Sunday, 22 June 2014

အစစ်များ

အစစ်များ


မိန်းမတိုင်းရဲ့ အလှကို

မျက်ကွယ်ပြုနိုင်တဲ့အခါ

အချစ်စစ်ကို ရှာတွေ့နိုင်တယ်။


ငွေကြေးဥစ္စာကို

စွန့်ပစ်နိုင်တဲ့အခါ

သူဌေးအစစ်ကို နားလည်နိုင်တယ်။


ငါဟာ ငါကို

လျစ်လျူရှုနိုင်တဲ့အခါ

နိက္ခမအစစ်ကို သိမြင်လာတယ်။


စေတီရှင်

၂၀၀၆




No comments:

Post a Comment