဆာယာဖြစ်သည်။


သစ်ပင်ဆိုသည်မွာ သံဃာတော်တို့အတွက် ကျောင်းအာရာမ်သဖွယ် နားနေနိုင်သည်။


သစ်ပင်ကို ဖျက်ဆီးသူသည် သူတစ်ပါး၏စားဖိုဆောင်ကို ဖျက်ဆီးသဖြင့် ဆင်းရဲနွမ်းပါခြင်း ဆွေမျိုးပျက်စီးခြင်းကြုံတွေ့နိုင်သည်။


သစ်ပင်ကိုဖျက်ဆီးသူသည် သူတစ်ပါး၏အရိပ်အာဝါသကိုဖျက်ဆီးသဖြင့် အိုးအိမ်မတည်ငြိမ်ခြင်း လင်သေသားဆုံး အထီးကျန်စြာနေရတတ်သည်။


သစ်ပင်ကိုဖျက်ဆီးသူသည် ကျောင်းအာရာမ်ကိုနှုတ်သိမ်းသကဲ့သို့ အညွန့်ကျိုး အရောင်မှိန် လုပ်သမွ် ဒုက္ခဖြစ်ကာ ညိုးငယ်စြာသေဆုံးရတတ်ပါသည်။


ထိုကြောင့် အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်းဖြင့် ကုသိုလ်ယူကြပါ။ ကောင်းမှုကုသိုလ်ကို တိုး၍ပြုကြပါ။ ကိုယ်တိုင်ပြု ချီးမွမ်း စိတ်တူ တူမျှစွာရကြပါစေ။

Thursday, 6 February 2014

မြန်မာမှန်ရင်

မြန်မာမှန်ရင်


မြန်မာမှန်ရင် ဒီအကျင့်ပြင်ပါ။ ၉၆၉, မဘသ အဖွဲ့ကို

မလိုအပ်ဘဲ ကိုရွှေမျိုးချစ်များလို့ခေါ်ပြီး တရုတ်နဲ့ရန်တိုက်မပေးနဲ့။ ဘာအလုပ်မှမလုပ်တဲ့ကောင်က ထင်းခွေနေသူကို ပေါက်တူးပေးပြီးမြေတူးခိုင်းနေသလို ဘေးထိုင်ဘုပြော လာမလုပ်နဲ့။ မအေ၊နှမကိုင် ဆဲလွတ်လိုက်မယ် သတိထား။ ကိုယ်တတ်နိုင်ရင် ကူညီလိုက်၊ မတတ်နိုင်လို့ အကူအညီတောင်းရင် ချိုချိုသာသာပြောပါ။ အကူအညီတောင်းသောလူ့ယဉ်ကျေးမှုကို လူလိုနားလည်ကြပါ။ အကူအညီတောင်းသော ဆုတောင်းစားမ်ားထံ နည်းယူရန် သတိပေးလိုပါတယ်။


သင်သည် မြန်မာကိုချစ်၍ တိုင်းတစ်ပါးရန်ကာကွယ်ရာ၌ မိမိမနှစ်သက်ဆုံးတိုင်းတစ်ပါးသားကို တာဝန်ယူကာကွယ်ရာ မြန်မာအချင်းချင်းကူညီနိုင်လျှင်ကူညီ မကူညီနိုင်လျှင်အပြစ်မပြောပါနဲ့။ မြန်မာအချင်းချင်းရန်ဖြစ်ဖို့မဟုတ်။ ပြည်တွင်းနေကုလားတရုတ်နှင့်မဆိုင် ပြည်ပကုလားတရုတ် ယုတ်မာကျူးကျော်လျှင် မြန်မာသွေးကိုပြရပါမည်။ မြန်မာအချင်းချင်း ပြည်တွင်းနေအချို့၏သွေးထိုးမှုကြောင့် အချင်းချင်း အောက်ကလိအာ ဟောင်နေသည်မွာ အသိဉာဏ်ရေချိန်နိမ့်ကြောင်း သိသာလှသည်။


၉၆၉ထဲမွာ သံဃာတွေရှိတယ်။ ဝေဖန်နေတဲ့မောင်ရင်တို့အဖေအရွယ် လူသူတော်ကောင်းတွေရှိတယ်။ ခွေးပြော ဝက်ပြောမပြောနဲ့။ မောင်ရင်တို့သာ ခွေးဝက်တွေဖြစ်မယ်။ ဘာသာရေးကို ၁၀၀၀ိ/လောက်သာလှူပြီး ဘာမဟုတ်တဲ့ဘောလုံးလောင်းတာ ဘောလုံးပွဲကူတာ ၁၀၀၀၀ိ/လောက်ကူတာ။ မောင်ရင်တို့အဆင့်အတန်း လူသိလှသကွယ်။ မောင်ရင်တို့ကို မြန်မာအမေဖေကမွေးသလား သံသယဖြစ်မိတယ်။ တိုင်းတပါးသွေးနှောများပါလို့ မိမိကိုယ်ကိုမိမိ ကင်ပွန်းမတပ်ကြပါနဲ့။ အမျိုးကိုစောင့်ရှောက်ရတာ ဂုဏ်ယူကြပါ။ တိုင်းတစ်ပါးရန်ကို လက်တွေ့အားဖြင့်သော်လည်းကောင်း အတန်ငယ်ကြောက်သွေးပါလျှင် fbသူရဲကောင်းသီးသန့်သော်လည်းကောင်း နိုင်ရာတာဝန်ထမ်းကြပါ။ တောခွေး အိမ်ခွေး၊ နှစ်ခွေးပေါင်းတော့ အိမ်ကြက်ပြောင် တော့ မလုပ်ကြပါနဲ့။ လူဆန်ဆန်နေကြပါ။


က်နော်က ဘာသာရေးချစ်စိတ်ရှိပါတယ်။ အမျိုးဘာသာ သာသနာကို ကူညီထောက်ပံ့ပါမည်။ ရဟန်းမဝတ်သေးသ၍ အမျိုးဘာသာ သာသနာအတွက် စစ်သားလုပ်၍ကာကွယ်သင့်လျှင် ကာကွယ်ပေးမည်။ ဝံသာနုရက္ခိတစိတ်နှလုံး အမြဲဝင်စားထားသည်။ မိမိလည်း အမှုမဲ့အမှတ်မဲ့ မနေသလို မိတ်ဆွေများလည်း နမော်နမဲ့မနေစေလို တိုင်းရင်းသားညီအကို မောင်နှမတို့အား မိမိ၏အမေ၊ နှမကဲ့သို့ စောင့်ရှောက်ပါရန် တိုက်တွန်းလိုပါသည်။ သင်မြန်မာနိုင်ငံသား ဟုတ်မဟုတ် ဆန်းစစ်ပါလေ။ တိုင်းပြည်ကို အဆိပ်မကျွေးခဲ့ပါနှင့်။


စေတီရှင်

၀၇၀၂၂၀၁၄

၀၃း၄၅