ရဟန်းပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်ငါးမျိုး
ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက နှင်ထုတ်သင့်သောသဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် နှင်ထုတ်ခဲ့အံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။ ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် နှင်ထုတ်၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်၏။ ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်၊ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ၊ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဌမ အပြစ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာကအစွန်အဖျား၌ နေစေသင့်သော သဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် အစွန်အဖျား၌ နေစေအံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် အစွန်အဖျား၌ နေစေ၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု မ်ားစြာ ဖြစ်၏။ ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ဒုတိယ အပြစ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ဖဲသွားခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။ ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ ဖဲသြား၏" ဟု အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ တတိယ အပြစ်တည်း။
အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် လူထွက်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။ ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် လူထြက္သြား၏" ဟု အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ စတုတၳ အပြစ်တည်း။
အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် ကွယ်လွန်၏''ဟု အခြားရဟန်းတို့ကို မဆည်းကပ်။ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှှိသော် သူတော်ကောင်းတရားကို မနာယူရ။ သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဉ္စမအပြစ်တည်း။ ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု မိန့်တော်မူ၏။
အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း
No comments:
Post a Comment