Sunday, 24 August 2014

အစိန္တေယျ

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ အစိနေ္တယျ ဘုရားရှိခိုးကြီး နမောတဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ။ (၁) အစိနေ္တယျ၊ အပ္ပမေယျ၊ သေဌ ဇေဌ ဓ အတုလရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓဿ၊ အနုတ္တရ မာရဇိ၊ တိလောကန္တဂူ၊ သယမ်ဘူ ဘဝိဿရ၊ ဤသို့စသား အသေချၤယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူဒိပ်မှတက်၍၊ ဘဝဂ် တိုင်ကြေညာလျက်၊ ကာမ ရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်၌၊ အမြတ်ထက် အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော။ (၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန္မူ ဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ် မင်္ဂလာ၊ ဤကမ်ဘာ၌၊ ပထမာဓိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြု ပြည်ပြု၊ သမုတိဒေဝရာဇ် နေနွယ်ဖြစ်၍၊ စင်စစ် အမျိုးတော်အားဖြင့်၊ မြင့်မြတ်လှသော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ္လုံး၊ ညွတ်ရုံး ကော်ရော်၊ ပူဇော်ဦးညွှတ်ရာ၊ ဖြစ်၍၊--- စင်စစ် ဘုန်းတော်အားဖြင့် အလွန်မြတ်သော ပုညမဟတ္တ ဂုဏ်---။ ဝသုန်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည် ဖြစ်၍၊ စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်---။ ဤသုံးစုံကြောင့် လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူ ပေထသော။ (၃) ဇမ္ဗူကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္႑ိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမ လောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊ မာန်နတ်မင်းကို---ဖြည့်တင်းတော်မူခဲ့သော၊ ပါရမီဉာဏ်၊ ကံသမ်ဘာရှိန်၊ ဝရဇိန် လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန၊ ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊ စတုတၴသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော် မူပြီးလျှင်...။ ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည် အမျိုးစသော ၊ ပရမတ် ပညတ် တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော၊ ပုဗေ္ဗနိဝါသဉာဏ်။ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျတို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဌာနနှင့်တကွ၊ ဒုရ ပရိစၧန္န၊ သဏွ သုခုမ ဖြစ်သော၊ ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဉာဏ်။ လေးတန်သြဃ၊ အာသဝနှင့် ယောဂဂနၳာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သံယောဇဉ် ဆယ်တန်၊ ခြံရံ လ်က္သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယဉာဏ်။ ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ်ဘူအထွတ်။ လူတမွတ်ဟု။ မချွတ် သမိုက်အပ်ထသော။ (၄) ပစေ္စက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာမထိုက်၊ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဉာဏ်။ ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော၊ ဣနြိ္ဒယ ပရောပရိယတိ္တဉာဏ်။ ပရမတ်၊ ပညတ် အလုံးစုံကို၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတဉာဏ်။ သင်္ခါရ၊ ဝိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဉာဏ်။ ယမိုက်ပြာဋိဟာလွှတ်ခြင်း အရာ၌ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဉာဏ်...။ သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာသနားတော်မူသော၊ မဟာကရုဏာ သမာပတိ္တဉာဏ်...။ ဤ ခြောက်တန်သော ဆ အာသာဓါရဏ၊ ဥာဏ လျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြာဝဠာ၊ သမန္တာရပ်၊ လောကဓါတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့် အဆုံးဖြင့်မြင် တော်မူပြီးထသော...။ ( ၅ ) ပလ္လင်၊ အနိမိသ၊ စင်္ကမ မှသည် စတုတၴ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ် တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်၊ အသားတော်၊ အရိုးတော်စု၊ ဝတၴု ပသာဒိနြေ္ဒအလုံးမှ၊ ပြိုးပြိုးပြက်ပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်။ ဖဲကတီ္တပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသောရောင်ခြည်တော်။ ကသစ်ခေါင်ရမ်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ နီသောရောင်ခြည်တော်။ သာခွာဘော်ကြူ၊ ဖွေးဖွေးလူ သကဲ့သို့ ဖြူသောရောင်ခြည်တော်။ ပြာလျှံ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်။ ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော် တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက်၊ လေန အတိ၊ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီး တို့၏ ကိုယ်ရောင် ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့်အထောင်အသောင်းသော၊ လောကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော...။ (၆) ပရိဗိုဇ် တက္ကတွန်း၊ ရဟန်း ရေသ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ဝါဒီ အလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော သာသနာ့ဗာဟီ၊ လောကီ သီလ တို့ထက် ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလ ဟုသမုတ်အပ်သော၊ အာပတ်ခုနှစ်ပုံကို၊ လုံခြုံစွာစောင့်ကြောင်းဖြစ်သော ပါတိမောက္ခ သံဝရသီလ။ ဣနြေ္ဒခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣိနြိ္ဒယသံဝရသီလ။ မိစၧာဇီဝမှ ကြဉ်ခွာလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ...။ ပစ္စည်းလေးဖြာကို ပစ္စဝက္ခဏာတင်၊ ဆင်ခြင်သုံးသပ် ခြင်းဟူသော၊ ပစ္စယသန္နိဿိတသီလ။ ဤေလးဝေသာ၊ စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓိ...။ မဟဂ္ဂုတ် လောကုတ္တရာဈာန် ၌သာလျှင်၊ မြဲမြံစွာလေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ။ ခြောက်ဆယ့်နှစ်ဖြာသော၊ မိစၧာဝါဒီ၊ ဝိတဏ္႑ီ ညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက်၊ အယူ၏စင်ကြယ်ခြင်း တည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ။ တစ်ဆယ့်ခြောက်ပါးသော၊ ယုံမှားသင်္ကာ ကို ဖြတ်ခွာ လွန်မြောက်နိုင်သော၊ ဉာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ။ မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော မဂ္ဂါ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိ...။ မဂ်သို့ရောက်ကြောင်း အကျင့်ကောင်းကို မြင်နိုင်သော၊ ဉာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ။ မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ် ဖြစ်၍ သစ္စာလေးတန်ကို ၊ဆယ့်ခြောက်နက် ဝေဖန်ပြီး ဧကန်သိမြင်နိုင်သော ၊ ဉာဏဒဿနဝိသုဒ္ဓိ တည်းဟူသော ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်...။ တဒင်္ဂ ဝိမုတိ္တ၊ ဝိက္ခမ်ဘန ဝိမုတိ္တ၊ သမုစေၧဒဝိမုတိ္တ၊ ပဋိဿမ်ဘနဝိမုတ္တိ၊ နိဿရဏဝိမုတိ္တ တည်းဟူသော ဝိမုတိ္တငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစေ္စကမုနိ တို့ထက် ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ အတုလ မုနိလည်း ဖြစ်တော်မူထသော...။ (၇) သုံးဆယ့်နှစ်ပါးသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို လင်္ကာရိပ် ပြရာ၌ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော် ဆံစမွ ယှက်ကူးကာတောက်ပသော ဥဏွီသ သင်းကျစ်တော်တဖြာ။ နရကာရွှေစင်၊ နဖူးတော် အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမွာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည် တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်။ ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ်တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသ စက္ခုတော် နှစ်ဖြာ။ ပြယိုးယားပွင့်၊ ရွှေပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက် မကောက်မချွန်၊ အလွန်လျှင်၊ ရှုချင်ဖွယ်ရာသော နှှာတံနှာသီးတော်မြတ်။ လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်...။ ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့် ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျှက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပာယ်တော် မူထေသာ။ (၈) ကာမဘဝါ၊ ဒိဋ္ဌာ ဝိဇေ္ဇာ၊ သြဃလေးဖြာ၊ သံသရာစက် ဝဲဂယက်၌၊ တဝဲလည်လည် မတည်မရပ် ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်သြဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီမလစ်၊ မဂ္ဆီ ညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်...။ ဝိနယ + သုတ္တန် + ဘိဓမ္မံ ဟု သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်းသုံးရပ်...။ ကထာနည်း အားဖြင့်လည်းသုံးရပ်၊ အာဏာဝေါဟာ ပရမတ္တာ ဟူ၍လည်း သုံးရပ်...။ ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြား ြ>ွမက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော။ (၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိအလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင်တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့ ကူးစေဖို့ငှာ၊ ဒေသနာရေအေး နိဗ္ဗာန်တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေးဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊လောကသုံးရပ် ဘုံသုံးထပ်၌၊ ယှဉ်ကပ် သော်လည်း မနိုင် ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသာလျှင် ဖြစ်တော်မူထသော။ (၁ဝ) ဤ မဟာဘဒ္ဒ၊ ကမ်ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာ ဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ်ဘူတို့ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့် သုံးကြိမ်ဆင့်၍ ပွင့်တော်မူ ကြကုန်ပြီးသည့်နောက်--- လေးဆင့်မြောက် အက် စတုတၴ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဉာဏခိုင်ဖြီး ဉာဏ်တော်ကြီးကို ၊ ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့်၊ ဗြဟ္မာနတ်လူ ၊ သုံးဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့် သာယာစြာဆုံးမ၊ ဟောပြတော်မူသည်လည်းဖြစ်တော်မူ ထေသာ။ (၁၁) ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလှု့မင်း၏ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ် ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဉာဏ်၊ ပါရမီသာမာန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်။ တစ်ယောက်တည်း၊ ငါတစ္မူ၊ နိဗ္ဗာန်ကို ယူချေလျှင် ဘယ်တွင် အကျိုးမရှိချေ။ သမေ္ဗာဓိမှန်၊ သဗ္ဗညု ရွှေဉာဏ်ကို၊ သွေမလှန် ငါရမွ၊ တရားမြတ်၊ ဖောင်စင်္ကြာဖြင့်၊သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ ကျွန်းခေမာသို့ တင်ကာဆောင်ပို့မည်ဟု... 'တိဏေ္ဏာတာရေယျံ၊ ဗုဒေ္ဓါ ဗောဓေယျံ၊ မုတေ္တာမောစေယျံ' သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်---။ လေးအသချေၤ၊ လွန်လေကုန်မြောက် ကမ်ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမာန် ပုဂ္ဂိုလ်တို့ အလြန္တရာ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးစေသာ၊ သမ္မာသမေ္ဗာဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထေသာ။ (၁၂) ဂင်္ဂါ၊ ဝါဠု သဲစု မြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာစောသတ္တာ တို့၏သွားရာလမ်းကြောင်း စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိသြတပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာ လေးဖြာ ဈာန်တည်းဟူသော၊ စရဏ တရား (၁၅)ပါးတို့ကို အားသစ် ကျင့်ဆောင်တော်မူသဖြင့်။ သယမ်ဘူတကာ ပြည့်စုံရာသာ၊ နာနာကုလ တို့၏ ဝေါဟာရ သဒ္ဒါ အနက်ကို၊ အချက်ကျသိနိုင်သော၊အတ္တ ပဋိသမ်ဘိဒါ။ ဝါစာဂီရတ် နှုတ်သံလွှတ်က၊ ဇာတ္တူတူ မတူတူ၊ ဘာသာဟူသမွ် တို့က ဧကန်သိနိုင်သော၊ ဓမ္မ ပဋိသမိ်ဘဒါ။ တစ္ခု တစ်ခုသော ပုဒ် အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ် ဝစနက်၊ ဓါတ်၊ ပစ္စည်း၊ လိင်၊ အန်ဖြင့် ဝေဖန်၍ သိနိုင်သော နိရုတိ္တ ပဋိသမ်ဘိဒါ။ ကိုယ်တိုင်သိသမျှ တရားတို့ကို သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါ ပညတ်သို့တင်၍ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန ပဋိသမ်ဘိဒါ တည်းဟူသော သမ်ဘိဒါ လေးပါး။ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗေ္ဗနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်း- ဟူသော အဘိဉာဏ် ခုနှစ်ပါး။ ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့် သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြား ဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ဥဿုံစိုးပိုင်တော် မူပြီး ထေသာ။ (၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဌာန်၊ ဝေဒနာနုပဿနာ သတိပဌာန်၊ စိတ္တာနုပဿနာ သတိပဌာန်၊ ဓမ္မာနုပဿနာ သတိပဌာန် တည်းဟူသော သတိပဌာန်လေးပါး...။ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် ကံတို့ကို တဖန် အသစ်မဖြစ် စေခြင်း။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား စည်ပင်စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်း တည်းဟူသော သမ္မပ္ပဓာန် လေးပါး...။ ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး.။ သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး....။ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး.။ သတိသမေ္ဗာဇ္ဈင်၊ ဓမ္မဝိစယသမေ္ဗာဇ္ဈင်၊ ဝီရိယ သမေ္ဗာဇ္ဈင်၊ ပီတိ သမေ္ဗာဇ္ဈင်၊ ပဿဒ္ဓိ သမေ္ဗာဇ္ဈင်၊ သမာဓိသမေ္ဗာဇ္ဈင်၊ ဥပေက္ခာသမေ္ဗာဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ခုနှစ်ပါး။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး။ ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မ အကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီး ဗိုလ်ချုပ်တင်လျက်၊ အသငေ်္ချ၊ တွက်ရေမဆုံး၊ ပတ္ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို ဆံလွှာ မြ<ွကင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော...။ (၁၄) လေးအသချေၤ၊ လွန်လေတစ်သိန်း တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း ဖြည့်စွမ်း ဆည်းပူးတော်မူ ခဲ့သော...။ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ ပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ္လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင်၊ ကာဠာဝက၊ ဂငေ်္ဂယျနှင့်၊ မဏ္႑ရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥေပါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက်၊ ဆယ်ဆတက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျား ဗိုလ်ခြေ၊ ကုဋေ တစ်သောင်း တို့၏ ကာယဗလ၊ ဌာန ဌာန၊ ကောသလ္လဉာဏ်၊ ဝိပါကဉာဏ်၊ သဗ္ဗတၴဂါမိနီဉာဏ်၊ နာနာဓာတုဉာဏ်၊ အဓိမုတ္တိဉာဏ်၊ ဣန္ဒြိယပရော ပရိယတိ္တဉာဏ်၊ ဈာနာဒိသံကိလေသဉာဏ်၊ ပုဗေ္ဗနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်၊ တည်းဟူသော ဆယ်ပါးသောဉာဏ ဗလကို ရတော်မူသည်ဖြစ်၍ ...။ လူ့ပြည် နတ်ရပ် ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣသရိယဘုန်းတော်။ လောကုတ္တရာ တရား၊ မြတ်ကိုးပါးသို့ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်။ နရဂ်၊ ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စော တော်မူခြင်းတည်းဟူသော၊ ယသဘုန်းတော်။ သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ က်က္သေရ အပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်.။ အလိုတော်ရှိသမျှ၊ တခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်း တည်းဟူသော ကာမဘုန်းတော်။ နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာ အဖြစ်သို့ ရောက်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်။ ဤခြောက်ဖော်သော၊ ဘုန်းတော်အမြတ် ၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး။ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါ ဟူသော ဘွဲ့ ပုံတော် အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ အပ်သည်လည်း ဖြစ်ထသော။ (၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တို့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယ ပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန်မြောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ်ဘာကြောင့်၊ အဏိမာ၊ လင်္ဃီမာ၊ မဟိမာ၊ ပတိ္တမာ ကမ္မာ၊ ဤသိတာ၊ ဝသိတာ၊ ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ်၊ ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း။ ရေပြင်မြေမိုး၊ ပျံလျှိုး ငုတ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ၍၊ စကြာဝဠာပတ်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရွိ ထိုင်တော် မူနိုင်ခြင်း၊ မြေထု ရေထူ မေရုပဗ္ဗတာ၊ သီလာ တောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်း မရွိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း။ မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း။ သုံးဆယ္တစ္ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း။ လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း။ သက်မရှိသည့်၊ ဂီရိ ဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်က၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော...။ (၁၆) လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပိဠနအနက်။ ကံ ၊စိတ်၊ ဥတု၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်။ မရောင့်ရဲစွာ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော၊ သန္တာပ အနက်။ ဇရာ၊ မရဏ၊ သောက၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမ အနက်။ တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ အနက်တို့ကို လည်းကောင်း။ အစမထင်၊ သံသရာ၌၊ လူးလာ စုံဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်။ ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော နိဒါန အနက်။ ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော၊ သံယောဂ အနက်။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာကို ဆီးကာ၊ တားမြစ်တတ်သော၊ ပလိဗောဓ အနက်။ တည်းဟူသော လေးပါးသော သမုဒယ သစ္စာ၏ အနက်တို့ကိုလည်းကောင်း။ သံသရာဝဋ်မှ၊ ထွက်လွန်ကူးမြောက် ပြီးသော နိဿရဏ အနက်။ ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော၊ ဝိဝေက အနက်။ သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊ အမတအနက်။ တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း။ ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော၊ နိယ်ာနိက အနက်။ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဟေတုအနက်။ နိဗ္ဗာန်ကို မြင်တတ်သော ဒဿန အနက်။ သင်္ခါရတရားတို့ကို၊ အစိုးရသော အဓိပေတယ် အနက်...။ တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်၊ တို့ကို လည်းကောင်း။ အကြာင်း အကျိုးအားလျော်စွာ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍၊ ရွှေဉာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက်အခံ၊ ကဉာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေတတ်သော။ သုံးရပ္လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို...။ ခန္ဓာပဉ္စက၊ ဒြပ်မျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝနေ္ဒ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား.....။

No comments:

Post a Comment