မိဘအစစ်ကိုရှာဖွေခြင်း(သို့)ချိန်ခွင်အောက်မှ မော်ကြည့်ခြင်း
ငါ့အယူအဆ
မှားသွားသတဲ့လား
ငါ ဝေး ဝေး သွားတာ လူ။
မင့်းအယူအဆ
မှား မှား မသွားနဲ့။
မင်း ဝေး ဝေး သြားမှာက
သိင်္ဂါလခေါင်မိုးပေါ်က သူ။
စေတီရှင်
၁၉၀၅၂၀၁၄
၁၇း၃၂
မိဘအစစ်ကိုရှာဖွေခြင်း(သို့)ချိန်ခွင်အောက်မှ မော်ကြည့်ခြင်း
ငါ့အယူအဆ
မှားသွားသတဲ့လား
ငါ ဝေး ဝေး သွားတာ လူ။
မင့်းအယူအဆ
မှား မှား မသွားနဲ့။
မင်း ဝေး ဝေး သြားမှာက
သိင်္ဂါလခေါင်မိုးပေါ်က သူ။
စေတီရှင်
၁၉၀၅၂၀၁၄
၁၇း၃၂
သင်္ချာများသော်လည်း လူကားမရှိ
၁၀၀အဖွဲ့ဖြစ်ဦး။ လူပါတယ်လို့ မသက်မှတ်ပါဘူး။ လူဆိုတဲ့ အဓိပ္ပါယ်ကကျယ်ဝန်းလှတယ်။ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တိုင်း လူမှမဟုတ်တာ။ ကုသိုလ် အကုသိုလ်သိမွ လူလို့ခေါ်တာ။ အိပ် စား ကာမလောက်သိတဲ့သူကို လူဖြစ်ပြီလို့ ဘယ်လိုပြောမလဲ။ ဒီလိုအသိလောက်ရှိတာ တိရစၧာန်နဲ့ဘာထူးမလဲ။
ဗုဒ္ဓဘာသာဆိုတာ ဘာသာကူးပြောင်းမှုကို အဓိကထားသော ဘာသာမဟုတ်ပါ။ အခြားဘာသာများနဲ့လုံးဝမတူပါ။ သာသနာပြုကြရာမှာ တစ်ဖက်သားကို သန္တိသုခရစေလိုရင်းစေတနာသာဖြစ်ပါတယ်။ လူဦးရေတိုးပွားရေး ဘာသာဝင်ဦးရေတိုးပွားစေ၍ အခြားဘာသာကိုနှိပ်ကွပ်ရန်မဟုတ်ပါ။ လွှမ်းမိုးချုပ်ချယ်ရန် ရန်သတၳုပြုရန်မဟုတ်ပါချေ။ ဗုဒ္ဓဘာသာများပြားခြင်းဆိုတာ ကမ်ဘာလောကအတွက် အဆိပ်အတောက်မဖြစ်ပါ။ တိရစၧာန်မွအစ သတ္တဝါမှန်သမွ် ညှင်းပမ်းနှိပ်စက်ရန် ဗုဒ္ဓသည် မဟောကြား၊ လူ လူချင်းကား အဘယ်မွာ ညွှန်ပြပါမည်လဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များပြားခြင်းဟာ ဆန်ရေစပါးပေါများသလို ကျောက်သံပတ္တမြားပေါများသလို ကောင်းသောပေါများခြင်းဖြစ်တယ်။ အစွန်းရောက်သမား အစွန်းရောက်ဘာသာခြားပေါများသလို ဘေးဘျန်းများလာခြင်းမျိုး အဆိပ်အတောက်ပေါများလာခြင်းမျိုး မဟုတ်ပါ။
ငှက်ဆိုတာ လေထဲမှာ ပျံပါတယ်။ ငါးဟာ ရေထဲမှာကူးခတ်ပါတယ်။ ဒါကြောင့်လွတ်လပ်တဲ့ သီးခြားသဘာဝရှိတာကို အသိအမှတ်ပြုရပါမယ်။ ဒါကို ငှက်တွေ ရေထဲနေချင်နေပါစေ၊ ငါးတွေ လေထဲပျံချင်ပ်ံပါစေ ပြောနေတာဟာ သဘာဝကိုဆန့်ကျင်တာပါပဲ။ မတူညီတဲ့ သဘာဝနှစ်ခုကို အကန့်အသတ်မဲ့ပေါင်းစည်းပေးချင်သူက မွားသလား၊ အကန့်အသတ်နဲ့ချင့်ချင့်ချိန်ချိန်ပေါင်းစည်းပေးချင်သူက မွားသလား ဖြေပါ။ လူဆိုရင် သိပါတယ်။ အရှင်းကြီးပါ။
မျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့ စာရေးဆရာမဆိုသူ စမ်းစမ်းနွဲ့(သာယာဝတီ)ရဲ့ ကယောင်ချောက်ခြားပြောတာလေးကို ဖတ်ကြည့်ပါဦး။
``အမျိုးစောင့်ခြင်းကိစ္စသည် ဥပဒေပြုထိန်းချုပ်ရန်မလိုအပ်ဘဲ မွေးရာပါကျင့်ဝတ်များဖြင့်သာ ထိန်းသိမ်းသွားရမည့်အရာဖြစ်ကြောင်းတဲ့။ တော်တော်ပေါတာပဲ။ စာရေးဆရာမဆိုသူလို့ ရေးလိုက်တာ အဲဒါကြောင့်ပဲ။ နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်သောင်း ရုပ်ကောင်းတစ်ခုတဲ့ ရွှေဉာဏ်တော် စူးရောက်သူကြီးရယ် သတိလည်းထားပါဦး။ ရင်ထဲမွာ မြုံစိစိလုပ်နေတာထက် ပါးစပ်ကအသံထွက်ပြောတာ ထင်ရှားတယ်။ ပါးစပ်ကပြောထက် စာနဲ့ချရေးတာ ပိုလေးနက်ပါတယ် စာရေးဆရာမဆိုသူကြီးရယ်။ ပြီးတော့ အိတ်ထောင်ထဲက ပိုက်ဆံ၁၀၀တန်ဖိုးနဲ့ သားရေအိတ်ထဲက ပိုက်ဆံ၁၀၀တန်ဖိုးတူညီရင် သူ့ဘာသာ ဘယ်ထဲထည့်ထည့် ခင်ဗ်ားအပူလား။ ၁၀၀တန်ဖိုးမပျက်ရင် သူတစ်ပါးလွတ်လပ်ခွင့်ကို မပိတ်ပင်ပါနဲ့။ လူ့အခွင့်အရေးအရ သူထည့်ချင်တဲ့အိတ်ထဲထည့်မွာပေါ့ဗျာ။ အဲလိုပဲ အမျိုးစောင့်ထိန်းခြင်းမွာ ဥပဒေစာအုပ်ထဲရေးတဲ့တန်ဖိုးနဲ့ ရင်ထဲကသိတဲ့တန်ဖိုးတူရင် အများမထိခိုက်ရင် ရင်ထဲကပဲလိုက်နာပြီးစောင့်ထိန်းစောင့်ထိန်း ဥပဒေစာအုပ်ထဲမှာထည့်သွင်းရေးထားလို့ စောင့်ထိန်းစောင့်ထိန်းခင်ဗျားအလုပ်လား။ အချိန်ကုန်ခံ ကန့်ကွက်နေရသေး။ အချိန်တွေတော်တော်ပိုလို့ အားအားယားယားဖြစ်နေသလားဗျာ။ အချိန်တွေ တော်တော်ပိုနေသလား။ ပိုနေရင် ဘာသာရေးစာအုပ်လေးဖတ် တရားထိုင်နေ။ ကြီးလာမှ တောင်ပြောမြောက်ပြော မရောင်ရာဆီလူးလုပ်မနေနဲ့။ ခင်ဗျားတို့ အများတို့ ရောင်တဲ့နေရာ ဆီလူးစမ်းပါ။
ေဩာ် ဒါနဲ့ ခင်ဗ်ားက စာရေးသလား စမ်းစမ်းနွဲ့(သာယာဝတီ)ရေ..ဘာလို့စာရေးနေတာလဲဗျာ။ မရေးနဲ့လေ စာဖတ်သူတွေ သူသဘာဝသူ့ရိုးရာယဉ်ကျေးမှုအတိုင်း အလိုလိုသိသွားလိမ့်မယ်လေ။ ခင်ဗ်ားအပူလား။ ၁၉၅၄ကတည်းက စာရေးဆရာတွေ ရှိပြီးသားပါ။ မေးလိုက်ချင်တယ်။ ပိုက်ဆံလိုချင်လို့ စာရေးတာလား။ ဘာရည်ရွယ်ချက်နဲ့ရေးခဲ့သလဲ။ အခုမှငိုချင်မနေပါနဲ့။ စာရေးတယ်ဆိုတာ မသိသေးတဲ့သူတွေသိအောင် သိပြီးသူတွေ သတိထပ်တိုးပြားအောင်ရေးတာ ကျုပ်သိပါတယ်။ အဲလိုပဲ ဥပဒေဆိုတာ မလိုက်နာချင်တဲ့သူလိုက်နာလာအောင် အထိန်းအကွပ်ပဲ။ ရင်ထဲကအမှန်တရားကိုသိလို့အမျိုးစောင့်တယ်ဆိုသူအတွက်လည်း ငါဟာ ငါ့နိုင်ငံချမှတ်တဲ့ဥပဒေကိုမသွေးမတိမ်းလိုက်နာသူပါလားလို့ ဂုဏ်ယူသောမနဿဖြစ်စေတယ်ဗ်။ ခင်ဗ်ားစာရေးတုန်းက ဘယ်သူမွမနှောက်ယှက်ခဲ့သလို ရဟန်းသံဃာတွေကကောင်းစေလိုလို့ ရေးနေတာ ရေးခိုင်းနေတာ မနှောက်ယှက်မဖျက်ဆီးချင်ပါနဲ့။ ခင်ဗ်ားသာ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်ရင် ခင်ဗ်ားအမေတွေအသေဖြောင့်တဲ့အထဲမွာ အယူဝါဒပျက်စီးနေသူ မိစၧာဒိဋ္ဌိမဖြစ်တာလည်း ပါပါတယ်။ အရိုးဆွေးနေသူတွေကို ဒုက္ခမပေးပါနဲ့။ ဝမ်းရေမစပ်စေပါနဲ့။
.....
ကျမ္မာရေးအရနားဦးမယ်။ ရေးတုန်းက အများအတွက်ရေးမလို့ပါပဲ။ အလဲဗင်းမွာ စာရေးဆရာမ စန်းစန်းနွဲ့ သာယာဝတီပဲတွေ့လိုက်လို့ ပုဂ္ဂလိကရေးလိုက်တယ်။ မသိရင်အသာနေကြပါ။ ရေးရေးပြီးရင် ဘာသာတူချင်း စိတ်ဝမ်းကွဲသလိုဖြစ်ပြီး စိတ်ဆင်းရဲရလွန်းလို့။
စေတီရှင်
၁၀၀၅၂၀၁၄
တီးဆိုင်စကား တီးဆိုင်နား
၁။ တရားသဖြင့် စီးပွားရှာပါ။
၂။ အကျိုးအမြတ်မွ ကောင်း၊ သင့်၊ ညံ့ သုံးစုပုံလိုက်ပါ။
၃။ ကောင်းတာကို ရဟန်းသံဃာ၊ မိဘ၊ ဆွေမျိုးအသက်ကြီးသူများကို ပေးလှူပါ။
သင့်တာကို မိတ်ဆွေကို ပေးကမ်းသုံးစွဲပါ။
ညံ့တာကို မိမိကိုယ့်အဖို့ သုံးစွဲပါ။... တဲ့။
တရားသဖြင့် စီးပွားရှာရုံလောက်နဲ့ ကိုယ့်ကိုကိုယ် လူကောင်းလူတော် မမှတ်ပါနဲ့။ (အထက်ဖော်ပြပါအတိုင်း) အကောင်းဆုံးသုံးစွဲတတ်ပါမွ လူကောင်းလူတော်မှတ်ပါ။... တဲ့။
ပြောတဲ့အကိုကြီးက ပါဠိသံအချို့နဲ့ပြောပြပေမယ့် အမှားအယွင်းဖြစ်မှာစိုးလို့ စကားပြေပဲရေးလိုက်ပါတယ်။ ပါဠိလေးနဲ့တွဲသိချင်ရင်တော့ သူရေးမှ သူ့ဝေါထဲ ဝင်ဖတ်လိုက်ပါတော့ဗျာ။
ကျနော်နှစ်သက်ပါတယ်။ တစ်ခါတစ်ရံ အဲ တစ်ရာကို တစ်ခါလောက်တော့ ကျင့်သုံးမိပါရဲ့။ :-)
ကောင်းသော မင်္ဂလာညလေးဖြစ်ပါစေ။
ဥုးဇေ
၀၂၀၅၂၀၁၄
၂၂း၃၉