Friday, 3 October 2014

ထောင်ချောက်အကြား၌ မေ့လျော့ခြင်း

ထောင်ချောက်ကြား၌ မေ့လျော့ခြင်း


မရုန်းကန်ဘဲ

ရုန်းကန်တယ်ထင်နေမယ့်အစား

မရုန်းကန်ဘဲ

ရုန်းကန်တယ် လှည့်စားမယ့်အစား

ရုန်းကန်ပြီး

အစွမ်းမရှိတဲ့ဘဝက သေပျော်တယ်။


မြက်မစားတတ်တဲ့ျခသေ့ၤ

ဝမ်းဝထား မထား

မောဟပြည့် သမင်တစ်ကောင်သိဖို့

သိဒ္ဓတၳရဲ့ဉာဏ်ရည်ငှါးထားဖို့လိုတယ်။


စေတီရှင်

၀၆း၃၀

၀၄၁၀၂၀၁၄



No comments:

Post a Comment