Friday, 11 April 2014

ဓမ္မစေတီများ တည်ထားခြင်း

ဓမ္မစေတီများ တည်ထားခြင်း


ဓမ္မ-ဟူသည် ပါဠိဘာသာ ဝေါဟာရတစ်ခုဖြစ်သည်၊ ထိုဓမ္မကို တရားဟု မြန်မာဘာသာ ပြန်ဆိုကြသည်၊ တရားအမျိုးမျိုးရှိသည်တွင် ကျင့်သုံးလိုက် နာသူကို အပါယ်အစရှိသော ဘေးဒုက္ခအပေါင်းတို့မှ ကယ်တင်သောအားဖြင့် လည်းကောင်း ကာကွယ်စောက်ရှောက်သောအားဖြင့်လည်းကောင်း ဆောင် ထားတတ်သောကြောင့် မဂ် ၄-ပါးသည်သာ မုခ် ဓမ္မ အမည်ရထိုက် ပေသည်။ သို့သော် မဂ်-၄ပါး၏ ချက်ချင်းလက်ငင်း အကျိုးရ ဖိုလ်၄-ပါးနှင့် ဆင့်ပွား အကျိုး နိဗ္ဗာန်ကိုလည်းကောင်း မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်ပြ ပရိယတ်ဓမ္မက္ခန် ကျမ်းဂန်များကိုလည်းကောင်း၊ သွာက္ခာတတာ စေသာ ဂုဏ်အင်များနှင့် ပြည့်ဝစုံလင်သည့်အတွက် ဓမ္မ ဟုခေါ်ဝေါ်ကြရတော့ သည်၊ ထိုကြောင့် မဂ် ဖိုလ် နိဗ္ဗာန် ဟူသော ၉-ပါးသော လောကုတ္တရာတရား များတွင် ပရိယတ္တိဓမ္မ-ထည့်၍ ၁၀-ပါးသော တရားဖြစ်လာသည်။ မဂ် (၄)ပါး ဖိုလ် (၄)ပါး နိဗ္ဗာန် (၁) ပါး ပရိယတ္တိ (၁)ပါး ဤ ၁၀-ပါးသော တရားအားလုံးသည်ပင် သွာက္ခာတတာ စေသာ ဂုဏ် တော်(၆)ပါးနှင့် ပြည့်စုံခြင်းကြောင့် ဓမ္မံ သရဏံ ဂစာၦမိ အရ ကိုးကွယ် ဆည်းကပ် ထိုက်သော တရားတို့ချည်းသာ ဖြစ်ကြသည်။ ပရိယတ္တိ သဒ္ဓမ္မ ပဋိပတ္တိသဒ္ဓမ္မ ပဋိဝေဓသဒ္ဓမ္မ ဟူသော သဒ္ဓမ္မသုံးဖြာ သာသနာဆိုသည်မှာ လည်း ဤတရား (၁၀)မျိုးပင် ဖြစ်ပေသည်။ အနာရောဂါပျောက်ကင်းဖို့ရန် ဆေးဝါးသည် အဓိကဖြစ်သော်လည်း မှန်ကန် သော ဆေးဝါးဖြစ်ရန်မှာ ဆေးနည်းဆေးမှတ်တမ်းများနှင့် ကင်း၍ မဖြစ် နိုင်ပေ၊ ဆေးနည်းဆေးမှတ်တမ်းများရှိလျှင် လိုအပ်သော ဆေးကို အချိန် မရွေး ဖော်စပ်သုံးစွဲနိုင်ပေမည်။ ထို့အတူ မဂ်ဖြင့် ကိလေသာ ရောဂါမှန်သမျှ ပယ်ဖျောက်ရန်နှင့် ဝိမုတ္တိ သုခကို ခံစားနိုင်ရန် မရှိမဖြစ် မသိမဖြစ် တကယ်ပင် လိုအပ်သော ဓမ္မမှာ- ဆေးနည်း ဆေးမှတ်တမ်း သဖွယ်ဖြစ်သော ပရိယတ္တိဓမ္မသာ ဖြစ်ပေ သည်။ ရှေးရှေး သာသနာ့ဦးဆောင် မထေရ်များကလည်း ဘုရားဟော ပရိယတ္တိ ဓမ္မက္ခန္ဓာများ တည်ရှိနေသရွေ့ မဂ် ဖိုလ် နိဗ္ဗာန်တရားများ မပျောက်မပျက် တည်ရှိနေမည်သာဖြစ်သည်။ သုတ် ဝိနည်း အဘိဓမ္မာ ပရိယတ္တိဓမ္မများ ပျောက်ကွယ်လျှင်ကား နေဝင် သကဲ့သို့ တစ်လောကလုံး အမှောင်ဖုံးကွယ်လိမ့်မည်-ဟု (အံ-ဋ္ဌ-၁၇၂) ၌ မိန့်ကြားတော်မူခဲ့ကြလေသည်။ သာသနာတော် တည်တံ့ပြန့်ပွါးဖို့ရန် ပရိယတ္တိဓမ္မကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ပါသည်။ မှန်၏ သက်တော် ရှည် ဘုရားရှင်တို့၏ သာသနာသည် မျက်မှောက်သာဝက တစ်ဆက် လောက်သာ တည်တံ့ပြီး ဆက်လက် မတည်တ့ံသည်မှာ ပရိယတ္တိဓမ္မ မရှိခြင်းကြောင့်သာ ဖြစ်ပါသည်။ ဤဆိုခဲ့ပြီးသော အခြေအနေ အရပ်ရပ်ကို ထောက်ရှုလျှင် ပရိယတ္တိဓမ္မ သည်သာ သာသနာတော် အရှည်တည်တ့ံပြန့်ပွားဖို့ အမှန်တကယ် ဖြစ်သည် မွာ ထင်ရှားလှပေသည်။ ပရိယတ္တိဓမ္မတည်တ့ံဖို့ရန်မှာလည်း စက္ကူ ရွှေ ငွေ ကျောက်ချပ်များပေါ်တွင် တင်ထားရုံ မှတ်ထားရုံဖြင့် မပြီးနိုင်ပါ။ ပျူခေတ် ကျောက်စာများ ယနေ့တိုင် ရှိနေသော်လည်း အဓိပ္ပာယ်ဖေါ်နိုင်သူ တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံတွင် မရှိတော့ပေ။ ပရိယတ္တိဓမ္မ တည်တ့ံပြန့်ပွားရေးမူကို မြတ်စွာဘုရားက အဂုၤတ္တိုရ် ပဉ္စက နိပါတ် ပထမ သဒ္ဓမ္မ သမေ္မာသ သုတ်၌ အတိအလင်း ဖော်ညွန်း ခဲ့ပေသည်။ ယင်းမူများမှာ - ပဉ္စိမေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ ဌိတိယာ စသည်ဖြင့် ဟော်တော်မူသည့်အတိုင်း ပရိယတ္တိသဒ္ဓမ္မကို ၁။ ကောင်းစွာ နာကြားခြင်း ၂။ ကောင်းစွာ သင်ယူမှတ်သားခြင်း ၃။ ကောင်းစွာ နှုတ်တက် အာဂုံဆောင်ထားခြင်း ၄။ အနက်အဓိပ္ပာယ် စူးစမ်းဆင်ခြင် သိမြင်ခြင်း ၅။ သိသည့်အတိုင်း ပရိယတ္တရား အားလျော်စွာ ပဋိပတ်တရားကို ကျင့် သုံးခြင်းတို့ဖြစ်ပါသည်။ မြတ်စွာဘုရား ချမှတ်ခဲ့သော အဆိုပါမူများအတိုင်း လက်တွေ့ အကောင် ထည်ဖော်မည်ဆိုလျှင် သာသနာတော် တည်တ့ံပြန့်ပွားမည်မှာ ယုံမွားစရာ မရှိပေ။ ဤမူ ၅-ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှင် သာသနာ တည်တ့ံ ပြန့်ပွါးကြောင်းဖြစ်သလို အကောင်အထည်ဖော်မဆောင်ရွက်လျှင် သာသနာ ကွယ်မည်ဖြစ်၍ အဆိုပါ အင်္ဂုတ္တိုရ်ပါဠိတော်၌ပင် ပဉ္စိမေ ဘိက္ခဝေ ဓမ္မာ သဒ္ဓမ္မဿ သမေ္မာသာယ စသည်ဖြင့် ဟောထားတော်မူခဲ့လေသည်။ သာသနာကွယ်ကြောင်းတရားများကို လြယ္လြယ္ကူကူ မှတ်ယူနိုင်ရန် ဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက အင်္ဂုတ္တိုရ်လာ သာသနာကွယ်ကြောင်း တရားပေါင်းကား ရဟန်းများတို့ တရားမနာ စာပေမသင် နှုတ်တွင်မဆောင် သိအောင်မပြု ဓမ္မာနုဓမ္မ ပဋိပတ္ကြာ ဤငါးဖြာတည်း ဟု လင်္ကာစီ၍ မှတ်တမ်းတင်ခဲ့ပေသည်။ စေတီ စေတီ-ဟူသည် အေလးအျမတ္ထား၍ ကိုးကွယ်ရာ-ဟု အဓိပ္ပာယ်ရသည်။ ထိုစေတီကို လူမျိုးနှင့်ဘာသာ အလိုက် အမျိုးမျိုးရှိသော်လည်း ဗုဒ္ဓသာသနာ တော်၌ကား ဓာတု ဓမ္မ၊ ဥဒ္ဒိဿ၊ ပရိဘောဂ စေတီ လေး ဟူသည်နှင့်အညီ ၄-မျိုးခွဲခြား၍ ပြတော်မူကြသည်။ ဤအရာ၌ ရေးသားတင်ပြလိုသည်မှာ ဓမ္မစေတီပင်ဖြစ်ပါသည်။ ဓမ္မစေတီ ဆိုခဲ့ပြီးသော ပရိယတ္တိဓမ္မသည်ပင် အမြတ်တနိုး ကိုးကွယ်ရာ ဖြစ်၍ ဓမ္မ စေတီ မည်ပါသည်။ ထိုပရိယတ္တိဓမ္မများတည်ရှိရာ ပိဋကတ္စာအုပ္မ်ား ပေစာ ကျောက်စာများ စသည်တို့သည်လည်း ဓမ္မစေတီများပင် ဖြစ်ပေသည်။ စာအုပ်စာပေ ကျောက်စာများ ဓမ္မစေတီဖြစ်သကဲ့သို့ ယင်းဓမ္မစေတီ ပိဋကတ် မ်ား ကိန်းဝပ်ရာ ဗီရို ကျောင်းတော် အုတ်တိုက် အုတ်အင်္ဂတေ စေတီ စသည်တို့သည်လည်း ဓမ္မစေတီ မည်ပါသည်။ ပရိယတ္တိဓမ္မများ ကိန်းဝပ်ရာ ဗီရို စေတီစသော သက်မဲ့ပစ္စည်းများကို ဓမ္မ စေတီ-ဟု ခေါ်နိုင်လျှင် ပရိယတ္တိဓမ္မများ နှလုံးအိမ်ထဲတွင် ကိန်းဝပ်နေသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များကိုလည်း ဓမ္မစေတီ ဟု အဘယ်မှာ မဆို နိုင်ပဲ ရှိပါအံ့နည်း၊ ဧကန်မုချဆိုရမည်သာ ဖြစ်ပေသည်။ မှန်၏၊ ဘုရားလက်ထက်တော်က ပုဏ္ဏားတစ်ယောက်က မြတ်စွာဘုရားကို လျှောက်ထားသည်မှာ- ရတနာ သုံးပါးတွင် ဘုရားနှင့်သံဃာကို ပူဇော်မှုမှာ ထင်ရှားပါသည်ဘုရား၊ တရားတော်ကို ပူဇော်လိုက မည်သို့မည်ပုံ ပူဇော်ရမည်နည်း ဟု မေး လျှောက်သောအခါ မြတ်စွာဘုရားက- တရားတော်ကို ပူဇော်လိုလျှင် ပရိယတ္တိဓမ္မ ဗဟုသုတ ရှိသောပုဂ္ဂိုလ်များကို ပူဇော်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။ မင်းကွန်း တိပိဋကဓရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီးကား မိမိ ကိုယ်တိုင် ဓမ္မစေတီဖြစ်ရုံမက ဓမ္မစေတီအသစ် မြောက်မြားစွာကိုလည်း အသစ်မပြတ်မလပ် တည်ထားလျက်ရှိပေသည်။ တိပိဋကနိကာယ ကျောင်းတိုက်ကြီး တည်ထောင်ပြီး ပိဋကသုံးပုံဆောင် နိကာယ်ဆောင်ပုဂ္ဂိုလ်များ မငြိုမငြင် ချမ်းသာလွယ်ကူစွာ ပရိယတ္တိဓမ္မကို နာခံ သင်ကြား ဆောင်ထား တွေးကြံ ကျင့်သုံးနိုင်ရန် ဆွမ်း သင်္ကန်း ကျောင်း ဆေး လိုလေသေးမရှိ ထောက်ပံ့ကူညီလျက် တိပိဋကနှင့် နိကာယ်ဆောင် ပုဂ္ဂိုလ်များ အမြဲမပြတ်မွေးထုတ် ပေးလျက်ရှိနေပေသည်။ ဆရာတော်၏ အားပေးချီးမြှောက်မှုကို ရနေကြသဖြင့် သာသနာ့အာဇာနည် ရဟန်းသာမဏေများသည် ပရိယတ္တိဓမ္မများကို ကြိုးစားအားထုတ်လျက် ရှိပေသည်။ နှစ်စဉ် တိပိဋကဓရစာမေးပွဲနှင့် နိကာယ်စာမေးပွဲများ၌ ဖြေဆို အောင်မြင်နေကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာတော်၏ ဓမ္မစေတီ တည်ထားမှု လုပ်ငန်း မည်မျှအောင်မြင်နေသည်ကို မှန်းဆနိုင်ပေသည်။ တိပိဋကဆောင် ပုဂ္ဂိုလ်တစ်ပါးသည် ဆင့်ပွါးပိဋကဆောင် ပုဂ္ဂိုလ်အများအပြားကို မွေးထုတ် ပေးနိုင်လိမ့်မည် ဖြစ်ခြင်းကြောင့် တိပိဋကဓရ ဆရာတော် အရှင်ဝိစိတ္တ သာရာဘိဝံသ၏ ဓမ္မစေတီ တည်ထားမှု သာသနာပြုလုပ်ငန်းသည် မခန့်မှန်း နိုင်လောက်အောင် အကျိုးအာနိသင်များ ဖြစ်ပွားနိုင်သည်မှာမလွဲပေ။ ဆရာတော်၏ ဓမ္မစေတီတည်ထားခြင်း၌ သာသနာပြုလုပ်ငန်း အောင်မြင်ရန် ပစ္စည်းအား လူအား ထောက်ပံ့ပေးနေသူများမှာ တိပိဋကနိကာယ် သာသနာ ပြုအဖွဲ့ပင် ဖြစ်ပါသည်။ သာဂါရာ အနာဂါရာ စ၊ ဥေဘာ အညောညနိဿိတာ။ အာရာဓယနိ ္တသဒ္ဓမ္မံ၊ ယောဂကေ္ခမ မနုတ္တရံ။ ဟူသော ဒေသနာတော်အရ ဆရာ ဒကာ လက်တွဲညီညီဖြင့် သာသနာပြုနေသည်မှာ အားရစရာပင်ဖြစ်ပေသည်။ ယခုဆိုလျှင် ဒုတိယ ၃-နွစ္ခရီး အပြီးသို့တိုင် ရောက်ခဲ့လေပြီ၊ တတိယ စတုတ္တ ပဉ္စမ သုံးနွစ္ခရီးစေသာ အဓွန့်ရှည်ကြာစွာ သာသနာပြုနိုင်ပါ စေကြောင်း ဆုမွန် ကောင်းတောင်းရင်းဖြင့် နိဂုံးချုပ်အပ်ပါသတည်း။


(၁၉၈၇-ခုနှစ် အောက်တိုဘာလထုတ် မင်းကွန်းတိ-နိသာသနာပြုအဖွဲ့ ဒုတိယ ၃-နှစ် ခရီးစာစောင်မှ)


mygateway365's blog


Copyright 2012 Insein Ywama Pariyati | Designed by Myanmar Gateway

No comments:

Post a Comment