Sunday, 8 March 2015

စူဠဝိဘင်္ဂသုတ်

စူဠကမ္မဝိဘင်္ဂသုတ် မှ

၁- သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။

၂- မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။

၃- နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါကို။

၄- သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။

၅- ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။

၆- ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။

၇- မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ကို။

၈- ဣဿာမထား၊ ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။

၉- မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။

၁၀- စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။

၁၁- မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။

၁၂- ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။

၁၃- သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ-ပညာဆို။

၁၄- ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။

Wednesday, 4 February 2015

သဇင်စိုက်ရအောင်

https://www.facebook.com/seamastern/posts/10206173785040593 သဇင်စိုက်ရအောင်

Saturday, 31 January 2015

ကိုးစားစိတ်​ ငတ်​မွတ်​ရင်း

အမှားက အလင်း​ရောင်​​အောက်​မှာ
နေ​လေ့မရှိ​တော့ လူတိုင်းက မမြင်​နိုင်​ဘူး။
နည်းနည်း အားစိုက်​ကြည့်​။
ရှေ့တိုးကြည့်​။

စေတီရှင်
၀၁၀၂၂၀၁၅
၀၁း၀၈

Friday, 23 January 2015

နှားခွရောခှကျရဲ့ဖား

အလှန်အပြန် ကင်းလွတ်ခွင့်


ကျုပ်က ဖားသူငယ္လား

သူကဘဲ နွားခြေရာခွက်လား

အဖြေမရှိတာ ရှိတာ အသာထား

ပက်ကြားအက်နေပြီ ရေဖြည့်ပေးဦး။


မိုးရွာတာ ဖားအော်လို့မဟုတ်ပေမယ့်

ပက်ကြားအက် ခြေရာခွက်ကြောင့်လည်းမဟုတ်ဘူး။


နွားတွေနင်းလို့ ခွက်နေတဲ့နင့်မျက်နှာပြင်

ဖားသွေးနဲ့ ဖြည့်စွက်ဖို့အထိ ကျုပ်မမိုက်ဘူး။


ဖားတွေ ငုတ်တုတ်မေ့နေတာ

ခြငေ်္သ့ထင်ပြီး နင်ရန်မလိုပါနဲ့။


ထယ်စာခဲရဲ့ဂုဏ်ကို

ပညာရှိဘီလုံးငှက်က မြှင့်တင်ပေးသလို

လှိုင်းထဆူပွက် မပြည့်တဲ့ရေတွေအတွက်

မိုးရွာလိုရွာငြား ရင်ကွဲအောင်အော်ကြည့်ပေးမယ်။


omeD