Thursday, 31 July 2014

ဆုထူးပန်ဆရာတော်

ဆုထူးပန်ဆရာတော်

အဂ္ဂမဟာဂနၴဝါစကပဏ္႑ိတ၊ အဂ္ဂမဟာပဏ္႑ိတ

ဘဒ္ဒန္တပဏ္႑ိတထေရ်ဆရာတော်ဘုရား၏ ဩဝါဒ


ဒါနမပါ သံသရာ မျက်နှာငယ်ရမည်။


သီလမပါ သံသရာ ရောဂါကြွယ်ရမည်။


ဘာဝနာမပါ သံသရာ ရှည်ကြာနေရမည်။


ဒါန သီလာ ဘာဝနာ သုံးဖြာစုံရမည်။


ထိုသို့စုံပါ သံသရာ မကြာမပန်းပြီ။


ဒါနံသီလံ ဘာဝနံ နိဗ္ဗန်ညွှတ်ရမည်။

Tuesday, 22 July 2014

ငရုတ်သီး

ငရုတ်သီး ဘာ့ကြောင့်စားလဲ က်နော်သူငယ်ချင်းကိုမေးကြည့်တော့ ငရုတ်သီးလိုစပ်တဲ့ပစ္စည်းမြန်မာပြည်မှာရှိလား။


အစားများလို့ အီအီးကုန်းရင် စအိုတွန့်တဲ့ပစ္စည်း ငရုတ်သီးကိုမွီတာ မြန်မာပြည်မှာရှိလား။


အဝင်ပူ အထွက်ပူဥပါဒ်ပေးတဲ့ပစ္စည်း ငရုတ်သီးကိုမွီတာ မြန်မာပြည်မှာရှိလား။


အဲဒါကြောင့် ကိုယ်ကတော့ ၂၀၁၅ထိ ငရုတ်သီးပဲ စားမယ်တဲ့။ ဟိုက်ရော။


ခက်တာပဲ သူငယ်ချင်းရာ မင်းအစွန်းရောက်အောင်တွေးပြီး အစွန်းရောက်နေပါလား။ တန်ဆေး လွန်ဘေး ဖြစ်မယ်နော်။


(စားဝတ်နေရေး)ဥစ္စာ ၊ ကိုယ်အင်္ဂါ၊ အသက်၊ သီလ မွာ ဘယ်အရာကို တန်ဖိုးထားရမယ်လို့ ဘုရားဟောလဲ။


သီလဆိုတာ စာရိတ္တ ဝါရိတ္တ တွေကိုစုဖွဲ့ထားတယ်ဆိုတာ သိတယ်မို့လား။


သီလဆိုတာ သာသနာသုံးရပ်မွာ တစ်ရပ်ပါတယ်မို့လား။


သီလဆိုတာ သာသနာသုံးရပ်ရဲ့ အခြေခံဆိုတာ မင်းသိရဲ့မို့လား။


ကိုယ်တိုင်ပြုလုပ် ချီးမွမ်း စိတ်တူ အားပေးအားမြှောက်အကောက်မကြံပါနဲ့ကွာ။


ငရုတ်သီးကြိုက်တဲ့ကောင်ကလည်း ငရုတ်သီးကောင်းကြောင်းပြောမှာပဲ။ နားမယောင်နဲ့။ အောင်နက်တွေလည်း သူတို့ကြိုက်တဲ့ မစင်ကို ကောင်းတယ်ထင်မွာပဲ။ ပြောချင်မွာပဲ။ စိတ်လျော့ပါ။


၂၀၁၅မွာ နောင်တမရတဲ့ ငရုတ်သီးနဲ့ ငရုတ်သီးစားသူမ်ားကို နှုတ်ဆက်လိုက်ပါတယ်ကြာ။

Monday, 14 July 2014

i phone


လူသိနည်းသော iPhone လုပ်ဆောင်ချက် (၂၁) ချက်

Mon, 07/14/2014 - 13:35


iPhone သုံးစွဲသူများသည် သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင်သည်။ ထို့ကြောင့် iPhone သုံးစွဲသူများ သတိမထားမိနိုင်သော hidden feature မ်ားကို ဖော်ပြလိုက်ပါသည်။


(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း


စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။


(၂) Airplane mode သို့ပြောင်းပြီး ဘက္ထရီကို လျင်မြန်စွာ အားသွင်းခြင်း


Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ္လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက္ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။


(၃) Email မ်ားကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း


Read my email ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email မ်ားကို ဖတ်ခိုင်းလိုပါက Read my latest email ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက Do I have email from Maung Maung? ဟု ပြောကြားကာ စေခိုင်းနိုင်သည်။


(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း


What flights are above me? သို့မဟုတ် Planes overhead ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။


(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း


Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ Thats not how you pronounce [BLANK] ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။


(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း


ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် When Timer Ends ၌ Stop Playing ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။


(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း


ဒီနည်းလမ်းက အလြန္ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအက် ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။


(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း


တစ်ခါတစ်ရံတွင် capture ခလုတ္ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။


(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း


ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ္ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတၳုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။


(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း


Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။


(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း


အိမ္နံရံမွာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ္ဘက္ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။


(၁၂) Select လုပ်ထားသည့် စာသားမ်ားကို အသံထွက်ဖတ်နိုင်ခြင်း


Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားမ်ားကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ္ကို နှိပ်ပြီး select လုပ်ထားသည့် စာသားမ်ားကို အသံထွက်ဖတ်စေနိုင်သည်။


(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း


စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ္ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။


(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း


Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။


(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း


ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။


(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix မ်ား ထည့်သွင်းခြင်း


Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ . ကို ဖိထားပြီး ပေါ်လာသည့် web suffix မ်ား (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။


(၁၇) Email draft မ်ားကို အလျင်အမြန် အသုံးပြုခြင်း


Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email မ်ားကို အလျင်အမြန် အသုံးပြုနိုင်သည်။


(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း


Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။


(၁၉) Keyboard shortcut မ်ား စိတ်ကြိုက်ဖန်တီးခြင်း


Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ္တစ္ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ္တစ္ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut မ်ား ဖန်တီးနိုင်သည်။


(၂၀) Passcode တစ္ခုကို စာလုံးများဖြင့် ဖန်တီးခြင်း


Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။


(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း


ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် LED Flash for Alerts ကို ON ပြီး အသုံးပြုနိုင်သည်။



Sunday, 13 July 2014

ငါ့မြို့လေးက ညံ့တယ်

ငါ့မြို့လေးက ညံ့တယ်


အမှောင်ကျပြီးတဲ့နောက်

ငါ့မြို့လေးကညံ့သွားတယ်။

ကျွန်းသစ်နဲ့ ပလပ်စတစ် အရောင်းအ၀ယ်ဖြစ်တဲ့ခေတ်မှာ

ငါ့မြို့လေးက

ဘောဂဗေဒမှာ ညံ့တယ်။


မျက်နှာချင်းဆိုင်ပြီး

ချစ်ခြင်းပြိုင်ကြတဲ့ခေတ်မှာ

အခုထိ မျက်နှာချင်းမဆိုင်ရဲသေးတဲ့

ငါ့မြို့လေးက

Politic မွာ ည့ံတယ်။


ဧည့်သည်က အိမ်ရှင်ကို အရေးဆိုနေချိန်မှာ

အဖြူ အမည်း မကြဲတဲ့အထိ

ငါ့မြို့လေးက

History မွာ ည့ံတယ်။


ကိုယ်ယုံကြည်ရာ အသက်ဆက်ကြတဲ့အခါ မဟာဗျူဟာမြောက်အကွက်တွေနဲ့

တကောင်ကျေွး သုံးကောင်ရိုက်နေချိန်မှာ

လှေကြီးထိုး ရိုးရိုး

ငါ့မြို့လေးက

ယုံကြည်ချက်အတွက်

အမြော်မြင်ရှိိမှုမှာ ညံ့တယ်။


....ညံ့တယ်

..ည့ံတယ်

ငါ့မြို့လေးက ည့ံသလို

ဒီကဗျာကလည်း ညံ့ပါတယ်။


ရေငတ်နေချိန်မှာ

လက်ဝါးကြီးအုပ်ခံလိုက်ရတဲ့

ငါ့မြို့လေးလေ

အခုတော့ သူလည်း အသက်ငင်နေရှာပေါ့။


သင်္ခါရတရားတွေနဲ့

ရင်ဘောင်မတန်းနိုင်တဲ့အခါ

စိတ်ရဲ့ထွက်ပေါက်က ၀င်သက်ထွက်သက်

ဒီထက်မမှောင်ခင်

ငါတို့ ခရီးဆက်မှဖြစ်မယ်။


ကိုသစ် (သီတဂူ)

Saturday, 5 July 2014

မိန်းမပျက်အင်္ဂါ ၂၅ ပါး

မိန်းမပျက်အင်္ဂါ(၂၅)ချက်...


ဇာတ်ပါဠိတော်တွင် လာရှိသော မိန်းမပျက်အင်္ဂါ(၂၅)ချက်

၁။ လင်ယောကျ်ား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။

၂။ အရပ်ေ၀းသွားသော လင်ယောကျ်ားအား အမှတ်မရတတ်ခြင်း။

၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။

၄။ လင်ယောကျ်ား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။

၅။ လင်ယောကျ်ားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောကျ်ားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။

၇။ လင်ယောကျ်ားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။

၈။ လင်ယောကျ်ားအပေါ်တွင် ပြုလုပ်ပေးရမည့်တာ၀န်ကို မပြုလုပ်ပေးခြင်း။

၉။ လင်ယောကျ်ားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။

၁၀။ အ၀တ်ကို မြဲစွာ၀တ်၍ အိပ်တတ်ခြင်း။

၁၁။ လင်ကို ကျောပေးအိပ်ခြင်း။အိပ်ရာခွဲအိပ်တတ်ခြင်း

၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။

၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။ညဥ့်နက်မှအိပ်တတ်ခြင်း

၁၄။ လင်ယောကျ်ား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။

၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။

၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။

၁၈။ တခြားယောကျ်ားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။

၁၉။ လင်ယောကျ်ားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။

၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောကျ်ားများကို အကျွမ်း၀င်တတ်ခြင်း။

၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။

၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။

၂၃။ အိမ်တံခါး၀တွင် အမြဲလိုလို နေထိုင်တတ်ခြင်း။

၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။

၂၅။ အရပ္တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။


(မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁) အခုခေတ်ကတော့ အွန်လိုင်းသုံးစွဲတတ်သူ မိန်းမပျက်တွေကတော့ (အမျိုးကောင်းသမီးတွေမပါဘူးနော်) လင်ယောင်္ကျားမသိတဲ့ တစ်ခြားအကောင့်တစ်ခုနဲ့ အွန်လိုင်းပေါ်မှာ ခ်စ္သူလိုလို လင်ငယ်လိုလို ထားတတ္ပီး အပြင်မှာချိန်းတွေ ့တတ်ခြင်း၊မိဘဆွေ မျိုများထံ အလည်သွားမည်ဟုအကြောင်းပြပီးလင်ယောကျားမသိအောင် ဖောက်ပြန်နေခြင်း၊ လင်ယောကျားမှ ဖောက်ပြန်နေသည်ကိုသိရှိသွားတဲ့အခါ အရွက္ကို ကာကွယ်သည့်အနေဖြင့် လင်ကြီးဖြစ်သူ၏ အပြစ်များကို ရှာကြံ၍ ပတ်ဝန်းကျင်မှာ မကောင်းပြောပီး မိမိ အပြစ်များကို ကာကွယ်တတ်ခြင်း၊အိမ်ထောင်ရေးတည်မြဲအောင် မကြိုးစား တော့ပဲ မိမိ၏ဖောက်ပြန်ခြင်းကို သိရှိသွားသောလင်ယောကျား၏ ရန်ရှာ ခြင်းမှ ကင်းဝေးအောင် လင်ကြီးအား ကွာရှင်းခွင့်တောင်းခံခြင်း၊ ကွာရှင်းပီးတော့ အများနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုမှာ သူတော်ကောင်းယောင်ဆောင်နေ တတ်ခြင်း၊။ အိမ်ထောင်သည်ဘ၀တွင် ယောကျ်ားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲလို့ မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ယောကျ်ားသားဘက်ကလည်း မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့ မိန်းမသားများ ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။ မကြာခင် ယောကျ်ားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။ ဒီအချက်အလက်များကို ရေးသားပေးရခြင်းမှာ မိန်းမများကလည်း မိမိတို့ ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင် မိမိကိုယ်ကို မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောကျ်ားများကလည်း မိမိဇနီးမယားဟာ မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။ မိန်းမသားများကလည်း မိန်းမပျက်ဘ၀မှ လွတ်ကင်းကြကာ ယောကျ်ားသားများလည်း မိန်းမပျက်များနဲ့ ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်....။


အရှင်ကောမလ ဆန်နီနေမင်းခ


အဋ္ဌရသ

၁၈ ပါးသောအတတ်ကြီးများ


ရှေးဘုရင်များလက်ထက်က မင်းညီမင်းသားများ၊စစ်သူကြီး မူးမတ်ဗိုလ်ပါတို့၏သားများသာသင်ကြား လေ့ကျင့်ကြရ သော ၁၈ ပါးသောအတတ်တို့သည်ရှိကြလေကုန်၏။ ၎င်းတို့မှာ...

၁။ ။အကြားအမြင်အတတ်

၂။ ။ဓမ္မသတ်အတတ်

၃။ ။ဂဏန်းသချာၤအတတ်

၄။ ။တံစဉ်း၊ စူး၊ ဆောက် လက်သမားအတတ်

၅။ ။နီတိကျမ်းအတတ် 

၆။ ။ယာယီ၊ ယတြာစသောဗျာကရိုဏ်းအတတ်

၇။ ။စောင်းငြင်း စသောကဗျာအလင်္ကာအတတ်

၈။ ။လက်ပစ်အတတ်

၉။ ။လေးအတတ်

၁၀။ ။စကားဟောင်းအတတ်

၁၁။ ။ဆေးအတတ်

၁၂။ ။ဟာသရယ်ရွှင်ဖွယ်အတတ်

၁၃။ ။ဗေဒင်အတတ်

၁၄။ ။မာယာ လှည့်ပတ်သောအတတ်

၁၅။ ။ဆန်းကျမ်းအတတ်

၁၆။ ။သံံတမန်အတတ်

၁၇။ ။မန္တာန်အတတ်

၁၈။ ။သဒ္ဒါကျမ်းအတတ် စသည်တို့ဖြစ်ကြလေ၏။