Tuesday, 4 March 2014

ကျွန်းမျောများကိုတည်ဆောက်ခြင်း

ကျွန်းမျောများကိုတည်ဆောက်ခြင်း


ကမ္ဘာအရေး

မြန်မာအရေး

ဒီတစ်ခါ

မတ္တရာအရေးပဲ စိတ်ဝင်စားတယ်။


ဒီမှာ

ငါ့အမျိုး

ငါ့အဆွေ

ငါသောက်တဲ့ရေတွေ

ငါစားတဲ့ ထမင်းတွေ

ငါလျောက်ခဲ့တဲ့လမ်းတွေရှိတယ်။


ငါဟာ

လှေကားတစ်စင်း မဖြစ်ခဲ့ရင်

တံတားတစ်စင်းဖြစ်မယ်

ကျွန်းမျောတွေကို ဆယ်တင်ဖို့။


၁၈း၀၈

၀၄၀၃၂၀၁၄

Sunday, 2 March 2014

မျက်စေ့လည်ထွက်သွားပြီ

မျက်စေ့လည်


နိုင်ငံရေးသမားေတြကပြောတယ်

တရုတ်အရေးကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

ဝှိုက်ကဒ်ကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

ဦးရွှေမောင်းကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

လက်ပံတောင်းကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

မိချောင်းကန်ကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

ကျူးကျော်တွေကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

စက်တာဘာအရေးအခင်းကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

ဒီပဲယင်းအရေးအခင်းကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

၈၈အရေးအခင်းကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

စစ်အာဏာသိမ်းတာကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

လွတ်လပ်ရေးရတာကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

ပါတော်မူတာကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

မြန်မာအစကျောက်ဆည်ကကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

မြန်မာအစ,တကောင်းကကို ဦးဝီရသူဖြေရှင်းပေးပါတဲ့

...

...

ကဲ ကဲ

နိုင်ငံရေးသမားတွေ

လွှတ်တော်တက်

လခထုတ်

ေချာင်းသာသွား အနားယူ

လခထုတ်

ငပလီသြား အနားယူ

လခထုတ်

ယိုးဒယားသြား အနားယူ

လခထုတ်

ပြင်သစ်သြား အနားယူ

...


ဦးဝီရသူနဲ့ ပြည်သူပဲ နေရစ်ခဲ့တော့မယ်။

ဦးဝီရသူနဲ့ နိုင်ငံပဲ နေရစ်ခဲ့တော့မယ်။


စေတီရှင်

၁၀း၅၂

၀၃၀၃၂၀၁၄