Sunday, 22 June 2014

အစစ်များ

အစစ်များ


မိန်းမတိုင်းရဲ့ အလှကို

မျက်ကွယ်ပြုနိုင်တဲ့အခါ

အချစ်စစ်ကို ရှာတွေ့နိုင်တယ်။


ငွေကြေးဥစ္စာကို

စွန့်ပစ်နိုင်တဲ့အခါ

သူဌေးအစစ်ကို နားလည်နိုင်တယ်။


ငါဟာ ငါကို

လျစ်လျူရှုနိုင်တဲ့အခါ

နိက္ခမအစစ်ကို သိမြင်လာတယ်။


စေတီရှင်

၂၀၀၆




Friday, 13 June 2014

ရဟန်းပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်ငါးမျိုး

ရဟန်းပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်ငါးမျိုး


ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက နှင်ထုတ်သင့်သောသဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် နှင်ထုတ်ခဲ့အံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။ ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် နှင်ထုတ်၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်၏။ ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်၊ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ၊ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဌမ အပြစ်တည်း။


ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာကအစွန်အဖျား၌ နေစေသင့်သော သဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် အစွန်အဖျား၌ နေစေအံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် အစွန်အဖျား၌ နေစေ၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု မ်ားစြာ ဖြစ်၏။ ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ဒုတိယ အပြစ်တည်း။


ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ဖဲသွားခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။ ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ ဖဲသြား၏" ဟု အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ တတိယ အပြစ်တည်း။


အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် လူထွက်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။ ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် လူထြက္သြား၏" ဟု အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ စတုတၳ အပြစ်တည်း။


အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် ကွယ်လွန်၏''ဟု အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဉ္စမအပြစ်တည်း။ ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု မိန့်တော်မူ၏။


အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း

Tuesday, 10 June 2014

လှည့်ကွက်

လှည့်ကွက် Dec 28, 2013 


(စကားတွေ သိတ်ကြမ်းတာပဲလို့ ခဏခဏခေါ်ယူဆုံးမခံနေရလို့ လေပေါင်လျော့ပြီးပြောမယ်။ သေချာတာကတော့ အပြစ်ရှိရင် နာသည်ထက်နာအောင်ပြောချင်တယ်။


ဒီနေ့နိုင်ငံရေးမှာ ပြဿနာဖြစ်လာရင် လှည့်ကွက်လှည့်ကွက်နဲ့ အတော်ပြောတယ်။ ပြောတဲ့သူတော်တော်များများကလည်း နိုင်ငံရေးအပါးဝတဲ့ပုံစံမျိုး ဂိုက်ပေးကလည်းကြမ်းပ။ ကဲ လှည့်ကွက်ပဲထားပါတော့ ပြည်သူမပါဝင်ဘဲ ပြည်သူတွေမတို့မထိဘဲ ပြီးနိုင်တဲ့ကိစ္စများရှိသလားဗျာ။ ကျုပ်ကတော့ နိုင်ငံရေးသမားတွေမကြိုက်ဘူး။ လူမှုရေးသမားတွေဘဲကြိုက်တယ်။ လူမှု့ရေးသမားတွေက သူတို့ကိုယ်တိုင်စွန့်လွတ်အနစ်နာခံပြီး ပြည်သူကိုအလုပ်အကျွေးပြုတယ်။ အသိဉာဏ်ကင်းမဲ့သူတွေဆိုပြီး ဘယ်နံရောအခါကမှ ပြည်သူကို မစွန့်ပစ်ခဲ့ဘူး။ နိုင်ငံရေးသမားတွေကတော့ မလိုတစ်မျိုး လိုတစ်မျိုး။ သေစရာရှိရင် ပြည်သူကိုရှေ့ကထားပြီး ခါးစည်းခံခိုင်းတယ်။ ဂုဏ်ရောင်ထွန်းပြောင်တော့ ကားပေါ်ကလက်ကလေးဝေ့ရမ်းပြသွားတာပါပဲ။ သူတို့မရှင်းနိုင်တော့ဘူး စိတ်ရှုပ်ထွေးလာရင်တော့ နိုင်ငံရေးလှည့်ကွက်တွေပါပြောပြီးတော့ ဘာမှမလုပ်ဘဲ နောက်ဆုတ်ပြီးချောင်ပိတ်ထိုင်တော့တာပဲ။ ပြည်သူကို စွန့်ပစ်ထွက်ပြေးလေ့ရှိတယ်။


ဟော ဒီနေ့မှာ လှည့်ကွက်ဆိုတာတွေကြားရပြန်ပြီ။ ပြည်သူကိုစွန့်ပစ်ထွက်ပြေးပါဦးမယ်။ ကြည့်နေလိုက်ပါ။ ရာဇဝင်များရဲ့သတို့သမီးကလေး ဧရာဝတီမြစ်ဆုံပေါ့ဗျာ။ ပြည်သူတွေက ကန့်ကွက်ဆန္ဒပြမယ့်အရေး ခြေဥပြင်ဆိုတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို အာရုံမစိုက်အောင်လှည့်ကွက်လုပ်ပါသတဲ့ဗျာ။ ဒါတော့ တဆိတ်လွန်ပြီထင်ပ။ ဘာသေဘာလဲ လှည့်ကွက်ဆိုတော့ ပြည်သူကဘာမှမလုပ်ပဲ ငုံ့ခံရမှာလား။ ကျုပ်တို့လည်းအခြေခံဥပဒေပြင်ချင်တဲ့ပြည်သူတွေပါ။ ဘေးကိုတွန်းမထုတ်ပါနဲ့။ အရေးကြီးတာ အရင်လုပ်ဆိုသလို ဒီနေ့ပြဿနာကို အရင်အာရုံစိုက်ပါ။ လှည့်ကွက်မှာမြောနေတာ ပြည်သူမဟုတ်ဘူးနော်။ အတိုက်အခံတွေ။ သွေးအခွဲခံနေရတာ ပြည်သူတွေမဟုတ်ဘူးနော် တေခတ္တခါက နံမည်ကြီးအတိုက်အခံတွေ။ သွေးခွဲနေတာ စစ်အစိုးရမဟုတ်ဘဲ အတိုက်အခံတွေကိုယ်တိုင်ပဲလုပ်နေပါတယ်။


ခင်ဗျားတို့အတိုက်အခံတွေ လှည့်ကွက်မှာမြောနေကြောင်း ဘေးထိုင်ဘုပြော ပြည်သူ့အကျိုးကို ပျက်စီးရာပျက်စီးကြောင်းလုပ်နေသူတွေ ဖြစ်ခြင်းမလှဖြစ်နေပြီ။ ဒီအချက်တွေကို ပြန်ဝေဘန်သုံးသပ်ဦး။


၁။ ပြည်သူတွေဆန္ဒပြတဲ့ကိစ္စတိုင်းမှာ ဘယ်အချက်ကိုပြေလည်အောင် လုပ်ပေးပြီးပါသလဲ။


၂။ ပြည်သူများအနေနဲ့ ဆန္ဒမပြဘဲ ပြီးပြည့်စုံသော လူနေမှုဘဝကို ရနိုင်ပါမယ်လို့ ကတိပေးနိုင်ပါပြီလား။


၃။ ပြည်သူ့အကြိုက်မလုပ်သဖြင့် ပြည်သူမပါဝင်ဘဲ ပါတီဝင်တို့ဖြင့်သာ အခြေခံဥပဒေကိုပြင်ဆင်နိုင်ပါမည်လား။


၄။ နိုင်ငံ၏ ဆယ်ရာနံှုးမျှမရှိသော သိမ်းဆည်းမြေကို ပြန်မပေးသောအစိုးရထံမှ နိုင်ငံလုံးပိုင်စိုးခွင့်အာဏာကို အခြေခံဥပဒေပြင်ဆင်ကာ အခြေခံဥပဒေပြင်ဆင်ခံကာ လွယ်လွယ်ဖြင့်ရနိုင်မည် ထင်ပါသလား။


၅။ ပြည်သူအကြိုက် ပြည်သူ့စရိုက်နှင့်ကိုက်ညီသော စည်းရုံးမှုစွမ်းရည် ခါးပြတ်နေသည်ဟု မိမိပါတီကိုသုံးသပ်မိပါသလား။


၆။ ပြည်သူတို့သည် စည်းကမ်းမဲ့သောဒီမိုကရေစီကို လျေက်လှမ်းနေသည်ဟု အခိုင်အမာယုံကြည်လျက် စည်းကမ်းပြည့်ဝသောဒီမိုကရေစီကို အတင်းအကြပ်သွတ်သွင်းလိုပါသလား။


၇။ ပြည်သူတို့သည် အမှန်တကယ်ညံ့ဖျင်းနုံနဲ့လှသော နိုင်ငံရေးအမြင်ရှိပြီး မိမိပါတီကို တိုက်ခိုက်နေပြီလို့ အမြင်ရှိနေပါသလား။


နိုင်ငံသားတိုင်း ပြည်သူတိုင်း စီးပွားရေးလုံခြုံမှုမရှိတာ ဘာသာရေးလုံခြုံမှုမရှိတာ ခံစားနေရပါတယ်။ လှည့်ကွက်လို့ပြောရုံနဲ့ ပြဿနာဟာပြီးပြေသွားတာမဟုတ်ပါဘူး။ မိမိရဲ့စွမ်းနိုင်တဲ့အား မြင့်မြတ်တဲ့ဂုဏ်ရည် နိုင်ငံတကာဝင်ဆံ့သောဝိတ်အားတို့နဲ့ ပူးပေါင်းလုပ်ကိုင်စေလိုပါတယ်။ မုန့်ဆီကြော်ကို အလယ်ကကိုက်လျှင် လျှာကျက်သွားပါလိမ့်မယ်။ မုန့်ဆီကြော်တစ်ခုလုံးကုန်အောင်စားနိုင်မှာ မဟုတ်ပါဘူး။


မိမိခွန်အားကို ချင့်ချိန်ပါ။ ခွာရာတိုင်းတိုင်းကြည့်ပါ။ နိုင်လောက်မှခွေ့ပါ။ ဒါ ဘုရားလောင်းရဲ့ နည်းနာနိဿယပါ။ အခြေခံဥပဒေပြင်ဆင်ရေးကို စွတ်အော်စွတ်မျှော်ရင် အားမနိုင်ရင် ဖင်ထိုင်လဲကျသွားမယ်။ ပြည်သူနဲ့တသားတည်းနေပြီး တစ်မြို့နယ်ချင်း တစ်မြို့ရွာချင်းစုဆောင်းအားမွေးသွားပါ။ သင်တို့ အားမတန်သေးပါလို့ သတိပေးချင်ပါတယ်။ မြေတစ်ကွက် တောင်တစ်လုံး မြစ်တစ်စင်းမျှပြည်သူတွေပြန်ရလေအောင် မတိုက်နိုင်သေးဘဲ မစွမ်းနိုင်သေးဘဲ ပြည်သူနဲ့အစေးမကပ်နိုင်သေးဘဲ အခြေခံဥပဒေကို သာယာချိုအေးစွာ ပြင်နိုင်မည်ဆိုပါက မရယ်ချင်ဘဲ ရယ်လိုက်ချင်ပါသေးသည်။ အစိုးရလှည့်ကွက်အတွင်းမှ မရုန်းထွက်နိုင်ရှာသော နိုင်ရေးသမားငသေးမွှားတို့ သတိလည်စေချင်ပါသည်။


အချိန်ပြည့် ဘုန်းတော်ဘွဲ့တွေကြားနေရချိန်မှာ ဒီအသံမျိုးက နားခါးလေမလား။ ဒါပေမယ့် တတ်နိုင်ဘူးလကွယ်။ ဆိုရေးရှိက ဆိုအပ်လှတာကိုး။ စကားကြမ်းတော့ပါမသွားလောက်ပါဘူးနော်။


နေရာတိုင်းမှာ ပညာရှင်အများအပြားရှိနေကြတဲ့အတွက် ဒီလောက်ပြောရင် အခြေခံဥပဒေပြင်ဆင်ရန် အခြေခံနည်းလမ်းကောင်းများ နည်းလမ်းများတွေ့ကြမယ် ထင်ပါတယ်ဗျာ။ ကျမ္မာရေးကြောင့် အိပ်ပါဦးမယ်။


ခင်မင်တဲ့

စေတီရှင်

LikeCommentShare

Winmin Soe and 17 others like this.

သက် သက်

ဟုတ်ပါတယ်။ပြည်သူမပါပဲ ဘာမှမပြီးနိုင်ပါဘူး။ဒါ့ကြောင့် ဒီမိုကရေစီ ခေါ်တာပေါ့။မိဘပြည်သူ မိဘပြည်သူ မိဘပြည်သူ

Like Delete Dec 28, 2013

Wednesday, 4 June 2014

စိတ်ကူးကောင်းပါ့ဗ်ာ

Han Minn Thu

tag မေပးထားပါ နှစ်သက်ရင် share ပေးကြဖို့မမေ့နဲ့နော်


''ငြိမ်းချမ်းရေးအိပ်မက်''


ချာတိတ်ကလေးတစ်ယောက်က သူ့အမေကိုပူဆာနေသည်။ ''မေမေ မေမေ ဗလီရှေ့တုတ်ထိုး အရမ်းကောင်းတယ်တဲ့မေမေ သားကို လိုက်ကျေွးနော်'' ''အေး သားလေး ညနေကျသွားကြမယ် အရမ်းနာမည်ကြီးနေတာ အဲဒီဆိုင်က'' ညနေခင်းတွင် သားအမိနှစ်ယောက် ဗလီရှေ့သို့ရောက်ကြရာ ဘာအခွံမှန်းမသိသည်များကို ခေါင်းပေါ်တွင်ဆောင်းထားခြင်း မရှိကြတော့သော မုတ်ဆိတ်ရိတ်ထားသည့် ကုလားမ်ားက ခင်မင်ဖော်ရွေသော မျက်နှာထားဖြင့် စားပွဲဝိုင်းများသို့လိုက်လံကာ မွှေးရနံ့သင်းပျံ့လှသော ဝက္သားဒုတ္ထိုးမ်ားကို ချပေးလျက်ရှိကြလေ၏။ ဤကားမြန်မာပြည်၏ ရှုခင်းတစ်ရပ်ပေတည်း။ မြန်မာပြည်မှ အနောက်စူးစူးသို့ လှမ်းမျှော်ကြည့်သည် ရှိသော် အရှေ့အလယ်ပိုင်းဟု အများခေါ်ဆိုကြသော အရပ်၌ ဆော်ဒီအာရေးဘီးယားတွင် အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မက္ကာမြို့လယ်ရှိ စားသောက်ဆိုင်ကြီးတွင် လူမျိုးဘာသာမရွေးစားသောက်နိုင်သော ရက်စက်ကြမ်းကြုတ် အစာနာမဲ့သည့် လည်လှီးသားမပါဝင်သော ကမ်ဘာတွင် အလွန်နာမည်ကြီးသော အစားအသောက်များဖြစ်သည့် ပီကင်းဘဲကင်နှင့် ကင်တပ်ကီကြက်ကြော် (Kentucky Fried Chicken - KFC) တို့နှင့် ထပ်တူနာမည်ရလာသည့် မက္ကာဝက်သားပေါင်း အား အလုအယက်မှာယူ စားသောက်လျက်ရှိကြသော မြင်ကွင်းကို ရှုမြင်ရမည်ဖြစ်ပါ၏။ ''ဂျီဟတ်'' တည်း ဟူသောမိစၧာအဆုံးအမကို ပယ်စွန့်ကြပြီးကုန်သော မွတ်ဆလင်တို့သည် နွားဆိတ်သိုးတို့ကို မဆိုထားဘိ ကြက်တစ်ကောင်ဖြင့်ပင် ရိုင်းပြကြမ်းတမ်းရက်စက်သော ယာဇ်ပူဇော်မှုမျိုးကို အပြီးတိုင် စွန့်လွှတ်ခဲ့ကြလေပြီ။ မက္ကာမြို့၌ပင် ဘုံယဉ်ကျေးမှုများထွန်းကားပြီဖြစ်၍ ရှေးရိုးစွဲ ခေါင်းမြီးခြုံအဘွားကြီးများသာမက Korean Wave ခေါ် ကိုရီးယားအနုပညာလွှမ်းမိုးမှုလှိုင်း လွှမ်းမိုးခံနေကြရသော ဆော်ဒီသူ ပျိုဖြူချောတို့၏ အလှဖော် ဝတ်စားဆင်ယင်မှုမျိုးကိုလည်း ဘေးထွက်ဆိုးကျိုးအဖြစ် မြင်တွေ့ရပါ၏။ အရက်မူးရမ်းသော မာမူကြီးအားထိန်းသိမ်းလိုက်ရကြောင်း သတင်းမျိုးလည်း မကြာမကြာဖတ်ရနိုင်ပါ၏။ သို့သော်ကြီးကျယ်ထင်ရှားသည့် ကောင်းကျိုးအနေဖြင့် မွတ်ဆလင်အမျိုးသားများအားလုံး တစ်လင်တစ်မယားစနစ် ကျင့်သုံးကုန်ကြလေပြီ မွတ်ဆလင် ယောကျ်ားလေးများကော မိန်းကလေးများပါ ငယ်စဉ်ဘဝမှစ၍ ဘာဆိုဘာမွ ဖြတ်စရာတောက်စရာ မလိုကြတော့ဘဲ အမေမွေးသည့် အတိုင်း အင်္ဂါအစုံအလင်ဖြင့် တစ်သက်တာနေနိုင်ကြပြီ ဖြစ်ပါ၏။ ခရစ်ယာန် ချပ်ကျောင်း (church)တွင်သီချင်းဆိုနေသော အာရပ္မ်ား ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် တရားစခန်းဝင်နေကြသော ယဉ်ကျေးသိမ်မွေ့သည့် မွတ်ဆလင်ပျိုဖြူများ စသည်တို့ဖြင့် အလ္လာ၏ အဆုံးအမများမှ အယုတ္တရားမွန္သမ်ွကို လက်မခံဖယ်ရှားကြကုန်ပြီး ဖြစ်သည့် အသိဉာဏ်ရှင် မွတ်ဆလင်အသိုင်းအဝိုင်းတို့ တစ်ကမ်ဘာလုံးပျံ့နှံ့ထွန်းကားကာ ကမ်ဘာ့လူသားအားလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက် ရှိကြကုန်ပြီတည်း။ ထေရဝါဒဗုဒ္ဓဘာသာ ဦးဆောင်နိုင်ငံကြီးဖြစ်သော မြန်မာပြည်တွင်လည်း နတ်စိမ်းပြိတ္တာများအား ဆူဆူညံညံ ကန္နားပေး ကိုးကွယ်နေကြရသော အသိဉာဏ်ကင်းမဲ့သည့် ဖြုန်းတီးမှုမျိုးမရှိကြတော့ဘဲ အခါကြီးရက်ကြီးတိုင်း ရာထူးအာဏာရွိသူမွန္သမ်ွ ဥပုသ်စောင့်ကြသော စည်ကားသည့် ဘုရားကျောင်းကန်တို့ဖြင့် ငြိမ်းချမ်းသာယာလျက်ရှိပေပြီတကား။


UnlikeCommentShare You and 16 others like this. Than Htaik Oo shareပြီ Like 1 6 hours ago Han Minn Thu ဟုတ် ကျေးဇူးပါ Like 5 hours ago ဂါ ဂူး တကယ်ဖြစ်ရင်ကောင်းမယ် Like 1 3 hours ago ZayTi Shin နောက်ထပ် ဒီထက်ကောင်းတဲ့စာ ခင်ဗျားမရေးနိုင်တော့ဘူး။ ဒါသိပ်ကောင်းလွန်းလို့ပါပဲ။ Like More 3 minutes ago

သူငယ်ချင်း

သူငယ်ချင်း


လွမ်းလိုက်တာ သူငယ်ချင်း

ငါ့ရှေ့က ပျောက်သွားတာ

လ အတန်ကြာပေါ့


ပျောက်ပါ

ငါ့မျက်လုံးအောက်ကပဲ ပျောက်ပါ

ငါ့မျက်မှန်အောက်က မပျောက်ပါစနေဲ့

ငါ့နှလုံးသားအောက်က မပျောက်ပါစနေဲ့

ငါ့စာအုပ်ကြီးအောက်က မပျောက်ပါစေနဲ့

ငါ့ကိုးစားရာအောက်က မပျောက်ပါစနေဲ့

တကယ့်ဆုတောင်းကတော့

လက်ရှိအချိန်အောက်ကသာ မပျောက်ပါစေနဲ့။


စေတီရှင်

၁၆း၄၃

၀၄၀၆၂၀၁၄