သိုးတွေလိုမနေနဲ့
Silence of the lambs ဆိုသော ရုပ်ရှင်တကားကြည့်ဖူးသည်။ မင်းသမီးဂျိုဒီဖော်စတာက သရုပ်ဆောင်မင်းသားကြီးအန်သော်နီဟော့(ပ်)ကင်းကိုပြောသည်။ သူသည် ငယ်စဉ်က မွေးမြူရေးခြံတခြံမှာနေဖူးသည်။ တနေ့တွင် ညည်းသံလိုလို အော်သံလိုလိုအသံများကိုကြားသဖြင့် ညသန်း ခေါင်ယံကျော်ကျော်တွင် အိပ်ရာမှလန့်နိုးသည်။ အသံကြားရာမှာ ဂိုဒေါင်ထဲမှလာသည်။ သွားကြည့်သောအခါ သိုးမ်ားကို တကောင်ချင်း သတ်ဖြတ်နေသောမြင်ကွင်းကို တွေ့ရသည်။ သိုးများသည် သနားစဖွယ် အော်မြည်ရင်း သားသတ်သမားရှေ့တွင် လည်စင်းပေးရရှာသည်။ ဂျိုဒီဖော်စတာသည် သနားလွန်းသဖြင့် သိုးတကောင်ကိုဆွဲခေါ်ပြီး ဂိုဒေါင် တံခါးကို ဖွင့်ပေးလိုက်သည်။ ဂျိုဒီဖော်စတာထင်သည်မှာ သေဘေးနှင့် ရင်ဆိုင်နေရသောသိုးသည် တံခါးဖွင့်ပေးသည်နှင့် လွတ်ရာသို့ ခြေကုန် သုတ်၍ပြေးမည်ဟု သူထင်သည်။ သို့သော်ဖြစ်ရပ်မှန်မှာ သိုးသည် ပြေး ရမှန်းပင်မသိလောက်အောင် ထုံအလွန်းသည်။ မိမိရောက်သောနေရာ မှာပင် ရပ်နေသည်။ သားသတ်သမားကလာခေါ်သောအခါ လိုက္သြား သည်။ ထို့နောက် လည်ပင်းပေါ်သို့ ဓားသွားကျလာသောအခါမှ သေဘေး နှင့်ရင်ဆိုင်ရပြီဆိုသည်ကို သိသည်။ သိုးတတ်နိုင်သည်က မသေခင် မချိမဆံ့အော်သံတခုပြုရုံမျှပင်။ လွတ်မြောက်ရေးအတွက် ရုန်းကန် လှုပ်ရှားဖို့ သူ့မှာအကြံဉာဏ်မရှိ၊ ကြိုးစားအားထုတ်မှုမရှိ။ ကယ္သူက ကယ်သည့်တိုင် ပြေးရမှန်းမသိ။ ထို့ကြောင့် နောက်ဆုံးတော့ သေဘေး သည် လြယ္ကူစြာ သူ့ထံသို့ ရောက်လာတော့သည်။ Discovery၊NAT Geo Wild၊Animal Planet စေသာ ရုပ်သံလိုင်းများကိုကြည့်သောအခါ တောရိုင်းတိရစၦာန်များ၏သဘာ၀ကိုတွေ့ မြင်ရသည်။ အသားစားသတ္တဝါများ အမဲလိုက်ကြပုံကိုလည်း မကြာခဏ ကြည့်ရသည်။ ကျွန်တော် စိတ်၀င်တစားစောင့်ကြည့်မိသည်မှာ ခြငေ်္သ့၊ ကျားသစ် စေသာ တောရိုင်းအသားစားတိရစၦာန်များ အမဲလိုက်ပုံဖြစ် သည်။ အထူးအားဖြင့် သတ်သောသတ္တဝါထက် အသတ်ခံရသောသတ္တဝါ မ်ားကို ပိုမိုစိတ်၀င်စားစွာသတိထား၍ စောင့်ကြည့်မိပါသည်။ သတ္သူမွာ ခြငေ်္သ့၊ က်ား၊ ကျားသစ် စေသာ အင်အားကြီးသတ္တဝါများဖြစ်ပြီး အသတ္ခံရသူ (အမဲလိုက်ခံရသူ)မွာ သမင်၊ ဒရယ်၊ ယုန်၊ စိုင်၊ ဆတ်၊ မြင်းကျား၊ ကျွဲ စေသာ သတ္တဝါများဖြစ်သည်။ သတ်သူနှင့်အသတ်ခံရသူ ကိုကြည့်သောအခါ အများအားဖြင့် သတ်သူသည် ကောင်ရေနည်းပါးစွာ လာရောက်ခြင်းဖြစ်ပြီး အသတ်ခံရသူသည် အုပ်စုလိုက်နေသောသတ္တဝါ များဖြစ်သည်။ သို့သော် အသတ္ခံရသူ သတ္တဝါများသည် တကောင်နှင့် တကောင် စည်းလုံးညီညွတ်မှုမရှိ၊ ရိုင်းပင်းကူညီမှုမရှိတာ သတိထားမိသည်။ ဥပမာ-မြင်းကျားအကောင်တရာခန့်ရှိသောအုပ်စုကြီးတွင် မြင်းကျား တကောင်ကို ခြငေ်္သ့တကောင်၀င်ဆွဲပါက ဒဏ်ရာရနေသော မသေသေးသည့် မြင်းကျားကို ဘယ်သူကမှ၀င်မကူ ဘေးနားမှမြင်းကျားသည် သူနှင့် မဆိုင်သလို မြက်စားပင်မပျက် အေးအေးလူလူနေနိုင်ကြသည်။ ခုခံတော် လှန်ဖို့ေ၀းစွ၊ ပြေးဖို့ပင် သတိမရေပ။ ထို့ကြောင့် အာဖရိကတောနက် ထဲတွင် ခြငေ်္သ့များသည် နေ့စဉ်လွယ်ကူစွာ အစာရှာစားနိုင်ခြင်း ဖြစ် သည်။ သမင်များ၊ စိုင်များ၊ ဆတ်များ၊ တော၀က်များသည် တယောက် ဒုက္ခကို တေယာက္က ၀င်ရောက်ကူညီရိုးထုံးစံမရှိပေ။ သို့သော် ခြငေ်္သ့ မ်ားက ဤသို့မဟုတ် အမဲလိုက်ရာတွင် တကောင်က ခြေထောက်ကို ခဲမိထားလျှင် ကျန်သောခြငေ်္သ့များက ခြေထောက်၊ လည်မျိုစသည်ဖြင့် ၀ိုင်း၀န်းကိုက်ခဲလေ့ရှိသည်။ စည်းလုံးမှုအားဖြင့် သူတပါးအသက္ကို သတ်ဖြတ်လေ့ရှိသည်။ ထို့ကြောင့် သတ္တဝါများမှာ အကောင်ရေအင်အား သာလွန်၍ ခြငေ်္သ့မှာ ကောင်ရေနည်းပါးလင့်ကစား၊ သူတို့အလိုရှိတိုင်း သတ်ဖြတ်နိုင်ခြင်း ဖြစ်သည်။ တခါတရံတွင် ထူးခြားသောမြင်ကွင်းကိုလည်း တွေ့ရသည်။ မြစ်ကမ်းဘေးတွင် အစာစားနေသော တောကျွဲအုပ်ကြီးတအုပ်ကို ထုံးစံ အတိုင်း ခြငေ်္သ့တကောင်က၀င်ဆွဲသည်။ ထိုကျွဲအုပ်ထဲတွင် ရဲရင့်သော ကျွဲတကောင်ပါလာသည်။ ထိုကျွဲသည် သူ့အဖော်ကို၀င်ဆွဲသော ခြငေ်္သ့ ကိုပြေးခွေ့သည်။ ထိုအခါ ခြငေ်္သ့သည် ခါတိုင်းလို အလွယ်တကူမသတ် ဖြတ်နိုင်ပဲ မိထားသောကျွဲခြေထောက်ကို လွှတ်လိုက်ကာ ပြေးခွေ့သော ကျွဲကြီးကို ရင်ဆိုင်သည်။ တကယ်ယှဉ်လိုက်သောအခါ တောကျွဲသည် ခြငေ်္သ့ထက် ခန္ဓာကိုယ်ကြီးသည်။ ဦးချိုမှာလည်း ချွန်ထက်နေသည်။ သို့သော် အမဲလိုက်ပညာတွင် ခြငေ်္သ့ကို ကျွဲမမီ။ ခြငေ်္သ့က လှည့်ပတ် ချောင်းသည်။ ခြေထောက်ကို အဆြဲခံရေသာ ကျွဲသည် ထော့နဲ့ထော့နဲ့ ဖြင့် ကျွဲအုပ်ထဲသို့ ပြန်၀င်သွား၏။ ကျွဲများသည် စိတ်အားတက်လာ သည်လားမပြောတတ်။ တကောင်စနှစ်ကောင်စ အုပ်ထဲမှထွက်လာကာ တကောင်ချင်းတိုက်ခိုက်နေသော ကျွဲနှင့်ခြငေ်္သ့တိုက်ပွဲတွင် မိမိမျိုးနွယ်တူ ကျွဲဘက်မှပါ၀င်တိုက်ခိုက်သည်။ ခါတိုင်း ဘာမှပြန်မလုပ်သော ဆိတ္လို၊ သိုးလို၊ သမင်လို၊ မြင်းကျားလို သတ္တဝါများကိုသာ အနိုင်ကျင့်သတ် ဖြတ်ခဲ့သောခြငေ်္သ့သည် သူသေကိုယ်သေပြန်ချသော ကျွဲများနှင့်တွေ့ သောအခါ ကြာရှည်စွာ ရင်ဆိုင်မတိုက်ခိုက်ဘဲ ထွက်ပြေးသွားတော့သည်။ တကယ်ပြန်လည်ခုခံတိုက်ခိုက်ကြမည်ဆိုလျှင် ကျွဲတို့၏ ဦးချိုကို ခြငေ်္သ့တို့ ကြောက်ရွံ့ကြောင်း သက်သေသာဓကပင်ဖြစ်သည်။ သို့သော် ခြငေ်္သ့ ကိုစိန်ခေါ်ရဲသော ရဲရင့်သည့်ကျွဲတကောင်လို၏။ ထိုကျွဲနောက်သို့ ညီညာဖြဖြ လိုက်ပါကြမည့် မျိုးနွယ်တူကျွဲများလိုအပ်၏။ ကျွဲနှင့်ခြငေ်္သ့သည် တကောင်ချင်းတိုက်ခိုက်လျှင် မမွ်တေခ်။ ကြာလာသည်နှင့် ခြငေ်္သ့၏ ပရိယာယ်တွင် ကျွဲအသက်ပျောက်မည်ဖြစ်သည်။ စုပေါင်းတိုက်ခိုက်လျှင် မူကား ကျွဲ၏ဒဏ်ကိုမခံနိုင်ဘဲ ခြငေ်္သ့ပြေးရမည်ဖြစ်သည်။ ခွေးအများ သည် တကောင်ကိုတိုက်ခိုက်ခံရသည်နှင့် ဘယ်တော့မှထွက်မပြေး၊ သေ သည်အထိ အုပ်စုလိုက် ၀ိုင်း၀န်းခုခံတိုက်ခိုက်ကြသဖြင့် က်ား၊ ခြငေ်္သ့ များပင် ခွေးအ,အုပ်စုကိုရှောင်ကြ၏။ ခြငေ်္သ့သည် တောဘုရင်အဖြစ် မင်းမူနေနိုင်ခြင်းမှာ သူနိုင်မည်ထင်သောသတ်္တဝါကိုမှ ရွေးချယ်တိုက်ခိုက် ခြင်း။ အတိုက်ခိုက်ခံရသောသတ္တဝါများသည် ကိုယ်နှင့်မဆိုင်သလို ၀င် မကူကြခြင်းကြောင့်ဖြစ်သည်။ ပြန်လည်ခုခံတိုက်ခိုက်သူတို့ကို သူတို့ ရန်မပြုရဲကြပေ။ တော၏ဥပဒေမှာ အားကြီးသူက အားနည်းသူကို တိုက်ခိုက်အနိုင်ယူခြင်း ဖြစ်သည်။ သမင်ကို ခွေးအ,အုပ္ကဆြဲ၏။ ခွေးအလက်ထဲမှ သမင် ကို မိကျောင်းကြီးတကောင်က၀င်ဆွဲပြီး ရေထဲသို့ထွက်ပြေးသွား၏။ လူ တို့ဌာနေ လူတို့ပြည်ကား ကျောက်ခေတ်မှာ နိုင်ရာစားတောရိုင်းဥပဒေ အတိုင်း ကျင့်သုံးခဲ့ကြသော်လည်း တဖြည်းဖြည်းယဉ်ကျေးမှုအဆင့်မြင့်တက်ကာ တောရိုင်းဥပဒေနေရာတွင် လူလုပ်တရားဥပဒေဖြင့် အစားထိုး အုပ်ချုပ်နေထိုင်လာကြ၏။ သို့သော် တောရိုင်းဥပဒေကား လုံး၀ပျောက် ပျက်သွားခြင်းတော့မဟုတ်။ ဥစ္စာဓနရှိသူက ဥစ္စာဓနမရှိသူကို၊ အာဏာ ရွိသူက အာဏာမရွိသူကို၊ လက်နက်ရှိသူက လက်နက်မရှိသူကို လစ်လျှင်လစ်သလို အနိုင်ကျင့်နေသောဖြစ်ရပ်များလည်း ရှိနေဆဲ၊ ဖြစ် နေဆဲဖြစ်သည်။ ထိုဖြစ်ရပ်မျိုး ထိုလုပ်ရပ်မျိုးကို ကိုယ်နှင့်မဆိုင်သလို နေနေကြသော လူ့အသိုင်းအ၀ိုင်းတွင် တောရိုင်းဥပဒေထွန်းကားပြီး၊ ထိုလုပ်ရပ်ကိုလက်မခံ အားမပေးသော လူအများစုနေထိုင်ရာနိုင်ငံတွင် လူတို့ပြုလုပ်ထားသော တရားဥပဒေထွန်းကား၏။ ကျွန်တော်တို့နိုင်ငံတွင် လည်း အင်အားကြီးသူက အင်အားမရှိသူကို။ လက်နက်ရှိသူက လက်နက်မရှိသူကို မတရားဖမ်းဆီးသတ်ဖြတ်ခြင်းသည် တောရိုင်းဥပဒေ အတိုင်း ကျင့်သုံးနေခြင်းဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မြို့တော်ခန်းမရှေ့တွင်ပြုလုပ်သော အလွတ်တန်း သတင်းထောက်ကိုပါကြီး သတ်ဖြတ်ခံရမှု ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတနိုင်ငံသည် မိမိနှင့်ထိုက်တန်သော အစိုးရမ်ားကိုသာရရွိ လေ့ရှိသည်ဟု နိုင်ငံရေးသုခမိန်တဦးက ပြောကြားခဲ့ဖူးသည်။ ထိုအဆို ကို သဘောတူသူလည်းရှိသည်။ သဘောမတူသူလည်းရှိသည်။ သို့သော် ကျွန်တော် တခုသတိထားမိသည်မှာ မတရားမှုအနိုင်ကျင့်ခြိမ်းခြောက်မှု မ်ားကို တိုင်းသူပြည်သားအများစုက ကိုယ်နှင့်မဆိုင်သလို (မြင်းကျား များမြက်စားမပျက်သလို)နေနေကြသော လူအများစုေ၀းနေထိုင်ရာ တိုင်း ပြည်သည် မတရားမှုများပိုမိုပေါ်ပေါက်လေ့ရှိပြီး မတရားမှုများကို လက် မခံသောလူများစု၊ မတရားမှုကို ပြန်လည်တွန်းလှန်တိုက်ခိုက်သော လူမ်ား စုနေထိုင်ရာ တိုင်းပြည်တွင် မတရားမှုများကြီးစိုးရန် အခွင့်အလမ်းနည်း ပါးခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် လက်နက်မဲ့လူမည်း လူငယ္တဦးအား ရဲတပ်ဖွဲ့၀င်များမှ သေနတ်ဖြင့် အသေပစ်ခတ်သော အမှုမကြာမီက ဖြစ်ပွားခဲ့ပါသည်။ ထိုအမှုမျိုးသည် မတရားမှုများကို (ကြောက်ရွံ့မှုကြောင့်ဖြစ်စေ) လက်ခံကျင့်သုံးနေသော အာဖရိက၊ လက်တင်အမေရိက၊ အာရွ စေသာ နိုင်ငံအချို့တွင်ဆိုလျှင် လူမသိသူ မသိ ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် မတရားမှုကို လက်သင့်မခံ သော လူအများစုေ၀းနိုင်ထိုင်ရာ နိုင်ငံတခုဖြစ်သော အမေရိကန်ပြည် ထောင်စုတွင်တော့ ရဲမ်ား(စစ္သားမ်ား)ကလုပ်ချင်တိုင်းလုပ်၍မရဘဲ ဥပေဒ အတိုင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာရလေသည်။ ဥပေဒမဲ့ လုပ်ရပ် ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်လျှင် ကျူးလွန်သူသည် မည်သူ၊ မည် သည့်အဖွဲ့အစည်းမှပဲဖြစ်ဖြစ် အရေးယူခံရပေမည်။ ဥပဒေအထက်တွင် မည်သူမျှမရှိဆိုရာတွင် တကယ် ဘယ်သူမှမရှိခြင်းဖြစ်သည်။ ထိုသို့သော နိုင်ငံမျိုး၊ ထိုသို့သော အဆင့်အတန်းမျိုးကိုရလိုလျှင် ကျွန်တော်တို့သည် ဆုတောင်းနေရုံနှင့် ရမည်မဟုတ်ပေ။ စိတ်ရှည်နေရုံနှင့်ရမည်မဟုတ်၊ သည်းခံနေရုံနှင့်ရမည်မဟုတ်၊ ဆဲဆိုနေရုံနှင့်ရမည် မဟုတ်၊ အားငယ်စိတ်ပျက်နေရုံနှင့်ရမည် မဟုတ်၊ ရန်သူ့အင်အားကို ကြည့်၍ကြောက်နေ၍ မရ။ မတရားမှုမှန်သမျှကို တတ်နိုင်သမျှ၀ိုင်း၀န်း ဆန့်ကျင်ရမည်ဖြစ်သည်။ မတရားမှုကို လက်မခံသော လူဦးရေများလာသည်နှင့်အမျှ နိုင်ငံသည် ဥပဒေစိုးမိုးမှုရှိလာမည်ဖြစ်သည်။ မည်သည့် အရာကိုမှသေးငယ်သည်ဟူ၍ လျစ်လျူမရှုဘဲ အမှားကိုအမှားဟုထောက် ပြရပေမည်။ ကိုယ်နှင့်ပတ်သက်တော့မှ ကိုယ့်အဖွဲ့နှင့်နီးစပ်မှုရှိမှ ကန့်ကွက်ရှုတ်ချမှုလုပ်ခြင်းထက် မည်သူမဆို ဥပဒေမဲ့သောလုပ်ရပ်များ တောရိုင်းဥပဒေကို လူ့ဘောင်အသိုင်းအ၀ိုင်းတွင် ကျင့်သုံးလာခဲ့လျှင် ၀ိုင်း၀န်းဆန့်ကျင်ရပေမည်။ ဥပမာ-ရန်ကုန်မြို့ အင်းလျားလမ်းမီးပွိုင့်တွင် နိုင်ငံတော်အကြီးအကဲဟောင်း၏မြေးဆိုသူက တာ၀န်ကျယာဉ်ထိန်းရဲသား လေးအား တာ၀န်အရဆောင်ရွက်မှုကိုမကျေနပ်၍ ၎င်းင်းအိမ်သို့ခေါ်ယူ နှိပ်စက်သောကိစ္စတွင် ၈၈ ခေါင်းဆောင်များ၊ တရားဥပဒေစိုးမိုးရေး ကော်မတီ၀င်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် မတရားမှုကို မသိချင်ယောင်ဆောင် နေကြပေသည်။ မည်သူတစုံတဦးကမျှ ၀င်ရောက်ပြောဆိုကန့်ကွက်တာ မတွေ့ရပေ။ တောရိုင်းဥပဒေကိုကျင့်သုံးခဲ့ပါလျက် အားလုံးက သေဘာ တူလက်ခံနေသလိုရှိပေသည်။ ဤသို့သောနိုင်ငံ၌ မတရားမှုများလျော့ပါး ပျောက်ကွယ်မည်မဟုတ်ပေ။ ပြည်မြို့န၀ဒေးတံတားအောက်မှ လူသတ်မှု ယခုထက်တိုင်မပေါ်သေးပေ။ ကချင်ပြည်နယ် ဖားကန့်တွင် န၀မတန်း ကျောင်းသူလေး KIA နှင့် တပ်မတော်တိုက်ပွဲဖြစ်မှုကြားတွင် သေနတ် ထိမှန်သေဆုံးခဲ့စဉ်ကလည်း ကာယကံရှင်မိသားစုမှလွဲ၍ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းသည် မြင်းကျားများ မြက်စားမပျက်သလို ဘာသိဘာသာ နေထိုင်ခဲ့ကြပါသည်။ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ် မှုကို ဖော်ထုတ်ပေးပါဟု ဆန္ဒထုတ်ဖော်မှုလည်းမရှိခဲ့ပါ။ မတွေ့ဖူးပါ၊ ကန့်ကွက်ကြောင်း ကြေညာချက်လည်း မည်သည့်အဖွဲ့အစည်းကမှ မထုတ်ပြန်ခဲ့ပါ။ မြန်မာနိုင်ငံတွင် အချုပ်ထဲတွင် ရဲကနှိပ်စက်၍ အသက် သေသွားရှာသော များစွာသော အညတရအချုပ်သမားများအတွက်လည်း မည်သူကမျှ တရားမျှတမှုကိုမတောင်းဆိုခဲ့ဖူးပါ။ ဆိတ်ဆိတ်နေခြင်းသည် သဘောတူညီခြင်းတမျိုးပင်ဖြစ်၍ မတရားမှုများကို မကန့်ကွက်သော နိုင်ငံတွင် မတရားမှုများသည် ဆက္ကာဆက္ကာ ဖြစ်လာနေမည်ဖြစ် သည်။ ခံရသူသည် နိုင်ငံကသိသော ထင်ပေါ်ကျော်ကြားသူဖြစ်ပါမှလိုက် ပါကန့်ကွက်ကြခြင်းသည် နည်းလမ်းမကျပေ။ အက်ဆစ်မိုးရွာနေသော နိုင်ငံ၀ယ် ထီးဆောင်းကာ ကြည်နူးနေသလိုသာဖြစ်သည်။ ကိုယ့်ကိုမထိ သေးသော်လည်း ဆောင်းနေသောထီးပေါက်သွားသောတနေ့၀ယ် သင့် ထံသို့လည်း အက္ဆစ္မ်ား လောင်ကျွမ်းပါလိမ့်မည်။ မည်မျှသေးငယ်သော မတရားမှုပင်ဖြစ်စေ လူ့အသိုင်းအ၀ိုင်းက လက်မခံကန့်ကွက်ပါ က ထိုမတရားမှုမှာ ပပျောက်သွားလိမ့်မည်။ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု၊ ဆြဇ္ဇာလန္စေသာ နိုင်ငံများ၀ယ် ဘတ်(စ်)ကားမောင်းသူသည် ခရီးသည်ကို ငေါက်ငမ်း၍မရ၊ အဘယ့်ကြောင့်ဆိုသော် မည်သူကမျှ လက်မခံသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငေါက်ငမ်း၍ရနေခြင်း မွာ လူအမ်ားစုက စပယ်ယာနှင့် ဒရိုင်ဘာသည် ထိုသို့ပြောဆိုငေါက်ငမ်း ခွင့်ရှိသည်ဟု လက်ခံထား၍ဖြစ်သည်။ တိုးရစ်များသည် ထိုသို့ငေါက်ငမ်း သည်ကိုလက်မခံသောအခါ Tour Car ဒရိုက်ဘာများသည် တိုးရစ္မ်ား ကို ထိုသို့မငေါက်ငမ်းဝံ့ကြပေ။ လိုင်းကားပေါ်ရောက်သွားသောအခါ မြန်မာအချင်းချင်း ငေါက်ငမ်း၀့ံကြသည်။ အသေးအဖွဲပင်ဖြစ်လင့်ကစား လူများစုကလက်ခံလျှင် ထိုဓလေ့မှာရှင်သန်၍ လက်မခံလျှင် ကျဆုံးရ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကထိန်၊ မင်္ဂလာဆောင်၊ အလှူ စေသာ ပွဲများတွင် နားကွဲလောက်အောင် လော်စပီကာများ၊ ဆောင်းဘောက်များ နားမခံသာအောင်ဖွင့်ကြခြင်းမျိုး စင်္ကာပူတွင်၊ အမေရိကတွင်၊ ဥေရာပ တွင်လုပ်၍မရပေ။ အဘယ့်ကြောင့်ဆိုသော် မည်သူကမျှ စည်းကမ်းမဲ့ ဆူညံမှုကို လက်မခံ၍ဖြစ်သည်။ ထိုအေသးအဖြဲမ်ားကား နမူနာမွ်သာ ရှိပါသေးသည်။ ထို့ထက်အလွန်အဆင့်တက်၍ကြည့်လျှင် မြန်မာနိုင်ငံမှာ ပင် တောနှင့်မြို့ကွာပေသည်။ စာပေဟောပြောပွဲများကို ရန်ကုန်တွင် ခွင့်ပြုမိန့်ပါမစ်မပေးသောပွဲဟူ၍မရှိသော်လည်း အချို့ တောမြို့များ၊ ကျေးရွာများတွင် ခွင့်ပြုမိန့်မပေးသော ဒေသများရှိပေသည်။ ရန်ကုန် မွာ ဟောပြောပွဲပိတ်လျှင် အပိတ်ခံရသူကလက်မခံ ရှေ့ဆက်၍ ကန့်ကွက် မည်ဖြစ်သည်။ ၀င်ဒါမီယာတွင် ဧည့်စာရင်းစစ်မည်ဟု ခြင်ထောင်ထဲ ဓာတ်မီးနှင့်ထိုးမကြည့်သော်လည်း လှိုင်သာယာတွင် ထိုးကြည့်ကောင်း ကြည့်နိုင်ခြင်းမှာ ၀င်ဒါမီယာ၌ လူများစုကထိုအပြုအမူကို လက်မခံကြ သောကြောင့်ဖြစ်သည်။ လူထု၏ ပညာရည်မြင့်မားမှုကလည်း မတရားမှုများကို တားဆီးရာတွင် တဖက်တလမ်းမှ အထာက်အကူဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်ခန့်က တပ်မတော်သည် နေရာအနှံ့ ပေါ်တာဆွဲခဲ့သော်လည်း ယခုအခါ မြို့ကြီးများတွင် ပေါ်တာဆွဲမှုမရှိ သလောက်ဖြစ်သွားခြင်းမှာ ထိုကိစ္စသည် လက်သင့်ခံနိုင်စရာကိစ္စမဟုတ်ကြောင်း လူမ်ားစုက တစိုက်မတ်မတ်ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော ကြောင့်ဖြစ်သည်။ တပ်မတော်က အလိုလိုသဘောကောင်းလာခြင်းကြောင့် မဟုတ်ပေ။ ကလေးစစ်သားကိစ္စလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ကျွန်တော်တို့သည် မသိသေးသူကို သိအောင်ပြောပေးရမည်။ အဲကွန်းခန်းထဲတွင် ဆေးလိပ်သောက်နေသူကို ဆေးလိပ်မသောက်သင့်ကြောင်း သွားပြောရမည်။ တယောက်ပြော၍ ရပ်ချင်မှရပ်မည်။ ရှိသမျှလူအားလုံး က၀ိုင်းပြောလျှင် သူ့အပြုအမူသည် လူတို့လက်ခံနိုင်ဖွယ်မဟုတ်ကြောင်း သူ့ဘာသာသိလာမည်။ မပြောဘဲထိုင်နေကြလျှင် (သို့မဟုတ်) တယောက် ကပြောပြီး က်န္သူမ်ားက ကိုယ်နှင့်မဆိုင်သလိုနေကြလျှင် ပြောသူ အလွန်ဖြစ်မည်။ စည်းကမ်းဖောက်ဖျက်သူသည် ရပ်တန့်မည်မဟုတ်။ မတရားမှုကို ကန့်ကွက်ရာ၌ လူမ်ားစုက တညီတညွတ်တည်းကန့်ကွက် ဖို့ပြောကြဆိုကြဖို့လိုသည်။ မတရားသောစီမံကိန်းများ၊ မတရားလယ် ယာမြေသိမ်းဆည်းခံရမှုများ၊ တပ်မတော်၏ဥပဒေချိုးဖောက်မှုများရှိလျှင် သက်သေသက်ကာယနှင့် အထောက်အထားခိုင်ခိုင်မာမာဖော်ထုတ်ကန့် ကွက်ဖို့လိုသည်။ တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက်သောကိစ္စများ (ယာဉ်ထိန်းရဲကို ပါးရိုက်သောကိစ္စမျိုး)ဖြစ်လာလျှင် အားလုံးက ၀ိုင်း၀န်း ကန့်ကွက်ကြဖို့လိုသည်။ ဥပဒေမဲ့သတ်ဖြတ်မှုများတွင်(သေသူသည် သူတောင်းစားပင်ဖြစ်စေ) တညီတညာတည်း ကန့်ကွက်ကြဖို့လိုသည်။ ထိုသို့လုပ်ဆောင်မှုများသည် နိုင်ငံရေးသမားများ၊ လူမှုအဖွဲ့အစည်းများ က စဉ်ဆက်မပြတ် မျက်စိဖွင့်နားစွင့်နေရမည်ဖြစ်ပြီး နိုင်ငံသားအားလုံး က ပါ၀င်ဆောင်ရွက်ရပါမည်။ လောကကြီးတွင် ကိုယ်တိုင်မတောင်းဆို ဘဲ ဘာမွ သူ့အလိုလို အလကားရသည်မရှိပါ။ ကျွန်တော်တို့ကကြောက်၍ ငြိမ်ခံနေခဲ့လျှင် ကျွန်တော်တို့နှင့် ထိုက်တန်သောအစိုးရ၊ ထိုက်တန်သော တပ်မတော်ကိုပဲရရှိမှာဖြစ်သည်။ ကျွန်တော်တို့အနာဂတ်ကို အိုဘားမားကလည်းလာ၍ ပုံဖော်ပေး မှာမဟုတ်၊ ရှီကျင်ပင်းကလည်း လာကယ်မှာမဟုတ်၊ ဥရောပသမဂ္ဂကလည်း လာပြီး ဖန်ဆင်းပေးမည်မဟုတ်၊ ဂျပန်ကလည်း ဥုံဖွဆိုပြီး လောကနိဗ္ဗာန်ထူထောင်စေမည်မဟုတ်။ ကုလသမဂ္ဂကလည်း စိုးရိမ် မကင်းကြောင်း ကြေညာချက်ထုတ်ရုံမှတပါး ဘာမှလုပ်ပေးမည်မဟုတ်။ ကိုယ်ကိုယ်တိုင်ရုန်းကန်ရမည်ဖြစ်သည်။ ကျွန်တော်တို့၏အနာဂတ် သားသမီးမြေးမြစ်များအတွက် ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင် သားသတ်သမားလက်သို့ မရောက်မချင်း တိတ်ဆိတ်စွာရပ်နေသော သိုးကလေးတို့၏ တိတ်ဆိတ်ခြင်း Silence of the lambs လိုနေမလား။ ကိုယ့်ကိုမထိသေးသ၍ ဘေးနား ကအဖော်ကို ခြငေ်္သ့ကကိုက်ခဲနေတာပင် မြက်စားမပျက်သော မြင်းကျား တွေလိုနေမလား။ တကောင်ကိုထိသည်နှင့် ၀ရုန်းသုန်းကားထွက်ပြေးသော သမင်တွေလို သတ်္တိကြောင်စွာ ထွက်ပြေးမလား။ တေယာက္ကို ထိလျှင် ကိုယ့်ကိုလည်းထိသည်ဟု သေဘာထားကာ ပြန်တိုက်ခိုက်သော ခွေးအ တွေလိုပြုမူမလား။ တောကျွဲအုပ်ကြီးအချို့လို ခြငေ်္သ့ကို ပြန်ခွေ့၊ အနာခံကာပြန်တိုက်မလား။ ဘယ်အရာမှ အလကားမရပါ။ သိုးကေလး တွေလိုနေနေလျှင် လူချစ်လူခင်များပါသည်။ အေးချမ်းပါသည်။ ဘေးကင်း ပါသည်။ သို့သော် သိုးတို့ နိဂုံးဘယ်လိုချုပ်သလဲဆိုတာတော့ မမေ့ကြ ဖို့လိုသည်။
သရ၀ဏ်(ပြည်)
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.6991
စိတ်ကူးပျော်ရာ
No comments:
Post a Comment