Friday, 27 May 2022

Monkey Boxing

မတ္တရာချစ်သူများ၏ ပန်ကြားလွှာ ၂


မတ္တရာချစ်သူများအဖွဲ့သည် ပါတီနိုင်ငံရေးအရောင်အသွေးမပါစေဘဲ မြို့၏အကျိုးရှိရာရာတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ပါတီအရောင်အသွေးမပါရှိခြင်းကြောင့် စည်းလုံးညီညွတ်ခြင်း အများအကျိုးဆောင်ရွက်သည့်အခါ အစဉ်ပြေလျှင်မြန်ချောမွေ့ခြင်း အကျိုးကျေးဇူးများကို ဒိဋ္ဌမြင်တွေ့ပြီးဖြစ်ကြပါလိမ့်မည်။ ပါတီအရောင်အသွေးမပါရှိ၍ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အမှတ်တရ စကျင်ကျောက်သားဗိုလ်ချုပ်ရုပ်တုစိုက်ထူရေးသည် ခမ်းနားထယ်ဝါစြာ ပြီးစီးတော့မည်ဖြစ်ပါသည်။ ဤအကျိုးတရားတို့ကို မတ္တရာမြို့နယ်သူနယ်သားများနှစ်သက်ဝမ်းမြောက်ကြလိမ့်မည်ဟု ယုံကြည်ကြပါသဖြင့် ဗိုလ်ချုပ်ရုပ်တုဖွင့်ပြဲ၌ မည့်သည့်ပါတီအရောင်အသွေးကိုမျှ စွန်းထင်းပေညစ်မည့်အကြောင်းတရားကိုမျှလက္ခံမည်မဟုတ်ဘဲ ပါတီအရောင်အသွေးကင်းစင်ရေးကို မိမိတို့ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့ နှစ်ခြိုက်သဘောတူကြပါသည်။


ဗိုလ်ချုပ်ရုပ်တုကိုဖွင့်လှစ်မည့်အောင်ပွဲအခမ်းအနား၌ ပါတီ၏အသွင်အပြင်လက္ခဏာကို ဖော်ထုတ်မပြသကြဘဲ ပြည်သူနှင့်တစ်သွေးတည်း တစ်သားတည်းအသွင်ဖြင့်သာ တက်ရောက်အလေးပြုကြပါရန် ပါတီအသီးသီးကို ပန်ကြားအပ်ပါသည်။ အကယ်၍ ပါတီဝတ်စုံ အဆင်တန်ဆာအမှတ်လက္ခဏာတို့ကို ဝတ်ဆင်ပြီး အင်အားပြတက်ရောက်လာပါက ပါတီအချင်းချင်းပြိုင်ဆိုင်မှုများ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရေ