ခေါင်းခိုင်ခြင်း
အယူအဆခိုင်မာတာနဲ့ ခေါင်းမာတာနဲ့က တျခားစီပါ။ တချို့က ကိုယ်ဟာ ခေါင်းမာသူ အဆုံးမမခံသူ စိတ်မပျော့ပြောင်းသူဖြစ်နေပါလျက်နဲ့ ကိုယ့်ကိုကိုယ် အယူအဆခိုင်မာသူအဖြစ်ရူမြင်ပါတယ်။ သူတပါးစကားနားမထောင်ဘဲ ထုံပေပေယောင်လည်လည်လုပ်နေတာ၊ ပွင့်ပွင့်လင်းလင်းမပြောတာ၊ ပြောပြန်ရင်လည်း ပေကပ်ငြင်းရတာကို အယူအဆခိုင်မာသူအဖြစ်၊ သံမဏိလူသားအဖြစ်ဂုဏ်ယူကြတယ်။ (ဘဘဦးဝင်းတင်ကို ရည်ညွှန်းခြင်းမဟုတ်ပါ)တကယ်က အမှန်တရားကိုမြတ်နိုးခြင်း တတ်သိခြင်း နားလည်ခြင်း ကျင့်သုံးခြင်းမရှိသူရဲ့ဆုံးဖြတ်ချက် ခံယူချက် လုပ်ဆောင်ချက်တွေဟာ ခေါင်းမာခြင်းမွာ အဆုံးသတ်လေ့ရှိပါတယ်။ အမှားအယွင်းတန်ဖိုးမဲ့မှုတွေသာဖြစ်ပါတယ်။ နောင်မွာ နောင်တတွေအောက်ဒူးထောက်အညံ့ခံရပါတယ်။ ပြုသင့်တာကိုမပြုမိ၊ မပြုသင့်တာကိုပြုမိတဲ့သူအဖို့ သူ့ဆုံးဖြတ်ချက်၊ သူ့အယူအဆဆိုးကို ပြောင်းကိုပြောင်းရပါတယ်။ အမှန်တရား သစ္စာနဲ့တည့်မတ်မွသာ ထာဝရပြောင်းလဲပြင်ဆင်ရန်မလိုသော အယူအဆခိုင်မာသူဖြစ်လာပါလိမ့်မယ်။
အယူအဆခိုင်မှာသူတစ်ယောက်ဖြစ်ဖို့ဆိုရင် အမှန်တရားကိုသိရပါမယ်။ စိတ်ကိုနှစ်သက်ရာ အာရုံပေါ်မှာတင်ထားနိုင်ရပါမယ်။ တကယ်တမ်းအခြေခံကျကျပြောရရင်တော့ ယောနိသောမနသီကာရ(အရာရာကိုကျေနပ်စေရန် သင့်တင့်စြာတွေးခေါ်ခြင်းမျိုး)ထက် သမ္မာဒိဋ္ဌိ(အမှန်တရားကိုသာမြင်ခြင်း) ဖြစ်ဖို့လိုပါတယ်။ သေချာတာအချက်ကတော့ အမှန်တရားကိုသာမြင်သူတစ်ယောက်ဟာ လိုအပ်ခဲ့ရင် ထားလိုတဲ့အာရုံပေါ်မှာစိတ်ကိုတင်ထားပြီး ယောနိသောမနသီကာရဖြစ်အောင် လုပ်သွားနိုင်ပါတယ်။ ပြောချင်တာကသာသနာပြင်ပမွာရေးနေကြတဲ့ ဘာဖြစ်ဖြစ်ကျေနပ်စရာပါလို့အစဉ်တွေးနေတဲ့ ပေါ်လီယာနာကိုပဲ ခေါင်းမာသူအဖြစ် သာသနာတွင်းသားတွေကရှုမြင်ပါလိမ့်မယ်။ ဒီဆိုလိုချက် ဒီအနှစ်သာရကို သာသနာတွင်းသားစစ်စစ်ဒါမှမဟုတ် သာသနာကိုချစ်ခင်မြတ်နိုး၊ရိုးဖြောင့်သူသာ သိနိုင်ပါလိမ့်မယ်။
ဒါကြောင့် သောတာပန်ဂုဏ်ရည်မရှိဘဲ ကိုယ့်ကိုကိုယ်အယူအဆခိုင်မာသူအဖြစ် မထင်ပါနဲ့။ အရိယာဖြစ်ပြီးသူများ၊ အရိယာဖြစ်ရန် ပြီးပြည့်စုံသူများရဲ့ယုံကြည်မှုသည်သာ အယူအဆခိုင်မာပါတယ်။ မပြောင်းမလဲတည်ရှိနိုင်ပါတယ်။ ဒါကြောင့် ဘဝခြားတယ် ဘဝပြောင်းတယ်ဆိုရင်တောင်မွ သူအယူအဆ သူ့အတွေးအခေါ်ဟာ မပြောင်းလဲဘဲ တည်တံ့နေတာပေါ့။ ကိုယ်ကလည်း ဘာကောင်မှလည်းမဟုတ်၊ အခြေခံအဆင့်အရိယာလည်းမဟုတ်ဘဲနဲ့ အယူအဆခိုင်မာသူ ကောင်းမွန်သူလို့ ဝန်လည်းမခံပါနဲ့၊ မှတ်ချက်လည်းမပြုပါနဲ့။ ပေါလောကြီးပေါ်နေတာ ရှက်စရာကောင်းလွန်းလို့ပါဗျား။
စေတီရှင်
၂၃၀၄၂၀၁၄
၀၇း၂၀
( ဘဝတီ,nldခေါင်းကြီးပိုင်းမ်ားအကြောင်း စကားစပ်မိလို့ ပြောဖြစ်ကြတာလေး ရေးကြည့်တာပါ။ ကိုယ့်ကိုကိုယ် ခေါင်းပျော့သလား၊ မာသလား၊ အယူအဆခိုင်မာသလား၊ ပျော့သလားကတော့ သုံးသပ်နေဆဲဖြစ်ပါကြောင်း.. )
No comments:
Post a Comment