Wednesday, 6 August 2014
မြတ်စွာဘုရား၏ ထူးခြားအံ့ဩဖွယ်ရာမ်ား
တစ်နေ့ ဇေတ၀န်ကျောင်းတိုက် ဓမ္မာရုံကြီးအတွင်း မြတ်စွာဘုရားက အာနန္ဒ ငါဘုရား ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ဂုဏ်တွေကို မင်းပြောစမ်း ဟု မိန့်တော်မူရာ အရှင်အာနန္ဒက ဘုရား ရဲ့ထူးခြားချက်တွေကို ရဟန်းတော်များရှေ့တွင် ပြန်ပြီး လျှောက်တင်ပြပါတယ်။ (၁) ေ၀ဿန္တရာမင်းကြီးဘ၀ ကုန်ဆုံးပြီး တုသိတာဘုံကို ရောက်သွားတဲ့အခါမှာ အိပ် မောကျပြီးတော့ ရောက်သွားတာ မဟုတ္ဘူး။ သိသိသာသာကြီး ရောက်သွားတာ၊ သေတဲ့အခါ မွာ လူတွေဟာ တွေေ၀ပြီးတော့ သေတာများတယ်။ သတိရှိတယ်၊ ဆင်ခြင်တုံတရားရှိတယ်။ သတိမကြာ ဆင်ခြင်ဉာဏ်ပညာနဲ့ပဲ ေ၀ဿန္တရာမင်းကြီး ဘ၀က သေဆုံးပြီးတော့ တုသိတာ နတ်ပြည်မှာ သားမွေးတာ ဖြစ်ပါတယ်။ (၂) တုသိတာ နတ်ပြည်မှာ နတ်စည်းစိမ်ခံစားတဲ့ အခါမှာလည်း ကာမဂုဏ် အာရုံတွေထဲ မွာ မေ့မျောပြီးတော့ သတိလက်လွတ် ဖြစ်မနေဘူး။ တုသိတာ နတ်ပြည်မှာ နေသမျှ ကာလ ပတ်လုံး အမွတ္တမဲ့ မေနဘူး၊ သတိသမ္ပဇညနဲ့ နေပါတယ်။ (၃) တချို့နတ်တွေကျတော့ သက်တမ်းစေ့ မေနရဘူး၊ ဘုရားအလောင်းကျတော့ တုသိ တာနတ်ပြည်ရဲ့ နတ်သက်တမ်းစေ့ နေသွားတယ်။ သက်တမ်းစေ့မှ စုတေပါတယ်။ (၄) လူ့ပြည်မှာ ဘုရားဖြစ်ဖို့ မယ်တော်၀မ်းထဲမှာ သနေ္ဓတည်တဲ့ အခါမှာလည်း သာမန် ပုဂ္ဂိုလ်တွေလို သတိလက်လွတ် ဖြစ်သွားတာမျိုး မဟုတ္ဘူး။ မြတ်စွာဘုရား အလောင်းတော်က တုသိတာ နတ်ပြည်ကနေ မယ်တော်၀မ်းထဲ သနေ္ဓခတဲ့ အခါမှာလည်း သတိသမ္ပဇည အပြည့် ရှိနေပါတယ်။ (၅) မယ်တော်၀မ်းထဲမှာ သနေ္ဓခပြီးတာနဲ့ တပြိုင်နက် လောကကြီး တခုလုံးမှာ ကြီးမား တဲ့ အလင်းရောင်ကြီး ပေါ်လာတယ်။ အဲဒီ အလင်းရောင်ကြီးက အမှောင်လုံး၀ ကင်းသွား အောင်၊ အမှောင်မရှိတဲ့ အလင်းရောင်မျိုးကြီးဖြစ်ပါတယ်။ ဒါတင်မကဘူး စကြာ၀ဠာ ကုဋေ တစ်သောင်း သိမ့်သိမ့်တုန်ခါအောင် ငလျင်လှုပ်ပါတယ်။ (၆) ဘုရားအလောင်းလေး သနေ္ဓတည်နေတဲ့ အချိန်မှာ အရပ်လေးမျက်နှာက မမြင်ရ တဲ့ နတ်သားလေးယောက်က လုံခြုံရေး လာယူကြတယ်၊ ဘေးရန်အန္တရာယ်တွေ မရောက်ဖို့ အဲဒီ နတ်သားလေးယောက်က စောင့်ရှောက်ကြပါတယ်။ (၇) ဘုရားအလောင်းလေး သနေ္ဓခလိုက်တာနဲ့ တစ်ပြိုင်နက် မယ်တော်ဟာ သာမန်အ နေအထား မဟုတ်ဘဲနဲ့ ပကတိကိုက ငါးပါးသီလ လုံပြီးသား ဖြစ်သွားပါတယ်။ (၈) ဘုရားအလောင်းလေး သနေ္ဓခနေတဲ့ အချိန်မှာ မယ်တော်မှာ ဆန့်ကျင်ဖက်လိင် နဲ့ ပတ်သက်ပြီး မည်သည့်ယောက်ျားကမှ မလွန်ဝံ့ဘူး၊ ကာမစိတ်တွေ မဖြစ်ပါဘူး။ (၉) ကာမဂုဏ်စိတ်တွေ မဖြစ်ပေမယ့်လို့ မယ်တော်မှာ လိုလေသေး မရှိအောင် ပြီးပြည့် စုံတယ်၊ မျက်စိကလည်း ကောင်းတာပဲ မြင်ရတယ်။ နားကလည်း ကောင်းတာပဲ ကြားရတယ်။ နှာခေါင်းကလည်း ရနံ့လေးပဲ ရှူရတယ်။ ပြည့်ပြည့်၀၀ အလိုပြည့်ပြီးတော့ ဘုရားလောင်းလေး ရဲ့ အစွမ်းသတ္တိဟာ မယ်တော်ထိအောင် အကျိုးသက်ရောက်ပြီး နေပါတယ်။ (၁၀) ဘုရားအလောင်းလေး သနေ္ဓတည်နေတဲ့ အချိန်မှာ မယ်တော်ကြီးမှာ ဘာရောဂါ မွ မျဖစ္ဘူး။ အင်မတန် ကျန်းမာတယ်။ ၀မ်းထဲမှာ သနေ္ဓခနေတဲ့ ဘုရားလောင်းလေးကို ဖန် ပေါင်းချောင်(ဖန်ပြွန်) ထဲမှာရှိနေတဲ့ ရုပ်ဆင်းတုကို မြင်နေရသလို မယ်တော်၀မ်းထဲက ဘုရား လောင်းကလေးကို မြင်နေရပါတယ်။ (၁၁) ဘုရားအလောင်း ဖွားမြင်ပြီးနောက် (၇) ရက်မြောက်တဲ့နေ့မှာ မယ်တော်ကံကုန် ပြီး တုသိတာနတ်ပြည်မှာ ဖြစ်တယ်။ ဘုရားအလောင်းတွေရဲ့ မယ်တော်တွေတိုင်းဟာ ဒီအ တိုင်းချည်းပဲ ကံကုန်ကြပါတယ်။ (၁၂) သာမန်လူတွေဟာ ကိုးလနဲ့ ဖွားတာရှိတယ်၊ ရှစ်လနဲ့ ဖွားတာရှိတယ်၊ ခုနှစ်လနဲ့ မွေးတယ်၊ အဲဒီလို ဆယ်လမပြည့်မီ အမျိုးမျိုး မွေးဖွားကြတယ်၊ ဘုရားလောင်းကျတော့ ဆယ်လတိတိပြည့်ပြီးမှ မွေးဖွားပါတယ်။ (၁၃) လောကမှာ အမ်ားစုက ထိုင်လျက်နဲ့ အိပ်လျက် ဒီနှစ်မျိုးနဲ့ မွေးဖွားကြသော်လည်း ဘုရားလောင်းလေးကို မွေးဖွားတဲ့အခါကျတော့ မယ်တော်ဟာ မတ်တပ်ရပ်လျက်မွေးဖွားတယ်။ (၁၄) ဘုရားအလောင်းကို မွေးဖွားလိုက်တာနဲ့ တပြိုင်နက် နတ်တွေက ပထမ ခံယူလိုက် တယ်၊ ပြီးမှ လူတွေရဲ့လက်ထဲကို ရောက်ပါတယ်။ (၁၅) ဘုရားအလောင်းလေး မြေပေါ်မကျခင် နတ်တွေကခံယူထားပြီး မိခင်ရဲ့ရှေ့ထား ကာ မိခင်ကြီး ၀မ်းမြောက်ပါ၊ ဘုန်းကံကြီးတဲ့ သားတော်လေးတစ်ဦး ဖွားမြင်ပါတယ် လို့ နှစ်သိမ့်စကား ပြောကြားပါတယ်။ (၁၆) ဘုရားအလောင်းလေး မွေးဖွားလာတဲ့ အခါမွာ ပေကျံပြီးတော့ မွေးဖွားတာ မဟုတ် ဘူး၊ ဘုရားအလောင်းလေး မိခင်၀မ်းထဲမှာ နေပေမယ့် အညစ်အကြေး တစ္ခုမွ မလူးဘူး၊ ကြာ ပန်းလေး ရေမလူးသလို ဘုရားအလောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးတွေ အတင်ဘူး။ သန့်ရှင်းစင်ကြယ်နေပါတယ်။ (၁၇) ကောင်းကင်ယံကနေ ရေပန်းကြီးနှစ်ခု ပေါ်ထွက်လာတယ်၊ တစ္ခုက အနွေး၊ တစ် ခုက အေအး၊ အဲဒါနဲ့ ရေသန့်စင်ခြင်းကိစ္စပြီးတယ်၊ အညစ်အကြေးကို သန့်စင်တာ မဟုတ္ဘူး။ ခန္ဓာကိုယ်ရဲ့ အပူအအေးအတွက် မယ်တော်ကြီး သန့်စင်ဖို့ အတွက်နဲ့၊ ဘုရားအလောင်းလေး ဆေးကြောသန့်စင်ဖို့ အတွက် ကောင်းကင်က က်လာတာပါ။ (၁၈) ဘုရားအလောင်းလေးဟာ မွေးဖွားလို့ (ရေမိုးချိုး) သန့်စင်ပြီးတဲ့ အချိန်မှာ ခြေစုံ မတ်တပ်ရပ်ပါတယ်။ (၁၉) ဘုရားအလောင်းလေးဟာ မွေးဖွားလိုက်တာနဲ့ တပြိုင်နက် ကမ်ဘာလောကကြီး တစ် ခုလုံးဟာ အလင်းရောင်တွေနဲ့ လွမ်းဖုံးသွားတယ်။ လောကန္တရိတ်ငရဲကြီး အထိတောင် အမှောင် ဆိုတာ မရှိတော့ဘူး၊ ကမ်ဘာမြေကြီးဟာ သိမ့်သိမ့်တုန် ဟိန်းသွားခဲ့ပါတယ်။ အဲဒီ အံ့သြဖွယ် (၁၉) မျိုးကို လျှောက်ထားပြီး နောက်ထပ် အံ့သြဖွယ်တစ်ခုကို မြတ်ဘု ရားက မိန့်ကြားတော်မူပါတယ်။ အဲဒီ အံ့သြဖွယ် ထူးခြားချက်ကတော့..ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ် လာတဲ့ ေ၀ဒနာလို့ ခေါ်တဲ့ စိတ်ရဲ့ခံစားမှု လေးတွေကို ရှင်းရှင်းကြီးသိတာ ဖြစ်ပါတယ်။ {၁၃၇၄ ခုနှစ် ကဆုန်လပြည့်နေ့၊ ၅-၅-၂၀၁၂ စနေနေ့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၌ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော အံ့ဖြယ္လူသား မြတ် ဘုရား တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။} { (၃-၆-၂၀၁၄)နေ့ထုတ် ယဉ်ကျေးလိမ္မာ ဓမ္မရသ ကလေးဂျာနယ် အတြဲ-၁၀၊ အမှတ်-၂၁ မွ ကူးယူပြီး ပြန်လည်မျှေ၀ပါသည်။} (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဆုတောင်းပတ္တနာ ဓမ္မဒါန၊ ဤပုညကြောင့်၊ ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊ ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊ အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊ လျင်စွာရစေ၊ တောင်းဆုခြွေသည်၊ မသွေပြည့်၀ပါစေသော်။ ။ ဦးသိန်းေ၀။ http://www.facebook.com/damanadi.tk http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။ (ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment