Saturday, 2 August 2014
မင်္ဂလာတရား ၃၈ပါး
မင်္ဂလာတရား ၃၈-ပါး။ ။ ကမ်ဘာသူ ကမ်ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။ (၁) အေသ၀နာစ ဗာလာနံ- သူမိုက္ကို မဆည်းကပ်ရခြင်း၊ (၂) ပဏ္႑ိတာနဉ္စ သေ၀နာ-ဉာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊ (၃) ပူဇာစ ပူဇေနယ်ာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊ (၄) ပဋိရူပ ဒေသာဝါသ-သင့်လျော်ကောင်းမြတ်ရာ၌ နေရခြင်း၊ (၅) ပုဗေ္ဗစ ကတ ပုညတာ- မဆြက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊ (၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင််းစွာပြုပြင်ထားခြင်း၊ (၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊ (၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှု အတတ်မျိုးစုံ တတ်ထားရခြင်း၊ (၉) ၀ိနယ သုသိက္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်၀ိနည်းကို ကောင်းစွာသင်ယူခြင်း၊ (၁၀) သု ဘာသိတဝါစာ- အင်္ဂါလေးပါးရှိသော စကားကို ပြောဆိုတတ်ရခြင်း၊ (၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊ (၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊ (၁၃) အနာကုလ ကမ္မန္တ-ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ်မာပြီးသော အလုပ္ကို ကာလ ဒေသအလိုက် ထိုက္သလို လုပ်ရခြင်း၊ (၁၄) ဒါန မင်္ဂလာ-ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊ (၁၅) ဓမ္မ စရိယ-ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊ (၁၆) ဉာတကာနဉ္စသင်္ဂဟ-ဆွေမျိုးတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊ (၁၇) အန၀ဇ္ဇကမ္မ-နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စေသာ သီလများနှင့် အများကောင်းကျိုး စေတနာ့၀န်ထမ်း အလုပ္မ်ားကို လုပ်ရခြင်း၊ (၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ေ၀းစွာ ရှောင်ကြဉ်ရခြင်း၊ (၁၉) ၀ိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊ (၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊ (၂၁) အပ္ပမာဒ ဓမ္မ-ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ (၂၂) ဂါရ၀- ရိုသေထိုက်သူကို ရိုသေခြင်း၊ (၂၃) နိဝါတ- မာနမထား နှိမ့်ချရိုသေသော စိတ်များရှိခြင်း၊ (၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊ (၂၅) ကတညုတာ-သူပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊ (၂၆) ကာလေန ဓမ္မဿ၀န-သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊ (၂၇) ခန္တီမင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း၊ (၂၈) သော၀စဿတာ-ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊ (၂၉) သမဏဒဿန- အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊ (၃၀) ကာလေန ဓမ္မသာကစၦ-လျောက်ပတ်သောအခါ၌ တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊ (၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းပြု, မကောင်းဆို မဖြစ်နိုင်စေရန် သတိနှင့် ၀ီရိယ တရား အစဉ်ထားခြင်း၊ (၃၂) ဗြဟ္မစရိယ-မြတ်သော အကျင့်ရှိခြင်း၊ (၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊ (၃၄) နိဗ္ဗာန သစၦိကိရိယ- အရဟတ္တဖိုလ်ကို မျက်မှောက်ဉပရခြင်း၊ (၃၅) ဖုဋ္ဌဿ လောက ဓမေ္မဟိ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှု မရှိခြင်း၊ (၃၆) အေသာက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊ (၃၇) ၀ိရဇ- ရာဂစေသာ ကိလေသာမြူ မရှိခြင်း၊ (၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း
Labels:
ဓမၼေရးရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment